Premier League Transfer News

Buttery Effect မဟုတ်တဲ့ အန်ဆယ်လော့တီ Effect ကြောင့် EPL မှာ ဘာတွေမြင်ရနိုင်သလဲ

ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာသွားတဲ့ နည်းပြ ဇီနီဒန်း ဇီဒန်းရဲ့ နေရာမှာ အမြန်ဆုံး အစားထိုးခန့်အပ်မှု ပြုလုပ်ခဲ့ရာမှာ အသင်းကို ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ နည်းပြခဲ့ဖူးတဲ့ လက်ရှိ အဲဗာတန်နည်းပြ ကာလို အန်ဆယ်လော့တီနဲ့ အဆင်ပြေသွားခဲ့ပြီး အသင်းကို ဒုတိယအကြိမ် ကိုင်တွယ်ဖို့ ဖြစ်လာခဲ့ပါတယ်။

အန်ဆယ်လော့တီဟာ မီဂယ်လ် မူညော့ဇ်၊ လီယို ဘန်းဟက်ကာ၊ ဂျွန်တော့ရှက်ခ်၊ ဗီဆန်တေ ဒဲလ်ဘော့စကေး၊ ဇီနီဒန်း ဇီဒန်းတို့နောက်မှာ ရီးရဲလ်ကို နှစ်ကြိမ်တိုင်တိုင် ကိုင်တွယ်ခဲ့တဲ့ ဆဌမမြောက်နည်းပြဖြစ်လာခဲ့ပြီး ၁၉၇၄ ကနေ ၁၉၈၆ အတွင်း လေးကြိမ် ကိုင်တွယ်ထားတဲ့ လူးဝစ် မိုလိုနီကတော့ အကြိမ်ရေအများဆုံးအဖြစ် မှတ်တမ်းဝင်ထားခဲ့ပါတယ်။

ဘာနေဗျူးကို ရောက်သွားတဲ့ အန်ဆယ်လော့တီကြောင့် ပထမဆုံးအဖြစ် အာဆင်နယ်အသင်းအနေနဲ့ အကျိုးရှိနိုင်ပြီး ၂၀၁၃ ခုနှစ်တုန်းက မီဆွတ် အိုဇေးလ်ကို ခေါ်ယူခဲ့သလိုမျိုး ကလင်ဒါကျပဲ အီတလီသားနည်းပြကြီးရဲ့ ကစားကွက်နဲ့ အံဝင်နိုင်ခြေနည်းတဲ့ ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်ကို မူလက တင်းခံနေတဲ့ အနေအထားထက် လွယ်လွယ်ကူကူ ရရှိနိုင်မလား စောင့်ကြည့်ရဖို့ ရှိလာခဲ့ပါတယ်။

အင်္ဂလန်မှာတော့ လီဗာပူးလ်တို့ကို မျက်လုံးပြူးအောင်လုပ်နိုင်ခဲ့တဲ့ အဲဗာတန်တို့ အားလျော့သွားမှာဖြစ်ပြီး အန်းဖီးလ်က မာဆေးဆိုက်သားတွေအနေနဲ့ စိတ်သက်သာရာရစေခဲ့သလို ဂွတ်ဒီဆန်ပါ့ခ်က လူတွေကတော့ သူတို့အတွက် အရည်အသွေးမြင့်နည်းပြတစ်ဦးကို အစားထိုးသွားရတော့မှာပါ။

