Premier League

ကျွန်တော်တို့ဟာ စက်ရုပ်တွေ မဟုတ်ဘူး လူတွေဆိုတာ မေ့နေကြတယ်လို့ ပေါက်ကွဲလိုက်တဲ့ လီဗန်ဒေါ့စကီး

ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဗန်ဒေါ့ဗ်စကီးဟာ ပြည့်သိပ်ကျပ်ညပ်လွန်းနေတဲ့ ပွဲစဉ်ဇယားတွေကို ဝေဖန်သွားခဲ့ပြီး “ဘောလုံးသမားတွေဟာ စက်ရုပ်တွေမဟုတ်ဘူး၊ လူတွေပဲဆိုတာ လူတွေကမေ့နေကြတယ်လို့” ပြင်းပြင်းထန်ထန် ပေါက်ကွဲသွားခဲ့ကြောင်း သိရပါတယ်။

ဥရောပရဲ့ဘောလုံးပွဲစဉ်ဇယားဟာ လာမယ့်ရာသီပိုင်း အနည်းငယ်အတွင်းမှာ အရပ်စကားနဲ့ပြောရရင် ငါးပိသိပ် ငါးချဉ်သိပ်သလို ကစားသွားကြရတော့မှာဖြစ်ပြီး လာမယ့်ရာသီအပြီးမှာ ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ၂၀၂၂၊ ၂၀၂၄ မှာ စတင်ကစားဖို့ အသစ်ပြင်ဆင်လိုက်တဲ့ ချန်ပီယံလိဂ်ဖလားရဲ့ ပွဲပေါင်း ၁၀၀ ကျော်ရေးဆွဲမှုဟာ ပိုလန်သားကို အကြီးအကျယ်ဒေါသထွက်စေခဲ့တာပါ။

လာမယ့် ယူရိုပြိုင်ပွဲမှာ ပိုလန်အသင်းနဲ့အတူ ဝင်ကစားမယ့် လီဗန်ဒေါ့ဗ်စကီးက ဘောလုံးပွဲတွေ သိပ်ကျပ်လွန်းတာဟာ ကစားသမားတွေရော ပရိသတ်တွေအတွက်ပါ ဝန်ထုပ်ဝန်ပိုးများလွန်းကြောင်း ဒါဟာ ဘောလုံးပွဲတွေရဲ့ အရည်အသွေးပိုင်းကိုပါ ကျဆင်းသွားစေလိမ့်လို့လည်း သတိပေးသွားခဲ့ပါသေးတယ်။

“ဘောလုံးသမားတွေက လူတွေဗျ။ စက်ရုပ်တွေမဟုတ်ဘူး။ အမြဲတမ်း ပွဲတိုင်းလိုလိုမှာ အမြင့်ဆုံးစွမ်းဆောင်ရည် ပြသနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဘောလုံးပွဲတွေ အဲ့လောက်များလွန်းနေတာဟာ အဓိကပြဿနာပါ။ လာမယ့် ၂ နှစ်အတွင်းမှာ အခုထက်ကို နှစ်ဆတိုး ထပ်ဆိုးရွားလာပါဦးမယ် ”

“ဒါဟာ လူငယ်တွေအတွက်ရော ဘောလုံးသမားတွေအတွက်ပါ အရမ်းခက်ခဲလွန်းပါတယ်။ လာမယ့် ၁ နှစ် ၂ နှစ်အကြောင်းကို ကျွန်တော်က ပြောနေပေမယ့် နောက် ၅ နှစ်၊ ၁၀ နှစ်အထိ ခင်ဗျားတို့ ကြိုမြင်ထားဖို့ လိုပါတယ်”

“ပရိသတ်တွေဘက်ကကြည့်ရင် ပွဲတွေ များလွန်းလာတာနဲ့အမျှ သူတို့အတွက်လည်း သိပ်ငြီးငွေ့စရာကောင်းသွားလိမ့်မယ်။ ပျင်းစရာသိပ်ကောင်းသွားနိုင်တယ်။ ဥပမာ ကမ္ဘာ့ဖလားလို ၄ နှစ်တခါ ကျင်းပရင် လူတွေက လည်ပင်းရှည်အောင် မျှော်ရတယ်”

“အဲ့လိုစောင့်ပြီး ပွဲကြည့်ရတာကိုက သိပ်စိတ်လှုပ်ရှားစရာကောင်းစေတယ် မဟုတ်လား။ ဒါဆိုရင်တော့ ခင်ဗျားမှာ ပွဲတပွဲကို မျှော်လင့်ချင်စိတ် မရှိတော့ရင် အဲဒီပွဲက ဘာအရသာမှ ရှိတော့မှာ မဟုတ်ဘူး”လို့ ဘောလုံးလောကရဲ့ အလွဲကို ထောက်ပြခဲ့လိုက်ပြီး ဘိုင်ယန်မြူးနစ်နဲ့အတူ ဘွန်ဒက်လီဂါမှာ ၄၁ ဂိုးသွင်းပြီး ချန်ပီယံဖြစ်ခဲ့တဲ့ ဂတ်မူလာရဲ့ တစ်ရာသီတွင်းဂိုးအများဆုံးစံချိန်ကို ရိုက်ချိုးနိုင်ခဲ့တဲ့ ပိုလန်ဂိုးသွင်းဘုရင်က ဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘိုင္ယန္ျမဴးနစ္ တိုက္စစ္မႉး လီဗန္ေဒါ့ဗ္စကီးဟာ ျပည့္သိပ္က်ပ္ညပ္လြန္းေနတဲ့ ပြဲစဥ္ဇယားေတြကို ေဝဖန္သြားခဲ့ၿပီး “ေဘာလုံးသမားေတြဟာ စက္႐ုပ္ေတြမဟုတ္ဘူး၊ လူေတြပဲဆိုတာ လူေတြကေမ့ေနၾကတယ္လို႔” ျပင္းျပင္းထန္ထန္ ေပါက္ကြဲသြားခဲ့ေၾကာင္း သိရပါတယ္။

ဥေရာပရဲ႕ေဘာလုံးပြဲစဥ္ဇယားဟာ လာမယ့္ရာသီပိုင္း အနည္းငယ္အတြင္းမွာ အရပ္စကားနဲ႔ေျပာရရင္ ငါးပိသိပ္ ငါးခ်ဥ္သိပ္သလို ကစားသြားၾကရေတာ့မွာျဖစ္ၿပီး လာမယ့္ရာသီအၿပီးမွာ ကာတာမွာ က်င္းပမယ့္ ကမာၻ႔ဖလား ၂၀၂၂၊ ၂၀၂၄ မွာ စတင္ကစားဖို႔ အသစ္ျပင္ဆင္လိုက္တဲ့ ခ်န္ပီယံလိဂ္ဖလားရဲ႕ ပြဲေပါင္း ၁၀၀ ေက်ာ္ေရးဆြဲမႈဟာ ပိုလန္သားကို အႀကီးအက်ယ္ေဒါသထြက္ေစခဲ့တာပါ။

လာမယ့္ ယူ႐ိုၿပိဳင္ပြဲမွာ ပိုလန္အသင္းနဲ႔အတူ ဝင္ကစားမယ့္ လီဗန္ေဒါ့ဗ္စကီးက ေဘာလုံးပြဲေတြ သိပ္က်ပ္လြန္းတာဟာ ကစားသမားေတြေရာ ပရိသတ္ေတြအတြက္ပါ ဝန္ထုပ္ဝန္ပိုးမ်ားလြန္းေၾကာင္း ဒါဟာ ေဘာလုံးပြဲေတြရဲ႕ အရည္အေသြးပိုင္းကိုပါ က်ဆင္းသြားေစလိမ့္လို႔လည္း သတိေပးသြားခဲ့ပါေသးတယ္။

“ေဘာလုံးသမားေတြက လူေတြဗ်။ စက္႐ုပ္ေတြမဟုတ္ဘူး။ အၿမဲတမ္း ပြဲတိုင္းလိုလိုမွာ အျမင့္ဆုံးစြမ္းေဆာင္ရည္ ျပသႏိုင္ဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး။ ေဘာလုံးပြဲေတြ အဲ့ေလာက္မ်ားလြန္းေနတာဟာ အဓိကျပႆနာပါ။ လာမယ့္ ၂ ႏွစ္အတြင္းမွာ အခုထက္ကို ႏွစ္ဆတိုး ထပ္ဆိုး႐ြားလာပါဦးမယ္ ”

“ဒါဟာ လူငယ္ေတြအတြက္ေရာ ေဘာလုံးသမားေတြအတြက္ပါ အရမ္းခက္ခဲလြန္းပါတယ္။ လာမယ့္ ၁ ႏွစ္ ၂ ႏွစ္အေၾကာင္းကို ကြၽန္ေတာ္က ေျပာေနေပမယ့္ ေနာက္ ၅ ႏွစ္၊ ၁၀ ႏွစ္အထိ ခင္ဗ်ားတို႔ ႀကိဳျမင္ထားဖို႔ လိုပါတယ္”

“ပရိသတ္ေတြဘက္ကၾကည့္ရင္ ပြဲေတြ မ်ားလြန္းလာတာနဲ႔အမွ် သူတို႔အတြက္လည္း သိပ္ၿငီးေငြ႕စရာေကာင္းသြားလိမ့္မယ္။ ပ်င္းစရာသိပ္ေကာင္းသြားႏိုင္တယ္။ ဥပမာ ကမာၻ႔ဖလားလို ၄ ႏွစ္တခါ က်င္းပရင္ လူေတြက လည္ပင္းရွည္ေအာင္ ေမွ်ာ္ရတယ္”

“အဲ့လိုေစာင့္ၿပီး ပြဲၾကည့္ရတာကိုက သိပ္စိတ္လႈပ္ရွားစရာေကာင္းေစတယ္ မဟုတ္လား။ ဒါဆိုရင္ေတာ့ ခင္ဗ်ားမွာ ပြဲတပြဲကို ေမွ်ာ္လင့္ခ်င္စိတ္ မရွိေတာ့ရင္ အဲဒီပြဲက ဘာအရသာမွ ရွိေတာ့မွာ မဟုတ္ဘူး”လို႔ ေဘာလုံးေလာကရဲ႕ အလြဲကို ေထာက္ျပခဲ့လိုက္ၿပီး ဘိုင္ယန္ျမဴးနစ္နဲ႔အတူ ဘြန္ဒက္လီဂါမွာ ၄၁ ဂိုးသြင္းၿပီး ခ်န္ပီယံျဖစ္ခဲ့တဲ့ ဂတ္မူလာရဲ႕ တစ္ရာသီတြင္းဂိုးအမ်ားဆုံးစံခ်ိန္ကို ႐ိုက္ခ်ိဳးႏိုင္ခဲ့တဲ့ ပိုလန္ဂိုးသြင္းဘုရင္က ဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.