Premier League Transfer News

6 Jun နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်ပရိသတ်တွေအနေနဲ့ နော့ဝစ်ချ်စီးတီးရဲ့ ကွင်းလယ်လူ အီမီလီယာနို ဘွင်ဒီယာကို အက်စ်တန်ဗီလာဆီ လက်လွှတ်ခဲ့ရပြီ ဆိုတဲ့အပေါ် မခံမရပ်နိုင်ဖြစ်နေကြပြီး လီယွန်ရဲ့ ဟူဆင်းမ် အောဝါကို ခေါ်ယူတဲ့ တစ်နည်းကသာ အသင်းတာဝန်ရှိသူတွေကို ခွင့်လွှတ်ပေးနိုင်မယ့် နည်းလမ်းလို့ ဒေါသတကြီး ရာဇသံပေးခဲ့ကြ။

– ဘွင်ဒီယာကို ဆုံးရှုံးထားရတဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ သူ့ကို အသုံးမကျဘူးလို့ ဆိုနေကြတဲ့ ပရိသတ်တွေရဲ့ အမျက်ဒေါသကို ဖြေလျှော့နိုင်ဖို့ ကစားသမား ၅ ဦး ခေါ်ယူပေးဖို့ ရှိနေတယ်လို့ဆိုပြီး ဦးစားပေးဂိုးသမား၊ ဦးစားပေးညာနောက်ခံလူ၊ ဘယ်နောက်ခံအရံလူ၊ ကွင်းလယ် Box to Box နဲ့ တိုက်စစ်သန်ကွင်းလယ်လူနေရာတွေဖြစ်တယ်လို့ သိရ။

– အာဆင်နယ်အသင်းကနေ ထွက်ခွာလိုနေတဲ့ ဂိုးသမား ဘန်းဒ် လီနိုကို စိတ်ဝင်စားနေကြတဲ့ ဥရောပအသင်းတွေ ငါးသင်းထက်မနည်း ရှိနေတယ်လို့ သိရပြီး ၂၀၁၈ နွေရာသီက ယူရို ၂၅ သန်းနဲ့ ရောက်လာခဲ့တဲ့ ဂျာမန်သားအတွက် လက်ရှိမှာ သန်း ၂၀ ဝန်းကျင်နဲ့ ရောင်းထုတ်နိုင်။

– အိုင်းယက်စ်အသင်းရဲ့ ပွဲပယ်ပြစ်ဒဏ်ထိထားခဲ့တဲ့ ဂိုးသမား အန်ဒရီ အိုနာနာအတွက် အာဆင်နယ်အသင်းက တော်တော်လေး နည်းပါးတဲ့ ငွေကြေးနဲ့ ကမ်းလှမ်းခဲ့တဲ့လို့ အပြောင်းအရွှေ့ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဒန်ကန် ကတ်ဆယ်လ်က ထုတ်ဖော်သွားခဲ့ပြီး ဈေးအချိုအချောင်နှိုက်ခဲ့ရင် အမ်စတာဒမ်ကလပ်ဘက်က လက်လွှတ်မှာ မဟုတ်ဘူးလို့ ခန့်မှန်း။

– အာဆင်နယ်အသင်းနဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းတို့အနေနဲ့ ဒီရာသီမှာ ကစားသမားအပြောင်းအရွှေ့ကျွမ်းကျင်သူနှစ်ဦးဖြစ်တဲ့ လူးဝစ် ကမ်ပို့စ်နဲ့ ဖာဘီယို ပါရာတီချီတို့ကို အသီးသီး ခေါ်ယူဖို့ ကြိုးစားနေကြပြီး နှစ်သင်းပရိသတ်တွေအနေနဲ့ လူတော်တွေကို ရရှိမှာ ဖြစ်ပေမယ့် တစ်ဖက်အသင်းရဲ့ ပစ်မှတ်တွေအတွက် မနာလိုဖြစ်နေကြလိမ့်မယ်လို့ မီဒီယာတွေ ဖော်ပြ။

– အမ်းမရိတ်မှာ ဆက်လက်တိုးတက်လာဖို့ မရှိတော့သလို အသင်းရဲ့ ကစားဟန်မှာ အလိုရှိနေတဲ့ ရွေ့လျားမှုမျိုးတွေလည်း မပြုလုပ်နိုင်တဲ့ လူငယ်တိုက်စစ်မှူး အက်ဒီ နကီးတီးယားကို လိဒ်စ်ယူနိုက်တက်အသင်းဆီ ရောင်းချပေးဖို့ အာဆင်နယ်အသင်းက ကမ်းလှမ်းခဲ့ပြီး ၂၂ နှစ်သားအတွက် ပေါင်သန်း ၂၀ အလိုရှိနေ။

