Premier League

လွယ်မလိုနဲ့ခက်ပြီး အမြဲနာမည်ကြီး ဖလားငတ်နေတဲ့ အင်္ဂလန်ပါဝင်နေတဲ့ ယူရို ၂၀၂၀ အုပ်စု D သုံးသပ်ချက်

၂၀၂၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ ကျင်းပမယ့် ယူရို ၂၀၂၀ ပြိုင်ဘက်ရဲ့ အုပ်စု D မှာတော့ နာမည်ကြီး အင်္ဂလန်၊ ကမ္ဘာ့ဖလားငွေတံဆိပ်ရထားတဲ့ ခရိုအေးရှား၊ စကော့တလန်နဲ့ ချက်အသင်းတို့က တအုပ်စုတည်း ကျရောက်လို့နေပါတယ်။

အုပ်စုအဆင့်ကနေ ထိပ်ဆုံးနှစ်သင်းက ရှူံးထွက် ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပြီး အုပ်စုတတိယရတဲ့အသင်းကလည်း နောက်တဆင့်တက်ဖို့ အခွင့်အရေး ၆၆.၆၆ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတာကိုလည်း တွေ့ကြရမှာပါ။

ပြိုင်ပွဲရဲ့စည်းမျဉ်းအရ တသင်းကို လူစားလဲခွင့် ၅ ကြိမ်ရရှိမှာဖြစ်ပြီး အချိန်ပိုကစားရရင်တော့ တကြိမ်ထပ်ဆောင်း လူစားလဲနိုင်ဦးမှာပါ။ ဒီသက်ရောက်မှာအရ အသင်းရဲ့လူစာရင်း ၂၆ ဦးချင်းတူပေမယ့် ကြံ့ခိုင်မှုပြည့်ဝပြီး အရည်အသွေးမြင့်ကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံအသင်းတွေကပဲ ချန်ပီယံဖြစ်လာနိုင်ခြေကတော့ မမှားယွင်းတဲ့ အယူအဆလို့ ဆိုနိုင်ပါတယ်။

၁။ အင်္ဂလန်
အင်္ဂလန်ရဲ့ လူစာရင်းတောင့်တင်းပုံကတော့ ဒီနှစ်ယူရိုပြိုင်ပွဲရဲ့ ချန်ပီယံအသင်းလို့ တင်စားခံထားရတယ်။ ရေပန်းစားလွန်းတိုင်း နာမည်ကြီးထမင်းငတ်ဖြစ်လေ့ရှိတဲ့ အစဉ်အလာကို နည်းပြဆောက်ဂိတ်က ဘယ်လိုချိုးဖျက်ပြနိုင်မလဲ စောင့်ကြည့်ရမယ့်အချိန်မှာ ရှေ့၊ လယ်၊ နောက် တုတ်ခိုင်သန်မာလွန်းတဲ့ လူစာရင်းအင်အားက ကြောက်မက်ဖွယ်ရာကောင်းနေတယ်။

ဆောက်ဂိတ်က သူ့အသင်းရဲ့ ညာနောက်ခံလူနေရာကို အတော်လေးအလှဆင်ထားတာကို တွေ့ရတယ်။ ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ခဲ့တဲ့ ရီးစ်ဂျိမ်းစ်နဲ့ ခိုင်လ်ဝေါလ်ကာ၊ လာလီဂါချန်ပီယံ ထရစ်ပီယာနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဟောင်း အာနိုးတို့နဲ့ လက်နက်အပြည့်တပ်ဆင်ထားတယ်။

ဆောက်ဂိတ်အနေနဲ့ နောက်တန်း ၃ ဦးနဲ့ ၄ ဦး ကစားကွက်နှစ်မျိုးလုံးကို လွတ်လွတ်လပ်လပ် အထိုင်ချဖို့ ရှိနေပြီး ကော်နာ ကုတ်ဒီနဲ့ တိုင်ရွန်မင်းစ်တို့က နောက်ခံလူ ၃ ဦးအထိုင်ချမယ့် ကစားကွက်မှာ နေရာရလာဖို့ ရှိနေချိန်မှာ ကွင်းလယ်ခံစစ်ပိုင်းတနေရာမှာတော့ ဂျော်ဒန် ဟန်ဒါဆန် ကြံ့ခိုင်မှု ပြည့်ဝမလာခဲ့ရင် အနည်းငယ်ပြဿနာတက်ဖို့ ရှိနေတယ်။

ဂိုးသမားနေရာက ပူစရာမရှိတာကို တွေ့ရပြီး တိုက်စစ်ဖန်တီးမှုအပိုင်းမှာ ကွင်းလယ်ဘယ်ခြမ်းက ဖီးလ်ဖိုဒင်၊ ဂျက်ဂရီးလစ်ရှ်နဲ့ မေဆန်မောင့်တို့က လိုရာသုံးနိုင်တဲ့ ဖဲချပ်တွေဖြစ်နေသလို ဟာရီကိန်းဦးဆောင်လာမယ့် တိုက်စစ်က ဆန်ချို၊ စတာလင်း၊ နဲ့ ရက်ရှ်ဖို့ဒ်တို့နဲ့သာ ပေါင်းစပ်လိုက်ရင် ကိန်းက ဂိုးသွင်းဖို့ရော ဂိုးဖန်တီးမှုအပိုင်းမှာပါ အင်္ဂလန်အသင်းကို ထင်မှတ်မထားနိုင်တဲ့အဆင့်အထိ ဆွဲတင်သွားနိုင်ဖို့ ရှိနေတယ်။

