Premier League Serie A

ေဂ်ဆူးကို ေခၚယူဖို႔အတြက္ ကစားသမားအလုိက္ေပးကမ္းလွမ္းမယ့္ ဂ်ဴဗင္တပ္စ္

စီးရီးေအရဲ႕ အင္အားႀကီးကလပ္ ဂ်ဴဗင္တပ္စ္အေနနဲ႔ ေႏြရာသီမွာ ကစားသမားအေျပာင္းအလဲမ်ားဖို႔ ရွိေနၿပီး တုိက္စစ္မွဴးေနရာကို အားျဖည့္ဖို႔ အတြက္ မန္ခ်က္စတာစီးတီးအသင္းရဲ႕ တုိက္စစ္မွဴး ဂါဘရီယယ္လ္ ေဂ်ဆူးကို ေျပာင္းေရႊ႕ေၾကးအျပင္ ကစားသမားအလိုက္ေပးၿပီး ကမ္းလွမ္းမွဳ ျပဳလုပ္သြားဖို႔ ရွိေနပါတယ္။

အိုးလ္ေလဒီေတြအေနနဲ႔ ဘဏၰာေရးဆုိင္ရာ ေလွ်ာ့ခ်မွဳတခ်ဳိ႕ကို ျပဳလုပ္ရာမွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကိုလည္း အေျခအေနေပၚ မူတည္ၿပီး ေရာင္းထုတ္ဖို႔ ျပင္ဆင္ေနသလို တုိက္စစ္ပုိင္းအတြက္ေတာ့ ေဂ်ဆူးကို ရရွိႏုိင္ဖို႔ အသင္းရဲ႕ ေတာင္ပံကစားသမား ေဒါက္ဂလပ္စ္ ေကာ္စတာကို အလိုက္ေပးသြားဖို႔ ရည္ရြယ္ေနပါတယ္။

ဒီရာသီ စုစုေပါင္း ၃၉ ပြဲ ကစားထားတဲ့ ေဂ်ဆူးဟာ သြင္းဂိုး ၁၈ ဂိုးနဲ႔ ဖန္တီးမွဳ ၉ ႀကိမ္ ျပဳလုပ္ေပးထားႏုိင္ခဲ့ၿပီး အဆုံးသတ္ပုိင္းမွာ အျမဲစိမ္း တုိက္စစ္မွဴးလုိ႔ ခ်ီးက်ဴးေနၾကတဲ့ ပြဲထြက္ဦးစားေပး ဆာဂ်ီယို အေဂြ႐ိုေလာက္ မတိက်ေပမယ့္လည္း ရင္သပ္ရွဳေမာစရာ အရည္အေသြးေကာင္းေတြကို ျပသထားသူလည္းျဖစ္ပါတယ္။

ေဂ်ဆူးအေနနဲ႔ တူရင္ကလပ္မွာ ေရာ္နယ္လ္ဒိုနဲ႔ တြဲကစားရဖို႔ကေတာ့ ၅၀-၅၀ စီပဲ ျဖစ္လိမ့္မယ္လုိ႔ ကၽြမ္းက်င္သူေတြက ခန္႔မွန္းေနၾကၿပီး ဘုိင္ယန္ျမဴးနစ္အသင္းမွာ နည္းျပ ပက္ ဂြါဒီယိုလာနဲ႔ လက္တြဲခဲ့ဖူးတဲ့ ေဒါက္ဂလပ္စ္ ေကာ္စတာကေတာ့ အသုံးဝင္ႏုိင္ေပမယ့္ သူ႕ရဲ႕ အသက္အရြယ္ကိုေတာ့ တာဝန္ရွိသူေတြဘက္က လက္တြန္႔ဖို႔ ရွိေနႏုိင္ပါတယ္။

မန္စီးတီးတာဝန္ရွိသူေတြဘက္ကေတာ့ အေဂြ႐ိုရဲ႕ ေရရွည္အစားထိုးမွဳအျဖစ္ ရွဳျမင္ထားတဲ့ အင္တာမီလန္တုိက္စစ္မွဴး ေလာ္တာ႐ုိ မာတီနက္ဇ္ရဲ႕ အေျခအေနကို ၾကည့္ၿပီး ေဂ်ဆူးကို ေရာင္းခ်သြားႏုိင္ၿပီး သူတုိ႔အေနနဲ႔ ကစားသမားအလိုက္ေပးမွာထက္ ေျပာင္းေရႊ႕ေၾကးသီးသန္ကို ပုိမိုအလိုရွိမယ္လို႔ ထင္ရၿပီး Transfermarkt ကေတာ့ အသက္ ၂၃ ႏွစ္အရြယ္ ဘရာဇီးလ္တုိက္စစ္မွဴးရဲ႕ တန္ေၾကးကို ယူ႐ိုသန္း ၇၀ လုိ႔ တြက္ခ်က္ထားေၾကာင္းလည္း သိရွိရပါတယ္။

