Other Leagues Premier League Transfer News

ပရီးမီးယားလိဂ်အသင်းတွေ ဝိုင်းလုကြဦးမယ့် ချန်ပီယံရှစ်ကစားသမား ၅ ဦး

ပြီးခဲ့တဲ့ ရာသီက အင်္ဂလန်ရဲ့ ဒုတိယအဆင့်ပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံရှစ်မှာ ခြေစွမ်းပြခဲ့သူတွေကို ပရီးမီးယားလိဂ်အသင်းတွေက ထင်ပေါ်လို့ စင်တော်ကောက်တတ်ကြတာ အစဉ်အလာပဲဖြစ်ပြီး ၂၀၂၀-၂၁ ရာသီမှာ ဝပ်ကင်းစ်၊ ဘင်ရာမာတို့လို ကစားသမားတွေကို အခွင့်အရေး ပေးခဲ့ကြသလို ဒီရာသီမှာရော ဘယ်ကစားသမားတွေ အခွင့်အရေးရလာမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

၁။ အီမီလီယာနို ဘွင်ဒီယာ (နော့ဝစ်ချ်စီးတီး)
ဘွင်ဒီယာကတော့ နော့ဝစ်ချ်နဲ့အတူ ပရီးမီးယားလိဂ်မှာ တစ်ရာသီ ကစားဖူးသူဖြစ်ပြီး မနှစ်က တန်းဆင်းသွားတုန်းမှာလည်း အသင်းကြီး တချို့က ကနေရီတွေရင်ခွင်ထဲကနေ ဆွဲထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာပါ။ ဒီရာသီမှာ ချန်ပီယံရှစ်မှာ ၃၉ ပွဲ ကစားထားပြီး ဂိုးပါဝင် အကျိုးပြုမှု ၃၁ ကြိမ်ရှိခဲ့သလို သွင်းဂိုးက ၁၅ ဂိုးနဲ့ ဖန်တီးမှု ၁၆ ကြိမ်ဆိုတာက အလယ်အလတ်အသင်းတွေအတွက် လုံလောက်ပြီး အသင်းကြီး စာရင်းဝင် အာဆင်နယ်ကပါ ခေါ်ယူလိုနေတာဖြစ်ပါတယ်။

၂။ မိုက်ကယ် အိုလိစ် (ရက်ဒင်း)
မိုက်ကယ် အိုလိစ်ကတော့ ချန်ပီယံရှစ်ကစားသမားတွေထဲမှာ စောင့်ကြည့်အခံရဆုံးသူတစ်ဦးဖြစ်ပြီး အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ အင်္ဂလိပ်လူငယ်ဟာလည်း ဘွန်ဒီယာနဲ့ စွမ်းဆောင်ရည်ချင်း နီးစပ်ခဲ့တာဖြစ်ပါတယ်။ ၇ ဂိုးသွင်းပြီး ၁၂ ဂိုး ဖန်တီးပေးခဲ့တဲ့ ဘယ်သန်ကွင်းလယ်လူဟာ အလယ်တန်းမှာ ဗဟိုရော တောင်ပံမှာပါ နေရာစုံ အသုံးပြုနိုင်သူဖြစ်ပြီး ချဲလ်ဆီးနဲ့ မန်စီးတီး အကယ်ဒမီတွေမှာ သင်ယူဖူးသူလည်းဖြစ်ပါတယ်။ အခုတော့ သူ့ကို ချဲလ်ဆီး၊ အာဆင်နယ်၊ လီဗာပူးလ်နဲ့ လိဒ်စ်တို့က စောင့်ကြည့်နေပြီး ပြင်သစ်ကလပ် လိုင်လီကလည်း အလိုရှိနေတာပါ။

၃။ အစ္စမိုင်လာ ဆားရ် (ဝတ်ဖို့ဒ်)
ဆီနီဂေါတောင်ပံသမားဟာ ရည်မှန်းချက်ကြီးကြီးနဲ့ သူ့ရှေ့က ရစ်ချာလစ်ဆန်လို ဖြစ်လာမလားဆိုပြီး လီဂူးဝမ်းကလပ် ရင်းနေးကနေ ရောက်လာခဲ့ပေမယ့် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ဘဲ အသင်းရဲ့ ဆိုးရွားတဲ့ ကစားပုံမှာ တန်းဆင်းခဲ့ရသူဖြစ်ပါတယ်။ ချန်ပီယံရှစ်မှာ တစ်နှစ်ကစားပြီး ပြန်လည်တန်းတက်လာချိန်မှာ မြင့်မားတဲ့ တိုက်စစ်စွမ်းဆောင်ရည်ကို ပြသခဲ့ပြီး နကျယ်ကောင်တွေရဲ့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးရှင်အနေနဲ့ လီဗာပူးလ်၊ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တွေရဲ့ စိတ်ဝင်စားမှုကို အသုံးချနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

