Analysis Premier League Transfer News

ငွေသုံးပြီး ပြုပြင်ပြောင်းလဲမယ့် မန်စီးတီးအတွက် ဘယ်သူတွေ ဝင်ပြီး ဘယ်သူတွေ ထွက်မလဲ

မန်ချက်စတာစီးတီးအသင်းရဲ့ ဖီလော်ဆော်ဖီကျရှုံးမှုမှာ ကိုယ့်အတွက် အိတ်ထဲကလို့ တွက်ထားတဲ့ ဖလားပေါင်းများစွာကို ပြီးခဲ့တဲ့ နှစ်တွေမှာ ဆုံးရှုံးနေခဲ့ရပြီး နည်းပြ ဂွါဒီယိုလာရဲ့ အမှားမကင်းသလို အသင်းရဲ့ အင်အားမပြည့်စုံမှုကလည်း ပြိုင်ဘက်တွေအတွက် အခွင့်အရေးယူစရာ Loophole တွေဖြစ်ခဲ့လို့ ဒီနွေရာသီမှာတော့ အသင်းကို ငွေသုံးပြီး ပြင်ဆင်သွားရဖို့ ရှိလာခဲ့ပါတယ်။

ခံစစ်ကို နောက်ပိုင်းနှစ်တွေမှာ အခိုင်အမာ တည်ဆောက်နေခဲ့တဲ့ ဂွါဒီယိုလာဟာ ပရီးမီးယားလိဂ်လို ကာလရှည်ကစားရတဲ့ အမှတ်ပေးပွဲမှာ မျက်နှာပန်းလှခဲ့ပေမယ့် သွင်းဂိုးတစ်ဂိုးက အနိုင်အရှုံးနဲ့ ဖလားရခြင်း မရခြင်းတွေကို ဆုံးဖြတ်နိုင်တဲ့ ပွဲတွေမှာတော့ ပြိုင်ပွဲက ထွက်ခဲ့ရတာမျိုး ဖလား လက်လွှတ်ရတာမျိုးဖြစ်ခဲ့ပြီး သူတို့ရဲ့ ပုံသေဆန်လွန်းတဲ့ ကွင်းလယ်နဲ့ တိုက်စစ်က ပြိုင်ဘက်တွေ ကျက်မိလာခဲ့တာပါ။

မန်စီးတီးဆိုရင် ကိုယ့်ခံစစ်သာ ကောင်းလို့ကတော့ ဂိုးရှေ့မှာ စုပြုံပိတ်ထားလိုက်ပြီး ကောင်တာဆော့ရင် နိုင်ပြီဟေ့လို့ ပြောနိုင်ခဲ့တဲ့ Target Man မရှိတဲ့ တိုက်စစ်မှာ အဂွေရို၊ ဂျေဆူးစ်တို့ရဲ့ ကိုယ်လုံးကိုယ်ထည်၊ မလိုအပ်ဘဲ ဂိုးရှေ့မှာ ကိုယ်ယောင်ဖျောက်ထားမှု၊ ကျဆင်းလာတဲ့ အဆုံးသတ်ပိုင်းတွေကြားထဲမှာ ၄-၆-၀ ကိုပါ သုံးချိန်မှာ ချဲလ်ဆီးကို အရှုံးပေးခဲ့ရပြီး တူဟယ်လ်လက်ထက် သုံးပွဲစလုံးကို ရှုံးခဲ့ရတာက ဒီတိုင်းဆက်သွားလို့ မရတော့ဘူးဆိုတာကို ပြလိုက်တာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဖိုဒန် ခြေစွမ်းပြနိုင်ပေမယ့် ကျန်တဲ့ စီနီယာတွေ ဘာမှ မဖြစ်နိုင်ခဲ့တာက ခေတ်ပြောင်းတော်လှန်ရေးလုပ်ဖို့ ဖြစ်စေခဲ့ပြီး ဘယ်ခြမ်းက လိမ်လိုက်ဖြုန်းလိုက် စတာလင်နဲ့ ညာခြမ်းက အသက်အရွယ်ရလာတဲ့ မာရက်ဇ်တို့ဟာ တောင်ပံတွေကို လွှဲအပ်ထားလို့ မရတော့သလို ထွက်ခွာသွားတဲ့ ဆာနေးကို တမ်းတမိစေတာကြောင့် သူတို့တွေကို ရောင်းထုတ်ပြီး အစားထိုးရတော့မယ်လို့ ဆိုနေကြပါတယ်။

