Premier League Transfer News

5 Jun နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဂျေဒွန် ဆန်ချိုကို ခေါ်ယူဖို့အတွက် လာမယ့်ရက်ပိုင်းအတွင်းမှာ ညှိနှိုင်းဆွေးနွေးမှုတွေကို အပြီးသတ်နိုင်တော့မယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်နေပြီး ဒေါ့မွန်အသင်းအနေနဲ့ ပေါင်သန်း ၈၀ အပြင် အနာဂတ် အကျိုးခံစားခွင့် ပေါင်သန်း ၂၀ နဲ့ သဘောတူညီဖွယ်ရှိနေ။

– လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ ပီအက်စ်ဂျီကနေ ပြီးခဲ့တဲ့ နွေရာသီက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်တဲ့ တိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီကို မခေါ်ယူမိခဲ့တာနဲ့ ပြိုင်ဘက်အသင်းမှာ ခြေစွမ်းပြနေတာကို ထိုင်ကြည့်နေရတာမှာ နောင်တရနေကြောင်း သိရ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ရဲ့ သတ်မှတ်ဈေးကို လိုက်မမီခဲ့ရင် တခြား ရွေးချယ်စရာအဖြစ် တော့တင်ဟမ်ဟော့စပါးစ်ကွင်းလယ်လူ ဟာရီ ဝင့်ခ်စ်ကို စောင့်ကြည့်နေပြီး အသက် ၂၅ နှစ်အရွယ် အင်္ဂလန်သားကို ပေါင် ၂၅ သန်းနဲ့ ခေါ်ယူနိုင်ဖွယ်ရှိနေ။

– ယူနိုက်တက်တို့အနေနဲ့ ၂၀၁၅ ခုနှစ်က ခရစ္စတယ်လ်ပဲလေ့စ်အသင်းကို ရောင်းချထားခဲ့တဲ့ သူတို့ရဲ့တိုက်စစ်မှူးဟောင်း ဝီလ်ဖရီးဒ် ဇာဟာရဲ့ နွေရာသီမှာ ဖြစ်ပေါ်နိုင်တဲ့ အပြောင်းအရွှေ့အတွက် ပေါင် ၁၀ သန်းထက်မနည်း ခံစားခွင့်ရှိနေပြီး အာဆင်နယ်၊ အဲဗာတန်တို့နဲ့ အလုပ်ဖြစ်ဖွယ်ရှိနေ။

– အမ်ဘာပေကို မခေါ်ဘဲ ဘာဖြစ်လို့ လစာငွေ ဆယ်ရာခိုင်နှုန်းကို ဖြတ်နေသလဲလို့ မေးခွန်းထုတ်လိုက်ပြီး ရီးရဲလ်မက်ဒရစ်ဥက္ကဌ ပီရက်ဇ်နဲ့ ဆက်ဆံရေးမပြေလည်တော့တဲ့ ဝါရင့်နောက်ခံလူ ဆာဂျီယို ရာမို့စ်ကို ခေါ်ယူဖို့အတွက် မန်ချက်စတာဒါဘီကို မြင်တွေ့ရနိုင်ပြီး စီးတီးနဲ့ ယူနိုက်တက်တို့ အပြိုင်လုဖို့ဖြစ်လာ။

– ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့တော့မယ်ဆိုတဲ့ သတင်းက မဟုတ်ခဲ့ပေမယ့် အက်သလက်တီကိုကတော့ ပိုမိုကြီးမားတဲ့ ဥရောပအသင်းတွေဆီ ထွက်ခွာဖို့ ဆန္ဒရှိနေတဲ့ ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်ကို ရောင်းထုတ်ဖို့ သဘောတူညီခဲ့ပြီး ပေါင်သန်း ၅၀ ဝန်းကျင် ကျသင့်နိုင်တဲ့ အသက် ၂၆ နှစ်သားအတွက် လီဗာပူးလ်၊ ဘိုင်ယန်တို့နဲ့အတူ ယူနိုက်တက်တို့ ပြိုင်ဆိုင်ဖွယ်ရှိနေ။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူဟောင်းတစ်ဦးဖြစ်တဲ့ ရီယို ဖာဒီနန်က အသင်းရဲ့ တိုက်စစ်ကို ဟာရီကိန်း ရောက်လာဖို့က အိပ်မက်ဆန်တဲ့ ပျော်ရွှင်စရာဖြစ်ပေမယ့် မိမိအနေနဲ့တော့ မက်ဂွိုင်းယားမရှိချိန်မှာ ချို့တဲ့သွားခဲ့တဲ့ ဗဟိုနောက်ခံလူ တစ်နေရာကနေ စတင်အားဖြည့်မှာဖြစ်တယ်လို့ ပြောကြား။