၄။ ဟာရီ ဝီလ်ဆန် ( ကာဒစ်ဖ်)
လီဗာပူးလ်ကနေ ဘုန်းမောက်ကို အငှားသွားကစားပြီး ခြေစွမ်းပြခဲ့တုန်းက သူ့ရဲ့ ကစားသမားဘဝကတော့ တစ်ဆင့်မြင့်တက်တော့မယ်လို့ လူတွေက ခန့်မှန်းခဲ့ကြပေမယ့် အသင်းကြီးမှာ နေရာမရခဲ့ဘဲ လိဂ်ချန်ပီယံရှစ်ကိုပါ သွားခဲ့ရချိန်မှာ သူ့ရဲ့ ခြေစွမ်းပြရာအသင်းကတော့ ဝေးလ်စ်ကလပ် ကာဒစ်ဖ်ဖြစ်ခဲ့တာပါ။ ရက်ဒင်းရဲ့ မိုက်ကယ် အိုလိစ်နောက်မှာ ဖန်တီးမှုတစ်ကြိမ်သာ နောက်ကျန်ခဲ့တဲ့ ဝေလသားဟာ သွင်းဂိုး ၇ ဂိုးမှာ ဟက်ထရစ် တစ်ကြိမ်လည်း ရယူနိုင်ခဲ့ပြီး ဒီရာသီမှာတော့ ဘယ်ပရီးမီးယားလိဂ်အသင်းလတ်ကို ရောက်မလဲ စောင့်ကြည့်ရပါလိမ့်မယ်။

၅။ အဒမ် အမ်းစ်ထရောင်း (ဘလက်ဘန်း)
ဘလက်ဘန်းအသင်းကို တန်းတက် Play-off ကစားခွင့် အဆင့် ၆ အတွင်းဝင်အောင် ပို့မပေးနိုင်ခဲ့ပေမယ့် အမ်းစ်ထရောင်းရဲ့ သွင်းဂိုးက ၂၈ ဂိုးအထိ ရှိခဲ့ပြီး ဘရန့်ဖို့ဒ်ရဲ့ ဂိုးသွင်းဘုရင် အိုင်ဗန် တုန်နီနောက် ၃ ဂိုးသာ ပြတ်ကျန်ခဲ့တာလည်းဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် အင်္ဂလန်သားဟာ နယူးကာဆယ်လ်အကယ်ဒမီထွက်လည်းဖြစ်ပြီး ချန်ပီယံရှစ်နဲ့ ပရီးမီးယားလိဂ်တွေက အင်္ဂလန်သားတွေထဲမှာ နှစ်ရာသီပေါင်း ဂိုးအများဆုံး သွင်းယူခဲ့လို့ သူ့ကိုလည်း ဘယ်အသင်းက စင်တော်ကောက်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေခဲ့ပါတယ်။

ကျန်ကစားသမားတွေထဲမှာ အသင်းကြီးတွေဆီ ရောက်နိုင်သူတွေကတော့ မက်စ် အာရွန်စ် (နော့ဝစ်ချ်)၊ ဂိုးသွင်းဘုရင် အိုင်ဗန် တုန်နီနဲ့ သူ့ရဲ့ ဘရန့်ဖို့ဒ်တိုက်စစ်ကစားဖော်တွေဖြစ်ကြပြီး ဖော်ပြပါ ကစားသမား ၅ ဦးကတော့ အသင်းတွေက ဆက်ထိန်းဖို့ မလွယ်လောက်ချိန်မှာ အာဆင်နယ်၊ ချဲလ်ဆီး၊ လီဗာပူးလ်နဲ့ လိဒ်စ်တို့ ဘာလုပ်ကြမလဲပဲ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ ရာသီက အဂၤလန္ရဲ႕ ဒုတိယအဆင့္ၿပိဳင္ပြဲျဖစ္တဲ့ ခ်န္ပီယံရွစ္မွာ ေျခစြမ္းျပခဲ့သူေတြကို ပရီးမီးယားလိဂ္အသင္းေတြက ထင္ေပၚလို႔ စင္ေတာ္ေကာက္တတ္ၾကတာ အစဥ္အလာပဲျဖစ္ၿပီး ၂၀၂၀-၂၁ ရာသီမွာ ဝပ္ကင္းစ္၊ ဘင္ရာမာတို႔လို ကစားသမားေတြကို အခြင့္အေရး ေပးခဲ့ၾကသလို ဒီရာသီမွာေရာ ဘယ္ကစားသမားေတြ အခြင့္အေရးရလာမလဲဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

