Bundesliga Premier League

ဆန္ခ်ဳိအတြက္ ေပါင္သန္း ၁၀၀ ေအာက္မွာပဲ အေရာင္းအဝယ္ျဖစ္လိမ့္မယ္လို႔ ေပါလ္မာဆင္ခန္႔မွန္း

စကိုင္းပို႔စ္ရဲ႕ ေဘာလုံးကၽြမ္းက်င္သူတစ္ဦးအျဖစ္ ေဆာင္ရြက္ေနတဲ့ ပရီးမီးယားလိဂ္ကြင္းလယ္လူေဟာင္း ေပါလ္မာဆင္က လက္ရွိအေျခအေနေတြအရ ဘို႐ုရွားေဒါ့မြန္အသင္းရဲ႕ ေဂ်ဒန္ ဆန္ခ်ဳိအတြက္ ေပါင္သန္း ၁၂၀ ေလာက္ ေတာင္းဆုိထားမွဳေတြဟာ ယုတၱိမရွိေၾကာင္းနဲ႔ ကပ္ေရာဂါေဘးနဲ႔ ရင္ဆုိင္ေနရခ်ိန္မွာ ဘယ္သူမွ ဒီေဈးမေပးလုိေၾကာင္း ေထာက္ေျပာၾကားလုိက္ပါတယ္။

ေပါလ္မာဆင္က ႏုိင္ငံေတြမွာ အလႊာေပါင္းစုံ၊ နယ္ပယ္ေပါင္းစုံက လူေတြရဲ႕ အခက္အခဲေတြနဲ႔ ရင္ဆုိင္ေနရပုံကို ေထာက္ျပလုိက္ၿပီး ဂ်ာမန္ ကလပ္အေနနဲ႔ လက္ရွိဥေရာပရဲ႕ အက်ပ္အတည္းကို နားလည္သေဘာေပါက္သင့္ေၾကာင္းကိုလည္း ေဈးဆစ္ေနတဲ့ မန္ခ်က္စတာယူႏုိက္တက္ အမွဳေဆာင္ဒုဥကၠဌ အက္ဒ္ ဝုဒ္ဝဒ္ဘက္က ေရွ႕ေနလိုက္တဲ့သေဘာမ်ဳိး ဆုိလုိက္တာလည္းျဖစ္ပါတယ္။

“ေဘာလုံးေလာကအေနနဲ႔ အျပင္က အေျခအေနေတြကို သေဘာေပါက္ဖို႔ေတာ့ လုိတယ္ဗ်။ တစ္ပတ္ကို ေပါင္သုံးသိန္းခြဲတုိ႔၊ ေျပာင္းေရႊ႕ေၾကး ေပါင္သန္းရာေက်ာ္တို႔ဆုိတာ သာမန္လူတန္းစားေတြနဲ႔ အလြန္ပဲ အလွမ္းကြာေနတယ္ဆုိတာကိုလည္း နားလည္သင့္ေနၿပီ”လို႔ ေပါလ္မာဆင္က ေထာက္ျပသြားပါတယ္။

