Premier League

ရာဖင်ညာကို ဟန်ပြပြီး ရန်ဘက် မန်ယူနိုက်တက်အပယ်ခံ ဗန်ဒဘိခ်ကို ဆွဲစားမယ့် လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက သတင်းတွေ တောက်လျှောက်ထွက်ခဲ့တဲ့ လိဒ်စ်တောင်ပံတိုက်စစ်မှူး ရာဖင်ညာကို ခေါ်ယူဖို့ ဘာကမ်းလှမ်းမှုတခုမှ ပြုလုပ်ထားခြင်းမရှိဘူးလို့ သိရပြီး သူ့ကို ယူနိုက်တက်အသင်းနဲ့အပြိုင် ပေါင် ၃၂ သန်းနဲ့ ကမ်းလှမ်းမယ်ဆိုတဲ့ သတင်းတွေဟာလည်း မှားယွင်းခဲ့ကြောင်း ဖော်ပြခံထားရပါတယ်။

နောက်ဆုံးရသတင်းတွေအရ လီဗာပူးလ်အသင်း တကယ်လိုက်နေတာက ယူနိုက်တက်ကွင်းလယ်လူ ဗန်ဒဘိခ်ဖြစ်တယ်လို့ အံ့အားသင့်ဖွယ် ထွက်ပေါ်လာခဲ့ပြီး ကလော့ပ်ရဲ့လူစာရင်းနဲ့ ကစားကွက်မှာ သူ့ကို ဗိုင်နယ်လ်ဒမ်နေရာအတွက် အစားထိုးဖို့ ဦးတည်ထားနေတယ်လို့ ဆိုပါတယ်။

ယူနိုက်တက်ရဲ့ ပြည့်ကျပ်နေတဲ့ ကွင်းလယ်လူအင်အားမှာ ဝင်တိုးဖို့ မဖြစ်နိုင်သလောက် အခွင့်အရေးနည်းပါးနေတဲ့ နယ်သာလန်သားဟာ အသင်းရွေးချယ်မှု မှားယွင်းခဲ့လို့ ဆိုးလ်ရှားရဲ့ စီမံခန့်ခွဲမှုနဲ့ အသင်းမှာ သူနဲ့ အဟပ်မမိတဲ့ ကစားကွက်တည်ဆောက်ပုံကို စိတ်ကုန်နေတယ်လို့ သိရပါတယ်။

ပွဲထွက်ခွင့်နဲ့ ထိုက်တန်ကြောင်း သက်သေပြခွင့်ရမယ့် နေရာတနေရာကို လိုချင်နေပြီး အိုင်းယတ်စ်မှာ တောက်ပခဲ့တဲ့ ခြေစွမ်းကောင်းတွေကို ပြန်လည်ပြသချင်နေတဲ့ ဗန်ဒဘိခ်ဟာ သူ့ရဲ့အနာဂတ်ကို အန်ဖီးလ်မြေသို့ ဘိုင်ယန်မြူးနစ်အသင်းလို့ ရည်မှန်းထားတာကြောင့် ကလော့ပ်အနေနဲ့ အမြန်ဆုံးလက်ဦးမှုရယူရတော့မှာပါ။

စပါးစ်အသင်းရဲ့ တိုက်စစ်မှူး ဟာရီကန်းဟာလည်း ချန်ပီယံလိဂ်ဖလားဖလားနဲ့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးချင်တယ်ဆိုရင် လီဗာပူးလ်အသင်းကိုသာ ပြောင်းရွှေ့သင့်တယ်လို့ တိုက်တွန်းခံထားရချိန်မှာ သူက ဆုဖလားအောင်မြင်မှုကို အလွန်အမင်းဆာလောင်နေမှုက ကလော့ပ်အတွက် အားတက်စရာတခုဖြစ်လာပါတယ်။

သူနဲ့ လီဗာပူးလ်တို့ရဲ့ စကားပြောဆိုမှုတွေဟာ အဆင့်တခုအထိ အဆင်ပြေနေတယ်လို့ သိရှိထားရပြီး သူ့ကို ရဖို့အတွက် မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်းတို့ထက် အာမခံပိုပေးနိုင်မလားဆိုတာက ဒီအပြောင်းအရွှေ့ရဲ့ အဖြေဖြစ်လာဖို့လည်း ရှိနေတယ်လို့ ခန့်မှန်းခံထားရတာပါ။

