Premier League Transfer News

5 Jun ညနေခင်း နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

ချယ်လ်ဆီးအသင်းဟာ နည်းပြ တူဟယ်လ်၊ ဗဟိုခံစစ်မှူး သီယာဂို ဆေးလ်ဗားနဲ့ တိုက်စစ်မှူး ဂျရူးတို့ကို စာချုပ်သစ်ချုပ်ဆိုခဲ့ပြီဖြစ်ပြီး စတမ်းဖို့ဒ်ဘရစ်ချ်မှာ တူဟယ်လ်ရဲ့အနာဂတ်ဟာ နောက်ထပ် ၂ နှစ်အထိ ရှိနေမှာဖြစ်သလို ဝါရင့်ကစားသမားကြီးနှစ်ဦးကိုလည်း တနှစ်စီ သက်တမ်းတိုးဖို့ အေဘရာမိုဗစ်ချ်က မီးစိမ်းပြခဲ့ကြောင်း သိရ။

အခုနွေမှာ ထိပ်တန်းဗဟိုခံစစ်မှူးတဦး ရှာဖွေနေတဲဲ့ ချယ်လ်ဆီးအသင်းဟာ ဘိုင်ယန်မြူးနစ်ကစားသမား နစ်ကလပ်စ် ဆူးလားကို မျက်စိကျနေကြောင်း သိရပြီး သီယာဂို ဆေးလ်ဗားနေရာမှာ သူ့ကို ဆက်ခံသွားစေလိုကြောင်း ကမ်းလှမ်းထားခြင်းဖြစ်ပြီး ဘိုင်ယန်အသင်းနဲ့ ပြောင်းရွှေ့ကြေးညှိနှိုင်းနေ။

အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးဟာ ခိုင်ဟာဗတ်ဇ်ရဲ့ ရာသီအစ​က ခြေစွမ်းပိုင်းအထနှေးမှုကို အားမလိုအားမရဖြစ်ခဲ့ရကြောင်း ဝန်ခံသွားခဲ့ပြီး သူ့ရဲ့ပြန်ရုန်းထလာတဲ့ ခြေစွမ်းနဲ့ စိတ်ပိုင်းဖြတ်မှုကိုကြည့်ရင် ဂျာမနီသားဟာ ချယ်လ်ဆီးအသင်းရဲ့ အသက်သွေးကြောဖြစ်လာမယ့် အလားအလာအကောင်းဆုံးကစားသမားပဲလို့ အထူးတလည်ချီးကျူးသွားခဲ့။

ချယ်လ်ဆီးနည်းပြတူဟယ်လ်ဟာ ဒေါ့မန်အသင်းမှာ လက်တွဲခဲ့တဲ့ သူ့ရဲ့တပည့်ဟောင်းဖြစ်သူ အူဘာမီယန်းကို လာမယ့်ရာသီသစ်မှာ အလိုရှိနေတယ်လို့ သိရှိရပြီး အာဆင်နယ်အသင်းကို ချဥ်းကပ်မှုတွေ ပြုလုပ်လာခဲ့သလို အသင်းမှာ အူဘာမီယန်းရဲ့ ဂိုးသွင်းစက်တလုံးလို ဂိုးသွင်းအားက ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်စေမယ်လို့ ယုံကြည်ခံထားရ။

အန်ဂိုလို ကွန်တေဟာ အသင်းရဲ့အဝတ်လဲခန်းထဲမှာ လူတိုင်းကို ရယ်ပြုံးပျော်ရွှင်စေနိုင်စွမ်းနဲ့ လွှမ်းမိုးထားတယ်လို့ ချယ်လ်ဆီးကွင်းလယ်ဖန်တီးရှင် ခိုင်ဟာဗတ်ဇ်က ချီးကျူးသွားခဲ့ပြီး သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးဟာ ကွင်းထဲရောက်ရင်တော့ စစ်သူကြီးတဦးလို ပြောင်းလဲသွားပြီး တကွင်းလုံးကို ကြီးစိုးသွား​ကြောင်း ထုတ်ဖော်ခဲ့ကာ ယူရိုအဖွင့်ပွဲမှာ သူနဲ့ရင်ဆိုင်ရမှာက ဆိုးရွားတဲ့ခံစားချက်ပဲလို့ဆိုသွား။