– အာဆင်နယ်အသင်းရဲ့ ရာသီအစ ပွဲစဉ်တွေကို တိုက်စစ်မှူး ဂါဘရီယယ်လ် မာတီနယ်လီနဲ့ နောက်ခံလူ ဂါဘရီယယ်လ် မာဂါလိုင်စ်တို့ လွဲချော်ဖို့ ရှိနေပြီး အိုလံပစ်ပြိုင်ပွဲဝင် ဘရာဇီးလ်လူစာရင်းမှာ ပါဝင်နေတဲ့ နှစ်ဦးအနေနဲ့ သြဂုတ် ၄ ရက်နေ့မှာမှ ပြီးဆုံးမယ့် ပြိုင်ပွဲအပြီး ၈ ရက်အကြာမှာ ပရီးမီးယားလိဂ်ပွဲထွက် ပြန်ကစားဖို့ မဖြစ်နိုင်တဲ့ အခြေအနေမှာ ရှိနေ။

– ဥရောပမှာ ချာချာလည်နေတဲ့ အီဒူးအနေနဲ့ ဘရာဇီးကလပ် အင်တာနေစီယွန်နယ်တိုက်စစ်မှူး ယူရီ အဲလ်ဘတ်တိုကို ယူရို ၁၅ သန်းနဲ့ ခေါ်ယူဖို့ လုပ်ဆောင်နေပြီး အာဆင်နယ်ပရိသတ်တွေကတော့ အလုပ်သိပ်မဖြစ်သေးတဲ့ သူတို့ရဲ့ နည်းစနစ်ဒါရိုက်တာကို ကိုယ်ခွဲတွေ အများကြီးနဲ့ နေရာတိုင်းမှာ ရှိနေတာပဲလားလို့ ခနဲ့ခဲ့ကြ။

– အာဆင်နယ်အသင်းအနေနဲ့ ခရွိုင်ဒန် ဒီဘရိုင်းနားလို့ နာမည်ပြောင်ရနေတဲ့ ကွင်းလယ်လူ အီမီးလ် စမစ်ရိုးကို လာမယ့်ရက်ပိုင်းအတွင်း စာချုပ်သက်တမ်းတိုးနိုင်ဖို့ နီးစပ်နေတယ်လို့ ဂျာနယ်လစ် ခရစ္စ ဝှီတ်လီက ဖော်ပြခဲ့ပြီး အသက် ၂၀ အရွယ် အင်္ဂလန်သားအနေနဲ့ အမ်းမရိတ်မှာ နှစ်နှစ်စာချုပ်ကျန်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ ေနာ့ဝစ္ခ်္စီးတီးရဲ႕ ကြင္းလယ္လူ အီမီလီယာႏို ဘြင္ဒီယာကို အက္စ္တန္ဗီလာဆီ လက္လႊတ္ခဲ့ရၿပီ ဆိုတဲ့အေပၚ မခံမရပ္ႏိုင္ျဖစ္ေနၾကၿပီး လီယြန္ရဲ႕ ဟူဆင္းမ္ ေအာဝါကို ေခၚယူတဲ့ တစ္နည္းကသာ အသင္းတာဝန္ရွိသူေတြကို ခြင့္လႊတ္ေပးႏိုင္မယ့္ နည္းလမ္းလို႔ ေဒါသတႀကီး ရာဇသံေပးခဲ့ၾက။

– ဘြင္ဒီယာကို ဆုံးရႈံးထားရတဲ့ နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ သူ႔ကို အသုံးမက်ဘူးလို႔ ဆိုေနၾကတဲ့ ပရိသတ္ေတြရဲ႕ အမ်က္ေဒါသကို ေျဖေလွ်ာ့ႏိုင္ဖို႔ ကစားသမား ၅ ဦး ေခၚယူေပးဖို႔ ရွိေနတယ္လို႔ဆိုၿပီး ဦးစားေပးဂိုးသမား၊ ဦးစားေပးညာေနာက္ခံလူ၊ ဘယ္ေနာက္ခံအရံလူ၊ ကြင္းလယ္ Box to Box နဲ႔ တိုက္စစ္သန္ကြင္းလယ္လူေနရာေတြျဖစ္တယ္လို႔ သိရ။

– အာဆင္နယ္အသင္းကေန ထြက္ခြာလိုေနတဲ့ ဂိုးသမား ဘန္းဒ္ လီႏိုကို စိတ္ဝင္စားေနၾကတဲ့ ဥေရာပအသင္းေတြ ငါးသင္းထက္မနည္း ရွိေနတယ္လို႔ သိရၿပီး ၂၀၁၈ ေႏြရာသီက ယူ႐ို ၂၅ သန္းနဲ႔ ေရာက္လာခဲ့တဲ့ ဂ်ာမန္သားအတြက္ လက္ရွိမွာ သန္း ၂၀ ဝန္းက်င္နဲ႔ ေရာင္းထုတ္ႏိုင္။

