Analysis Premier League Transfer News

ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ရဲ့ မှန်းချက်နဲ့နှမ်းမထွက်မကိုက်တဲ့ အပြောင်းအရွှေ့အလွဲ ၁၀ ဦး

၁၀။ သောမတ်စ် ပါတေး (အာဆင်နယ်)
လက်ရှိလာလီဂါချန်ပီယံဖြစ်ခဲ့တဲ့ အေတီကိုအသင်းကနေ ပြီးခဲ့တဲ့ရာသီ အပြောင်းအရွှေ့နောက်ဆုံးမိနစ်မှာမှ ဒရာမာဆန်ဆန်ပဲ အာဆင်နယ်ရဲ့ ပေါင် ၄၅သန်းနဲ့ စင်တော်ကောက်ခြင်းကို ခံခဲ့ရတဲ့ ပါတေးက ဒဏ်ရာမျိုးစုံနှိပ်စက်မှုကြောင့် ၁၇ ပွဲအထိ လွဲချော်ခဲ့တယ်။

ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ကို အနိုင်ရတဲ့ပွဲစဥ်မှာတော့ သူ့ရဲ့ခြေစွမ်းတွေက ထင်ရှားခဲ့ပေမယ့် အာတီတာရဲ့အသင်းအတွက် အဆင့် ၄ အတွင်းဝင်ဖို့ဆိုတဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းဖို့အတွက်တော့ လုံလောက်တဲ့ အနေအထားမျိုး မရောက်လာသေးတာကို တွေ့ရတယ်။

၉။ မစ်ချီ ဘတ္စ်ရှြွာယီ (ခရစ္စတယ်လ် ပဲလေ့စ်)
ဘတ်မန်းလို့ တင်စားခံထားရတဲ့ ချယ်လ်ဆီးတိုက်စစ်မှူးဟာ ပဲလေ့စ်ကို အငှားချခံခဲ့ရတာဖြစ်ပြီး ၁၈ ပွဲကစား ၂ ဂိုးသာ သွင်းယူနိုင်ခြင်းကနေ ရွိုင်းဟော့ဒ်ဆန်ရဲ့အသင်းအတွက် မယ်မယ်ရရအဆင့် မဟုတ်ခဲ့ဘဲ တဂိုးသွင်းဖို့ ၄ လလောက်ကြာတဲ့ သူ့ကို အချစ်တော်ဖြစ်ခဲ့ဖူးတဲ့ ပဲလေ့စ်ပရိသတ်တွေကိုယ်တိုင်က စိတ်ကုန်နေပါတယ်။

၈။ ဂျိုရှုအာ ကင်း (အဲဗာတန်)
ဘုန်းမောက်ကနေ အဲဗာတန်ကို ပေါင် ၅ သန်းနဲ့ ပြောင်းလာခဲ့တဲ့ကင်းက အသင်းဟောင်းဖြစ်တဲ့ ယူနိုက်တက်ကို ပြန်ရောက်ဖို့ အတော်နီးစပ်ခဲ့ပြီးမှ ဇန်နဝါရီမှာ ဂွတ်ဒီဆင်ပါ့ခ်နဲ့ ပူးပေါင်းခဲ့ပြီး ၁၁ ပွဲကစားပြီးချိန်မှာ တဂိုးမှမရတဲ့ သူ့လို တိုက်စစ်မှူးကိုတော့ အန်ဆလော့တီက လမ်းခွဲဖို့ ပြင်နေပါပြီ။

၇။ အိုဇန် ကာဘက် (လီဗာပူးလ်)
ဗန်ဒိုက်၊ ဂျိုးဂိုးမက်ဇ်နဲ့ မာတစ်ပ်တို့ တရာသီလုံး ဒဏ်ရာကြောင့် လွဲချော်ချိန်မှာ လီဗာပူးလ်နည်းပြကလော့ပ်ရဲ့ ဆေးမြီးတိုဖြစ်လာခဲ့တဲ့ ရှော်လ်ကေးဗဟိုခံစစ်မှူးဟာ ကိုနာတေရောက်ရှိလာတော့မယ့် ရာသီအကုန်မှာတော့ အငှားဘဝကနေ ဖျာလိပ်ရတော့မှာဖြစ်ပြီး လီဗာပူးလ်ရဲ့ ရာသီအသိမ်း ၅ ပွဲဆက် အနိုင်ရလဒ်မှာလည်း ဘေးထွက်ထိုင်နေခဲ့ရပါတယ်။

၆။ တီမို ဗာနာ (ချဲလ်ဆီး)
ပေါင် ၅၃ သန်းတန်​ကြေးနဲ့ ဂျာမန်ကလပ် လိုက်ပ်ဇစ်ကနေ ချယ်လ်ဆီးကို ရောက်ရှိလာတဲ့ ဗာနာက ဘုရားစူးဂျာမန်သားလို့ ဆိုရလောက်အောင် အဆုံးသတ်ညံ့ဖျင်းလွန်းတဲ့ ကစားသမားအဖြစ် ဘောင်မဝင်တဲ့ တိုက်စစ်မှုးဖြစ်လာခဲ့ပြီး တူဟယ်လ်လက်ထက်မှာ ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့တာတော့ သူ့ရဲ့ ပံ့ပိုးနိုင်မှုတချို့မှာ ကျေနပ်စရာ ရှိခဲ့ပါတယ်။

