Premier League Transfer News

2 Jun နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– နောက်ဆုံးသတင်းတွေအရ ကွင်းလယ်လူ ဂရာနစ် ချာကာအတွက် ယူရို ၁၅ သန်းနဲ့ ကမ်းလှမ်းခဲ့တာကို ပယ်ချခံခဲ့ရတဲ့ ရိုးမားအသင်းအနေနဲ့ သူတို့ရဲ့ ကစားသမားနှစ်ဦးဖြစ်တဲ့ အာမာဒူ ဒီယာဝါရာနဲ့ ဆန်ဂျစ် အွန်ဒါတို့ နှစ်ဦးထဲက အာဆင်နယ်တို့ ကြိုက်တဲ့တစ်ဦးနဲ့ အလိုက်ပေးပြီး လဲလှယ်ဖို့ စီစဉ်လာ။

– ဒီနေ့မှာ အားကစားခုံရုံးဆီ ပွဲပယ်ခံရမှုနဲ့ ပတ်သက်ပြီး ကြားနာဖို့ရှိတဲ့ အိုင်းယက်စ် ဂိုးသမား အန်ဒရီ အိုနာနာရဲ့ အခြေအနေကို အာဆင်နယ်တို့ အကဲခတ်နေပြီး အခြေအနေကောင်းတာနဲ့ ဖေဖော်ဝါရီကစပြီး တစ်နှစ်ပွဲပယ်ခံထားရတဲ့ ကင်းမရွန်းသားကို ခေါ်ယူဖို့ ချိတ်ဆက်နေ။

– အာဆင်နယ်အသင်းအနေနဲ့ ပေါင်သန်း ၃၀ ကနေ ၄၀ ကြားကျသင့်နိုင်တဲ့ ဘရိုက်တန်ကွင်းလယ်လူ အိဗ်စ် ဘီဆူးမားကို ခေါ်ယူဖို့ထက် ပိုမိုဈေးသက်သာနိုင်တဲ့ အသက် ၁၈ နှစ်အရွယ် ကွင်းလယ်လူ ဆမ်ဘီ လိုကွန်ဂါကို အန်ဒါလက်ချ်အသင်းကနေ ခေါ်ယူသွားဖို့ရှိနေ။

– ဇီနီဒန်း ဇီဒန်းထွက်ခွာသွားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြသစ် တစ်ကျော့ပြန်ဖြစ်လာခဲ့တဲ့ အီတလီသားကြီး ကာလို အန်ဆယ်လော့တီကြောင့် အာဆင်နယ်တို့ ကံကောင်းနိုင်ပြီး သူ့စိတ်ကြိုက်ကစားသမားမျိုး မဟုတ်တဲ့ မာတင် အော်ဒီဂွါဒ်ကို မူလသတ်မှတ်မှုထက် သက်သာတဲ့ ဈေးနဲ့ ရရှိနိုင်။

– အာဆင်နယ်အသင်းအနေနဲ့ တန်းဆင်း ရှက်ဖီးလ်ဒ်ယူနိုက်တက်ဘက်က ပေါင် ၃၅ သန်း ဈေးနှုန်း သတ်မှတ်ထားတဲ့ ကွင်းလယ်လူ ဆန်ဒါ ဘာဂါကို ခေါ်ယူဖို့ လက်လျှော့ရဖွယ်ရှိနေပြီး အပြောင်းအရွှေ့တွေကို ကိုင်တွယ်ရာမှာ ပါးနပ်မှုမရှိဘူးလို့ ဝေဖန်ခံနေရတဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ ဘလိတ်ဒ်တွေကို အောင်မြင်အောင် မစည်းရုံးနိုင်ခဲ့ဘူးလို့ သိရ။

– အာဆင်နယ်အသင်းနဲ့ သတင်းတွေ ထွက်နေပေမယ့် ပရိသတ်အတော်များများကတော့ တကယ်တမ်း အကောင်အထည်ပေါ်နိုင်မယ်လို့ ယုံကြည်ခြင်းမရှိတဲ့ မန်စီးတီးတောင်ပံကစားသမား ရာဟင်းမ် စတာလင်အတွက် ပေးချေရမယ့် ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ အထက်နဲ့ တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းတို့က အတားအဆီးကြီးကြီးမားမား ဖြစ်ဖွယ်ရှိနေ။

– အသင်းခေါင်းဆောင်လက်ပတ်နဲ့ ငိုခဲ့လို့ ဆိုးရွားတဲ့ အမှတ်တရနဲ့တွဲပြီး လူတွေ မှတ်မိနေတဲ့ နောက်ခံလူဟောင်း ဝီလီယမ် ဂါးလက်စ်က အာဆင်နယ်အသင်းတာဝန်ရှိသူတွေအနေနဲ့ နည်းပြ မီခယ်လ် အာတီတာကို ခန့်အပ်ရာမှာ အလောတကြီးနဲ့ အမှားလုပ်ခဲ့ပြီး အသင်းတစ်သင်းကို နည်းပြအဖြစ် မကိုင်တွယ်ဖူးသေးတဲ့သူကို ဒီရာထူးပေးလိုက်တဲ့အတွက် ရုန်းကန်ခဲ့ရတာဖြစ်တယ်လို့ ဝေဖန်။

– ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ တံခါးဖွင့်ထားခဲ့တဲ့ ရှက်ခ်တာဒိုးနက်စ်ခ် တောင်ပံကစားသမား မေနာ ဆော်လမွန်ရဲ့ အေးဂျင့်ဖြစ်သူ ပီနီ ဇာဟာဗီနဲ့ အီဒူးတို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ ဝန်းကျင် ကျသင့်နိုင်တယ်လို့ ခန့်မှန်းနေကြ။

– ဘရိုက်တန်အသင်းကနေ အငှားနဲ့ လာရောက်ကစားနေခဲ့ပြီး အာဆင်နယ်အသင်းမှာ ဆက်ရှိလိုတယ်လို့ ဆိုထားခဲ့တဲ့ ဂိုးသမား မက်သယူး ရိုင်ယန်အတွက် နည်းပြ အာတီတာအနေနဲ့ ခေါ်ယူဖို့ ထောက်ခံချက်ပေးဖွယ်ရှိနေပြီး Amex Stadium မှာ တစ်နှစ်စာချုပ်သာ ကျန်ရှိတော့တဲ့ သြစတေးလျလက်ရွေးစင်ကို ပေါင် ၅ သန်းခန့်နဲ့ ခေါ်ယူနိုင်ဖို့ ရှိနေ။

– စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းအနေနဲ့ အာဆင်နယ်အသင်းကနေ ထွက်ခွာဖို့ သတင်းပြေးနေတဲ့ လူငယ်တိုက်စစ်မှူး အက်ဒီ နကီးတီးယားကို ပေါင် ၁၅ သန်းဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေပြီး သူနဲ့ ကစားဟန်တူတဲ့ အသင်းရဲ့ အသက် ၃၈ နှစ်အရွယ် ဝါရင့်တိုက်စစ်မှူး ဂျာမိန်း ဒီဖိုးရဲ့ နေရာမှာ အစားထိုးဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ေနာက္ဆုံးသတင္းေတြအရ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာအတြက္ ယူ႐ို ၁၅ သန္းနဲ႔ ကမ္းလွမ္းခဲ့တာကို ပယ္ခ်ခံခဲ့ရတဲ့ ႐ိုးမားအသင္းအေနနဲ႔ သူတို႔ရဲ႕ ကစားသမားႏွစ္ဦးျဖစ္တဲ့ အာမာဒူ ဒီယာဝါရာနဲ႔ ဆန္ဂ်စ္ အြန္ဒါတို႔ ႏွစ္ဦးထဲက အာဆင္နယ္တို႔ ႀကိဳက္တဲ့တစ္ဦးနဲ႔ အလိုက္ေပးၿပီး လဲလွယ္ဖို႔ စီစဥ္လာ။

– ဒီေန႔မွာ အားကစားခုံ႐ုံးဆီ ပြဲပယ္ခံရမႈနဲ႔ ပတ္သက္ၿပီး ၾကားနာဖို႔ရွိတဲ့ အိုင္းယက္စ္ ဂိုးသမား အန္ဒရီ အိုနာနာရဲ႕ အေျခအေနကို အာဆင္နယ္တို႔ အကဲခတ္ေနၿပီး အေျခအေနေကာင္းတာနဲ႔ ေဖေဖာ္ဝါရီကစၿပီး တစ္ႏွစ္ပြဲပယ္ခံထားရတဲ့ ကင္းမ႐ြန္းသားကို ေခၚယူဖို႔ ခ်ိတ္ဆက္ေန။

– အာဆင္နယ္အသင္းအေနနဲ႔ ေပါင္သန္း ၃၀ ကေန ၄၀ ၾကားက်သင့္ႏိုင္တဲ့ ဘ႐ိုက္တန္ကြင္းလယ္လူ အိဗ္စ္ ဘီဆူးမားကို ေခၚယူဖို႔ထက္ ပိုမိုေဈးသက္သာႏိုင္တဲ့ အသက္ ၁၈ ႏွစ္အ႐ြယ္ ကြင္းလယ္လူ ဆမ္ဘီ လိုကြန္ဂါကို အန္ဒါလက္ခ်္အသင္းကေန ေခၚယူသြားဖို႔ရွိေန။

– ဇီနီဒန္း ဇီဒန္းထြက္ခြာသြားခဲ့တဲ့ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ နည္းျပသစ္ တစ္ေက်ာ့ျပန္ျဖစ္လာခဲ့တဲ့ အီတလီသားႀကီး ကာလို အန္ဆယ္ေလာ့တီေၾကာင့္ အာဆင္နယ္တို႔ ကံေကာင္းႏိုင္ၿပီး သူ႔စိတ္ႀကိဳက္ကစားသမားမ်ိဳး မဟုတ္တဲ့ မာတင္ ေအာ္ဒီဂြါဒ္ကို မူလသတ္မွတ္မႈထက္ သက္သာတဲ့ ေဈးနဲ႔ ရရွိႏိုင္။