အီရန်သူဌေး ဖာရက် မိုရှီရီရဲ့ ငွေကြေးတွေနဲ့ ဥရောပအတွက် ရည်မှန်းချက်မြင့်မြင့်မားမား ထားလာခဲ့တဲ့ အဲဗာတန်အသင်းဟာ ရောဘတ်တို မာတီနက်ဇ်၊ ရော်နယ်လ် ကိုးမန်း၊ ဆမ်အလာဒိုက်စ်၊ မာကို ဆေးလ်ဗားနဲ့ အန်ဆယ်လော့တီတို့ကို ခန့်အပ်ခဲ့ပေမယ့် သူတို့တွေလက်ထက်မှာ ၂၀၁၃-၁၄ ရာသီက အဆင့် ၅ ကို တစ်ခါရောက်ဖူးတာကလွဲလို့ ကျန်တဲ့ ရာသီတွေမှာ အဆင့် ၇ ကနေ အဆင့် ၁၂ ကြား ကျင်လည်ခဲ့ရတာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒီရာထူးအတွက် ဝုလ်ဗ်စ်ကနေ ထွက်ခွာလာခဲ့တဲ့ နူနို ဆန်တိုနဲ့ နည်းပြဟောင်း ဒေးဗစ် မွိုက်စ်တို့က ရေပန်းစားနေပြီး အသင်းရဲ့ တိုက်စစ်မှူး ရစ်ချာလစ်ဆန်ကတော့ အန်ဆယ်လော့တီလည်း မရှိတော့သလို မအောင်မြင်ခဲ့တဲ့ အခြေအနေတွေကြောင့် ဂွတ်ဒီဆန်ပါ့ခ်ကနေ ထွက်ခွာဖို့ စိုင်းပြင်းနေတာလည်းဖြစ်ပါတယ်။

ဒါကြောင့် အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်ဆီအရွေ့ဟာ ပရီးမီးယားလိဂ်မှာတော့ ဘာတွေဖြစ်လာဦးမလဲ၊ အာဆင်နယ်နဲ့ လီဗာပူးလ်တို့ စိတ်ချမ်းသာရမလား၊ အဲဗာတန်တို့ လူမှန်နေရာမှန် ခန့်အပ်နိုင်မှာလား၊ ဒေးဗစ်မွိုက်စ်လည်း တစ်ကျော့ပြန် ရောက်လာဦးမလား၊ ဝက်စ်ဟမ်းတို့အတွက် နည်းပြ ဆုံးရှုံးရဦးမလားဆိုတာတွေကို Butterfly Effect မဟုတ်တဲ့ Ancelotti Effect နဲ့အတူ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရီးရဲလ္မက္ဒရစ္အသင္းကေန ထြက္ခြာသြားတဲ့ နည္းျပ ဇီနီဒန္း ဇီဒန္းရဲ႕ ေနရာမွာ အျမန္ဆုံး အစားထိုးခန႔္အပ္မႈ ျပဳလုပ္ခဲ့ရာမွာ အသင္းကို ၂၀၁၃ ခုႏွစ္ကေန ၂၀၁၅ ခုႏွစ္အထိ နည္းျပခဲ့ဖူးတဲ့ လက္ရွိ အဲဗာတန္နည္းျပ ကာလို အန္ဆယ္ေလာ့တီနဲ႔ အဆင္ေျပသြားခဲ့ၿပီး အသင္းကို ဒုတိယအႀကိမ္ ကိုင္တြယ္ဖို႔ ျဖစ္လာခဲ့ပါတယ္။

အန္ဆယ္ေလာ့တီဟာ မီဂယ္လ္ မူေညာ့ဇ္၊ လီယို ဘန္းဟက္ကာ၊ ဂြၽန္ေတာ့ရွက္ခ္၊ ဗီဆန္ေတ ဒဲလ္ေဘာ့စေကး၊ ဇီနီဒန္း ဇီဒန္းတို႔ေနာက္မွာ ရီးရဲလ္ကို ႏွစ္ႀကိမ္တိုင္တိုင္ ကိုင္တြယ္ခဲ့တဲ့ ဆဌမေျမာက္နည္းျပျဖစ္လာခဲ့ၿပီး ၁၉၇၄ ကေန ၁၉၈၆ အတြင္း ေလးႀကိမ္ ကိုင္တြယ္ထားတဲ့ လူးဝစ္ မိုလိုနီကေတာ့ အႀကိမ္ေရအမ်ားဆုံးအျဖစ္ မွတ္တမ္းဝင္ထားခဲ့ပါတယ္။