ချယ်လ်ဆီးနည်းပြ တူဟယ်လ်ဟာ ဟာကင်းမ် ဇီးယက်ရှ်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပြီးဖြစ်တယ်လို့ သိရှိရပြီး တရာသီအကြာမှာ သူ့ကို နာပိုလီကို ရောင်းထုတ်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာချိန်မှာ သူ့အပေါ် ပွဲထွက်ခွင့် မပေးဘဲ ရက်စက်ခဲ့တယ်လို့ ဝေဖန်ခံနေရခြင်းကို တုန်လှုပ်ခြင်းမရှိဘူးလို့ သိရ။

ချယ်လ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့အကြီးအကဲ မာရီနာ ဂရာကော့ဗ်စကာယာအနေနဲ့ အကြီးမားဆုံးလှုပ်ရှားမှု ၆ ခုကို ကြံစည်ထားကြောင်း သိရပြီး တိုက်စစ်မှူ၊ ညာနောက်ခံအစွန်လနဲ့ ကွင်းလယ်လ ၃ နေရာကို ဖြည့်တင်းဖို့အတွက် အဒမာ ထရာအိုရေး၊ ဒေကလန်ရိုက်စ်၊ ဟာရီကိန်း၊ လူကာကူတို့ပါဝင်တဲ့ အဝယ်စာရင်း ၄ ဦးထဲက ၃ ဦးကို ဝယ်ယူသွားဖို့ရှိနေ။

တီမို ဗာနာရဲ့ ပြေးလွှားမှုနဲ့ လှုပ်ရှားမှုတွေကို ​ကြိုက်နှစ်သက်မိသလို ဂျာမန်တိုက်စစ်မှူးဟာ လာမယ့်ယူရိုပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဖြစ်လာလိမ့်မယ်လို့ အာဆင်ဝင်းဂါးက အတပ်ဟောသွားခဲ့ပြီး သူ့အနေနဲ့ ဂိုးအဆုံးသတ်နိုင်အောင် သေချာပြင်ဆင်ထားသင့်ကြောင်း သတိပေးသွားခဲ့။

ယူနိုက်တက်နဲ့ စာချုပ်ချုပ်ခဲ့ပေမယ့် ချယ်လ်ဆီးအသင်းမှာ ကစားခဲ့ရတဲ့ အဖြစ်အပျက်ကို ဂၽြန္ အိုဘီ မီခေးလ်က ပြန်ပြောင်းပြောပြသွားခဲ့ပြီး ငယ်ရွယ်စဥ်က အေးဂျင့်တွေရဲ့ လှည့်စားမှုကို ခံခဲ့ရပြီး ဖာဂူဆန်နဲ့ ဖုန်းကောလ်နဲ့ အေဘရာမိုဗစ်ချ်ရဲ့ ဖုန်းကောလ်တွေက တပြိုင်တည်းရရှိချိန်မှာ နှစ်သင်းစလုံးအတွက် ကစားခွင့်မရဘဲ ချယ်လ်ဆီးအသင်းက ထောက်ပံ့ပေးထားတဲ့ အိမ်တလုံးထဲမှာ တနှစ်တာလောက် ပုန်းအောင်းနေခဲ့ရဖူးကြောင်း ရင်ဖွင့်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ယ္လ္ဆီးအသင္းဟာ နည္းျပ တူဟယ္လ္၊ ဗဟိုခံစစ္မႉး သီယာဂို ေဆးလ္ဗားနဲ႔ တိုက္စစ္မႉး ဂ်႐ူးတို႔ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့ၿပီျဖစ္ၿပီး စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ တူဟယ္လ္ရဲ႕အနာဂတ္ဟာ ေနာက္ထပ္ ၂ ႏွစ္အထိ ရွိေနမွာျဖစ္သလို ဝါရင့္ကစားသမားႀကီးႏွစ္ဦးကိုလည္း တႏွစ္စီ သက္တမ္းတိုးဖို႔ ေအဘရာမိုဗစ္ခ်္က မီးစိမ္းျပခဲ့ေၾကာင္း သိရ။