ကွင်းလယ်မှာတော့ ကြီးကြီးမားမား အပြောင်းအလဲမလိုပေမယ့် ဘာနာဒို ဆေးလ်ဗားကို စိတ်ဝင်စားနေတဲ့ စပိန်၊ အီတလီ၊ ပြင်သစ် ထိပ်တန်းကလပ်တွေ များနေတာက ထိန်းသိမ်းဖို့ထက် ရောင်းချသွားရဖို့ ဖြစ်လာနိုင်စေပြီး ဒီနေရာကို ပြန်လည်အစားထိုးရမယ့် ရွှေ့ကွက်က စီးတီးတို့ရဲ့ ဦးစားပေး အစီအစဉ်နံပါတ် ၁ သို့မဟုတ် ၂ ဖြစ်လာနိုင်သလို သူအထွက် ဂရီးလစ်ရှ်အဝင်လည်း ဖြစ်လာနိုင်ပါတယ်။

ဂျေဆူးစ်နဲ့ စတာလင်ကို အလိုက်ပေးပြီး ဟာရီကိန်းကို ခေါ်ယူမယ့် အစီအစဉ်ဖြစ်လာမလားဆိုတာကတော့ စိတ်ဝင်စားစရာ အကောင်းဆုံးပဲ ဖြစ်နေပြီး အကောင်ကြီးကြီးတိုက်စစ်မှူးတွေနဲ့ စပိန်မှာ မအောင်မြင်ခဲ့ပေမယ့် ဂျာမနီမှာ လီဗန်ဒေါ့ဗ်စကီးက ပြန်ထည့်ပေးလိုက်တဲ့ ယုံကြည်မှုက အင်္ဂလန်ကပ္ပတိန်ကို ခေါ်ယူမှုနဲ့အတူ ဂွါဒီယိုလာရဲ့ ဂျပုတိုက်စစ်ကို တစ်ခေတ်ပြောင်းဖို့ ရှိလာနိုင်မှာပါ။

ဒီနောက်ပိုင်းမှာတော့ မာရက်ဇ်နဲ့ စတာလင်တို့ မရှိနိုင်တော့တဲ့ တောင်ပံတွေမှာ ဖယ်ရန် တောရက်စ်နဲ့တော့ မဖြစ်နိုင်သေးတာကြောင့် ဆန်ချို(ဒေါ့မွန်)၊ ကိုမွန်(ဘိုင်ယန်)နဲ့ ဒမ်ဘီလီ(ဘာဆာ)တို့လို ကစားသမားမျိုးကို မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်နဲ့အပြိုင် ကြိုးစားရနိုင်သလို တကယ်တမ်းမှာ အပြောင်းအလဲလုပ်ဖို့ဆိုရင် စီးတီးအတွက် တော်တော်လေး အလုပ်များဦးမှာဖြစ်ပါတယ်။

အသင်းပိုင်ရှင် ရှိတ်ခ်မန်ဆော်၊ ဥက္ကဌ အယ်လ်မူဘာရက်တို့ရဲ့ ငွေသုံးဖို့ ကတိပေးထားတဲ့ စီးတီးတို့အတွက် အခက်အကြုံရဆုံးဖြစ်နိုင်တဲ့ ကစားသမားခေါ်ယူမှုကတော့ တောင်ပံကစားသမားသစ် ရှာဖွေမှုပဲဖြစ်လာနိုင်ပြီး လောလောဆယ် ဥရောပ ဈေးကွက်မှာ အသင်းပြောင်းရွှေ့နိုင်သလို ခြေစွမ်းလည်း ကောင်းမွန်နေတဲ့သူမျိုးက လက်ချိုးရေလို့ရလောက်အောင်လည်း ဖြစ်နေခဲ့ပါတယ်။

ဒီကြားထဲမှာ အသင်းကနေ ကစားခွင့်နည်းပါးနေတဲ့ မန်ဒီနဲ့ လာပေါ့တ်တို့လို ကစားသမားတွေကို ထိန်းသိမ်းရမလား ရောင်းချရမလားဆိုတဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းရဦးမှာဖြစ်တာကြောင့် ပရိသတ်တွေအနေနဲ့ စီးတီးတို့ရဲ့ အဝင်အထွက် လုပ်ဆောင်မှုတွေကို မြင်ရနိုင်သလို လိုချင်တဲ့ ကစားသမားတွေ ရောက်လာရင် ဝမ်းမြောက်ရနိုင်ပေမယ့် နည်းပြ ဂွါဒီယိုလာ၊ အားကစားဒါရိုက်တာ ဘီဂီရီစတိန်းနဲ့ အမှုဆောင်ချုပ် ဆိုရီယာနိုတို့တော့ နွေရာသီဈေးကွက်မှာ ခေါင်းကိုက်ရဦးမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းရဲ႕ ဖီေလာ္ေဆာ္ဖီက်ရႈံးမႈမွာ ကိုယ့္အတြက္ အိတ္ထဲကလို႔ တြက္ထားတဲ့ ဖလားေပါင္းမ်ားစြာကို ၿပီးခဲ့တဲ့ ႏွစ္ေတြမွာ ဆုံးရႈံးေနခဲ့ရၿပီး နည္းျပ ဂြါဒီယိုလာရဲ႕ အမွားမကင္းသလို အသင္းရဲ႕ အင္အားမျပည့္စုံမႈကလည္း ၿပိဳင္ဘက္ေတြအတြက္ အခြင့္အေရးယူစရာ Loophole ေတြျဖစ္ခဲ့လို႔ ဒီေႏြရာသီမွာေတာ့ အသင္းကို ေငြသုံးၿပီး ျပင္ဆင္သြားရဖို႔ ရွိလာခဲ့ပါတယ္။

