Premier League Transfer News

2 Jun နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ခံစစ်ပိုင်းအတွက် အတွေ့အကြုံနုသေးတဲ့ ဆီဗီလာနောက်ခံလူ ဂျူးလ် ကွန်ဒီကို ခေါ်ယူမယ့်အစား ဘောလုံးပေးပို့ပုံ ကောင်းမွန်ပြီး အဆင်သင့်သုံးလို့ရနိုင်တဲ့ နာပိုလီနောက်ခံလူ ခါလီဒူး ကူလီဘေလီကို ပေါင် ၄၃ သန်းနဲ့ ခေါ်ယူဖို့ရှိလာ။

– ပြီးခဲ့တဲ့ နွေရာသီကတည်းက ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားခဲ့တဲ့ ဒေါ့မွန်တောင်ပံကစားသမား ဂျေဒန် ဆန်ချိုအနေနဲ့ လက်ရှိမှာလည်း မန်ချက်စတာယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေဆဲဖြစ်ပြီး ဆွေးနွေးမှုတွေမှာ ကျေနပ်စရာဖြစ်ခဲ့သလို ကလပ်အသင်းချင်းပဲ တေ့တေ့ဆိုင်ဆိုင် စကားပြောရဖွယ်ရှိနေ။

– ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ သူတို့ရဲ့ နောက်ခံလူ ရာဖေးလ် ဗာရွန်းကို ယူရိုသန်း ၆၀ ရရှိရင် ရောင်းချပေးသွားဖို့ မီးစိမ်းပြလိုက်ပြီဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပြင်သစ်သားရဲ့ လက်ရှိလုပ်ခနှစ်ဆဖြစ်တဲ့ ပေါင်နှစ်သိန်း ပေးချေသွားဖို့ စီစဉ်နေ။

– ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို ဆက်လက်ထိန်းသိမ်းထားလိုတဲ့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ခေါ်ယူရာမှာ တခြားကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဒွန်နီ ဗန်ဒဘိခ်နဲ့ အလဲအထပ်လုပ်သွားဖို့ စဉ်းစားနေပြီး ဒတ်ချ်ကွင်းလယ်လူအနေနဲ့ သူ့ရဲ့အသင်းဖော်ဟောင်း မက်သစ် ဒီလစ်ချ်နဲ့ ပြန်လည်ပူးပေါင်းနိုင်ဖို့ ခန့်မှန်းနေကြ။

– အေစီမီလန်အသင်းရဲ့ အလွတ်နဲ့ ထွက်ခွာမယ့် ကစားသမားတစ်ဦးဖြစ်တဲ့ ကွင်းလယ်လူ ဟာကန် ချယ်လ်ဟာနိုးလူးကို ယူနိုက်တက်တို့ စောင့်ကြည့်နေပြီး ဂျူဗင်တပ်စ်အသင်းကလည်း အလိုရှိနေခဲ့တဲ့ တူရကီလက်ရွေးစင် ဖရီးကစ် စပယ်ရှယ်လစ်ကို ချိတ်ဆက်စုံစမ်းထား။

– ယူရိုပါလိဂ်ဖိုင်နယ်ကို လွဲချော်ခဲ့ရပြီး အသင်းအတွက် ဆုဖလားတစ်လုံးကို မရနိုင်ခဲ့တဲ့ အဓိက အကြောင်းရင်းတစ်ရပ်ဖြစ်ခဲ့တဲ့ ဒဏ်ရာရ အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားအနေနဲ့ ဒဏ်ရာအခြေအနေ တိုးတက်ကောင်းမွန်နေပြီး အင်္ဂလန်အသင်းနဲ့အတူ ယူရို ၂၀၂၁ ပွဲစဉ်တွေကို ပါဝင်ကစားနိုင်ဖို့ ပစ်မှတ်ထားနေ။

– မန်ချက်စတာယူနိုက်တက်အသင်းဘက်က အလိုရှိနေတဲ့ ပေါင် ၂၅ သန်းကို ပေးချေလိုခြင်းမရှိပေမယ့် ဝက်စ်ဟမ်းအသင်းအနေနဲ့ ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ်အတွက် ထပ်မံဆွေးနွေးသွားဖို့ ရှိနေပြီး ယူရိုပြိုင်ပွဲဝင် အင်္ဂလန်လူစာရင်းနဲ့ လွဲချော်ခဲ့ပေမယ့် အသက် ၂၈ နှစ်သားကို နည်းပြ ဒေးဗစ်မွိုက်စ်နဲ့ တာဝန်ရှိသူတွေက ခေါ်ယူဖို့ တတ်စွမ်းသမျှ ကြိုးစားဖွယ်ရှိနေ။

