Premier League Transfer News

5 Jun နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– သူ့ရဲ့ အသင်းဟောင်း အာဆင်နယ်အနေနဲ့ ခရစ္စတယ်လ်ပဲလေ့စ်တောင်ပံကစားသမား ဝီလ်ဖရီးဒ် ဇာဟာကို ခေါ်ယူဖို့ ပျက်ကွက်နေတာ အံ့ဩမိတယ်လို့ ကွင်းလယ်လူဟောင်း အီမန်ညူယယ်လ် ပီတစ်က ပြောကြားလိုက်ပြီး ပိုက်ဆံမရှိရင်လည်း စိတ်ဓာတ်ကောင်းကောင်းနဲ့ အသင်းမှာ အံဝင်မယ့်သူမျိုးကို ခေါ်ယူသင့်ပြီး လက်ရှိကစားသမားတွေကိုတော့ ပြောကို မပြောချင်တော့ကြောင်း ဝေဖန်သွားခဲ့။

– ရှော်လ်ကာအသင်းက မခေါ်ယူနိုင်တော့တဲ့ ဘယ်နောက်ခံလူ ဆိဒ် ကိုလာစီနက်ချ်ကို အီတလီအခြေစိုက်အသင်းတွေဖြစ်ကြတဲ့ နာပိုလီနဲ့ လာဇီယိုတို့က စိတ်ဝင်စားနေသလို တူရကီအသင်းတွေဖြစ်ကြတဲ့ ဖီနာဘာချီနဲ့ ဂါလာတာစာရေးတို့ကလည်း ချိတ်ဆက်နေကြပြီး ပြောင်းရွှေ့ကြေးဆုံးပြီလို့ တွက်ထားတဲ့ ဘော့စနီးယားသားအတွက် အာဆင်နယ်တို့ မျှော်လင့်ချက်ရှိလာ။

– နော့ဝစ်ချ်စီးတီးကွင်းလယ်လူ အီမီလီယာနို ဘွင်ဒီယာအတွက် အာဆင်နယ်တို့ ဒုတိယအကြိမ် ထပ်မံကမ်းလှမ်းလိုက်ပြီး ပေါင် ၃၅ သန်း ပေးမယ်လို့ တရားဝင် ဆွေးနွေးခဲ့သလို မူလထက် ပိုမိုနီးစပ်လာပေမယ့် ကနေရီတွေဘက်ကတော့ ဂီတာဖေးကို ပေးရဦးမယ့် ကော်မရှင် အတွက် ပေါင်သန်း ၄၀ ရမှ ရောင်းချဖို့ စွဲကိုင်ထား။

– အက်သလက်တီကို မက်ဒရစ်အသင်းအနေနဲ့ သူတို့ရဲ့ ညာနောက်ခံလူ ကီရန် ထရစ်ပီယာကို အသုံးပြုပြီး အာဆင်နယ်အသင်းရဲ့ ဟက်တာ ဘယ်လာရင်နဲ့ လဲလှယ်ခေါ်ယူဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး သူတို့ရဲ့ နည်းစနစ်ဒါရိုက်တာ အန်ဒရီးယား ဘာတာဟာ စပိန်သားရဲ့ ပရိသတ်တစ်ဦးလည်းဖြစ်နေတယ်လို့ သိရ။

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ အသင်းခေါင်းဆောင် ပျယ်-အမ်မရိခ် အူဘာမီယန်းကို သင့်တော်တဲ့ ကမ်းလှမ်းမှု ရှိလာရင် အသင်းကနေ ထွက်ခွာခွင့် ပေးဖွယ်ရှိပြီး လက်ရှိခြေစွမ်းနဲ့ အနေအထားဟာ ဂါဘွန်းသားကို ထိန်းသိမ်းဖို့ နှစ်ဦးနှစ်ဖက် လုံလောက်မှု နည်းပါးနေတယ်လို့ ဖာဘရီဇီယို ရိုမာနို သုံးသပ်။