၁။ အီမီလီယာႏို ဘြင္ဒီယာ (ေနာ့ဝစ္ခ်္စီးတီး)
ဘြင္ဒီယာကေတာ့ ေနာ့ဝစ္ခ်္နဲ႔အတူ ပရီးမီးယားလိဂ္မွာ တစ္ရာသီ ကစားဖူးသူျဖစ္ၿပီး မႏွစ္က တန္းဆင္းသြားတုန္းမွာလည္း အသင္းႀကီး တခ်ိဳ႕က ကေနရီေတြရင္ခြင္ထဲကေန ဆြဲထုတ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့တာပါ။ ဒီရာသီမွာ ခ်န္ပီယံရွစ္မွာ ၃၉ ပြဲ ကစားထားၿပီး ဂိုးပါဝင္ အက်ိဳးျပဳမႈ ၃၁ ႀကိမ္ရွိခဲ့သလို သြင္းဂိုးက ၁၅ ဂိုးနဲ႔ ဖန္တီးမႈ ၁၆ ႀကိမ္ဆိုတာက အလယ္အလတ္အသင္းေတြအတြက္ လုံေလာက္ၿပီး အသင္းႀကီး စာရင္းဝင္ အာဆင္နယ္ကပါ ေခၚယူလိုေနတာျဖစ္ပါတယ္။

၂။ မိုက္ကယ္ အိုလိစ္ (ရက္ဒင္း)
မိုက္ကယ္ အိုလိစ္ကေတာ့ ခ်န္ပီယံရွစ္ကစားသမားေတြထဲမွာ ေစာင့္ၾကည့္အခံရဆုံးသူတစ္ဦးျဖစ္ၿပီး အသက္ ၁၉ ႏွစ္အ႐ြယ္သာရွိေသးတဲ့ အဂၤလိပ္လူငယ္ဟာလည္း ဘြန္ဒီယာနဲ႔ စြမ္းေဆာင္ရည္ခ်င္း နီးစပ္ခဲ့တာျဖစ္ပါတယ္။ ၇ ဂိုးသြင္းၿပီး ၁၂ ဂိုး ဖန္တီးေပးခဲ့တဲ့ ဘယ္သန္ကြင္းလယ္လူဟာ အလယ္တန္းမွာ ဗဟိုေရာ ေတာင္ပံမွာပါ ေနရာစုံ အသုံးျပဳႏိုင္သူျဖစ္ၿပီး ခ်ဲလ္ဆီးနဲ႔ မန္စီးတီး အကယ္ဒမီေတြမွာ သင္ယူဖူးသူလည္းျဖစ္ပါတယ္။ အခုေတာ့ သူ႔ကို ခ်ဲလ္ဆီး၊ အာဆင္နယ္၊ လီဗာပူးလ္နဲ႔ လိဒ္စ္တို႔က ေစာင့္ၾကည့္ေနၿပီး ျပင္သစ္ကလပ္ လိုင္လီကလည္း အလိုရွိေနတာပါ။

၃။ အစၥမိုင္လာ ဆားရ္ (ဝတ္ဖို႔ဒ္)
ဆီနီေဂါေတာင္ပံသမားဟာ ရည္မွန္းခ်က္ႀကီးႀကီးနဲ႔ သူ႔ေရွ႕က ရစ္ခ်ာလစ္ဆန္လို ျဖစ္လာမလားဆိုၿပီး လီဂူးဝမ္းကလပ္ ရင္းေနးကေန ေရာက္လာခဲ့ေပမယ့္ မွန္းခ်က္နဲ႔ ႏွမ္းထြက္ မကိုက္ခဲ့ဘဲ အသင္းရဲ႕ ဆိုး႐ြားတဲ့ ကစားပုံမွာ တန္းဆင္းခဲ့ရသူျဖစ္ပါတယ္။ ခ်န္ပီယံရွစ္မွာ တစ္ႏွစ္ကစားၿပီး ျပန္လည္တန္းတက္လာခ်ိန္မွာ ျမင့္မားတဲ့ တိုက္စစ္စြမ္းေဆာင္ရည္ကို ျပသခဲ့ၿပီး နက်ယ္ေကာင္ေတြရဲ႕ ကလပ္စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးရွင္အေနနဲ႔ လီဗာပူးလ္၊ အာဆင္နယ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္ေတြရဲ႕ စိတ္ဝင္စားမႈကို အသုံးခ်ႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

