Premier League

အသင်းဟောင်း စပါးစ်ကို ကမ္ဘာ့အဆင့်မီစေခဲ့တဲ့ ခေါင်းဆောင်ကို မော်ရင်ညို အားပါတရချီးမွမ်း

တိုက်စစ်မှူး ဟာရီကိန်းဟာ တော့တင်ဟမ်ဟော့စပါးစ်အသင်းကိို ကမ္ဘာ့အဆင့်မီစေခဲ့တဲ့ အသံတိတ်ခေါင်းဆောင်ဖြစ်တယ်လို့ နည်းပြဟောင်း ဂျိုဆေး မော်ရင်ညိုက အားပါတရချီးကျူးသွားခဲ့ပြီး အင်္ဂလန်အသင်းနဲ့အတူ ကိန်းအနေနဲ့ ယူရိုဖလားချန်ပီယံဖြစ်လာနိုင်ခြေတွေကိုပါ ခန့်မှန်းမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ဟာရီကိန်းဟာ ၂၀၁၈ ခုနှစ်မှာ စပါးစ်အသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ထမ်းတင်နိုင်ခဲ့သလို အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ မော်ရင်ညိုလက်ထက်မှာလည်း သူ့ရဲ့ နဂိုမူလနေရာဖြစ်တဲ့ အထောင်တိုက်စစ်မှူးနေရာကနေ နောက်ဆင်းကစားခဲ့ပြီး အသင်းဖော် ဆွန်ဟောင်မင်ကို ကြီးကြီးမားမား ကူညီပေးနိုင်ခဲ့ပြီး ဒီအတွက်လည်း မငြိုငြင်စွာ အပြည့်အဝကစားခဲ့တာပါ။

စပါးစ်အသင်းမှာ ဂိုးသွင်းမုဆိုးအဖြစ်သာမက ဂိုးဖန်တီးရှင်အဖြစ်ပါ ပြောင်းလဲသွားခဲ့တဲ့ ကိန်းဟာ သိပ်စွမ်းတဲ့ ဘောလုံးအမြင်မျိုးကို ပိုင်ဆိုင်ထားပြီး တိုက်စစ်ရော ခံစစ်မှာပါ အသင်းရဲ့ ​ကစားကွက်တခုလုံးကို တိုက်စစ်တန်းကနေ ဦးဆောင်ပြီး ပဲ့ကိုင်ပေးနေသူဆိုရင်လည်း မမှားပါဘူး။

သူ့ရဲ့ ဆင့်ကဲပြောင်းလဲမှုမှာ စပါးစ်အနေနဲ့ ရာသီသိမ်းအပြီး အဆင့် ၇ နေရာနဲ့သာ ကျေနပ်ခဲ့ရချိန်မှာတောင် ကိန်းက ၂၃ ဂိုးသွင်းယူပြီး ၁၄ ဂိုးဖန်တီးပေးနိုင်ခဲ့ကာ ပရီးမီးယားလိဂ်ရဲ့ ရွှေဖိနပ်ဆုရှင်အဖြစ်ရော ဂိုးဖန်တီးဆုရှင်အဖြစ်ပါ ရပ်တည်ပြီး တိုက်စစ်မှူးနေရာစစ်စစ်မှာ ကစားနေရတဲ့ ကျန်ပြိုင်ဘက်ကစားသမားတွေကို ကျော်ဖြတ်ပြသွားခဲ့တာကို တွေ့ရတယ်။

“သူက တကယ့်ကို ပြီးပြည့်စုံတဲ့ ကစားသမားပါ။ အထောင်တိုက်စစ်မှုးနေရာကနေ ဂိုးတွေ တဒိုင်းဒိုင်းဆက်သွင်းနေရင်း စွယ်စုံရတိုက်စစ်မှူးပုံစံ ပြောင်းလဲသွားခဲ့တယ်။ ကွင်းထဲမှာ အသင်းအတွက် သူယူထားရတဲ့ လုပ်ငန်းတာဝန်တွေက ပိုများလာတယ်။ ဒါပေမယ့် သူ့ဂိုးသွင်းအားကိုပါ ဆက်ထိန်းသွားနိုင်တယ်”

“သူက တကယ့်ခေါင်းဆောင်စစ်စစ်ပဲ။ ဒါပေမယ့် ခင်ဗျားရှေ့မှာတော့ သူက ထင်ပေါ်နေမှာမဟုတ်ဘူး။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ တသင်းလုံးကို ဦးဆောင်နေတဲ့သူဖြစ်တယ်။ စပါးစ်အသင်းမှာ အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်ထားတဲ့သူက တယောက်၊ သူ့လို ခေါင်းဆောင်စစ်စစ်မျိုးက တယောက်ပါ”

“လက်ရွေးစင်အသင်းမှာတော့ သူက အသင်းခေါင်းဆောင်ဖြစ်တယ်။ ဒါကြောင့် စပါးစ်မှာထက် အင်္ဂလန်တသင်းလုံးကို သူက ပိုဦးဆောင်နိုင်ပြပါလိမ့်မယ်။ ပြီးတော့ သူက သိပ်ကို တည်ငြိမ်တဲ့သူတယောက်ဖြစ်တယ်။ အခု အင်္ဂလန်အသင်းမှာ သူ့အသင်းဖော်တွေက အတွေ့အကြုံပြည့်ဝတဲ့ ကစားသမားတွေချည်းပဲ။ အင်္ဂလန်နဲ့ ယူရိုဖလားကို သူပြနိုင်ပါတယ်။ ဆက်စောင့်ကြည့်ရအောင်ပါ”လို့ မော်ရင်ညိုက တပည့်ဟောင်းကို ဘယ်လောက်ထိ လေးစားမှုရှိနေကြောင်း သူ့အမြင်ကို ဖော်ပြသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: တိုက္စစ္မႉး ဟာရီကိန္းဟာ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းကိို ကမာၻ႔အဆင့္မီေစခဲ့တဲ့ အသံတိတ္ေခါင္းေဆာင္ျဖစ္တယ္လို႔ နည္းျပေဟာင္း ဂ်ိဳေဆး ေမာ္ရင္ညိဳက အားပါတရခ်ီးက်ဴးသြားခဲ့ၿပီး အဂၤလန္အသင္းနဲ႔အတူ ကိန္းအေနနဲ႔ ယူ႐ိုဖလားခ်န္ပီယံျဖစ္လာႏိုင္ေျခေတြကိုပါ ခန္႔မွန္းမႈေတြ ျပဳလုပ္သြားခဲ့ပါတယ္။

ဟာရီကိန္းဟာ ၂၀၁၈ ခုႏွစ္မွာ စပါးစ္အသင္းကို ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအထိ ထမ္းတင္ႏိုင္ခဲ့သလို အသင္းကေန ထြက္ခြာသြားခဲ့တဲ့ ေမာ္ရင္ညိဳလက္ထက္မွာလည္း သူ႔ရဲ႕ နဂိုမူလေနရာျဖစ္တဲ့ အေထာင္တိုက္စစ္မႉးေနရာကေန ေနာက္ဆင္းကစားခဲ့ၿပီး အသင္းေဖာ္ ဆြန္ေဟာင္မင္ကို ႀကီးႀကီးမားမား ကူညီေပးႏိုင္ခဲ့ၿပီး ဒီအတြက္လည္း မၿငိဳျငင္စြာ အျပည့္အဝကစားခဲ့တာပါ။

စပါးစ္အသင္းမွာ ဂိုးသြင္းမုဆိုးအျဖစ္သာမက ဂိုးဖန္တီးရွင္အျဖစ္ပါ ေျပာင္းလဲသြားခဲ့တဲ့ ကိန္းဟာ သိပ္စြမ္းတဲ့ ေဘာလုံးအျမင္မ်ိဳးကို ပိုင္ဆိုင္ထားၿပီး တိုက္စစ္ေရာ ခံစစ္မွာပါ အသင္းရဲ႕ ​ကစားကြက္တခုလုံးကို တိုက္စစ္တန္းကေန ဦးေဆာင္ၿပီး ပဲ့ကိုင္ေပးေနသူဆိုရင္လည္း မမွားပါဘူး။