– အာဆင်နယ်ပရိသတ်တွေအတွက် ဒေါသထွက်စရာအဖြစ် ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီကို ယူရို ၁၀ သန်းတည်းနဲ့ ရောင်းချဖို့ ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပြီး ပေါင်သန်း ၅၀ အထိ ဈေးပေါက်ခဲ့ဖူးတဲ့ ပြင်သစ်သားအတွက် အသင်းရဲ့ စာချုပ်တွေကို စီမံခန့်ခွဲပုံနဲ့ ကစားသမားအရောင်းမှာ ပေါပေါပဲပဲ ဈေးတွေနဲ့ အမြဲတမ်းကျရှုံးနေမှုကို မေးခွန်းထုတ်စရာဖြစ်လာ။

– အိုင်းယက်စ်အသင်းကနေ ဈေးသက်သက်သာသာနဲ့ ခေါ်ယူနိုင်မယ့် ဂိုးသမား အန်ဒရီ အိုနာနာကို အလိုရှိနေတာဟာ လက်ရှိဂိုးသမား ဘန်းဒ် လီနိုရဲ့ အဝေးဘောပေးပို့မှုတွေမှာ အောင်မြင်မှုနှုန်းနည်းပါးပြီး သူတပါးဂိုးသမားတွေ ၅၀ ရာခိုင်နှုန်းနီးပါး ပေးပို့နိုင်ချိန်မှာ ဂျာမန်သားအနေနဲ့ ၃၂.၃ ရာခိုင်နှုန်းသာ ပေးပို့ထားနိုင်မှုကြောင့်ဖြစ်တယ်လို့ မှတ်တမ်းပြုစုသူတွေ ထောက်ပြ။

– အာဆင်နယ်အသင်းရဲ့ တစ်ဦးတည်းသော ကစားသမားအဖြစ် အင်္ဂလန်လက်ရွေးစင်မှာ ပါဝင်လာခဲ့တဲ့ ဘူကာယို ဆာကာဟာ ဂန်းနားပရိသတ်တွေက မဲပေးရွေးချယ်ခဲ့တဲ့ တစ်ရာသီလုံးအကောင်းဆုံးကစားသမားလည်းဖြစ်လာခဲ့ပြီး ဒုတိယနေရာက နီကိုလာ ပေပေ (၁၅ %)နဲ့ တတိယနေရာက ကီရန် တီယာနီ (၁၄%)တို့ကို မဲပေးမှု ၅၁ % နဲ့ အနိုင်ရရှိခဲ့။

– ဥရောပ အားကစားခုံရုံးအနေနဲ့ အာဆင်နယ်အသင်းက အလိုရှိနေခဲ့တဲ့ ဂိုးသမား အန်ဒရီ အိုနာနာရဲ့ တစ်နှစ်ပွဲပယ်ပြစ်ဒဏ်ကို လျှော့ချပြီး သြဂုတ်လအတွင်းမှာ ပြန်လည်ကစားခွင့်ပေးနိုင်တယ်လို့ Goal ဂျာနယ်လစ် ချားလ်စ် ဝပ်ထ်က ခန့်မှန်းလိုက်ပြီး ဒီလိုမှ မဟုတ်ရင်တော့ သူ့ကို ခေါ်ယူဖို့ဟာ ငွေကြေးချင့်ချိန်သုံးစွဲနေရတဲ့ အသင်းအတွက် အဆင်ပြေမှာ မဟုတ်ဘူးလို့ သုံးသပ်။

– ဘယ်လ်ဂျီယမ်အသင်းရဲ့ လက်ထောက်နည်းပြဟောင်းဖြစ်ခဲ့ဖူးတဲ့ အာဆင်နယ်တိုက်စစ်မှူးဟောင်း သီယာရီ အွန်နရီက အန်ဒါလက်ချ် အသင်းရဲ့ ကွင်းလယ်လူ ဆမ်ဘီ လိုကွန်ဂါကို ရအောင်ခေါ်ယူဖို့ အသင်းဟောင်းဆီ တိုက်တွန်းလိုက်ပြီး ၂၁ နှစ်သားဟာ ဘရိုက်တန်ရဲ့ ဘီဆူးမားထက် ပိုကောင်းသူဖြစ်တယ်လို့ ထောက်ခံချက်ပေးသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: