La Liga Ligue1 Serie A Transfer News UCL&UEL

နေမာမပါ ရော်နယ်လ်ဒို ဦးဆောင်တဲ့ ကမ္ဘာ့ဈေးအကြီးဆုံး တိုက်စစ်မှူး ၅ ဦး

ဘောလုံးလောကရဲ့ ရှုမြင်ပုံတွေက ဘယ်လိုပဲပြောင်းသွားပါစေ၊ တိုက်စစ်မှူးတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍက ဘယ်တော့မှ မှေးမှိန်မသွားခဲ့တာကို တွေ့ရမှာဖြစ်တယ်။ တကယ်တမ်းမှာတော့ ဘောလုံးမှာ ဂိုးသွင်းဖို့ဆိုတာ အခက်ဆုံးအလုပ်လို့ ပြောကြတာကို သတိထားမိကြမှာပါ။

တိုက်စစ်မှူးတွေကတော့ လူတကာက အခက်ဆုံးဆိုတဲ့အလုပ်ကို အလွယ်ဆုံးလို့ ထင်ရအောင် လုပ်ပြနိုင်သူတွေလည်း ဖြစ်တယ်။ ဒီလိုတိုက်စစ်မှူးတွေထဲက ဘရာဇီးလ်သားရော်နယ်လ်ဒို နာဇာရီယိုနဲ့ ပြင်သစ်သား သီယာရီ အွန်နရီတို့ရဲ့ အဆုံးသတ်ပုံပိရိသေသပ်နဲ့အတူ မှော်ဆန်လှတဲ့ ခြေထောက်တွေက ဘောလုံးကမ္ဘာကို တခေတ်ဆန်းစေခဲ့တယ်။

ဗီယာရီ၊ ဒရော့ဘာတို့လို အထောင်တိုက်စစ်မှူးစစ်စစ်တွေကနေတဆင့် တော့တီ၊ မက်ဆီတို့လို False Nine ဆန်ဆန် တိုက်စစ်မှူးတွေဟာလည်း အဟောင်းတွေကနေ အသစ်ပြန်လည်လာသလို ဘောလုံးရသကို တဆစ်ချိုးစေခဲ့တဲ့အဖြစ်ဟာ ကမ္ဘာ့စျေးအကြီးဆုံး အပြောင်းအရွှေ့ ၂၀ အတွင်း ၈ဦးမှာ တိုက်စစ်မှူးတွေကသာ နေရာယူထားတာကို တွေ့ရမှာပါ။ ဒီ ၅ ဦးစာရင်းမှာတော့ အထောင်တိုက်စစ်မှှူးစစ်စစ် မဟုတ်တဲ့ နေမာကိုတော့ ချန်လှပ်ထားခဲ့ပါတယ်။

၅။ ဂွန်ဇာလို ဟီဂွာအင်
ဇာတိမြေအာဂျင်တီးနားကနေ ရီးရဲလ်မက်ဒရစ်မှာ ကျင်လည်ပြီး ၆ နှစ်တာကစားပြီးတဲ့နောက် နာပိုလီကို ပြောင်းရွှေ့ခဲ့တယ်။ သူ့ကစားသမားဘဝရဲ့ ဘုန်းမီးနေလ အတောက်ပဆုံးအချိန်တွေ ဖြစ်ခဲ့ပြီး ဂျုဗင်တပ်စ်ရဲ့ စင်တော်ကောက်ခံခြင်းခံခဲ့ရချိန်မှာ ယူရိုသန်း ၉၀ တန် အပြောင်းအရွှေ့ဖြစ်ခဲ့ပြီး အိုးလေဒီတို့အတွက် ၁၄၉ ပွဲကစား၊ ၆၆ ဂိုးသွင်းယူခဲ့သလို စီးရီးအေရွှေဖိနပ်ဆုရှင်လည်း ​ဖြစ်ခဲ့သူပါ။

၄။ ခရစ္စတီယာနို ရော်နယ်လ်ဒို
ပေါ်တူဂီ GOAT ကတော့ ကမ္ဘာ့စျေးအကြီးဆုံးအပြောင်းအရွှေ့ထဲက ၂ ခုကို စံချိန်တင်ခဲ့သူဖြစ်ပြီး ယူနိုက်တက်ကနေ တော်ဝင်ရီးရဲလ်ဆီ ယူရို ၉၄ သန်းနဲ့ တကြိမ်၊ ရီးရဲလ်ကနေ ဂျူဗင်တပ်စ်ဆီ ယူရို ၁၁၇ သန်းနဲ့ ဒုတိယအကြိမ် စံချိန်တင်ပြောင်းရွှေ့မှု ဖြစ်ခဲ့တယ်။ တူရင်ကလပ်အတွက် ၁၀၁ ဂိုးသွင်းယူပြီးဖြစ်တဲ့ ၃၆ နှစ်သားဟာ ပူပူနွေးနွေး စီးရီးအေရွှေဖိနပ်ဆုရှင်လည်းဖြစ်ပါတယ်။

၃။ အွန်ထွာ ဂရိဇ်မန်း
ကတ်တလန်မြို့ခံ ခါးသီးပြိုင်ဘက် အေတီကိုအသင်းကနေ ဘာစီလိုနာဆီ ယူရိုသန်း ၁၂၀ တန်ကြေးနဲ့ အပြောင်းအရွှေ့စံချိန်ရှင်ဖြစ်ခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူးဟာတော့ လွဲမှားတဲ့ ခေါ်ယူမှုအဖြစ် သမုတ်ခံထားရပြီး မှန်းချက်နဲ့ နှမ်းထွက်က တခြားစီပဲလို့ ဆိုချိန်မှာ ၂၀၁၉ ခုနှစ်ကတည်းက လက်ရှိအချိန်ထိ ဘာစီလိုနာမှာ ၃၅ ဂိုးသာ သွင်းယူနိုင်ထားတယ်။

၂။ ဂျာအို ဖဲလစ္စ
ဂရိဇ်မန်းနေရာအစားထိုးဖို့ အေတီကိုအသင်းက ပြောင်းရွှေ့ကြေး ၁၂၇.၇ သန်းနဲ့ ခေါ်ယူခဲ့ချိန်မှာ လက်ရှိမှာ အသင်းက လာလီဂါချန်ပီယံဖြစ်ခဲ့လို့ သူ့အတွက် ရင်းနှီးမြှုပ်နှံမှုက ထိုက်တန်ခဲ့တယ်လို့ ဆိုရမလားဆိုတာက အနည်းငယ်တော့ ခေါင်းကိုက်သွားစေနိုင်တယ်။

တီကိုအသင်းအတွက် ၇၆ ပွဲကစားကာ ၁၉ ဂိုးသာသွင်းနိုင်သေးတာကို ၉ ဂိုးသာဖန်တီးပေးထားနိုင်မှုက ၂၁ နှစ်သားအတွက် လုံလောက်ရဲ့လားဆိုတာတော့ မေးခွန်းတွေ ရှိနေဆဲပေမယ့် ပေါ်တူဂီနဲ့ ယူရိုပြိုင်ပွဲမှာ သူ့​ခြေစွမ်းကို သက်သေပြနိုင်ဦးမယ်လို့ သတ်မှတ်ခံထားရတယ်။

၁။ ခိုင်လျန် အမ်ဘာပေ
၂၀၁၇ မှာ မိုနာကိုအသင်းကနေ ​ပြင်သစ်သူဌေးအသင်းကြီးဖြစ်တဲ့ PSG ကို ယူရို ၁၄၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ အမ်ဘာပေဟာ ၂၁ ရာစုရဲ့ မက်ဆီလက်သစ်အဖြစ် မြှောက်စားထားခံရမှုဟာ နေမာပြီးရင် ကမ္ဘာ့စျေးအကြီးဆုံး နံပါတ် ၂ ကစားသမားဖြစ်လာစေခဲ့တယ်။ ရီးရဲလ်နဲ့ အပြိုင်လုရချိန်မှာ PSG က လက်ဥိီးနိုင်ခဲ့တာဖြစ်ပြီး ပြင်သစ်လီဂူးမှာ ဂိုး ၁၀၀ ပြည့်သွားခဲ့တဲ့ ၂၂ နှစ်သားရဲ့ ထွန်းလင်းလာမှုက ဆက်လက်အရသာတွေ့ရဦးမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဘာလုံးေလာကရဲ႕ ရႈျမင္ပုံေတြက ဘယ္လိုပဲေျပာင္းသြားပါေစ၊ တိုက္စစ္မႉးေတြရဲ႕ အေရးပါတဲ့ အခန္းက႑က ဘယ္ေတာ့မွ ေမွးမွိန္မသြားခဲ့တာကို ေတြ႕ရမွာျဖစ္တယ္။ တကယ္တမ္းမွာေတာ့ ေဘာလုံးမွာ ဂိုးသြင္းဖို႔ဆိုတာ အခက္ဆုံးအလုပ္လို႔ ေျပာၾကတာကို သတိထားမိၾကမွာပါ။

တိုက္စစ္မႉးေတြကေတာ့ လူတကာက အခက္ဆုံးဆိုတဲ့အလုပ္ကို အလြယ္ဆုံးလို႔ ထင္ရေအာင္ လုပ္ျပႏိုင္သူေတြလည္း ျဖစ္တယ္။ ဒီလိုတိုက္စစ္မႉးေတြထဲက ဘရာဇီးလ္သားေရာ္နယ္လ္ဒို နာဇာရီယိုနဲ႔ ျပင္သစ္သား သီယာရီ အြန္နရီတို႔ရဲ႕ အဆုံးသတ္ပုံပိရိေသသပ္နဲ႔အတူ ေမွာ္ဆန္လွတဲ့ ေျခေထာက္ေတြက ေဘာလုံးကမာၻကို တေခတ္ဆန္းေစခဲ့တယ္။

ဗီယာရီ၊ ဒေရာ့ဘာတို႔လို အေထာင္တိုက္စစ္မႉးစစ္စစ္ေတြကေနတဆင့္ ေတာ့တီ၊ မက္ဆီတို႔လို False Nine ဆန္ဆန္ တိုက္စစ္မႉးေတြဟာလည္း အေဟာင္းေတြကေန အသစ္ျပန္လည္လာသလို ေဘာလုံးရသကို တဆစ္ခ်ိဳးေစခဲ့တဲ့အျဖစ္ဟာ ကမာၻ႔ေစ်းအႀကီးဆုံး အေျပာင္းအေ႐ႊ႕ ၂၀ အတြင္း ၈ဦးမွာ တိုက္စစ္မႉးေတြကသာ ေနရာယူထားတာကို ေတြ႕ရမွာပါ။ ဒီ ၅ ဦးစာရင္းမွာေတာ့ အေထာင္တိုက္စစ္မွႉးစစ္စစ္ မဟုတ္တဲ့ ေနမာကိုေတာ့ ခ်န္လွပ္ထားခဲ့ပါတယ္။

၅။ ဂြန္ဇာလို ဟီဂြာအင္
ဇာတိေျမ အာဂ်င္တီးနားကေန ရီးရဲလ္မက္ဒရစ္မွာ က်င္လည္ၿပီး ၆ ႏွစ္တာကစားၿပီးတဲ့ေနာက္ နာပိုလီကို ေျပာင္းေ႐ႊ႕ခဲ့တယ္။ သူ႔ကစားသမားဘဝရဲ႕ ဘုန္းမီးေနလ အေတာက္ပဆုံးအခ်ိန္ေတြ ျဖစ္ခဲ့ၿပီး ဂ်ဳဗင္တပ္စ္ရဲ႕ စင္ေတာ္ေကာက္ခံျခင္းခံခဲ့ရခ်ိန္မွာ ယူ႐ိုသန္း ၉၀ တန္ အေျပာင္းအေ႐ႊ႕ျဖစ္ခဲ့ၿပီး အိုးေလဒီတို႔အတြက္ ၁၄၉ ပြဲကစား၊ ၆၆ ဂိုးသြင္းယူခဲ့သလို စီးရီးေအေ႐ႊဖိနပ္ဆုရွင္လည္း ​ျဖစ္ခဲ့သူပါ။

၄။ ခရစၥတီယာႏို ေရာ္နယ္လ္ဒို
ေပၚတူဂီ GOAT ကေတာ့ ကမာၻ႔ေစ်းအႀကီးဆုံးအေျပာင္းအေ႐ႊ႕ထဲက ၂ ခုကို စံခ်ိန္တင္ခဲ့သူျဖစ္ၿပီး ယူႏိုက္တက္ကေန ေတာ္ဝင္ရီးရဲလ္ဆီ ယူ႐ို ၉၄ သန္းနဲ႔ တႀကိမ္၊ ရီးရဲလ္ကေန ဂ်ဴဗင္တပ္စ္ဆီ ယူ႐ို ၁၁၇ သန္းနဲ႔ ဒုတိယအႀကိမ္ စံခ်ိန္တင္ေျပာင္းေ႐ႊ႕မႈ ျဖစ္ခဲ့တယ္။ တူရင္ကလပ္အတြက္ ၁၀၁ ဂိုးသြင္းယူၿပီးျဖစ္တဲ့ ၃၆ ႏွစ္သားဟာ ပူပူေႏြးေႏြး စီးရီးေအေ႐ႊဖိနပ္ဆုရွင္လည္းျဖစ္ပါတယ္။