အခုေႏြမွာ ထိပ္တန္းဗဟိုခံစစ္မႉးတဦး ရွာေဖြေနတဲဲ့ ခ်ယ္လ္ဆီးအသင္းဟာ ဘိုင္ယန္ျမဴးနစ္ကစားသမား နစ္ကလပ္စ္ ဆူးလားကို မ်က္စိက်ေနေၾကာင္း သိရၿပီး သီယာဂို ေဆးလ္ဗားေနရာမွာ သူ႔ကို ဆက္ခံသြားေစလိုေၾကာင္း ကမ္းလွမ္းထားျခင္းျဖစ္ၿပီး ဘိုင္ယန္အသင္းနဲ႔ ေျပာင္းေ႐ႊ႕ေၾကးညႇိႏႈိင္းေန။

အာဆင္နယ္နည္းျပေဟာင္း အာဆင္ဝင္းဂါးဟာ ခိုင္ဟာဗတ္ဇ္ရဲ႕ ရာသီအစ​က ေျခစြမ္းပိုင္းအထေႏွးမႈကို အားမလိုအားမရျဖစ္ခဲ့ရေၾကာင္း ဝန္ခံသြားခဲ့ၿပီး သူ႔ရဲ႕ျပန္႐ုန္းထလာတဲ့ ေျခစြမ္းနဲ႔ စိတ္ပိုင္းျဖတ္မႈကိုၾကည့္ရင္ ဂ်ာမနီသားဟာ ခ်ယ္လ္ဆီးအသင္းရဲ႕ အသက္ေသြးေၾကာျဖစ္လာမယ့္ အလားအလာအေကာင္းဆုံးကစားသမားပဲလို႔ အထူးတလည္ခ်ီးက်ဴးသြားခဲ့။

ခ်ယ္လ္ဆီးနည္းျပတူဟယ္လ္ဟာ ေဒါ့မန္အသင္းမွာ လက္တြဲခဲ့တဲ့ သူ႔ရဲ႕တပည့္ေဟာင္းျဖစ္သူ အူဘာမီယန္းကို လာမယ့္ရာသီသစ္မွာ အလိုရွိေနတယ္လို႔ သိရွိရၿပီး အာဆင္နယ္အသင္းကို ခ်ဥ္းကပ္မႈေတြ ျပဳလုပ္လာခဲ့သလို အသင္းမွာ အူဘာမီယန္းရဲ႕ ဂိုးသြင္းစက္တလုံးလို ဂိုးသြင္းအားက ခ်ယ္လ္ဆီးအသင္းကို ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေစမယ္လို႔ ယုံၾကည္ခံထားရ။

အန္ဂိုလို ကြန္ေတဟာ အသင္းရဲ႕အဝတ္လဲခန္းထဲမွာ လူတိုင္းကို ရယ္ၿပဳံးေပ်ာ္႐ႊင္ေစႏိုင္စြမ္းနဲ႔ လႊမ္းမိုးထားတယ္လို႔ ခ်ယ္လ္ဆီးကြင္းလယ္ဖန္တီးရွင္ ခိုင္ဟာဗတ္ဇ္က ခ်ီးက်ဴးသြားခဲ့ၿပီး သူ႔ရဲ႕ ကိုယ္ရည္ကိုယ္ေသြးဟာ ကြင္းထဲေရာက္ရင္ေတာ့ စစ္သူႀကီးတဦးလို ေျပာင္းလဲသြားၿပီး တကြင္းလုံးကို ႀကီးစိုးသြား​ေၾကာင္း ထုတ္ေဖာ္ခဲ့ကာ ယူ႐ိုအဖြင့္ပြဲမွာ သူနဲ႔ရင္ဆိုင္ရမွာက ဆိုး႐ြားတဲ့ခံစားခ်က္ပဲလို႔ဆိုသြား။