၂။ စကော့တလန်
ပရီးမီးယားလိဂ်နာမည်ကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ စတိဗ်ကလာ့ခ်ရဲ့ စကော့တလန်က 3-5-2၊ 3-4-1-2၊ 3-4-2-1 ကစားကွက်တွေကို သေချာပေါက်သုံးစွဲရမယ့်အချက်က ဘယ်ခြမ်းမှာ ပရီးမီးယားလိဂ်ရဲ့ထိပ်သီး ကီရန် တီယာနေးနဲ့ အန်ဒီရော်ဘတ်ဆန်တို့ကို တွဲဖက်ပေးနိုင်ဖို့ ပြင်ဆင်လာခြင်းကပဲ အသင်းရဲ့အကောင်းဆုံးအနေအထားဖြစ်လာနိုင်တယ်။

ကွင်းလယ်မှာ မက်တော်မီနေးနဲ့ ကယ်လမ် မက်ဂရီဂေါတို့ရဲ့ အထိုင်ကို ဂျွန်ဖလက်ခ်နဲ့ ဂျွန်မက်ဂင်းတို့ရဲ့ အင်အားပေါင်းမှုနဲ့အတူ ဘီလီ ဂီးလ်မိုးနဲ့ ဒေးဗစ် တန်းဘူးလ်တို့ရဲ့ အရန်အင်အားက ထောက်ပံ့မှုမှာ တိုက်စစ်တန်းက ချေအဒမ်ရဲ့ ဦးဆောင်မှု၊ လင်ဒန်ဒိုက်ခ်စ်၊ ရိုင်ယန် ဖရေဆာ၊ ရိုင်ယန် ခရစ္စတီးတို့က တိုက်စစ်အားကောင်းစေမယ့် အတွဲအဖက်တွေအဖြစ် မြင်တွေ့ရတယ်။

၃။ ခရိုအေးရှား
ဘလွန်ဒေါဆုရှင် မိုဒရစ်ဦးဆောင်လာမယ့် ခရိုအေးရှားကတော့ ဒီနှစ်ပြိုင်ပွဲမှာ လူအိုအသင်းအဖြစ် တဆင့်လျှော့သတ်မှတ်ခံထားရပြီး လွန်ခဲ့တဲ့ ၃ နှစ်က ကမ္ဘာ့ဖလားဖိုင်နယ်တက်က လူစာရင်းနဲ့ယှဉ်ရင် ရာကီတစ်ချ်နဲ့ မန်ဇူကစ်တို့ မပါဝင်တော့တဲ့အချိန်မှာ ကွင်းလယ်မှာ မိုဒရစ်၊ ဘရိုဇိုဗစ်နဲ့ ကိုဗာချစ်၊ တောင်ပံတိုက်စစ်မှာ ပါရီဆစ်+ ရီဘစ်အပြင် တိုက်စစ်မှုးအဖြစ် အသုံးတော်ခံလာဖွယ်ရှိနေတဲ့၊ စပါးစ်ကို ယူရိုပါမှာ ဟက်ထရစ်သွင်းယူခဲ့တဲ့ မစ်ဆလဗ် အိုရီဆစ်က စောင့်ကြည့်ရမယ့် ကစားရမယ့်ကစားသမားဖြစ်နေကြောင်း ဆိုချင်ပါတယ်။

၄။ ချက်
ချက်အသင်းကတော့ ဒီအုပ်စုမှာ အားအနည်းဆုံးနဲ့ ခန့်မှန့်ရအလွယ်ဆုံး လူထုတ်ပုံကိုသာ မြင်တွေ့ရဖွယ်ရှိနေတယ်။ လူအင်အားအရလည်း ဝက်စ်ဟမ်းရဲ့ ပရီးမီးယားလိဂ်နာမည်ကြီး ကွင်းလယ်လူ ဆိုးချက်ခ်တဦးကသာ ထူထူထောင်ထောင်ရှိနေပြီး ခံစစ်မှာ အတော်လေးအားနည်းနေတဲ့ ပြဿနာကို တွေ့ရတယ်။ သူတို့ရဲ့ ကစားပွဲဗျူဟာကတော့ ရှေ့တက်ကစားမယ့် Full back တွေကို အားကိုးလာဖွယ်ရှိနေပြီး ဒီအုပ်စုအဆင့်ကနေပဲ အိမ်ပြန်ရဖွယ်ရှိနေကြောင်း တင်ဆက်ပေးရပါစေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၂၀၂၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ ကျင်းပမယ့် ယူရို ၂၀၂၀ ပြိုင်ဘက်ရဲ့ အုပ်စု D မှာတော့ နာမည်ကြီး အင်္ဂလန်၊ ကမ္ဘာ့ဖလားငွေတံဆိပ်ရထားတဲ့ ခရိုအေးရှား၊ စကော့တလန်နဲ့ ချက်အသင်းတို့က တအုပ်စုတည်း ကျရောက်လို့နေပါတယ်။