REF: MANCHESTER EVENING NEWS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: စီးရီးအေရဲ့ အင်အားကြီးကလပ် ဂျူဗင်တပ်စ်အနေနဲ့ နွေရာသီမှာ ကစားသမားအပြောင်းအလဲများဖို့ ရှိနေပြီး တိုက်စစ်မှူးနေရာကို အားဖြည့်ဖို့ အတွက် မန်ချက်စတာစီးတီးအသင်းရဲ့ တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးကို ပြောင်းရွှေ့ကြေးအပြင် ကစားသမားအလိုက်ပေးပြီး ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ရှိနေပါတယ်။

အိုးလ်လေဒီတွေအနေနဲ့ ဘဏ္ဏာရေးဆိုင်ရာ လျှော့ချမှုတချို့ကို ပြုလုပ်ရာမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကိုလည်း အခြေအနေပေါ် မူတည်ပြီး ရောင်းထုတ်ဖို့ ပြင်ဆင်နေသလို တိုက်စစ်ပိုင်းအတွက်တော့ ဂျေဆူးကို ရရှိနိုင်ဖို့ အသင်းရဲ့ တောင်ပံကစားသမား ဒေါက်ဂလပ်စ် ကော်စတာကို အလိုက်ပေးသွားဖို့ ရည်ရွယ်နေပါတယ်။

ဒီရာသီ စုစုပေါင်း ၃၉ ပွဲ ကစားထားတဲ့ ဂျေဆူးဟာ သွင်းဂိုး ၁၈ ဂိုးနဲ့ ဖန်တီးမှု ၉ ကြိမ် ပြုလုပ်ပေးထားနိုင်ခဲ့ပြီး အဆုံးသတ်ပိုင်းမှာ အမြဲစိမ်း တိုက်စစ်မှူးလို့ ချီးကျူးနေကြတဲ့ ပွဲထွက်ဦးစားပေး ဆာဂျီယို အဂွေရိုလောက် မတိကျပေမယ့်လည်း ရင်သပ်ရှုမောစရာ အရည်အသွေးကောင်းတွေကို ပြသထားသူလည်းဖြစ်ပါတယ်။

ဂျေဆူးအနေနဲ့ တူရင်ကလပ်မှာ ရော်နယ်လ်ဒိုနဲ့ တွဲကစားရဖို့ကတော့ ၅၀-၅၀ စီပဲ ဖြစ်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပြီး ဘိုင်ယန်မြူးနစ်အသင်းမှာ နည်းပြ ပက် ဂွါဒီယိုလာနဲ့ လက်တွဲခဲ့ဖူးတဲ့ ဒေါက်ဂလပ်စ် ကော်စတာကတော့ အသုံးဝင်နိုင်ပေမယ့် သူ့ရဲ့ အသက်အရွယ်ကိုတော့ တာဝန်ရှိသူတွေဘက်က လက်တွန့်ဖို့ ရှိနေနိုင်ပါတယ်။

မန်စီးတီးတာဝန်ရှိသူတွေဘက်ကတော့ အဂွေရိုရဲ့ ရေရှည်အစားထိုးမှုအဖြစ် ရှုမြင်ထားတဲ့ အင်တာမီလန်တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ရဲ့ အခြေအနေကို ကြည့်ပြီး ဂျေဆူးကို ရောင်းချသွားနိုင်ပြီး သူတို့အနေနဲ့ ကစားသမားအလိုက်ပေးမှာထက် ပြောင်းရွှေ့ကြေးသီးသန်ကို ပိုမိုအလိုရှိမယ်လို့ ထင်ရပြီး Transfermarkt ကတော့ အသက် ၂၃ နှစ်အရွယ် ဘရာဇီးလ်တိုက်စစ်မှူးရဲ့ တန်ကြေးကို ယူရိုသန်း ၇၀ လို့ တွက်ချက်ထားကြောင်းလည်း သိရှိရပါတယ်။

REF: MANCHESTER EVENING NEWS
PHOTOS CREDIT TO OWNERS
SPORTS A2Z.