“ေဒါ့မြန္အသင္းအေနနဲ႔ မန္ခ်က္စတာယူႏုိက္တက္၊ ခ်ဲလ္ဆီးတုိ႔ကေန ေဂ်ဒန္ ဆန္ခ်ဳိအတြက္ ေပါင္သန္းတစ္ရာေက်ာ္ ေပးလာလိမ့္မယ္ဆုိတဲ့ ေမွ်ာ္လင့္ခ်က္မ်ဳိးကို စြန္႔လႊတ္ဖို႔ လိုေနၿပီး အဲ့ဒီလို ေန႔ရက္ေတြ ၿပီးဆုံးသြားၿပီလို႔ ထင္ပါတယ္”လို႔ လက္ရွိရင္ဆုိင္ေနရတဲ့ ဘဏၰာေရးထိခိုက္မွဳနဲ႔ က်န္းမာေရးျပႆနာေတြအေပၚလည္း သုံးသပ္ျပသြားခဲ့ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ေႏြရာသီမွာ ေပါင္သန္း ၂၀၀ ေက်ာ္ သုံးစြဲသြားမွာျဖစ္ေၾကာင္း ေၾကျငာထားေပမယ့္ ဝုဒ္ဝဒ္အေနနဲ႔ အက္သလက္တီကိုရဲ႕ ဆာအူးလ္ ညီးရက္ဇ္ကို ေပါက္ေဈးျဖစ္တဲ့ ေပါင္သန္း ၇၀ ထက္ ပုိေပးမွာ မဟုတ္ဘူးလို႔ ေျပာထားခဲ့သလို ဘာစီလိုနာအသင္းက ေရာင္းထုတ္မယ့္ ေပါင္ ၂၅ သန္းတန္ အီဗန္ ရာကီတစ္ခ်္ကိုလည္း ေစာင့္ၾကည့္ေနေၾကာင္း သတင္းေတြက ေဖာ္ျပထားခဲ့တယ္လုိ႔ သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: စကိုင်းပို့စ်ရဲ့ ဘောလုံးကျွမ်းကျင်သူတစ်ဦးအဖြစ် ဆောင်ရွက်နေတဲ့ ပရီးမီးယားလိဂ်ကွင်းလယ်လူဟောင်း ပေါလ်မာဆင်က လက်ရှိအခြေအနေတွေအရ ဘိုရုရှားဒေါ့မွန်အသင်းရဲ့ ဂျေဒန် ဆန်ချိုအတွက် ပေါင်သန်း ၁၂၀ လောက် တောင်းဆိုထားမှုတွေဟာ ယုတ္တိမရှိကြောင်းနဲ့ ကပ်ရောဂါဘေးနဲ့ ရင်ဆိုင်နေရချိန်မှာ ဘယ်သူမှ ဒီဈေးမပေးလိုကြောင်း ထောက်ပြောကြားလိုက်ပါတယ်။

ပေါလ်မာဆင်က နိုင်ငံတွေမှာ အလွှာပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံက လူတွေရဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပုံကို ထောက်ပြလိုက်ပြီး ဂျာမန် ကလပ်အနေနဲ့ လက်ရှိဥရောပရဲ့ အကျပ်အတည်းကို နားလည်သဘောပေါက်သင့်ကြောင်းကိုလည်း ဈေးဆစ်နေတဲ့ မန်ချက်စတာယူနိုက်တက် အမှုဆောင်ဒုဥက္ကဌ အက်ဒ် ဝုဒ်ဝဒ်ဘက်က ရှေ့နေလိုက်တဲ့သဘောမျိုး ဆိုလိုက်တာလည်းဖြစ်ပါတယ်။

“ဘောလုံးလောကအနေနဲ့ အပြင်က အခြေအနေတွေကို သဘောပေါက်ဖို့တော့ လိုတယ်ဗျ။ တစ်ပတ်ကို ပေါင်သုံးသိန်းခွဲတို့၊ ပြောင်းရွှေ့ကြေး ပေါင်သန်းရာကျော်တို့ဆိုတာ သာမန်လူတန်းစားတွေနဲ့ အလွန်ပဲ အလှမ်းကွာနေတယ်ဆိုတာကိုလည်း နားလည်သင့်နေပြီ”လို့ ပေါလ်မာဆင်က ထောက်ပြသွားပါတယ်။

“ဒေါ့မွန်အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးတို့ကနေ ဂျေဒန် ဆန်ချိုအတွက် ပေါင်သန်းတစ်ရာကျော် ပေးလာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်မျိုးကို စွန့်လွှတ်ဖို့ လိုနေပြီး အဲ့ဒီလို နေ့ရက်တွေ ပြီးဆုံးသွားပြီလို့ ထင်ပါတယ်”လို့ လက်ရှိရင်ဆိုင်နေရတဲ့ ဘဏ္ဏာရေးထိခိုက်မှုနဲ့ ကျန်းမာရေးပြဿနာတွေအပေါ်လည်း သုံးသပ်ပြသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ နွေရာသီမှာ ပေါင်သန်း ၂၀၀ ကျော် သုံးစွဲသွားမှာဖြစ်ကြောင်း ကြေငြာထားပေမယ့် ဝုဒ်ဝဒ်အနေနဲ့ အက်သလက်တီကိုရဲ့ ဆာအူးလ် ညီးရက်ဇ်ကို ပေါက်ဈေးဖြစ်တဲ့ ပေါင်သန်း ၇၀ ထက် ပိုပေးမှာ မဟုတ်ဘူးလို့ ပြောထားခဲ့သလို ဘာစီလိုနာအသင်းက ရောင်းထုတ်မယ့် ပေါင် ၂၅ သန်းတန် အီဗန် ရာကီတစ်ချ်ကိုလည်း စောင့်ကြည့်နေကြောင်း သတင်းတွေက ဖော်ပြထားခဲ့တယ်လို့ သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.