– အင်တာမီလန်အသင်းကို ရောင်းချထားခဲ့တဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူးအတွက် ယူနိုက်တက်တို့အနေနဲ့ နောက်ထပ်ပြောင်းရွှေ့မှုက ခံစားခွင့်အပြင် ၁၀ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိရှိနိုင်တဲ့ သဘောတူညီမှုကို ထည့်သွင်းထားတယ်လို့ ခန့်မှန်းနေကြပြီး နွေမှာ ဘယ်လ်ဂျီယမ်သားအနေနဲ့ အသင်းပြောင်းရွှေ့ဖြစ်ခဲ့ရင် ပေါင် ၇ သန်းနဲ့အထက် ရရှိနိုင်။

– မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချဲလ်ဆီးအသင်းရဲ့ ရည်မှန်းချက်တွေနဲ့ အောင်မြင်မှုဆီ သွားရာလမ်းဟာ မတူညီတာကြောင့် သူတို့အနေနဲ့ လန်ဒန်ကလပ်က ဖရန့် လမ်းပတ်ကို ထုတ်ပယ်ခဲ့သလို အပြုအမူမျိုးကို လုပ်မှာမဟုတ်ဘဲ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားကို အိုးလ်ထရက်ဖို့ဒ်မှာ ဆက်လက်ထိန်းသိမ်းသွားဖို့ပဲရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ခံစစ္ပိုင္းအတြက္ အေတြ႕အႀကဳံႏုေသးတဲ့ ဆီဗီလာေနာက္ခံလူ ဂ်ဴးလ္ ကြန္ဒီကို ေခၚယူမယ့္အစား ေဘာလုံးေပးပို႔ပုံ ေကာင္းမြန္ၿပီး အဆင္သင့္သုံးလို႔ရႏိုင္တဲ့ နာပိုလီေနာက္ခံလူ ခါလီဒူး ကူလီေဘလီကို ေပါင္ ၄၃ သန္းနဲ႔ ေခၚယူဖို႔ရွိလာ။

– ၿပီးခဲ့တဲ့ ေႏြရာသီကတည္းက ပုဂၢိဳလ္ေရးသေဘာတူညီမႈ ရရွိထားခဲ့တဲ့ ေဒါ့မြန္ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ိဳအေနနဲ႔ လက္ရွိမွာလည္း မန္ခ်က္စတာယူႏိုက္တက္ဆီ ေျပာင္းေ႐ႊ႕ဖို႔ ဆႏၵရွိေနဆဲျဖစ္ၿပီး ေဆြးေႏြးမႈေတြမွာ ေက်နပ္စရာျဖစ္ခဲ့သလို ကလပ္အသင္းခ်င္းပဲ ေတ့ေတ့ဆိုင္ဆိုင္ စကားေျပာရဖြယ္ရွိေန။

– ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ေနာက္ခံလူ ရာေဖးလ္ ဗာ႐ြန္းကို ယူ႐ိုသန္း ၆၀ ရရွိရင္ ေရာင္းခ်ေပးသြားဖို႔ မီးစိမ္းျပလိုက္ၿပီျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ျပင္သစ္သားရဲ႕ လက္ရွိလုပ္ခႏွစ္ဆျဖစ္တဲ့ ေပါင္ႏွစ္သိန္း ေပးေခ်သြားဖို႔ စီစဥ္ေန။

– ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို ဆက္လက္ထိန္းသိမ္းထားလိုတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ေခၚယူရာမွာ တျခားကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ဒြန္နီ ဗန္ဒဘိခ္နဲ႔ အလဲအထပ္လုပ္သြားဖို႔ စဥ္းစားေနၿပီး ဒတ္ခ်္ကြင္းလယ္လူအေနနဲ႔ သူ႔ရဲ႕အသင္းေဖာ္ေဟာင္း မက္သစ္ ဒီလစ္ခ်္နဲ႔ ျပန္လည္ပူးေပါင္းႏိုင္ဖို႔ ခန႔္မွန္းေနၾက။