– အိုင္းယက္စ္အသင္းရဲ႕ ပြဲပယ္ျပစ္ဒဏ္ထိထားခဲ့တဲ့ ဂိုးသမား အန္ဒရီ အိုနာနာအတြက္ အာဆင္နယ္အသင္းက ေတာ္ေတာ္ေလး နည္းပါးတဲ့ ေငြေၾကးနဲ႔ ကမ္းလွမ္းခဲ့တဲ့လို႔ အေျပာင္းအေ႐ႊ႕ကြၽမ္းက်င္သူတစ္ဦးျဖစ္တဲ့ ဒန္ကန္ ကတ္ဆယ္လ္က ထုတ္ေဖာ္သြားခဲ့ၿပီး ေဈးအခ်ိဳအေခ်ာင္ႏႈိက္ခဲ့ရင္ အမ္စတာဒမ္ကလပ္ဘက္က လက္လႊတ္မွာ မဟုတ္ဘူးလို႔ ခန႔္မွန္း။

– အာဆင္နယ္အသင္းနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းတို႔အေနနဲ႔ ဒီရာသီမွာ ကစားသမားအေျပာင္းအေ႐ႊ႕ကြၽမ္းက်င္သူႏွစ္ဦးျဖစ္တဲ့ လူးဝစ္ ကမ္ပို႔စ္နဲ႔ ဖာဘီယို ပါရာတီခ်ီတို႔ကို အသီးသီး ေခၚယူဖို႔ ႀကိဳးစားေနၾကၿပီး ႏွစ္သင္းပရိသတ္ေတြအေနနဲ႔ လူေတာ္ေတြကို ရရွိမွာ ျဖစ္ေပမယ့္ တစ္ဖက္အသင္းရဲ႕ ပစ္မွတ္ေတြအတြက္ မနာလိုျဖစ္ေနၾကလိမ့္မယ္လို႔ မီဒီယာေတြ ေဖာ္ျပ။

– အမ္းမရိတ္မွာ ဆက္လက္တိုးတက္လာဖို႔ မရွိေတာ့သလို အသင္းရဲ႕ ကစားဟန္မွာ အလိုရွိေနတဲ့ ေ႐ြ႕လ်ားမႈမ်ိဳးေတြလည္း မျပဳလုပ္ႏိုင္တဲ့ လူငယ္တိုက္စစ္မႉး အက္ဒီ နကီးတီးယားကို လိဒ္စ္ယူႏိုက္တက္အသင္းဆီ ေရာင္းခ်ေပးဖို႔ အာဆင္နယ္အသင္းက ကမ္းလွမ္းခဲ့ၿပီး ၂၂ ႏွစ္သားအတြက္ ေပါင္သန္း ၂၀ အလိုရွိေန။

– အာဆင္နယ္အသင္းရဲ႕ ရာသီအစ ပြဲစဥ္ေတြကို တိုက္စစ္မႉး ဂါဘရီယယ္လ္ မာတီနယ္လီနဲ႔ ေနာက္ခံလူ ဂါဘရီယယ္လ္ မာဂါလိုင္စ္တို႔ လြဲေခ်ာ္ဖို႔ ရွိေနၿပီး အိုလံပစ္ၿပိဳင္ပြဲဝင္ ဘရာဇီးလ္လူစာရင္းမွာ ပါဝင္ေနတဲ့ ႏွစ္ဦးအေနနဲ႔ ၾသဂုတ္ ၄ ရက္ေန႔မွာမွ ၿပီးဆုံးမယ့္ ၿပိဳင္ပြဲအၿပီး ၈ ရက္အၾကာမွာ ပရီးမီးယားလိဂ္ပြဲထြက္ ျပန္ကစားဖို႔ မျဖစ္ႏိုင္တဲ့ အေျခအေနမွာ ရွိေန။

– ဥေရာပမွာ ခ်ာခ်ာလည္ေနတဲ့ အီဒူးအေနနဲ႔ ဘရာဇီးကလပ္ အင္တာေနစီယြန္နယ္တိုက္စစ္မႉး ယူရီ အဲလ္ဘတ္တိုကို ယူ႐ို ၁၅ သန္းနဲ႔ ေခၚယူဖို႔ လုပ္ေဆာင္ေနၿပီး အာဆင္နယ္ပရိသတ္ေတြကေတာ့ အလုပ္သိပ္မျဖစ္ေသးတဲ့ သူတို႔ရဲ႕ နည္းစနစ္ဒါ႐ိုက္တာကို ကိုယ္ခြဲေတြ အမ်ားႀကီးနဲ႔ ေနရာတိုင္းမွာ ရွိေနတာပဲလားလို႔ ခနဲ႔ခဲ့ၾက။

– အာဆင္နယ္အသင္းအေနနဲ႔ ခ႐ြိဳင္ဒန္ ဒီဘ႐ိုင္းနားလို႔ နာမည္ေျပာင္ရေနတဲ့ ကြင္းလယ္လူ အီမီးလ္ စမစ္႐ိုးကို လာမယ့္ရက္ပိုင္းအတြင္း စာခ်ဳပ္သက္တမ္းတိုးႏိုင္ဖို႔ နီးစပ္ေနတယ္လို႔ ဂ်ာနယ္လစ္ ခရစၥ ဝွီတ္လီက ေဖာ္ျပခဲ့ၿပီး အသက္ ၂၀ အ႐ြယ္ အဂၤလန္သားအေနနဲ႔ အမ္းမရိတ္မွာ ႏွစ္ႏွစ္စာခ်ဳပ္က်န္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.