ခံစစ္ကို ေနာက္ပိုင္းႏွစ္ေတြမွာ အခိုင္အမာ တည္ေဆာက္ေနခဲ့တဲ့ ဂြါဒီယိုလာဟာ ပရီးမီးယားလိဂ္လို ကာလရွည္ကစားရတဲ့ အမွတ္ေပးပြဲမွာ မ်က္ႏွာပန္းလွခဲ့ေပမယ့္ သြင္းဂိုးတစ္ဂိုးက အႏိုင္အရႈံးနဲ႔ ဖလားရျခင္း မရျခင္းေတြကို ဆုံးျဖတ္ႏိုင္တဲ့ ပြဲေတြမွာေတာ့ ၿပိဳင္ပြဲက ထြက္ခဲ့ရတာမ်ိဳး ဖလား လက္လႊတ္ရတာမ်ိဳးျဖစ္ခဲ့ၿပီး သူတို႔ရဲ႕ ပုံေသဆန္လြန္းတဲ့ ကြင္းလယ္နဲ႔ တိုက္စစ္က ၿပိဳင္ဘက္ေတြ က်က္မိလာခဲ့တာပါ။

မန္စီးတီးဆိုရင္ ကိုယ့္ခံစစ္သာ ေကာင္းလို႔ကေတာ့ ဂိုးေရွ႕မွာ စုၿပဳံပိတ္ထားလိုက္ၿပီး ေကာင္တာေဆာ့ရင္ ႏိုင္ၿပီေဟ့လို႔ ေျပာႏိုင္ခဲ့တဲ့ Target Man မရွိတဲ့ တိုက္စစ္မွာ အေဂြ႐ို၊ ေဂ်ဆူးစ္တို႔ရဲ႕ ကိုယ္လုံးကိုယ္ထည္၊ မလိုအပ္ဘဲ ဂိုးေရွ႕မွာ ကိုယ္ေယာင္ေဖ်ာက္ထားမႈ၊ က်ဆင္းလာတဲ့ အဆုံးသတ္ပိုင္းေတြၾကားထဲမွာ ၄-၆-၀ ကိုပါ သုံးခ်ိန္မွာ ခ်ဲလ္ဆီးကို အရႈံးေပးခဲ့ရၿပီး တူဟယ္လ္လက္ထက္ သုံးပြဲစလုံးကို ရႈံးခဲ့ရတာက ဒီတိုင္းဆက္သြားလို႔ မရေတာ့ဘူးဆိုတာကို ျပလိုက္တာျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ ဖိုဒန္ ေျခစြမ္းျပႏိုင္ေပမယ့္ က်န္တဲ့ စီနီယာေတြ ဘာမွ မျဖစ္ႏိုင္ခဲ့တာက ေခတ္ေျပာင္းေတာ္လွန္ေရးလုပ္ဖို႔ ျဖစ္ေစခဲ့ၿပီး ဘယ္ျခမ္းက လိမ္လိုက္ျဖဳန္းလိုက္ စတာလင္နဲ႔ ညာျခမ္းက အသက္အ႐ြယ္ရလာတဲ့ မာရက္ဇ္တို႔ဟာ ေတာင္ပံေတြကို လႊဲအပ္ထားလို႔ မရေတာ့သလို ထြက္ခြာသြားတဲ့ ဆာေနးကို တမ္းတမိေစတာေၾကာင့္ သူတို႔ေတြကို ေရာင္းထုတ္ၿပီး အစားထိုးရေတာ့မယ္လို႔ ဆိုေနၾကပါတယ္။

ကြင္းလယ္မွာေတာ့ ႀကီးႀကီးမားမား အေျပာင္းအလဲမလိုေပမယ့္ ဘာနာဒို ေဆးလ္ဗားကို စိတ္ဝင္စားေနတဲ့ စပိန္၊ အီတလီ၊ ျပင္သစ္ ထိပ္တန္းကလပ္ေတြ မ်ားေနတာက ထိန္းသိမ္းဖို႔ထက္ ေရာင္းခ်သြားရဖို႔ ျဖစ္လာႏိုင္ေစၿပီး ဒီေနရာကို ျပန္လည္အစားထိုးရမယ့္ ေ႐ႊ႕ကြက္က စီးတီးတို႔ရဲ႕ ဦးစားေပး အစီအစဥ္နံပါတ္ ၁ သို႔မဟုတ္ ၂ ျဖစ္လာႏိုင္သလို သူအထြက္ ဂရီးလစ္ရွ္အဝင္လည္း ျဖစ္လာႏိုင္ပါတယ္။