၄။ ဟာရီ ဝီလ္ဆန္ ( ကာဒစ္ဖ္)
လီဗာပူးလ္ကေန ဘုန္းေမာက္ကို အငွားသြားကစားၿပီး ေျခစြမ္းျပခဲ့တုန္းက သူ႔ရဲ႕ ကစားသမားဘဝကေတာ့ တစ္ဆင့္ျမင့္တက္ေတာ့မယ္လို႔ လူေတြက ခန႔္မွန္းခဲ့ၾကေပမယ့္ အသင္းႀကီးမွာ ေနရာမရခဲ့ဘဲ လိဂ္ခ်န္ပီယံရွစ္ကိုပါ သြားခဲ့ရခ်ိန္မွာ သူ႔ရဲ႕ ေျခစြမ္းျပရာအသင္းကေတာ့ ေဝးလ္စ္ကလပ္ ကာဒစ္ဖ္ျဖစ္ခဲ့တာပါ။ ရက္ဒင္းရဲ႕ မိုက္ကယ္ အိုလိစ္ေနာက္မွာ ဖန္တီးမႈတစ္ႀကိမ္သာ ေနာက္က်န္ခဲ့တဲ့ ေဝလသားဟာ သြင္းဂိုး ၇ ဂိုးမွာ ဟက္ထရစ္ တစ္ႀကိမ္လည္း ရယူႏိုင္ခဲ့ၿပီး ဒီရာသီမွာေတာ့ ဘယ္ပရီးမီးယားလိဂ္အသင္းလတ္ကို ေရာက္မလဲ ေစာင့္ၾကည့္ရပါလိမ့္မယ္။

၅။ အဒမ္ အမ္းစ္ထေရာင္း (ဘလက္ဘန္း)
ဘလက္ဘန္းအသင္းကို တန္းတက္ Play-off ကစားခြင့္ အဆင့္ ၆ အတြင္းဝင္ေအာင္ ပို႔မေပးႏိုင္ခဲ့ေပမယ့္ အမ္းစ္ထေရာင္းရဲ႕ သြင္းဂိုးက ၂၈ ဂိုးအထိ ရွိခဲ့ၿပီး ဘရန႔္ဖို႔ဒ္ရဲ႕ ဂိုးသြင္းဘုရင္ အိုင္ဗန္ တုန္နီေနာက္ ၃ ဂိုးသာ ျပတ္က်န္ခဲ့တာလည္းျဖစ္ပါတယ္။ အသက္ ၂၄ ႏွစ္အ႐ြယ္ အဂၤလန္သားဟာ နယူးကာဆယ္လ္အကယ္ဒမီထြက္လည္းျဖစ္ၿပီး ခ်န္ပီယံရွစ္နဲ႔ ပရီးမီးယားလိဂ္ေတြက အဂၤလန္သားေတြထဲမွာ ႏွစ္ရာသီေပါင္း ဂိုးအမ်ားဆုံး သြင္းယူခဲ့လို႔ သူ႔ကိုလည္း ဘယ္အသင္းက စင္ေတာ္ေကာက္မလဲဆိုတာ စိတ္ဝင္စားစရာေကာင္းေနခဲ့ပါတယ္။

က်န္ကစားသမားေတြထဲမွာ အသင္းႀကီးေတြဆီ ေရာက္ႏိုင္သူေတြကေတာ့ မက္စ္ အာ႐ြန္စ္ (ေနာ့ဝစ္ခ်္)၊ ဂိုးသြင္းဘုရင္ အိုင္ဗန္ တုန္နီနဲ႔ သူ႔ရဲ႕ ဘရန႔္ဖို႔ဒ္တိုက္စစ္ကစားေဖာ္ေတြျဖစ္ၾကၿပီး ေဖာ္ျပပါ ကစားသမား ၅ ဦးကေတာ့ အသင္းေတြက ဆက္ထိန္းဖို႔ မလြယ္ေလာက္ခ်ိန္မွာ အာဆင္နယ္၊ ခ်ဲလ္ဆီး၊ လီဗာပူးလ္နဲ႔ လိဒ္စ္တို႔ ဘာလုပ္ၾကမလဲပဲ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.