ခ်ယ္လ္ဆီးနည္းျပ တူဟယ္လ္ဟာ ဟာကင္းမ္ ဇီးယက္ရွ္ရဲ႕ အနာဂတ္ကို ဆုံးျဖတ္ၿပီးျဖစ္တယ္လို႔ သိရွိရၿပီး တရာသီအၾကာမွာ သူ႔ကို နာပိုလီကို ေရာင္းထုတ္ေတာ့မယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚလာခ်ိန္မွာ သူ႔အေပၚ ပြဲထြက္ခြင့္ မေပးဘဲ ရက္စက္ခဲ့တယ္လို႔ ေဝဖန္ခံေနရျခင္းကို တုန္လႈပ္ျခင္းမရွိဘူးလို႔ သိရ။

ခ်ယ္လ္ဆီးအသင္းရဲ႕ အေျပာင္းအေ႐ႊ႕အႀကီးအကဲ မာရီနာ ဂရာေကာ့ဗ္စကာယာအေနနဲ႔ အႀကီးမားဆုံးလႈပ္ရွားမႈ ၆ ခုကို ႀကံစည္ထားေၾကာင္း သိရၿပီး တိုက္စစ္မႉ၊ ညာေနာက္ခံအစြန္လနဲ႔ ကြင္းလယ္လ ၃ ေနရာကို ျဖည့္တင္းဖို႔အတြက္ အဒမာ ထရာအိုေရး၊ ေဒကလန္႐ိုက္စ္၊ ဟာရီကိန္း၊ လူကာကူတို႔ပါဝင္တဲ့ အဝယ္စာရင္း ၄ ဦးထဲက ၃ ဦးကို ဝယ္ယူသြားဖို႔ရွိေန။

တီမို ဗာနာရဲ႕ ေျပးလႊားမႈနဲ႔ လႈပ္ရွားမႈေတြကို ​ႀကိဳက္ႏွစ္သက္မိသလို ဂ်ာမန္တိုက္စစ္မႉးဟာ လာမယ့္ယူ႐ိုၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးကစားသမားျဖစ္လာလိမ့္မယ္လို႔ အာဆင္ဝင္းဂါးက အတပ္ေဟာသြားခဲ့ၿပီး သူ႔အေနနဲ႔ ဂိုးအဆုံးသတ္ႏိုင္ေအာင္ ေသခ်ာျပင္ဆင္ထားသင့္ေၾကာင္း သတိေပးသြားခဲ့။

ယူႏိုက္တက္နဲ႔ စာခ်ဳပ္ခ်ဳပ္ခဲ့ေပမယ့္ ခ်ယ္လ္ဆီးအသင္းမွာ ကစားခဲ့ရတဲ့ အျဖစ္အပ်က္ကို ဂျွန် အိုဘီ မီေခးလ္က ျပန္ေျပာင္းေျပာျပသြားခဲ့ၿပီး ငယ္႐ြယ္စဥ္က ေအးဂ်င့္ေတြရဲ႕ လွည့္စားမႈကို ခံခဲ့ရၿပီး ဖာဂူဆန္နဲ႔ ဖုန္းေကာလ္နဲ႔ ေအဘရာမိုဗစ္ခ်္ရဲ႕ ဖုန္းေကာလ္ေတြက တၿပိဳင္တည္းရရွိခ်ိန္မွာ ႏွစ္သင္းစလုံးအတြက္ ကစားခြင့္မရဘဲ ခ်ယ္လ္ဆီးအသင္းက ေထာက္ပံ့ေပးထားတဲ့ အိမ္တလုံးထဲမွာ တႏွစ္တာေလာက္ ပုန္းေအာင္းေနခဲ့ရဖူးေၾကာင္း ရင္ဖြင့္သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.