Premier League

ပရီးမီးယားလိဂ္ကိုလာဖို႔ စိတ္ဝင္စားေနတဲ့ အိုနာနာကို ခ်ဲလ္ဆီးနဲ႔ စပါးစ္ ေစာင့္ၾကည့္ေန

ေအဂ်က္အသင္းရဲ႕ အသက္ ၂၃ ႏွစ္အ႐ြယ္ ဂိုးသမား အိုနာနာဟာ ရာသီကုန္မွာ အသင္းကေန စြန္႔ခြာဖို႔ စိတ္ျပင္းျပေနပါတယ္။ သူရဲ႕အသင္းေဟာင္း ဘာစီလိုနာကေတာ့ စပိန္ေျမကို ျပန္လာေစလိုေပမယ့္ အိုနာနာကေတာ့ အဂၤလန္ေျမကိုသာ သြားခ်င္ေနၿပီး သူ႕ကို ေခၚယူဖို႔ကေတာ့ ေပါင္သန္း ၄၀-၅၀ ၾကားေလာက္ပဲ ကုန္က်ႏိုင္ပါတယ္။

သူဟာ ခ်ဲလ္ဆီးအသင္းကို ေရာက္လာဖြယ္ရွိေနၿပီး အနာဂတ္မေရမရာျဖစ္ေနတဲ့ ကီပါရဲ႕ေနရာမွာ အစားထိုးဖြယ္ရွိသလို သူတုိ႔အသင္းဟာလည္း နစ္ပုတ္ကို ဇန္န၀ါရီအေျပာင္းအေ႐ႊ႕တုန္းက ေခၚယူဖို႔ခ်ိတ္ဆက္ခဲ့ေပမယ့္ အဆင္မေျပခဲ့တာကိုလည္း ေတြ႕ရပါတယ္။

အိုနာနာအတြက္ ေနာက္ထပ္ေရာက္ရွိႏိုင္ေျခရွိတဲ့အသင္းကေတာ့ စပါးအသင္းျဖစ္ၿပီး အသင္းရဲ႕ ၀ါရင့္ဂိုးသမားလိုရစ္ဟာ ၂၀၂၂ မွာ အသင္းနဲ႔ စာခ်ဳပ္ကုန္ဆုံးမွာျဖစ္တာေၾကာင့္ ဂိုးသမားရွာပုံေတာ္ဖြင့္ရမွာျဖစ္တဲ့ ေျမာက္လန္ဒန္သားေတြအဖို႔ အိုနာနာကို ေခၚယူလာႏိုင္ပါတယ္။

အိုနာနာဟာ ေအးဂ်က္အသင္းနဲ႔ ပြဲေပါင္း ၁၇၀ ေက်ာ္ ကစားထားရာမွာ Clean sheets ၇၂ ပြဲထိ ရရွိထားၿပီး သူဟာ ေအဂ်က္အသင္းကို ခ်န္ပီယံလိဂ္ဆီးမီးဖိုင္နယ္ထိေရာက္ေအာင္ မႏွစ္က ကူညီထားႏိုင္ခဲ့သလို ၂၀၁၉ ခုႏွစ္ရဲ႕ ဘယ္လြန္ေဒါဆု Ballon d’Or ရႏိုင္တဲ့ ဂိုးသမားစာရင္းထဲမွာေတာင္ ပါ၀င္ထားႏိုင္ခဲ့ပါတယ္။

သူ႔ရဲ႕စာခ်ဳပ္သက္တမ္းက ၂၀၂၂ အထိ က်န္ေနေသးေပမဲ့ ေအဂ်က္အသင္းကေန ထြက္ခြာခ်ိန္တန္ၿပီလို႔ ယူဆေနသလို ဒီႏွစ္ေႏြရာသီကုန္မွာပဲ အသင္းေျပာင္းခ်င္ေနတာျဖစ္ၿပီး ဂိုးသမား လိုအပ္ခ်က္ရွိေနတဲ့ ခ်ဲလ္ဆီးအေနနဲ႔ စပါးစ္၊ ဘာစီလိုနာတုိ႔ထက္ဦးေအာင္ စည္း႐ုံးႏုိင္မလား ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
ECKO
SPORTS A2Z.