သူ႔ရဲ႕ ဆင့္ကဲေျပာင္းလဲမႈမွာ စပါးစ္အေနနဲ႔ ရာသီသိမ္းအၿပီး အဆင့္ ၇ ေနရာနဲ႔သာ ေက်နပ္ခဲ့ရခ်ိန္မွာေတာင္ ကိန္းက ၂၃ ဂိုးသြင္းယူၿပီး ၁၄ ဂိုးဖန္တီးေပးႏိုင္ခဲ့ကာ ပရီးမီးယားလိဂ္ရဲ႕ ေ႐ႊဖိနပ္ဆုရွင္အျဖစ္ေရာ ဂိုးဖန္တီးဆုရွင္အျဖစ္ပါ ရပ္တည္ၿပီး တိုက္စစ္မႉးေနရာစစ္စစ္မွာ ကစားေနရတဲ့ က်န္ၿပိဳင္ဘက္ကစားသမားေတြကို ေက်ာ္ျဖတ္ျပသြားခဲ့တာကို ေတြ႕ရတယ္။

“သူက တကယ့္ကို ၿပီးျပည့္စုံတဲ့ ကစားသမားပါ။ အေထာင္တိုက္စစ္မႈးေနရာကေန ဂိုးေတြ တဒိုင္းဒိုင္းဆက္သြင္းေနရင္း စြယ္စုံရတိုက္စစ္မႉးပုံစံ ေျပာင္းလဲသြားခဲ့တယ္။ ကြင္းထဲမွာ အသင္းအတြက္ သူယူထားရတဲ့ လုပ္ငန္းတာဝန္ေတြက ပိုမ်ားလာတယ္။ ဒါေပမယ့္ သူ႔ဂိုးသြင္းအားကိုပါ ဆက္ထိန္းသြားႏိုင္တယ္”

“သူက တကယ့္ေခါင္းေဆာင္စစ္စစ္ပဲ။ ဒါေပမယ့္ ခင္ဗ်ားေရွ႕မွာေတာ့ သူက ထင္ေပၚေနမွာမဟုတ္ဘူး။ တိတ္တိတ္ဆိတ္ဆိတ္နဲ႔ တသင္းလုံးကို ဦးေဆာင္ေနတဲ့သူျဖစ္တယ္။ စပါးစ္အသင္းမွာ အသင္းေခါင္းေဆာင္လက္ပတ္ဝတ္ဆင္ထားတဲ့သူက တေယာက္၊ သူ႔လို ေခါင္းေဆာင္စစ္စစ္မ်ိဳးက တေယာက္ပါ”

“လက္ေ႐ြးစင္အသင္းမွာေတာ့ သူက အသင္းေခါင္းေဆာင္ျဖစ္တယ္။ ဒါေၾကာင့္ စပါးစ္မွာထက္ အဂၤလန္တသင္းလုံးကို သူက ပိုဦးေဆာင္ႏိုင္ျပပါလိမ့္မယ္။ ၿပီးေတာ့ သူက သိပ္ကို တည္ၿငိမ္တဲ့သူတေယာက္ျဖစ္တယ္။ အခု အဂၤလန္အသင္းမွာ သူ႔အသင္းေဖာ္ေတြက အေတြ႕အႀကဳံျပည့္ဝတဲ့ ကစားသမားေတြခ်ည္းပဲ။ အဂၤလန္နဲ႔ ယူ႐ိုဖလားကို သူျပႏိုင္ပါတယ္။ ဆက္ေစာင့္ၾကည့္ရေအာင္ပါ”လို႔ ေမာ္ရင္ညိဳက တပည့္ေဟာင္းကို ဘယ္ေလာက္ထိ ေလးစားမႈရွိေနေၾကာင္း သူ႔အျမင္ကို ေဖာ္ျပသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.