Premier League

2 Jun နေ့လည်ခင်း နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်လိုနေတဲ့ ချယ်လ်ဆီးအသင်းပိုင်ရှင်အေဘရာမိုဗစ်ချ်ဟာ တရာသီ ၂၅ ဂိုး သွင်းနိုင်မယ့် တိုက်စစ်မှူးစစ်စစ်ကို ရှာဖွေနေချိန်မှာ အသင်းသားဟောင်း လူကာကူကို မျက်စိနေကျတယ်လို့ သိရပြီး အပြောင်းအရွှေ့အမြန်ဆုံးပြီးစီးဖို့ သူကိုယ်တိုင်ဝင်ရောက်လှုပ်ရှားနေ။

The Athletic ကလာတဲ့သတင်းအရ ချယ်လ်ဆီးအသင်းဟာ သီယာဂို ဆေးလ်ဗားနေရာမှာ ရေရှည်အစားထိုးနိုင်ဖို့အတွက် ဗီလာရီးရဲလ် ဗဟိုခံစစ်မှူးပေါလ် တောရက်စ်ကို ဒီနွေမှာ ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သိရပြီး ဆီဗီလားအသင်းရဲ့ ဂျူးခေါင်ဒေနဲ့ ဝုဖ်ဘတ်ကြယ်ပွင့် Maxence Lacroix တို့ကိုလည်း စကားပြောဆိုမှုတွေပြုလုပ်ထား။

PSG အသင်းရဲ့ အားကစား ဒါရိုက်တာလီယိုနာဒိုက သောမတ်စ် တူဟယ်လ်ကို နည်းပြရာထူးကို ထုတ်ပယ်ခဲ့ခြင်းနဲ့ သီယာဂို ဆေးလ်ဗားကို အလွတ်ထွက်ခွာခွင့်ပေးခဲ့ခြင်းကို နောင်တရစရာအကြောင်းမရှိဘူးလို့ တုံ့ပြန်သွားခဲ့ပြီး သူတို့နှစ်ဦးရဲ့ ချန်ပီယံလိဂ်အောင်​မြင်မှုအတွက် မုဒိတာပွားနေကြောင်းသိရ။

ခိုင်ဟာဗတ်ဇ်ရဲ့ အကောင်းဆုံးကစားပုံနေရာကို ချယ်လ်ဆီးဂန္ထဝင်တိုက်စစ်မှူးကြီးဂျီယန်ဖရန်ကို ဇိုလာက ထောက်ပြသွားခဲ့ပြီး ဂျာမန်ကွင်းလယ်ဖန်တီးရှင်ဟာ တူဟယ်လ်ရဲ့ ကစားကွက်မှာ ရှေ့တန်း ၃ ဦးရဲ့ အလယ်ဗဟိုမှာ နေရာချထားခံရခြင်း ချယ်လ်ဆီးအသင်းကို ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ပန်းဝင်စေခဲ့တဲ့ လျှို့ဝှက်ချက်လို့ ထုတ်ဖော်သွား။

ချယ်လ်ဆီးကွင်းလယ်လူဟောင်းဆက်စ် ဖာဘရီဂတ်စ်ရဲ့ သုံးသပ်မှုမှာ နှစ်ခြိုက်ဖွယ်ရာ သိပ်စွမ်းတဲ့ကစားသမားအဖြစ် ချီးကျူးခံထားတဲ့ ဘီလီ ဂီးလ်မိုးလ်ကို နယူးကာဆယ်အသင်းက အငှားခေါ်ယူလိုနေကြောင်းသိရပြီး ချယ်လ်ဆီးအသင်းအနေနဲ့ ယူရိုပြိုင်ပွဲအပြီးမှသာ သူ့အနာဂတ်သစ်ကို ဆုံးဖြတ်သွားဖွယ်ရှိနေ။

စပါးစ်တိုက်စစ်မှူးဟာရီကိန်းဟာ မြို့ခံပြိုင်ဘက်အသင်းက အင်္ဂလန်အသင်းဖော်ဟောင်းဖြစ်တဲ့ မေဆန်မောင့်ရဲ့ ခြေစွမ်းကို အထူးတလည် နှစ်နှစ်ကာကာရှိကြောင်း ချီးကျူးသွားခဲ့ပြီး သူဟာ ဘောလုံးဦးနှောက်သိပ်ကောင်းတဲ့ ကစားသမားဖြစ်တဲ့အပြင် အလုပ်အရမ်း​​ကြိုးစားတဲ့သူလို့ တိုတိုတုတ်တုတ်ပြောသွားခဲ့။