ဒါ့အပြင် အပြောင်းအရွှေ့လောကရဲ့ နာမည်ကြီးသတင်းထောက် ဖာဘရီဇီယို ရိုမာရိုရဲ့ ဖော်ပြချက်မှာတော့ လီဗာပူးလ်အသင်းဟာ အမ်ဘာပေကို ဝယ်ယူဖို့ ဖြစ်နိုင်ခြေ မရှိတော့ကြောင်း သိရပြီး အကြောင်းရင်းကတော့ PSG အသင်းအနေနဲဲ့ သူ့ကို ပေါင်သန်း ၁၅၀ အောက်လျော့ပြီး ရောင်းထုတ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ကလော့ပ်အနေနဲ့ သူ့ကို လိုချင်စိတ်ပြင်းပြရင်တော့ အမ်ဘာပေဇာတ်လမ်းကို ခဏမှေးသွားဖို့ရှိပြီး နောက်ရာသီအကုန်မှာ ခေါင်းမာပြီး စျေးကိုင်လွန်းတဲ့ PSG အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ထုတ်နိုင်မလားဆိုတာတော့ ပုဂ္ဂိုလ်ရေးအကြိုသဘောတူညီမှုတွေသာ ရှိနေရင် ရွေးချယ်စရာနည်းလမ်းတခုအဖြစ်လည်း ယူဆခံထားရပါတယ်။

ပရီးမီးယားလိဂ်ဖလားကို နောက်တကြိမ်ကိုင်မြှောင်ချင်နေတဲ့ လီဗာပူးလ်ရဲ့အစီအမံအရ ကမ္ဘာ့အဆင့်မီလူသစ်ကစားသမားတွေကို ခေါ်ယူသွားဖွယ်ရှိတဲ့ တပြိုင်နက်တည်းပဲ အယ်လစ်ဆွန် ဘက်ခါ၊ ဗန်ဒိုက်၊ အာနိုးလ်၊ ဖာဘင်ညို၊ ​​မိုဆာလားတို့လို အဓိကကစားသမားဟောင်းတွေကို ​သေချာပေါက်ဆက်ထိန်းနိုင်ဖို့ ယူရိုပြိုင်ပွဲအပြီးမှာ စာချုပ်သစ်ကိစ္စအတွက် ပြင်ဆင်သွားမှာဖြစ်ကြောင်းလည်း သိရှိထားရတာမို့ ဆက်လက်ရင်ခုန်ချင်စရာ အန်ဖီးလ်အပြောင်းအရွှေ့တွေကိုလည်း မြင်တွေ့ရဖို့ အလားအလာကောင်းနေတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းဟာ ၿပီးခဲ့တဲ့ရက္ပိုင္းေတြက သတင္းေတြ ေတာက္ေလွ်ာက္ထြက္ခဲ့တဲ့ လိဒ္စ္ေတာင္ပံတိုက္စစ္မႉး ရာဖင္ညာကို ေခၚယူဖို႔ ဘာကမ္းလွမ္းမႈတခုမွ ျပဳလုပ္ထားျခင္းမရွိဘူးလို႔ သိရၿပီး သူ႔ကို ယူႏိုက္တက္အသင္းနဲ႔အၿပိဳင္ ေပါင္ ၃၂ သန္းနဲ႔ ကမ္းလွမ္းမယ္ဆိုတဲ့ သတင္းေတြဟာလည္း မွားယြင္းခဲ့ေၾကာင္း ေဖာ္ျပခံထားရပါတယ္။

ေနာက္ဆုံးရသတင္းေတြအရ လီဗာပူးလ္အသင္း တကယ္လိုက္ေနတာက ယူႏိုက္တက္ကြင္းလယ္လူ ဗန္ဒဘိခ္ျဖစ္တယ္လို႔ အံ့အားသင့္ဖြယ္ ထြက္ေပၚလာခဲ့ၿပီး ကေလာ့ပ္ရဲ႕လူစာရင္းနဲ႔ ကစားကြက္မွာ သူ႔ကို ဗိုင္နယ္လ္ဒမ္ေနရာအတြက္ အစားထိုးဖို႔ ဦးတည္ထားေနတယ္လို႔ ဆိုပါတယ္။

ယူႏိုက္တက္ရဲ႕ ျပည့္က်ပ္ေနတဲ့ ကြင္းလယ္လူအင္အားမွာ ဝင္တိုးဖို႔ မျဖစ္ႏိုင္သေလာက္ အခြင့္အေရးနည္းပါးေနတဲ့ နယ္သာလန္သားဟာ အသင္းေ႐ြးခ်ယ္မႈ မွားယြင္းခဲ့လို႔ ဆိုးလ္ရွားရဲ႕ စီမံခန္႔ခြဲမႈနဲ႔ အသင္းမွာ သူနဲ႔ အဟပ္မမိတဲ့ ကစားကြက္တည္ေဆာက္ပုံကို စိတ္ကုန္ေနတယ္လို႔ သိရပါတယ္။

ပြဲထြက္ခြင့္နဲ႔ ထိုက္တန္ေၾကာင္း သက္ေသျပခြင့္ရမယ့္ ေနရာတေနရာကို လိုခ်င္ေနၿပီး အိုင္းယတ္စ္မွာ ေတာက္ပခဲ့တဲ့ ေျခစြမ္းေကာင္းေတြကို ျပန္လည္ျပသခ်င္ေနတဲ့ ဗန္ဒဘိခ္ဟာ သူ႔ရဲ႕အနာဂတ္ကို အန္ဖီးလ္ေျမသို႔ ဘိုင္ယန္ျမဴးနစ္အသင္းလို႔ ရည္မွန္းထားတာေၾကာင့္ ကေလာ့ပ္အေနနဲ႔ အျမန္ဆုံးလက္ဦးမႈရယူရေတာ့မွာပါ။