ေဂ်ဆူးစ္နဲ႔ စတာလင္ကို အလိုက္ေပးၿပီး ဟာရီကိန္းကို ေခၚယူမယ့္ အစီအစဥ္ျဖစ္လာမလားဆိုတာကေတာ့ စိတ္ဝင္စားစရာ အေကာင္းဆုံးပဲ ျဖစ္ေနၿပီး အေကာင္ႀကီးႀကီးတိုက္စစ္မႉးေတြနဲ႔ စပိန္မွာ မေအာင္ျမင္ခဲ့ေပမယ့္ ဂ်ာမနီမွာ လီဗန္ေဒါ့ဗ္စကီးက ျပန္ထည့္ေပးလိုက္တဲ့ ယုံၾကည္မႈက အဂၤလန္ကပၸတိန္ကို ေခၚယူမႈနဲ႔အတူ ဂြါဒီယိုလာရဲ႕ ဂ်ပုတိုက္စစ္ကို တစ္ေခတ္ေျပာင္းဖို႔ ရွိလာႏိုင္မွာပါ။

ဒီေနာက္ပိုင္းမွာေတာ့ မာရက္ဇ္နဲ႔ စတာလင္တို႔ မရွိႏိုင္ေတာ့တဲ့ ေတာင္ပံေတြမွာ ဖယ္ရန္ ေတာရက္စ္နဲ႔ေတာ့ မျဖစ္ႏိုင္ေသးတာေၾကာင့္ ဆန္ခ်ိဳ(ေဒါ့မြန္)၊ ကိုမြန္(ဘိုင္ယန္)နဲ႔ ဒမ္ဘီလီ(ဘာဆာ)တို႔လို ကစားသမားမ်ိဳးကို ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္နဲ႔အၿပိဳင္ ႀကိဳးစားရႏိုင္သလို တကယ္တမ္းမွာ အေျပာင္းအလဲလုပ္ဖို႔ဆိုရင္ စီးတီးအတြက္ ေတာ္ေတာ္ေလး အလုပ္မ်ားဦးမွာျဖစ္ပါတယ္။

အသင္းပိုင္ရွင္ ရွိတ္ခ္မန္ေဆာ္၊ ဥကၠဌ အယ္လ္မူဘာရက္တို႔ရဲ႕ ေငြသုံးဖို႔ ကတိေပးထားတဲ့ စီးတီးတို႔အတြက္ အခက္အႀကဳံရဆုံးျဖစ္ႏိုင္တဲ့ ကစားသမားေခၚယူမႈကေတာ့ ေတာင္ပံကစားသမားသစ္ ရွာေဖြမႈပဲျဖစ္လာႏိုင္ၿပီး ေလာေလာဆယ္ ဥေရာပ ေဈးကြက္မွာ အသင္းေျပာင္းေ႐ႊ႕ႏိုင္သလို ေျခစြမ္းလည္း ေကာင္းမြန္ေနတဲ့သူမ်ိဳးက လက္ခ်ိဳးေရလို႔ရေလာက္ေအာင္လည္း ျဖစ္ေနခဲ့ပါတယ္။

ဒီၾကားထဲမွာ အသင္းကေန ကစားခြင့္နည္းပါးေနတဲ့ မန္ဒီနဲ႔ လာေပါ့တ္တို႔လို ကစားသမားေတြကို ထိန္းသိမ္းရမလား ေရာင္းခ်ရမလားဆိုတဲ့ ျပႆနာေတြကိုလည္း ေျဖရွင္းရဦးမွာျဖစ္တာေၾကာင့္ ပရိသတ္ေတြအေနနဲ႔ စီးတီးတို႔ရဲ႕ အဝင္အထြက္ လုပ္ေဆာင္မႈေတြကို ျမင္ရႏိုင္သလို လိုခ်င္တဲ့ ကစားသမားေတြ ေရာက္လာရင္ ဝမ္းေျမာက္ရႏိုင္ေပမယ့္ နည္းျပ ဂြါဒီယိုလာ၊ အားကစားဒါ႐ိုက္တာ ဘီဂီရီစတိန္းနဲ႔ အမႈေဆာင္ခ်ဳပ္ ဆိုရီယာႏိုတို႔ေတာ့ ေႏြရာသီေဈးကြက္မွာ ေခါင္းကိုက္ရဦးမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.