၅။ နာသန် အာကေ (မန်ချက်စတာစီးတီး)
မန်စီးတီးရဲ့ ခံစစ်အရန်လူအဖြစ် အင်အားဖြည့်ခြင်းခံခဲ့ရတဲ့ သူဟာ ပေါင်သန်း ၄၀ နဲ့ ဘုန်းမောက်က လက်လွှတ်ခဲ့ခြင်းရဲ့တဖက်မှာ ဒဏ်ရာတွေနဲ့သာ လုံးပန်းနေခဲ့ရပြီး ပပ်အတွက်တော့ မထိုက်သင့်တဲ့ ခေါ်ယူမှုတခုအဖြစ် သတ်မှတ်ခံထားခဲ့ရပြီး တကယ်တမ်းမှာလည်း အလုပ်မဖြစ်ခဲ့တာပါ။

၄။ ကာလန် ဂရန့် (ဝက်စ်ဘရွန်း)
ပရီးမီးယားလိဂ်မှာ အသက်ဆက်ရှင်နိုင်ဖို့ တိုက်စစ်မှူးဂရန့်ကို ပေါင် ၁၅ သန်းနဲ့ ဝယ်ယူခဲ့တဲ့ ဝက်စ်ဘရွမ်းဟာ နောက်ဆုံးမှာ သူ့ရဲ့ ၂၁ ပွဲအတွင်း တဂိုးသာသွင်းယူနိုင်တဲ့ ခြေစွမ်းမပြနိုင်မှုနဲ့အတူ တန်းဆင်းသွားခဲ့ရပြီး ဟက်ဒါစဖီးလ်ကနေ ပြောင်းရွှေ့လာတဲ့ ၂၃ နှစ်သားဟာ စာချုပ်ကျန်ရှိတဲ့ ၅ နှစ်အတွင်း ဘာလုပ်ပြနိုင်ဦးမလဲ ဆက်ကြည့်ရမှာပါ။

၃။ ဝီလီယန် (အာဆင်နယ်)
အသက် ၃၂ နှစ်သားဟာ အာတီတာရဲ့လက်အောက်မှာ ၃၇ ပွဲအထိ ကစားထားခဲ့ရပေမယ့် တဂိုးသာသွင်းယူနိုင်ခဲ့ခြင်းက အာဆင်နယ်ကို ဥရောပဝင်ခွင့်ပိတ်ဆို့နိုင်ခဲ့တဲ့အထိ တိုက်စစ်မှာ အလဟဿဖြစ်စေခဲ့တာကို တွေ့ရပြီး ချယ်လ်ဆီးကနေ အလွတ်ကြေးနဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့် သူ့ရဲ့ ပေါင် ၂သိန်း၂သောင်းဆိုတဲ့ လစာကိုတော့ အာဆင်နယ်ပရိသတ်တွေ အတော်လေးခါးသီးနေပြီဖြစ်ပါတယ်။

၂။ ဒွန်နီ ဗန်ဒဘိခ် (မန်ချက်စတာယူနိုက်တက်)
အိုင်းယတ်စ်ကနေ ပေါင်သန်း ၄၀ နဲ့ အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာခဲ့သူ နယ်သာလန်သားဟာ အရန်လူအဖြစ် ၃၆ ပွဲကစားခဲ့ရပြီး ၁ ဂိုးသွင်း၊ ၂ ဂိုးသာဖန်တီးထားခဲ့တဲ့ သူ့ရဲ့စွမ်းဆောင်ရည်က ဆိုးလ်ရှားရဲ့ နေရာမပေးမှုနဲ့အတူ ပေါ့ဘာ၊ ဘရူနို၊ တော်မီနေး၊ ဖရက်ဒ်၊ မာတစ်ချ်တို့ရဲ့နောက်မှာ ယူနိုက်တက်ရဲ့ ဆဌမမြောက်ဦးစားပေးအဆင့်သာ ရှိခဲ့တယ်။

