La Liga Premier League

လီဗာပူးလ္ကို ဟာသလုပ္တဲ့အေနနဲ႔ ေခြးကို အမည္ေပးလုိက္တဲ့ ေယာ္ရန္ေတး

အက္သလက္တီကို မက္ဒရစ္အသင္းက လီဗာပူးလ္အသင္းကို ခ်န္ပီယံလိဂ္ ရွဳံးထြက္ ၁၆ သင္းအဆင့္က ျဖဳတ္ခ်ခဲ့ရာမွာ အဓိက ကစားသမားတစ္ဦးျဖစ္ခဲ့တဲ့ ကြင္းလယ္လူ မားကို႔စ္ ေယာ္ရန္ေတးက ဒီပြဲစဥ္က အျဖစ္အပ်က္ေတြကို ဟာသလုပ္တဲ့အေနနဲ႔ သူ႕ရဲ႕ ေခြးနာမည္ကို အန္းဖီးလ္လုိ႔ ေပးလုိက္ေၾကာင္း သိရပါတယ္။

သာမန္ ပြဲကစားခ်ိန္မိနစ္ ၉၀ အတြင္းမွာ တစ္ဂိုးစီသေရက်ေနခဲ့ၿပီးတဲ့ေနာက္ ေရာဘတ္တို ဖာမီႏိုရဲ႕ သြင္းဂိုးနဲ႔ လီဗာပူးလ္တုိ႔ ဦးေဆာင္ခဲ့ၿပီးမွာ အိမ္ရွင္ပရိသတ္ေတြ အသည္းကြဲေစမယ့္ဂိုးႏွစ္ဂိုးကို ေယာ္ရန္ေတးက တန္ျပန္တုိက္စစ္ေတြကေန သြင္းယူသြားခဲ့ၿပီး အက္သလက္တီကိုကို ေနာက္တစ္ဆင့္ကို ပုိ႔ေဆာင္ႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒီအေတြ႕အႀကဳံက သူ႕ရဲ႕ စိတ္ထဲမွာ ဟာသျဖစ္ရပ္၊ ဒါမွမဟုတ္ အမွတ္တရျဖစ္စရာ ဂုဏ္ယူစရာ တစ္ခုခုအျဖစ္နဲ႔ ရွိေနခဲ့တဲ့အေၾကာင္းကို သူ႕ရဲ႕ ေခြးကို အန္းဖီးလ္လို႔ နာမည္ေပးထားေၾကာင္းနဲ႔ အင္စတာဂရမ္မွာ ထုတ္ေဖာ္သြားခဲ့တာျဖစ္ၿပီး လီဗာပူးလ္ပရိသတ္ေတြအတြက္ေတာ့ မခံႏုိင္စရာလည္းျဖစ္ခဲ့ပါတယ္။

ေယာ္ရန္ေတက သူ႕ရဲ႕ အင္စတာဂရမ္မွာ “အန္းဖီးလ္က ေလာကႀကီး ဘယ္လုိလဲဆုိတာကို ေလ့လာေနတယ္”လို႔ သူ႕ရဲ႕ ေခြးက အိမ္ျပင္ကို ေငးၾကည့္ေနတဲ့ပုံကို ေနာက္ကေန ႐ိုက္တင္ခဲ့တာျဖစ္ၿပီး ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ ေဘာလုံးပြဲေတြ ရပ္နားထားခ်ိန္မွာ လွဳပ္လွဳပ္ရွားရွားျဖစ္စရာတစ္ခုကို ဖန္တီးလုိက္တာလည္းျဖစ္ပါတယ္။