– ဈေးကွက်ထဲမှာ ဖျံကျလွန်းပြီး မထင်ရင်မထင်သလို ဈေးတောင်းကြမ်းတတ်တဲ့ ဒေါ့မွန်ကြောင့် ဘာမဆိုဖြစ်သွားနိုင်ပြီး စိတ်မချရသေးတဲ့ ဆန်ချိုရဲ့နေရာမှာ လိုအပ်ရင် အရေးပေါ် အစားထိုးမှုပြုလုပ်နိုင်ဖို့အတွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ တောင်ပံကစားသမား ကင်းစလီ ကိုမွန်ကို ယူနိုက်တက်တို့ ချဉ်းကပ်စုံစမ်းနေ။

– ယူနိုက်တက်တို့အနေနဲ့ သူတို့ရဲ့ ဝါရင့်ကွင်းလယ်လူ ဟွမ်မာတာကို အိုးလ်ထရက်ဖို့ဒ်မှာ ဆက်လက်ထားရှိနိုင်ဖို့နဲ့ အတွေ့အကြုံတွေကို လူငယ်တွေဆီ လက်ဆင့်ကမ်းနိုင်ဖို့ စာချုပ်သစ်ကို ဆွေးနွေးနေပြီး ဒီလကုန်မှာ စာချုပ်ကုန်ဆုံးမယ့် အသက် ၃၃ နှစ်အရွယ် စပိန်သားကို လာဇီယိုအသင်းကလည်း စိတ်ဝင်စားနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ေဂ်ဒြန္ ဆန္ခ်ိဳကို ေခၚယူဖို႔အတြက္ လာမယ့္ရက္ပိုင္းအတြင္းမွာ ညႇိႏႈိင္းေဆြးေႏြးမႈေတြကို အၿပီးသတ္ႏိုင္ေတာ့မယ္လို႔ ကြၽမ္းက်င္သူေတြက ယုံၾကည္ေနၿပီး ေဒါ့မြန္အသင္းအေနနဲ႔ ေပါင္သန္း ၈၀ အျပင္ အနာဂတ္ အက်ိဳးခံစားခြင့္ ေပါင္သန္း ၂၀ နဲ႔ သေဘာတူညီဖြယ္ရွိေန။

– လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ ပီအက္စ္ဂ်ီကေန ၿပီးခဲ့တဲ့ ေႏြရာသီက အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ရရွိႏိုင္တဲ့ တိုက္စစ္မႉး အက္ဒင္ဆန္ ကာဗာနီကို မေခၚယူမိခဲ့တာနဲ႔ ၿပိဳင္ဘက္အသင္းမွာ ေျခစြမ္းျပေနတာကို ထိုင္ၾကည့္ေနရတာမွာ ေနာင္တရေနေၾကာင္း သိရ။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဝက္စ္ဟမ္းကြင္းလယ္လူ ဒက္ကလန္႐ိုက္စ္ရဲ႕ သတ္မွတ္ေဈးကို လိုက္မမီခဲ့ရင္ တျခား ေ႐ြးခ်ယ္စရာအျဖစ္ ေတာ့တင္ဟမ္ေဟာ့စပါးစ္ကြင္းလယ္လူ ဟာရီ ဝင့္ခ္စ္ကို ေစာင့္ၾကည့္ေနၿပီး အသက္ ၂၅ ႏွစ္အ႐ြယ္ အဂၤလန္သားကို ေပါင္ ၂၅ သန္းနဲ႔ ေခၚယူႏိုင္ဖြယ္ရွိေန။

– ယူႏိုက္တက္တို႔အေနနဲ႔ ၂၀၁၅ ခုႏွစ္က ခရစၥတယ္လ္ပဲေလ့စ္အသင္းကို ေရာင္းခ်ထားခဲ့တဲ့ သူတို႔ရဲ႕တိုက္စစ္မႉးေဟာင္း ဝီလ္ဖရီးဒ္ ဇာဟာရဲ႕ ေႏြရာသီမွာ ျဖစ္ေပၚႏိုင္တဲ့ အေျပာင္းအေ႐ႊ႕အတြက္ ေပါင္ ၁၀ သန္းထက္မနည္း ခံစားခြင့္ရွိေနၿပီး အာဆင္နယ္၊ အဲဗာတန္တို႔နဲ႔ အလုပ္ျဖစ္ဖြယ္ရွိေန။