UNICODE: အေဂျက်အသင်းရဲ့ အသက် ၂၃ နှစ်အရွယ် ဂိုးသမား အိုနာနာဟာ ရာသီကုန်မှာ အသင်းကနေ စွန့်ခွာဖို့ စိတ်ပြင်းပြနေပါတယ်။ သူရဲ့အသင်းဟောင်း ဘာစီလိုနာကတော့ စပိန်မြေကို ပြန်လာစေလိုပေမယ့် အိုနာနာကတော့ အင်္ဂလန်မြေကိုသာ သွားချင်နေပြီး သူ့ကို ခေါ်ယူဖို့ကတော့ ပေါင်သန်း ၄၀-၅၀ ကြားလောက်ပဲ ကုန်ကျနိုင်ပါတယ်။

သူဟာ ချဲလ်ဆီးအသင်းကို ရောက်လာဖွယ်ရှိနေပြီး အနာဂတ်မရေမရာဖြစ်နေတဲ့ ကီပါရဲ့နေရာမှာ အစားထိုးဖွယ်ရှိသလို သူတို့အသင်းဟာလည်း နစ်ပုတ်ကို ဇန်နဝါရီအပြောင်းအရွှေ့တုန်းက ခေါ်ယူဖို့ချိတ်ဆက်ခဲ့ပေမယ့် အဆင်မပြေခဲ့တာကိုလည်း တွေ့ရပါတယ်။

အိုနာနာအတွက် နောက်ထပ်ရောက်ရှိနိုင်ခြေရှိတဲ့အသင်းကတော့ စပါးအသင်းဖြစ်ပြီး အသင်းရဲ့ ဝါရင့်ဂိုးသမားလိုရစ်ဟာ ၂၀၂၂ မှာ အသင်းနဲ့ စာချုပ်ကုန်ဆုံးမှာဖြစ်တာကြောင့် ဂိုးသမားရှာပုံတော်ဖွင့်ရမှာဖြစ်တဲ့ မြောက်လန်ဒန်သားတွေအဖို့ အိုနာနာကို ခေါ်ယူလာနိုင်ပါတယ်။

အိုနာနာဟာ အေးဂျက်အသင်းနဲ့ ပွဲပေါင်း ၁၇၀ ကျော် ကစားထားရာမှာ Clean sheets ၇၂ ပွဲထိ ရရှိထားပြီး သူဟာ အေဂျက်အသင်းကို ချန်ပီယံလိဂ်ဆီးမီးဖိုင်နယ်ထိရောက်အောင် မနှစ်က ကူညီထားနိုင်ခဲ့သလို ၂၀၁၉ ခုနှစ်ရဲ့ ဘယ်လွန်ဒေါဆု Ballon d’Or ရနိုင်တဲ့ ဂိုးသမားစာရင်းထဲမှာတောင် ပါဝင်ထားနိုင်ခဲ့ပါတယ်။

သူ့ရဲ့စာချုပ်သက်တမ်းက ၂၀၂၂ အထိ ကျန်နေသေးပေမဲ့ အေဂျက်အသင်းကနေ ထွက်ခွာချိန်တန်ပြီလို့ ယူဆနေသလို ဒီနှစ်နွေရာသီကုန်မှာပဲ အသင်းပြောင်းချင်နေတာဖြစ်ပြီး ဂိုးသမား လိုအပ်ချက်ရှိနေတဲ့ ချဲလ်ဆီးအနေနဲ့ စပါးစ်၊ ဘာစီလိုနာတို့ထက်ဦးအောင် စည်းရုံးနိုင်မလား စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
ECKO
SPORTS A2Z.