၂၀၁၈ ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ လီဗာပူးလ္ကို အႏုိင္ယူၿပီး သုံးဂိုး-တစ္ဂိုးနဲ႔ ခ်န္ပီယံကာကြယ္သြားႏုိင္ခဲ့တဲ့ ရီးရဲလ္မက္ဒရစ္အသင္းသားေဟာင္း ေယာ္ရန္ေတရဲ႕ စိတ္ထဲမွာ ဘာေတြ ရွိေနမယ္ဆုိတာကေတာ့ သူကိုယ္တုိင္ပဲ သိမွာျဖစ္ၿပီး ၂၀၁၆ ခုႏွစ္ကတည္း သူ႕ရဲ႕အသင္းေဖာ္ အစၥကိုက ေခြးနာမည္ကို မက္ဆီလို႔ ေပးခဲ့ဖူးေၾကာင္း မွတ္တမ္းေတြအရ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အက်သလက်တီကို မက်ဒရစ်အသင်းက လီဗာပူးလ်အသင်းကို ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်က ဖြုတ်ချခဲ့ရာမှာ အဓိက ကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ ကွင်းလယ်လူ မားကို့စ် ယော်ရန်တေးက ဒီပွဲစဉ်က အဖြစ်အပျက်တွေကို ဟာသလုပ်တဲ့အနေနဲ့ သူ့ရဲ့ ခွေးနာမည်ကို အန်းဖီးလ်လို့ ပေးလိုက်ကြောင်း သိရပါတယ်။

သာမန် ပွဲကစားချိန်မိနစ် ၉၀ အတွင်းမှာ တစ်ဂိုးစီသရေကျနေခဲ့ပြီးတဲ့နောက် ရောဘတ်တို ဖာမီနိုရဲ့ သွင်းဂိုးနဲ့ လီဗာပူးလ်တို့ ဦးဆောင်ခဲ့ပြီးမှာ အိမ်ရှင်ပရိသတ်တွေ အသည်းကွဲစေမယ့်ဂိုးနှစ်ဂိုးကို ယော်ရန်တေးက တန်ပြန်တိုက်စစ်တွေကနေ သွင်းယူသွားခဲ့ပြီး အက်သလက်တီကိုကို နောက်တစ်ဆင့်ကို ပို့ဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီအတွေ့အကြုံက သူ့ရဲ့ စိတ်ထဲမှာ ဟာသဖြစ်ရပ်၊ ဒါမှမဟုတ် အမှတ်တရဖြစ်စရာ ဂုဏ်ယူစရာ တစ်ခုခုအဖြစ်နဲ့ ရှိနေခဲ့တဲ့အကြောင်းကို သူ့ရဲ့ ခွေးကို အန်းဖီးလ်လို့ နာမည်ပေးထားကြောင်းနဲ့ အင်စတာဂရမ်မှာ ထုတ်ဖော်သွားခဲ့တာဖြစ်ပြီး လီဗာပူးလ်ပရိသတ်တွေအတွက်တော့ မခံနိုင်စရာလည်းဖြစ်ခဲ့ပါတယ်။

ယော်ရန်တေက သူ့ရဲ့ အင်စတာဂရမ်မှာ “အန်းဖီးလ်က လောကကြီး ဘယ်လိုလဲဆိုတာကို လေ့လာနေတယ်”လို့ သူ့ရဲ့ ခွေးက အိမ်ပြင်ကို ငေးကြည့်နေတဲ့ပုံကို နောက်ကနေ ရိုက်တင်ခဲ့တာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေ ရပ်နားထားချိန်မှာ လှုပ်လှုပ်ရှားရှားဖြစ်စရာတစ်ခုကို ဖန်တီးလိုက်တာလည်းဖြစ်ပါတယ်။

၂၀၁၈ ချန်ပီယံလိဂ်ဖိုင်နယ်မှာ လီဗာပူးလ်ကို အနိုင်ယူပြီး သုံးဂိုး-တစ်ဂိုးနဲ့ ချန်ပီယံကာကွယ်သွားနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းသားဟောင်း ယော်ရန်တေရဲ့ စိတ်ထဲမှာ ဘာတွေ ရှိနေမယ်ဆိုတာကတော့ သူကိုယ်တိုင်ပဲ သိမှာဖြစ်ပြီး ၂၀၁၆ ခုနှစ်ကတည်း သူ့ရဲ့အသင်းဖော် အစ္စကိုက ခွေးနာမည်ကို မက်ဆီလို့ ပေးခဲ့ဖူးကြောင်း မှတ်တမ်းတွေအရ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.