Premier League

ေႏြရာသီေဈးကြက္မွာ ေပါင္သန္း ၁၅၀ ေလာက္ ရႏိုင္တဲ့ လမ္းပတ္

ခ်ဲလ္ဆီးနည္းျပ ဖရန္႔ လမ္းပတ္အေနနဲ႔ လာမယ့္ေႏြရာသီမွာ အေျပာင္းအေရႊ႕အသုံးစရိတ္အေနနဲ႔ ေပါင္သန္း ၁၅၀ ေလာက္ ရႏိုင္ၿပီး နည္းစနစ္အဖြဲ႕နဲ႔ တာဝန္ရွိသူေတြကေတာ့ ကစားသမား ၁၃ ေယာက္ကို ေစာင့္ၾကည့္စာရင္း သြင္းထားတယ္လို႔ သိရပါတယ္။

ဒီထဲမွာ ဂိုးသမား မာတင္ ဒူဘရက္ဗ္ကာ၊ နစ္ခ္ပုပ္၊ ဟြမ္မူဆို၊ ေနာက္ခံလူ ဒီေယဂို ရီကို၊ နာသန္ ေအကီ၊ အစ္ဆာ ဒီေယာ့ပ္၊ ဘင္ဝွဳိက္၊ ဘင္ ေခ်းလ္ဝဲလ္၊ ကြင္းလယ္လူ ရစ္ခ်ာလစ္ဆန္၊ ေဂ်ဒန္ ဆန္ခ်ဳိ၊ ဝီလ္ဖရီး ဇာဟာ၊ တုိက္စစ္မွဴး မူဆာ ဒမ္ဘီလီ၊ တီမို ဗာနာတို႔ ပါဝင္ေနၿပီး အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ရႏိုင္မယ့္ အက္ဒင္ဆန္ ကာဗာနီကိုလည္း ေစာင့္ၾကည့္ေနတယ္လို႔ ဆုိပါတယ္။

ဒီထဲကမွ ေတာင္ပံကစားသမားေတြျဖစ္ၾကတဲ့ ရစ္ခ်ာလစ္ဆန္နဲ႔ ဆန္ခ်ဳိတုိ႔ တစ္ဦးအတြက္ ခ်ဲလ္ဆီးအေနနဲ႔ ေပါင္သန္း ၁၀၀ ေက်ာ္ အသုံးျပဳရႏိုင္ၿပီး ဂိုးသမားတစ္ဦးနဲ႔ ေနာက္တန္းတစ္ဦး ထပ္မံေခၚယူဦးမယ္ဆုိရင္ေတာ့ အသင္းရဲ႕ လက္ရွိကစားသမားေတြထဲက ထပ္မံေရာင္းခ်သြားရဖို႔လည္း လိုအပ္ေနပါတယ္။

အသင္းက ထြက္ခြာခ်င္ေနၿပီး ဘာစီလိုနာက အလိုရွိေနတဲ့ ဝီလီယန္ကိုေတာ့ ေရာင္းခ်သြားႏုိင္ေျခရွိေနသလို တျခားအံမဝင္တဲ့ ကစားသမားတခ်ဳိ႕ကိုလည္း အၿပီးသတ္ေရာင္းခ်ႏုိင္တဲ့ ခ်ဲလ္ဆီးတုိ႔ကေတာ့ ေဈးကြက္ထဲမွာ အေရာင္းအဝယ္အလုပ္မ်ားဖို႔ ရွိေနတယ္လုိ႔လည္း ယူဆရပါတယ္။