ဂျူဗင်တပ်စ်ကြယ်ပွင့် မက်ကင်နီက ချန်ပီယံလိဂ်ဖလားကို ပူပူနွေးနွေး ကိုင်မြှောက်ထားတဲ့ ကပ္ပတိန်အမေရိကကြီးအဖြစ် တင်စားခံနေရသူ ပူလီရှစ်ချ်ရဲ့ စူပါပါဝါကြောင့် အမေရိကန်လက်ရွေးစင်အသင်းဟာ နိုင်လိုစိတ်ပြင်းပြပြီး ကွန်ကာကပ်ဖ်နေရှင်းလိဂ်ကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ခိုင်မာစွာ ယုံကြည်နေ။

ပရီးမီးယားလိဂ်ရဲ့ တနှစ်တာအကောင်းဆုံးလူငယ်ကစားသမားစာရင်းမှာ ချယ်လ်ဆီးကွင်းလယ်လူမေဆန်မောင့် ရွေးချယ်ခံခဲ့ရပြီး သူဟာ ပရီးမီးယားလိဂ်ရဲ့ တနှစ်အကောင်းဆုံးကစားသမားစာရင်းမှာပါ ဆန်ခါတင်ပါဝင်နေတယ်လို့ သိရသလို ဖီးလ်ဖိုဒင်၊ ရူဘင် ဒီယာ့စ်နဲ့ ရက်ရှ်ဖို့ဒ်တို့ကို ကျော်ဖြတ်ဆွတ်ခူးသွားဖို့ အလားအလာအကောင်းဆုံးဖြစ်နေ။

ပြီးခဲ့တဲ့လက စတမ်းဖို့ဒ်ဘရစ်ချ်ပွဲစဥ်အတွင်း ခိုက်ရန်ဖြစ်ပွားခဲ့ကြတဲ့ ချယ်လ်ဆီးနဲ့ လက်စတာ ၂ သင်းစလုံးကို FA က ပေါင် ၂၂၅၀ဝ စီ ဒဏ်တပ်ခဲ့ပြီး ဘန်ချေးလ်ဝဲလ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ ရီကာဒို ပါရဲရားရဲ့ဖြစ်ရပ်ကနေ ရူဒီဂါဝင်ပါခဲ့တာကစလို့ နှစ်ဖက်အသင်း ကစားသမားတွေနဲ့ ဝန်ထမ်းတွေအထိ အပြန်အလှန် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ခြင်းဖြစ်။

ရီးရဲလ်မက်ဒရစ်အသင်းကို ပေါင်သန်း ၁၃၀ နဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ဟာဇက်ဟာ စတမ်းဖို့ဒ်မြေဆီ အိမ်ပြန်လာချင်နေတယ်လို့ သိရပေမယ့် လုပ်အားနှုန်းကို အဓိကထားပြီး နေရာတနေရာပေးဖို့ ဆုံးဖြတ်တတ်တဲ့ ချယ်လ်ဆီးနည်းပြတူဟယ်လ်ရဲ့ လူရွေးချယ်မှုကြောင့် ဘယ်လ်ဂျီယံသားရဲ့ အိမ်ပြန်ခရီးဟာ လှပလာနိုင်ဖွယ် မရှိကြောင်း သတိပေးခံထားရ။

ပြင်သစ်နည်းပြဒေးရွှမ့်က အန်ဂိုလို ကွန်တေ ရွှေဘောလုံးဆုရဖို့ မဖြစ်နိုင်သလောက် အခွင့်အရေးနည်းပါးကြောင်း ပြောသွားခဲ့ပြီး ဘောလုံးလောကမှာ ဂိုးမသွင်းတဲ့ ကစားသမားတွေက ဒီဆုကို သိမ်းပိုက်နေတဲ့ အလေ့အထကြောင့် ၂၀၀၆ ခုနှစ်က ကန်နာဗားရိုးနဲ့ ၁၉၉၆ ခုနှစ်က မာသီးယက်စ် ဆမ်းမားတို့ ရွှေဘောလုံးဆုရှင်ဖြစ်ခဲ့သလိုမျိုး အလားတူအနေအထားဟာ ကွန်တေအတွက် ခဲယဥ်းကြောင်း သုံးသပ်သွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လာမယ့္ရာသီမွာ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚလိုေနတဲ့ ခ်ယ္လ္ဆီးအသင္းပိုင္ရွင္ေအဘရာမိုဗစ္ခ်္ဟာ တရာသီ ၂၅ ဂိုး သြင္းႏိုင္မယ့္ တိုက္စစ္မႉးစစ္စစ္ကို ရွာေဖြေနခ်ိန္မွာ အသင္းသားေဟာင္း လူကာကူကို မ်က္စိေနက်တယ္လို႔ သိရၿပီး အေျပာင္းအေ႐ႊ႕အျမန္ဆုံးၿပီးစီးဖို႔ သူကိုယ္တိုင္ဝင္ေရာက္လႈပ္ရွားေန။