– အမ္ဘာေပကို မေခၚဘဲ ဘာျဖစ္လို႔ လစာေငြ ဆယ္ရာခိုင္ႏႈန္းကို ျဖတ္ေနသလဲလို႔ ေမးခြန္းထုတ္လိုက္ၿပီး ရီးရဲလ္မက္ဒရစ္ဥကၠဌ ပီရက္ဇ္နဲ႔ ဆက္ဆံေရးမေျပလည္ေတာ့တဲ့ ဝါရင့္ေနာက္ခံလူ ဆာဂ်ီယို ရာမို႔စ္ကို ေခၚယူဖို႔အတြက္ မန္ခ်က္စတာဒါဘီကို ျမင္ေတြ႕ရႏိုင္ၿပီး စီးတီးနဲ႔ ယူႏိုက္တက္တို႔ အၿပိဳင္လုဖို႔ျဖစ္လာ။

– ဘိုင္ယန္ျမဴးနစ္အသင္းကို ေျပာင္းေ႐ႊ႕ေတာ့မယ္ဆိုတဲ့ သတင္းက မဟုတ္ခဲ့ေပမယ့္ အက္သလက္တီကိုကေတာ့ ပိုမိုႀကီးမားတဲ့ ဥေရာပအသင္းေတြဆီ ထြက္ခြာဖို႔ ဆႏၵရွိေနတဲ့ ကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္ကို ေရာင္းထုတ္ဖို႔ သေဘာတူညီခဲ့ၿပီး ေပါင္သန္း ၅၀ ဝန္းက်င္ က်သင့္ႏိုင္တဲ့ အသက္ ၂၆ ႏွစ္သားအတြက္ လီဗာပူးလ္၊ ဘိုင္ယန္တို႔နဲ႔အတူ ယူႏိုက္တက္တို႔ ၿပိဳင္ဆိုင္ဖြယ္ရွိေန။

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေနာက္ခံလူေဟာင္းတစ္ဦးျဖစ္တဲ့ ရီယို ဖာဒီနန္က အသင္းရဲ႕ တိုက္စစ္ကို ဟာရီကိန္း ေရာက္လာဖို႔က အိပ္မက္ဆန္တဲ့ ေပ်ာ္႐ႊင္စရာျဖစ္ေပမယ့္ မိမိအေနနဲ႔ေတာ့ မက္ဂြိဳင္းယားမရွိခ်ိန္မွာ ခ်ိဳ႕တဲ့သြားခဲ့တဲ့ ဗဟိုေနာက္ခံလူ တစ္ေနရာကေန စတင္အားျဖည့္မွာျဖစ္တယ္လို႔ ေျပာၾကား။

– ေဈးကြက္ထဲမွာ ဖ်ံက်လြန္းၿပီး မထင္ရင္မထင္သလို ေဈးေတာင္းၾကမ္းတတ္တဲ့ ေဒါ့မြန္ေၾကာင့္ ဘာမဆိုျဖစ္သြားႏိုင္ၿပီး စိတ္မခ်ရေသးတဲ့ ဆန္ခ်ိဳရဲ႕ေနရာမွာ လိုအပ္ရင္ အေရးေပၚ အစားထိုးမႈျပဳလုပ္ႏိုင္ဖို႔အတြက္ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ေတာင္ပံကစားသမား ကင္းစလီ ကိုမြန္ကို ယူႏိုက္တက္တို႔ ခ်ဥ္းကပ္စုံစမ္းေန။

– ယူႏိုက္တက္တို႔အေနနဲ႔ သူတို႔ရဲ႕ ဝါရင့္ကြင္းလယ္လူ ဟြမ္မာတာကို အိုးလ္ထရက္ဖို႔ဒ္မွာ ဆက္လက္ထားရွိႏိုင္ဖို႔နဲ႔ အေတြ႕အႀကဳံေတြကို လူငယ္ေတြဆီ လက္ဆင့္ကမ္းႏိုင္ဖို႔ စာခ်ဳပ္သစ္ကို ေဆြးေႏြးေနၿပီး ဒီလကုန္မွာ စာခ်ဳပ္ကုန္ဆုံးမယ့္ အသက္ ၃၃ ႏွစ္အ႐ြယ္ စပိန္သားကို လာဇီယိုအသင္းကလည္း စိတ္ဝင္စားေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.