– အာဆင္နယ္အသင္းအေနနဲ႔ တန္းဆင္း ရွက္ဖီးလ္ဒ္ယူႏိုက္တက္ဘက္က ေပါင္ ၃၅ သန္း ေဈးႏႈန္း သတ္မွတ္ထားတဲ့ ကြင္းလယ္လူ ဆန္ဒါ ဘာဂါကို ေခၚယူဖို႔ လက္ေလွ်ာ့ရဖြယ္ရွိေနၿပီး အေျပာင္းအေ႐ႊ႕ေတြကို ကိုင္တြယ္ရာမွာ ပါးနပ္မႈမရွိဘူးလို႔ ေဝဖန္ခံေနရတဲ့ နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ ဘလိတ္ဒ္ေတြကို ေအာင္ျမင္ေအာင္ မစည္း႐ုံးႏိုင္ခဲ့ဘူးလို႔ သိရ။

– အာဆင္နယ္အသင္းနဲ႔ သတင္းေတြ ထြက္ေနေပမယ့္ ပရိသတ္အေတာ္မ်ားမ်ားကေတာ့ တကယ္တမ္း အေကာင္အထည္ေပၚႏိုင္မယ္လို႔ ယုံၾကည္ျခင္းမရွိတဲ့ မန္စီးတီးေတာင္ပံကစားသမား ရာဟင္းမ္ စတာလင္အတြက္ ေပးေခ်ရမယ့္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၈၀ အထက္နဲ႔ တစ္ပတ္လုပ္ခ ေပါင္သုံးသိန္းတို႔က အတားအဆီးႀကီးႀကီးမားမား ျဖစ္ဖြယ္ရွိေန။

– အသင္းေခါင္းေဆာင္လက္ပတ္နဲ႔ ငိုခဲ့လို႔ ဆိုး႐ြားတဲ့ အမွတ္တရနဲ႔တြဲၿပီး လူေတြ မွတ္မိေနတဲ့ ေနာက္ခံလူေဟာင္း ဝီလီယမ္ ဂါးလက္စ္က အာဆင္နယ္အသင္းတာဝန္ရွိသူေတြအေနနဲ႔ နည္းျပ မီခယ္လ္ အာတီတာကို ခန႔္အပ္ရာမွာ အေလာတႀကီးနဲ႔ အမွားလုပ္ခဲ့ၿပီး အသင္းတစ္သင္းကို နည္းျပအျဖစ္ မကိုင္တြယ္ဖူးေသးတဲ့သူကို ဒီရာထူးေပးလိုက္တဲ့အတြက္ ႐ုန္းကန္ခဲ့ရတာျဖစ္တယ္လို႔ ေဝဖန္။

– ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ႊ႕ဖို႔ တံခါးဖြင့္ထားခဲ့တဲ့ ရွက္ခ္တာဒိုးနက္စ္ခ္ ေတာင္ပံကစားသမား ေမနာ ေဆာ္လမြန္ရဲ႕ ေအးဂ်င့္ျဖစ္သူ ပီနီ ဇာဟာဗီနဲ႔ အီဒူးတို႔ ေဆြးေႏြးခဲ့ၾကတယ္လို႔ သိရၿပီး ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၂၀ ဝန္းက်င္ က်သင့္ႏိုင္တယ္လို႔ ခန႔္မွန္းေနၾက။

– ဘ႐ိုက္တန္အသင္းကေန အငွားနဲ႔ လာေရာက္ကစားေနခဲ့ၿပီး အာဆင္နယ္အသင္းမွာ ဆက္ရွိလိုတယ္လို႔ ဆိုထားခဲ့တဲ့ ဂိုးသမား မက္သယူး ႐ိုင္ယန္အတြက္ နည္းျပ အာတီတာအေနနဲ႔ ေခၚယူဖို႔ ေထာက္ခံခ်က္ေပးဖြယ္ရွိေနၿပီး Amex Stadium မွာ တစ္ႏွစ္စာခ်ဳပ္သာ က်န္ရွိေတာ့တဲ့ ၾသစေတးလ်လက္ေ႐ြးစင္ကို ေပါင္ ၅ သန္းခန႔္နဲ႔ ေခၚယူႏိုင္ဖို႔ ရွိေန။

– စေကာ့တလန္ကလပ္ ရိန္းဂ်ားစ္အသင္းအေနနဲ႔ အာဆင္နယ္အသင္းကေန ထြက္ခြာဖို႔ သတင္းေျပးေနတဲ့ လူငယ္တိုက္စစ္မႉး အက္ဒီ နကီးတီးယားကို ေပါင္ ၁၅ သန္းဝန္းက်င္နဲ႔ ေခၚယူႏိုင္ဖို႔ ပစ္မွတ္ထားေနၿပီး သူနဲ႔ ကစားဟန္တူတဲ့ အသင္းရဲ႕ အသက္ ၃၈ ႏွစ္အ႐ြယ္ ဝါရင့္တိုက္စစ္မႉး ဂ်ာမိန္း ဒီဖိုးရဲ႕ ေနရာမွာ အစားထိုးဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.