The Athletic ကလာတဲ့သတင္းအရ ခ်ယ္လ္ဆီးအသင္းဟာ သီယာဂို ေဆးလ္ဗားေနရာမွာ ေရရွည္အစားထိုးႏိုင္ဖို႔အတြက္ ဗီလာရီးရဲလ္ ဗဟိုခံစစ္မႉးေပါလ္ ေတာရက္စ္ကို ဒီေႏြမွာ ေခၚယူဖို႔ ခ်ိတ္ဆက္ေနတယ္လို႔ သိရၿပီး ဆီဗီလားအသင္းရဲ႕ ဂ်ဴးေခါင္ေဒနဲ႔ ဝုဖ္ဘတ္ၾကယ္ပြင့္ Maxence Lacroix တို႔ကိုလည္း စကားေျပာဆိုမႈေတြျပဳလုပ္ထား။

PSG အသင္းရဲ႕ အားကစား ဒါ႐ိုက္တာလီယိုနာဒိုက ေသာမတ္စ္ တူဟယ္လ္ကို နည္းျပရာထူးကို ထုတ္ပယ္ခဲ့ျခင္းနဲ႔ သီယာဂို ေဆးလ္ဗားကို အလြတ္ထြက္ခြာခြင့္ေပးခဲ့ျခင္းကို ေနာင္တရစရာအေၾကာင္းမရွိဘူးလို႔ တုံ႔ျပန္သြားခဲ့ၿပီး သူတို႔ႏွစ္ဦးရဲ႕ ခ်န္ပီယံလိဂ္ေအာင္​ျမင္မႈအတြက္ မုဒိတာပြားေနေၾကာင္းသိရ။

ခိုင္ဟာဗတ္ဇ္ရဲ႕ အေကာင္းဆုံးကစားပုံေနရာကို ခ်ယ္လ္ဆီးဂႏၴဝင္တိုက္စစ္မႉးႀကီးဂ်ီယန္ဖရန္ကို ဇိုလာက ေထာက္ျပသြားခဲ့ၿပီး ဂ်ာမန္ကြင္းလယ္ဖန္တီးရွင္ဟာ တူဟယ္လ္ရဲ႕ ကစားကြက္မွာ ေရွ႕တန္း ၃ ဦးရဲ႕ အလယ္ဗဟိုမွာ ေနရာခ်ထားခံရျခင္း ခ်ယ္လ္ဆီးအသင္းကို ခ်န္ပီယံလိဂ္ခ်န္ပီယံအျဖစ္ ပန္းဝင္ေစခဲ့တဲ့ လွ်ိဳ႕ဝွက္ခ်က္လို႔ ထုတ္ေဖာ္သြား။

ခ်ယ္လ္ဆီးကြင္းလယ္လူေဟာင္းဆက္စ္ ဖာဘရီဂတ္စ္ရဲ႕ သုံးသပ္မႈမွာ ႏွစ္ၿခိဳက္ဖြယ္ရာ သိပ္စြမ္းတဲ့ကစားသမားအျဖစ္ ခ်ီးက်ဴးခံထားတဲ့ ဘီလီ ဂီးလ္မိုးလ္ကို နယူးကာဆယ္အသင္းက အငွားေခၚယူလိုေနေၾကာင္းသိရၿပီး ခ်ယ္လ္ဆီးအသင္းအေနနဲ႔ ယူ႐ိုၿပိဳင္ပြဲအၿပီးမွသာ သူ႔အနာဂတ္သစ္ကို ဆုံးျဖတ္သြားဖြယ္ရွိေန။

စပါးစ္တိုက္စစ္မႉးဟာရီကိန္းဟာ ၿမိဳ႕ခံၿပိဳင္ဘက္အသင္းက အဂၤလန္အသင္းေဖာ္ေဟာင္းျဖစ္တဲ့ ေမဆန္ေမာင့္ရဲ႕ ေျခစြမ္းကို အထူးတလည္ ႏွစ္ႏွစ္ကာကာရွိေၾကာင္း ခ်ီးက်ဴးသြားခဲ့ၿပီး သူဟာ ေဘာလုံးဦးေႏွာက္သိပ္ေကာင္းတဲ့ ကစားသမားျဖစ္တဲ့အျပင္ အလုပ္အရမ္း​​ႀကိဳးစားတဲ့သူလို႔ တိုတိုတုတ္တုတ္ေျပာသြားခဲ့။