စပါးစ္အသင္းရဲ႕ တိုက္စစ္မႉး ဟာရီကန္းဟာလည္း ခ်န္ပီယံလိဂ္ဖလားဖလားနဲ႔ ပရီးမီးယားလိဂ္ဖလားကို ဆြတ္ခူးခ်င္တယ္ဆိုရင္ လီဗာပူးလ္အသင္းကိုသာ ေျပာင္းေ႐ႊ႕သင့္တယ္လို႔ တိုက္တြန္းခံထားရခ်ိန္မွာ သူက ဆုဖလားေအာင္ျမင္မႈကို အလြန္အမင္းဆာေလာင္ေနမႈက ကေလာ့ပ္အတြက္ အားတက္စရာတခုျဖစ္လာပါတယ္။

သူနဲ႔ လီဗာပူးလ္တို႔ရဲ႕ စကားေျပာဆိုမႈေတြဟာ အဆင့္တခုအထိ အဆင္ေျပေနတယ္လို႔ သိရွိထားရၿပီး သူ႔ကို ရဖို႔အတြက္ မန္စီးတီးနဲ႔ ခ်ယ္လ္ဆီးအသင္းတို႔ထက္ အာမခံပိုေပးႏိုင္မလားဆိုတာက ဒီအေျပာင္းအေ႐ႊ႕ရဲ႕ အေျဖျဖစ္လာဖို႔လည္း ရွိေနတယ္လို႔ ခန္႔မွန္းခံထားရတာပါ။

ဒါ့အျပင္ အေျပာင္းအေ႐ႊ႕ေလာကရဲ႕ နာမည္ႀကီးသတင္းေထာက္ ဖာဘရီဇီယို ႐ိုမာ႐ိုရဲ႕ ေဖာ္ျပခ်က္မွာေတာ့ လီဗာပူးလ္အသင္းဟာ အမ္ဘာေပကို ဝယ္ယူဖို႔ ျဖစ္ႏိုင္ေျခ မရွိေတာ့ေၾကာင္း သိရၿပီး အေၾကာင္းရင္းကေတာ့ PSG အသင္းအေနနဲဲ့ သူ႔ကို ေပါင္သန္း ၁၅၀ ေအာက္ေလ်ာ့ၿပီး ေရာင္းထုတ္မွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။

ဒါေၾကာင့္ ကေလာ့ပ္အေနနဲ႔ သူ႔ကို လိုခ်င္စိတ္ျပင္းျပရင္ေတာ့ အမ္ဘာေပဇာတ္လမ္းကို ခဏေမွးသြားဖို႔ရွိၿပီး ေနာက္ရာသီအကုန္မွာ ေခါင္းမာၿပီး ေစ်းကိုင္လြန္းတဲ့ PSG အသင္းကေန အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚထုတ္ႏိုင္မလားဆိုတာေတာ့ ပုဂၢိဳလ္ေရးအႀကိဳသေဘာတူညီမႈေတြသာ ရွိေနရင္ ေ႐ြးခ်ယ္စရာနည္းလမ္းတခုအျဖစ္လည္း ယူဆခံထားရပါတယ္။

ပရီးမီးယားလိဂ္ဖလားကို ေနာက္တႀကိမ္ကိုင္ေျမႇာင္ခ်င္ေနတဲ့ လီဗာပူးလ္ရဲ႕အစီအမံအရ ကမာၻ႔အဆင့္မီလူသစ္ကစားသမားေတြကို ေခၚယူသြားဖြယ္ရွိတဲ့ တၿပိဳင္နက္တည္းပဲ အယ္လစ္ဆြန္ ဘက္ခါ၊ ဗန္ဒိုက္၊ အာႏိုးလ္၊ ဖာဘင္ညိဳ၊ ​​မိုဆာလားတို႔လို အဓိကကစားသမားေဟာင္းေတြကို ​ေသခ်ာေပါက္ဆက္ထိန္းႏိုင္ဖို႔ ယူ႐ိုၿပိဳင္ပြဲအၿပီးမွာ စာခ်ဳပ္သစ္ကိစၥအတြက္ ျပင္ဆင္သြားမွာျဖစ္ေၾကာင္းလည္း သိရွိထားရတာမို႔ ဆက္လက္ရင္ခုန္ခ်င္စရာ အန္ဖီးလ္အေျပာင္းအေ႐ႊ႕ေတြကိုလည္း ျမင္ေတြ႕ရဖို႔ အလားအလာေကာင္းေနတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.