၃။ အြန္ထြာ ဂရိဇ္မန္း
ကတ္တလန္ၿမိဳ႕ခံ ခါးသီးၿပိဳင္ဘက္ ေအတီကိုအသင္းကေန ဘာစီလိုနာဆီ ယူ႐ိုသန္း ၁၂၀ တန္ေၾကးနဲ႔ အေျပာင္းအေ႐ႊ႕စံခ်ိန္ရွင္ျဖစ္ခဲ့တဲ့ ျပင္သစ္တိုက္စစ္မႉးဟာေတာ့ လြဲမွားတဲ့ ေခၚယူမႈအျဖစ္ သမုတ္ခံထားရၿပီး မွန္းခ်က္နဲ႔ ႏွမ္းထြက္က တျခားစီပဲလို႔ ဆိုခ်ိန္မွာ ၂၀၁၉ ခုႏွစ္ကတည္းက လက္ရွိအခ်ိန္ထိ ဘာစီလိုနာမွာ ၃၅ ဂိုးသာ သြင္းယူႏိုင္ထားတယ္။

၂။ ဂ်ာအို ဖဲလစၥ
ဂရိဇ္မန္းေနရာအစားထိုးဖို႔ ေအတီကိုအသင္းက ေျပာင္းေ႐ႊ႕ေၾကး ၁၂၇.၇ သန္းနဲ႔ ေခၚယူခဲ့ခ်ိန္မွာ လက္ရွိမွာ အသင္းက လာလီဂါခ်န္ပီယံျဖစ္ခဲ့လို႔ သူ႔အတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈက ထိုက္တန္ခဲ့တယ္လို႔ ဆိုရမလားဆိုတာက အနည္းငယ္ေတာ့ ေခါင္းကိုက္သြားေစႏိုင္တယ္။

တီကိုအသင္းအတြက္ ၇၆ ပြဲကစားကာ ၁၉ ဂိုးသာသြင္းႏိုင္ေသးတာကို ၉ ဂိုးသာဖန္တီးေပးထားႏိုင္မႈက ၂၁ ႏွစ္သားအတြက္ လုံေလာက္ရဲ႕လားဆိုတာေတာ့ ေမးခြန္းေတြ ရွိေနဆဲေပမယ့္ ေပၚတူဂီနဲ႔ ယူ႐ိုၿပိဳင္ပြဲမွာ သူ႔​ေျခစြမ္းကို သက္ေသျပႏိုင္ဦးမယ္လို႔ သတ္မွတ္ခံထားရတယ္။

၁။ ခိုင္လ်န္ အမ္ဘာေပ
၂၀၁၇ မွာ မိုနာကိုအသင္းကေန ​ျပင္သစ္သူေဌးအသင္းႀကီးျဖစ္တဲ့ PSG ကို ယူ႐ို ၁၄၅ သန္းနဲ႔ ေရာက္ရွိလာခဲ့တဲ့ အမ္ဘာေပဟာ ၂၁ ရာစုရဲ႕ မက္ဆီလက္သစ္အျဖစ္ ေျမႇာက္စားထားခံရမႈဟာ ေနမာၿပီးရင္ ကမာၻ႔ေစ်းအႀကီးဆုံး နံပါတ္ ၂ ကစားသမားျဖစ္လာေစခဲ့တယ္။ ရီးရဲလ္နဲ႔ အၿပိဳင္လုရခ်ိန္မွာ PSG က လက္ဥိီးႏိုင္ခဲ့တာျဖစ္ၿပီး ျပင္သစ္လီဂူးမွာ ဂိုး ၁၀၀ ျပည့္သြားခဲ့တဲ့ ၂၂ ႏွစ္သားရဲ႕ ထြန္းလင္းလာမႈက ဆက္လက္အရသာေတြ႕ရဦးမွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.