အဆုံးသတ္ေကာင္းတဲ့ တိုက္စစ္မွဴးတစ္ေယာက္ကို အစားထိုးဖို႔ လိုအပ္ေနတဲ့ ေရွ႕တန္းအစုအဖြဲ႕အတြက္ေတာ့ ဒီေႏြရာသီမွာ ေပါင္ ၅၁ သန္း စာခ်ဳပ္ဖ်က္သိမ္းေၾကး သေဘာတူညီခ်က္ရွိေနတဲ့ RB လိုက္ပ္ဇစ္တုိက္စစ္မွဴး တီမို ဗာနာကေတာ့ ဦးစားေပးအစီအစဥ္ျဖစ္လာႏုိင္ၿပီး ကစားသမားအေနနဲ႔ ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႕လိုတဲ့ ဆႏၵကိုလည္း ေဖာ္ျပထားခဲ့တာျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ချဲလ်ဆီးနည်းပြ ဖရန့် လမ်းပတ်အနေနဲ့ လာမယ့်နွေရာသီမှာ အပြောင်းအရွှေ့အသုံးစရိတ်အနေနဲ့ ပေါင်သန်း ၁၅၀ လောက် ရနိုင်ပြီး နည်းစနစ်အဖွဲ့နဲ့ တာဝန်ရှိသူတွေကတော့ ကစားသမား ၁၃ ယောက်ကို စောင့်ကြည့်စာရင်း သွင်းထားတယ်လို့ သိရပါတယ်။

ဒီထဲမှာ ဂိုးသမား မာတင် ဒူဘရက်ဗ်ကာ၊ နစ်ခ်ပုပ်၊ ဟွမ်မူဆို၊ နောက်ခံလူ ဒီယေဂို ရီကို၊ နာသန် အေကီ၊ အစ်ဆာ ဒီယော့ပ်၊ ဘင်ဝှိုက်၊ ဘင် ချေးလ်ဝဲလ်၊ ကွင်းလယ်လူ ရစ်ချာလစ်ဆန်၊ ဂျေဒန် ဆန်ချို၊ ဝီလ်ဖရီး ဇာဟာ၊ တိုက်စစ်မှူး မူဆာ ဒမ်ဘီလီ၊ တီမို ဗာနာတို့ ပါဝင်နေပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရနိုင်မယ့် အက်ဒင်ဆန် ကာဗာနီကိုလည်း စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

ဒီထဲကမှ တောင်ပံကစားသမားတွေဖြစ်ကြတဲ့ ရစ်ချာလစ်ဆန်နဲ့ ဆန်ချိုတို့ တစ်ဦးအတွက် ချဲလ်ဆီးအနေနဲ့ ပေါင်သန်း ၁၀၀ ကျော် အသုံးပြုရနိုင်ပြီး ဂိုးသမားတစ်ဦးနဲ့ နောက်တန်းတစ်ဦး ထပ်မံခေါ်ယူဦးမယ်ဆိုရင်တော့ အသင်းရဲ့ လက်ရှိကစားသမားတွေထဲက ထပ်မံရောင်းချသွားရဖို့လည်း လိုအပ်နေပါတယ်။

အသင်းက ထွက်ခွာချင်နေပြီး ဘာစီလိုနာက အလိုရှိနေတဲ့ ဝီလီယန်ကိုတော့ ရောင်းချသွားနိုင်ခြေရှိနေသလို တခြားအံမဝင်တဲ့ ကစားသမားတချို့ကိုလည်း အပြီးသတ်ရောင်းချနိုင်တဲ့ ချဲလ်ဆီးတို့ကတော့ ဈေးကွက်ထဲမှာ အရောင်းအဝယ်အလုပ်များဖို့ ရှိနေတယ်လို့လည်း ယူဆရပါတယ်။

အဆုံးသတ်ကောင်းတဲ့ တိုက်စစ်မှူးတစ်ယောက်ကို အစားထိုးဖို့ လိုအပ်နေတဲ့ ရှေ့တန်းအစုအဖွဲ့အတွက်တော့ ဒီနွေရာသီမှာ ပေါင် ၅၁ သန်း စာချုပ်ဖျက်သိမ်းကြေး သဘောတူညီချက်ရှိနေတဲ့ RB လိုက်ပ်ဇစ်တိုက်စစ်မှူး တီမို ဗာနာကတော့ ဦးစားပေးအစီအစဉ်ဖြစ်လာနိုင်ပြီး ကစားသမားအနေနဲ့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လိုတဲ့ ဆန္ဒကိုလည်း ဖော်ပြထားခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.