ဘာေနဗ်ဴးကို ေရာက္သြားတဲ့ အန္ဆယ္ေလာ့တီေၾကာင့္ ပထမဆုံးအျဖစ္ အာဆင္နယ္အသင္းအေနနဲ႔ အက်ိဳးရွိႏိုင္ၿပီး ၂၀၁၃ ခုႏွစ္တုန္းက မီဆြတ္ အိုေဇးလ္ကို ေခၚယူခဲ့သလိုမ်ိဳး ကလင္ဒါက်ပဲ အီတလီသားနည္းျပႀကီးရဲ႕ ကစားကြက္နဲ႔ အံဝင္ႏိုင္ေျခနည္းတဲ့ ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္ကို မူလက တင္းခံေနတဲ့ အေနအထားထက္ လြယ္လြယ္ကူကူ ရရွိႏိုင္မလား ေစာင့္ၾကည့္ရဖို႔ ရွိလာခဲ့ပါတယ္။

အဂၤလန္မွာေတာ့ လီဗာပူးလ္တို႔ကို မ်က္လုံးျပဴးေအာင္လုပ္ႏိုင္ခဲ့တဲ့ အဲဗာတန္တို႔ အားေလ်ာ့သြားမွာျဖစ္ၿပီး အန္းဖီးလ္က မာေဆးဆိုက္သားေတြအေနနဲ႔ စိတ္သက္သာရာရေစခဲ့သလို ဂြတ္ဒီဆန္ပါ့ခ္က လူေတြကေတာ့ သူတို႔အတြက္ အရည္အေသြးျမင့္နည္းျပတစ္ဦးကို အစားထိုးသြားရေတာ့မွာပါ။

အီရန္သူေဌး ဖာရက္ မိုရွီရီရဲ႕ ေငြေၾကးေတြနဲ႔ ဥေရာပအတြက္ ရည္မွန္းခ်က္ျမင့္ျမင့္မားမား ထားလာခဲ့တဲ့ အဲဗာတန္အသင္းဟာ ေရာဘတ္တို မာတီနက္ဇ္၊ ေရာ္နယ္လ္ ကိုးမန္း၊ ဆမ္အလာဒိုက္စ္၊ မာကို ေဆးလ္ဗားနဲ႔ အန္ဆယ္ေလာ့တီတို႔ကို ခန႔္အပ္ခဲ့ေပမယ့္ သူတို႔ေတြလက္ထက္မွာ ၂၀၁၃-၁၄ ရာသီက အဆင့္ ၅ ကို တစ္ခါေရာက္ဖူးတာကလြဲလို႔ က်န္တဲ့ ရာသီေတြမွာ အဆင့္ ၇ ကေန အဆင့္ ၁၂ ၾကား က်င္လည္ခဲ့ရတာလည္းျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ဒီရာထူးအတြက္ ဝုလ္ဗ္စ္ကေန ထြက္ခြာလာခဲ့တဲ့ ႏူႏို ဆန္တိုနဲ႔ နည္းျပေဟာင္း ေဒးဗစ္ မြိဳက္စ္တို႔က ေရပန္းစားေနၿပီး အသင္းရဲ႕ တိုက္စစ္မႉး ရစ္ခ်ာလစ္ဆန္ကေတာ့ အန္ဆယ္ေလာ့တီလည္း မရွိေတာ့သလို မေအာင္ျမင္ခဲ့တဲ့ အေျခအေနေတြေၾကာင့္ ဂြတ္ဒီဆန္ပါ့ခ္ကေန ထြက္ခြာဖို႔ စိုင္းျပင္းေနတာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္ အန္ဆယ္ေလာ့တီရဲ႕ ရီးရဲလ္မက္ဒရစ္ဆီအေ႐ြ႕ဟာ ပရီးမီးယားလိဂ္မွာေတာ့ ဘာေတြျဖစ္လာဦးမလဲ၊ အာဆင္နယ္နဲ႔ လီဗာပူးလ္တို႔ စိတ္ခ်မ္းသာရမလား၊ အဲဗာတန္တို႔ လူမွန္ေနရာမွန္ ခန႔္အပ္ႏိုင္မွာလား၊ ေဒးဗစ္မြိဳက္စ္လည္း တစ္ေက်ာ့ျပန္ ေရာက္လာဦးမလား၊ ဝက္စ္ဟမ္းတို႔အတြက္ နည္းျပ ဆုံးရႈံးရဦးမလားဆိုတာေတြကို Butterfly Effect မဟုတ္တဲ့ Ancelotti Effect နဲ႔အတူ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.