ဂ်ဴဗင္တပ္စ္ၾကယ္ပြင့္ မက္ကင္နီက ခ်န္ပီယံလိဂ္ဖလားကို ပူပူေႏြးေႏြး ကိုင္ေျမႇာက္ထားတဲ့ ကပၸတိန္အေမရိကႀကီးအျဖစ္ တင္စားခံေနရသူ ပူလီရွစ္ခ်္ရဲ႕ စူပါပါဝါေၾကာင့္ အေမရိကန္လက္ေ႐ြးစင္အသင္းဟာ ႏိုင္လိုစိတ္ျပင္းျပၿပီး ကြန္ကာကပ္ဖ္ေနရွင္းလိဂ္ကို ေက်ာ္ျဖတ္ႏိုင္လိမ့္မယ္လို႔ ခိုင္မာစြာ ယုံၾကည္ေန။

ပရီးမီးယားလိဂ္ရဲ႕ တႏွစ္တာအေကာင္းဆုံးလူငယ္ကစားသမားစာရင္းမွာ ခ်ယ္လ္ဆီးကြင္းလယ္လူေမဆန္ေမာင့္ ေ႐ြးခ်ယ္ခံခဲ့ရၿပီး သူဟာ ပရီးမီးယားလိဂ္ရဲ႕ တႏွစ္အေကာင္းဆုံးကစားသမားစာရင္းမွာပါ ဆန္ခါတင္ပါဝင္ေနတယ္လို႔ သိရသလို ဖီးလ္ဖိုဒင္၊ ႐ူဘင္ ဒီယာ့စ္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ကို ေက်ာ္ျဖတ္ဆြတ္ခူးသြားဖို႔ အလားအလာအေကာင္းဆုံးျဖစ္ေန။

ၿပီးခဲ့တဲ့လက စတမ္းဖို႔ဒ္ဘရစ္ခ်္ပြဲစဥ္အတြင္း ခိုက္ရန္ျဖစ္ပြားခဲ့ၾကတဲ့ ခ်ယ္လ္ဆီးနဲ႔ လက္စတာ ၂ သင္းစလုံးကို FA က ေပါင္ ၂၂၅၀ဝ စီ ဒဏ္တပ္ခဲ့ၿပီး ဘန္ေခ်းလ္ဝဲလ္ကို ျပစ္ဒဏ္က်ဴးလြန္ခဲ့တဲ့ ရီကာဒို ပါရဲရားရဲ႕ျဖစ္ရပ္ကေန ႐ူဒီဂါဝင္ပါခဲ့တာကစလို႔ ႏွစ္ဖက္အသင္း ကစားသမားေတြနဲ႔ ဝန္ထမ္းေတြအထိ အျပန္အလွန္ ႐ုန္းရင္းဆန္ခတ္ျဖစ္ပြားခဲ့ျခင္းျဖစ္။

ရီးရဲလ္မက္ဒရစ္အသင္းကို ေပါင္သန္း ၁၃၀ နဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ ဟာဇက္ဟာ စတမ္းဖို႔ဒ္ေျမဆီ အိမ္ျပန္လာခ်င္ေနတယ္လို႔ သိရေပမယ့္ လုပ္အားႏႈန္းကို အဓိကထားၿပီး ေနရာတေနရာေပးဖို႔ ဆုံးျဖတ္တတ္တဲ့ ခ်ယ္လ္ဆီးနည္းျပတူဟယ္လ္ရဲ႕ လူေ႐ြးခ်ယ္မႈေၾကာင့္ ဘယ္လ္ဂ်ီယံသားရဲ႕ အိမ္ျပန္ခရီးဟာ လွပလာႏိုင္ဖြယ္ မရွိေၾကာင္း သတိေပးခံထားရ။

ျပင္သစ္နည္းျပေဒး႐ႊမ့္က အန္ဂိုလို ကြန္ေတ ေ႐ႊေဘာလုံးဆုရဖို႔ မျဖစ္ႏိုင္သေလာက္ အခြင့္အေရးနည္းပါးေၾကာင္း ေျပာသြားခဲ့ၿပီး ေဘာလုံးေလာကမွာ ဂိုးမသြင္းတဲ့ ကစားသမားေတြက ဒီဆုကို သိမ္းပိုက္ေနတဲ့ အေလ့အထေၾကာင့္ ၂၀၀၆ ခုႏွစ္က ကန္နာဗား႐ိုးနဲ႔ ၁၉၉၆ ခုႏွစ္က မာသီးယက္စ္ ဆမ္းမားတို႔ ေ႐ႊေဘာလုံးဆုရွင္ျဖစ္ခဲ့သလိုမ်ိဳး အလားတူအေနအထားဟာ ကြန္ေတအတြက္ ခဲယဥ္းေၾကာင္း သုံးသပ္သြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.