Premier League

ယူနိုက်တက်ကို လိုက်မမီသေးတာကို ခါးသီးတဲ့အမှန်တရားအဖြစ် လီဗာပူးလ်ပရိသတ်တွေ လက်ခံရမယ်လို့ ဖာဒီနန်လှောင်ပြောင်သွား

ယူနိုက်တက်ကစားသမားဟောင်းကြီးရီယို ဖာဒီနန်က လီဗာပူးလ်အသင်းအနေနဲ့ မန်ချက်စတာ ယူနိုက်တက်ကို လိုက်မမီသေးတာဟာ ခါးသီးစွာ လက်ခံရမယ့် အမှန်တရားဖြစ်တယ်လို့ လှောင်ပြောင်သွားခဲ့ပြီး အဆင့် ၃ က အန်ဖီးလ်အသင်းကို ၅ မှတ်ဖြတ်နိုင်ပြီး အဆင့် ၂ မှာ ရပ်တည်နိုင်ခဲ့တာဟာ လီဗာပူးလ်က်ု အထိနာစေခဲ့တယ်လို့ ယူဆထားတာပါ။

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၂ နဲ့ ဇာတ်သိမ်းလှခဲ့ပေမယ့် ယူရိုပါလိဂ်ဖိုင်နယ်မှာတော့ ကျဆုံးခဲ့တာဟာ လာမယ့်စျေးကွက်အတွင်း အသင်းအနေနဲ့ ဒေါင်ဒေါင်မြည် ဗဟိုခံစစ်မှူးတဦးကို မဖြစ်မနေဝယ်ယူဖို့ လိုအပ်နေကြောင်းလည်း သတိပေးသွားခဲ့ပါတယ်။

” ကျွန်တော့်အထင်ကတော့ အမှတ်ပေးပြိုင်ပွဲမှာ ကျွန်တော်တို့အသင်း လိုချင်တာကို ရခဲ့တယ်။ ဒါက တိုးတက်မှုပါ။ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်ဟာ လီဗာပူးလ်အနောက်မှာ အမှတ် ၃၀ ပြတ်ကျန်ခဲ့တာ မဟုတ်လား။ အခုရာသီမှာတော့ လီဗာပူးလ်က ကျွန်တော်တို့အောက်ကို ရောက်သွားပြီ ”

” အခုအချိန်မှ သူတို့ဘာပြောပြော ဘောင်မဝင်တော့ပါဘူး။ ဒီရာသီမှာ ယူနိုက်တက်ကို လိုက်မမီနိုင်ခဲ့တာကို သူတို့ဝန်ခံရလိမ့်မယ်။ ဒါခါးသီးတဲ့ အမှန်တရားပါ။ ကျွန်တော်တို့အသင်း အဆင့် ၂ ကို ရခဲ့တာ ဘယ်လောက်တောင် တိုးတက်သွားခဲ့လဲ ခင်ဗျားတို့ မြင်နိုင်တယ်။ ”

“ဒါပေမယ့်ဗျာ… ဒီရာသီအစပိုင်းမှာကို ယူနိုက်တက်အသင်းက လီဗာပူးလ်ထက် အောင်မြင်မယ်ဆိုတဲ့ စကားကို ပြောခဲ့ရင်တော့ ခင်ဗျား ဒလန်ဖြစ်ခဲ့မှါပါ ” လို့ ဖာဒီနန်က လီဗာပူးလ်ရဲ့ အဆင့် ၃ ရပ်တည်မှုနဲ့ ပတ်သက်ပြီး လှောင်ပြောင်သွားခဲ့တာဖြစ်ပြီး ရာသီအသိမ်းမှာ ယူနိုက်တက်ရဲ့ အကျောရခြင်းကို ဂုဏ်ဆာသွားခဲ့တယ်။

ဒါ့အပြင် သူက ” ယူနိုက်တက်က လူမှန်နေရာမှန် ဖြစ်အောင် လူသစ်ဖြစ်ဖို့ သေချာပေါက်လိုနေတယ်။ ဗဟိုခံစစ်မှူးဝယ်ရမယ်။ ညာတောင်ပံတိုက်စစ်မှူး ခေါ်ရမယ်။ တိုက်စစ်မှူးစစ်စစ်တဦးကိုလည်း ရဲရဲကြီး ဖြည့်တင်းရပါလိမ့်မယ် ” လို့ ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ခြေလှမ်းတွေအတွက် ထောက်ပြသွားခဲ့တယ်။

ဖာဒီနန်အနေနဲ့ လက်ရှိမှာ အပြောင်းအရွှေ့သတင်းတွေနဲ့ အိုးထရက်ဖို့ဒ်ဆီ ရောက်ရှိလာဖို့ တစ်ပြေးနေတဲ့ စပါးစ်တိုက်စစ်မှူးကိန်းကိုသာ ယူနိုက်တက်က အရဝယ်ယူနိုင်မယ်ဆိုရင်တော့ နေနဲ့လ၊ ရွှေနဲ့မြလို လိုက်ဖက်တင့်တယ်သွားလိမ့်မယ့် လာမယ့်ရာသီသစ်မှာ ယူနိုက်တက်ရဲ့ ၄ ရာသီဆက် ဆုဖလားပျောက်ဆုံးမှုကို အဆုံးသတ်နိုင်လိမ့်လို့ အခိုင်အမာ ယုံကြည်နေတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ယူႏိုက္တက္ကစားသမားေဟာင္းႀကီးရီယို ဖာဒီနန္က လီဗာပူးလ္အသင္းအေနနဲ႔ မန္ခ်က္စတာ ယူႏိုက္တက္ကို လိုက္မမီေသးတာဟာ ခါးသီးစြာ လက္ခံရမယ့္ အမွန္တရားျဖစ္တယ္လို႔ ေလွာင္ေျပာင္သြားခဲ့ၿပီး အဆင့္ ၃ က အန္ဖီးလ္အသင္းကို ၅ မွတ္ျဖတ္ႏိုင္ၿပီး အဆင့္ ၂ မွာ ရပ္တည္ႏိုင္ခဲ့တာဟာ လီဗာပူးလ္က္ု အထိနာေစခဲ့တယ္လို႔ ယူဆထားတာပါ။

ယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္မွာ အဆင့္ ၂ နဲ႔ ဇာတ္သိမ္းလွခဲ့ေပမယ့္ ယူ႐ိုပါလိဂ္ဖိုင္နယ္မွာေတာ့ က်ဆုံးခဲ့တာဟာ လာမယ့္ေစ်းကြက္အတြင္း အသင္းအေနနဲ႔ ေဒါင္ေဒါင္ျမည္ ဗဟိုခံစစ္မႉးတဦးကို မျဖစ္မေနဝယ္ယူဖို႔ လိုအပ္ေနေၾကာင္းလည္း သတိေပးသြားခဲ့ပါတယ္။

” ကြၽန္ေတာ့္အထင္ကေတာ့ အမွတ္ေပးၿပိဳင္ပြဲမွာ ကြၽန္ေတာ္တို႔အသင္း လိုခ်င္တာကို ရခဲ့တယ္။ ဒါက တိုးတက္မႈပါ။ ၿပီးခဲ့တဲ့ရာသီက ယူႏိုက္တက္ဟာ လီဗာပူးလ္အေနာက္မွာ အမွတ္ ၃၀ ျပတ္က်န္ခဲ့တာ မဟုတ္လား။ အခုရာသီမွာေတာ့ လီဗာပူးလ္က ကြၽန္ေတာ္တို႔ေအာက္ကို ေရာက္သြားၿပီ ”

” အခုအခ်ိန္မွ သူတို႔ဘာေျပာေျပာ ေဘာင္မဝင္ေတာ့ပါဘူး။ ဒီရာသီမွာ ယူႏိုက္တက္ကို လိုက္မမီႏိုင္ခဲ့တာကို သူတို႔ဝန္ခံရလိမ့္မယ္။ ဒါခါးသီးတဲ့ အမွန္တရားပါ။ ကြၽန္ေတာ္တို႔အသင္း အဆင့္ ၂ ကို ရခဲ့တာ ဘယ္ေလာက္ေတာင္ တိုးတက္သြားခဲ့လဲ ခင္ဗ်ားတို႔ ျမင္ႏိုင္တယ္။ ”

“ဒါေပမယ့္ဗ်ာ… ဒီရာသီအစပိုင္းမွာကို ယူႏိုက္တက္အသင္းက လီဗာပူးလ္ထက္ ေအာင္ျမင္မယ္ဆိုတဲ့ စကားကို ေျပာခဲ့ရင္ေတာ့ ခင္ဗ်ား ဒလန္ျဖစ္ခဲ့မွါပါ ” လို႔ ဖာဒီနန္က လီဗာပူးလ္ရဲ႕ အဆင့္ ၃ ရပ္တည္မႈနဲ႔ ပတ္သက္ၿပီး ေလွာင္ေျပာင္သြားခဲ့တာျဖစ္ၿပီး ရာသီအသိမ္းမွာ ယူႏိုက္တက္ရဲ႕ အေက်ာရျခင္းကို ဂုဏ္ဆာသြားခဲ့တယ္။

ဒါ့အျပင္ သူက ” ယူႏိုက္တက္က လူမွန္ေနရာမွန္ ျဖစ္ေအာင္ လူသစ္ျဖစ္ဖို႔ ေသခ်ာေပါက္လိုေနတယ္။ ဗဟိုခံစစ္မႉးဝယ္ရမယ္။ ညာေတာင္ပံတိုက္စစ္မႉး ေခၚရမယ္။ တိုက္စစ္မႉးစစ္စစ္တဦးကိုလည္း ရဲရဲႀကီး ျဖည့္တင္းရပါလိမ့္မယ္ ” လို႔ ယူႏိုက္တက္ရဲ႕ အေျပာင္းအေ႐ႊ႕ေျခလွမ္းေတြအတြက္ ေထာက္ျပသြားခဲ့တယ္။

ဖာဒီနန္အေနနဲ႔ လက္ရွိမွာ အေျပာင္းအေ႐ႊ႕သတင္းေတြနဲ႔ အိုးထရက္ဖို႔ဒ္ဆီ ေရာက္ရွိလာဖို႔ တစ္ေျပးေနတဲ့ စပါးစ္တိုက္စစ္မႉးကိန္းကိုသာ ယူႏိုက္တက္က အရဝယ္ယူႏိုင္မယ္ဆိုရင္ေတာ့ ေနနဲ႔လ၊ ေ႐ႊနဲ႔ျမလို လိုက္ဖက္တင့္တယ္သြားလိမ့္မယ့္ လာမယ့္ရာသီသစ္မွာ ယူႏိုက္တက္ရဲ႕ ၄ ရာသီဆက္ ဆုဖလားေပ်ာက္ဆုံးမႈကို အဆုံးသတ္ႏိုင္လိမ့္လို႔ အခိုင္အမာ ယုံၾကည္ေနတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.