– ေအစီမီလန္အသင္းရဲ႕ အလြတ္နဲ႔ ထြက္ခြာမယ့္ ကစားသမားတစ္ဦးျဖစ္တဲ့ ကြင္းလယ္လူ ဟာကန္ ခ်ယ္လ္ဟာႏိုးလူးကို ယူႏိုက္တက္တို႔ ေစာင့္ၾကည့္ေနၿပီး ဂ်ဴဗင္တပ္စ္အသင္းကလည္း အလိုရွိေနခဲ့တဲ့ တူရကီလက္ေ႐ြးစင္ ဖရီးကစ္ စပယ္ရွယ္လစ္ကို ခ်ိတ္ဆက္စုံစမ္းထား။

– ယူ႐ိုပါလိဂ္ဖိုင္နယ္ကို လြဲေခ်ာ္ခဲ့ရၿပီး အသင္းအတြက္ ဆုဖလားတစ္လုံးကို မရႏိုင္ခဲ့တဲ့ အဓိက အေၾကာင္းရင္းတစ္ရပ္ျဖစ္ခဲ့တဲ့ ဒဏ္ရာရ အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားအေနနဲ႔ ဒဏ္ရာအေျခအေန တိုးတက္ေကာင္းမြန္ေနၿပီး အဂၤလန္အသင္းနဲ႔အတူ ယူ႐ို ၂၀၂၁ ပြဲစဥ္ေတြကို ပါဝင္ကစားႏိုင္ဖို႔ ပစ္မွတ္ထားေန။

– မန္ခ်က္စတာယူႏိုက္တက္အသင္းဘက္က အလိုရွိေနတဲ့ ေပါင္ ၂၅ သန္းကို ေပးေခ်လိုျခင္းမရွိေပမယ့္ ဝက္စ္ဟမ္းအသင္းအေနနဲ႔ ကြင္းလယ္လူ ဂ်က္ဆီ လင္ဂတ္အတြက္ ထပ္မံေဆြးေႏြးသြားဖို႔ ရွိေနၿပီး ယူ႐ိုၿပိဳင္ပြဲဝင္ အဂၤလန္လူစာရင္းနဲ႔ လြဲေခ်ာ္ခဲ့ေပမယ့္ အသက္ ၂၈ ႏွစ္သားကို နည္းျပ ေဒးဗစ္မြိဳက္စ္နဲ႔ တာဝန္ရွိသူေတြက ေခၚယူဖို႔ တတ္စြမ္းသမွ် ႀကိဳးစားဖြယ္ရွိေန။

– အင္တာမီလန္အသင္းကို ေရာင္းခ်ထားခဲ့တဲ့ တိုက္စစ္မႉး ႐ိုမီလူ လူကာကူးအတြက္ ယူႏိုက္တက္တို႔အေနနဲ႔ ေနာက္ထပ္ေျပာင္းေ႐ႊ႕မႈက ခံစားခြင့္အျပင္ ၁၀ ရာခိုင္ႏႈန္းကေန ၂၅ ရာခိုင္ႏႈန္းအထိရွိႏိုင္တဲ့ သေဘာတူညီမႈကို ထည့္သြင္းထားတယ္လို႔ ခန႔္မွန္းေနၾကၿပီး ေႏြမွာ ဘယ္လ္ဂ်ီယမ္သားအေနနဲ႔ အသင္းေျပာင္းေ႐ႊ႕ျဖစ္ခဲ့ရင္ ေပါင္ ၇ သန္းနဲ႔အထက္ ရရွိႏိုင္။

– မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ခ်ဲလ္ဆီးအသင္းရဲ႕ ရည္မွန္းခ်က္ေတြနဲ႔ ေအာင္ျမင္မႈဆီ သြားရာလမ္းဟာ မတူညီတာေၾကာင့္ သူတို႔အေနနဲ႔ လန္ဒန္ကလပ္က ဖရန႔္ လမ္းပတ္ကို ထုတ္ပယ္ခဲ့သလို အျပဳအမူမ်ိဳးကို လုပ္မွာမဟုတ္ဘဲ နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားကို အိုးလ္ထရက္ဖို႔ဒ္မွာ ဆက္လက္ထိန္းသိမ္းသြားဖို႔ပဲရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT OWNERS
SPORTS A2Z.