၁။ ရိုင်ယန် ဘရူးစတား (ရှက်ဖီးလ်ဒ်ယူနိုက်တက်)
လီဗာပူးလ်ကနေ ရှက်ဖီးလ်ကို ပြောင်းကစားခဲ့တဲ့ တိုက်စစ်မှူးဟာ ရှက်ဖီးလ်မှာ ၃၁ ပွဲကစားပြီး တဂိုးမှ မသွင်းယူနိုင်ခဲ့ဘဲ အဆိုးရွားဆုံးကစားသမားအဖြစ် နံပါတ်တစ်ချိတ်ခဲ့သလို ကလပ်အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ အားကိုးတကြီး ခေါ်ယူခဲ့ပေမယ့် အသင်းက အဆင့် ၂၀ နဲ့ တန်းဆင်းသွားခဲ့ရတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၁၀။ ေသာမတ္စ္ ပါေတး (အာဆင္နယ္)
လက္ရွိလာလီဂါခ်န္ပီယံျဖစ္ခဲ့တဲ့ ေအတီကိုအသင္းကေန ၿပီးခဲ့တဲ့ရာသီ အေျပာင္းအေ႐ႊ႕ေနာက္ဆုံးမိနစ္မွာမွ ဒရာမာဆန္ဆန္ပဲ အာဆင္နယ္ရဲ႕ ေပါင္ ၄၅သန္းနဲ႔ စင္ေတာ္ေကာက္ျခင္းကို ခံခဲ့ရတဲ့ ပါေတးက ဒဏ္ရာမ်ိဳးစုံႏွိပ္စက္မႈေၾကာင့္ ၁၇ ပြဲအထိ လြဲေခ်ာ္ခဲ့တယ္။

ယူႏိုက္တက္နဲ႔ ခ်ယ္လ္ဆီးတို႔ကို အႏိုင္ရတဲ့ပြဲစဥ္မွာေတာ့ သူ႔ရဲ႕ေျခစြမ္းေတြက ထင္ရွားခဲ့ေပမယ့္ အာတီတာရဲ႕အသင္းအတြက္ အဆင့္ ၄ အတြင္းဝင္ဖို႔ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ကို ျဖည့္ဆည္းဖို႔အတြက္ေတာ့ လုံေလာက္တဲ့ အေနအထားမ်ိဳး မေရာက္လာေသးတာကို ေတြ႕ရတယ္။

၉။ မစ္ခ်ီ ဘတၥ္ရွျြာယီ (ခရစၥတယ္လ္ ပဲေလ့စ္)
ဘတ္မန္းလို႔ တင္စားခံထားရတဲ့ ခ်ယ္လ္ဆီးတိုက္စစ္မႉးဟာ ပဲေလ့စ္ကို အငွားခ်ခံခဲ့ရတာျဖစ္ၿပီး ၁၈ ပြဲကစား ၂ ဂိုးသာ သြင္းယူႏိုင္ျခင္းကေန ႐ြိဳင္းေဟာ့ဒ္ဆန္ရဲ႕အသင္းအတြက္ မယ္မယ္ရရအဆင့္ မဟုတ္ခဲ့ဘဲ တဂိုးသြင္းဖို႔ ၄ လေလာက္ၾကာတဲ့ သူ႔ကို အခ်စ္ေတာ္ျဖစ္ခဲ့ဖူးတဲ့ ပဲေလ့စ္ပရိသတ္ေတြကိုယ္တိုင္က စိတ္ကုန္ေနပါတယ္။

၈။ ဂ်ိဳရႈအာ ကင္း (အဲဗာတန္)
ဘုန္းေမာက္ကေန အဲဗာတန္ကို ေပါင္ ၅ သန္းနဲ႔ ေျပာင္းလာခဲ့တဲ့ကင္းက အသင္းေဟာင္းျဖစ္တဲ့ ယူႏိုက္တက္ကို ျပန္ေရာက္ဖို႔ အေတာ္နီးစပ္ခဲ့ၿပီးမွ ဇန္နဝါရီမွာ ဂြတ္ဒီဆင္ပါ့ခ္နဲ႔ ပူးေပါင္းခဲ့ၿပီး ၁၁ ပြဲကစားၿပီးခ်ိန္မွာ တဂိုးမွမရတဲ့ သူ႔လို တိုက္စစ္မႉးကိုေတာ့ အန္ဆေလာ့တီက လမ္းခြဲဖို႔ ျပင္ေနပါၿပီ။

၇။ အိုဇန္ ကာဘက္ (လီဗာပူးလ္)
ဗန္ဒိုက္၊ ဂ်ိဳးဂိုးမက္ဇ္နဲ႔ မာတစ္ပ္တို႔ တရာသီလုံး ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခ်ိန္မွာ လီဗာပူးလ္နည္းျပကေလာ့ပ္ရဲ႕ ေဆးၿမီးတိုျဖစ္လာခဲ့တဲ့ ေရွာ္လ္ေကးဗဟိုခံစစ္မႉးဟာ ကိုနာေတေရာက္ရွိလာေတာ့မယ့္ ရာသီအကုန္မွာေတာ့ အငွားဘဝကေန ဖ်ာလိပ္ရေတာ့မွာျဖစ္ၿပီး လီဗာပူးလ္ရဲ႕ ရာသီအသိမ္း ၅ ပြဲဆက္ အႏိုင္ရလဒ္မွာလည္း ေဘးထြက္ထိုင္ေနခဲ့ရပါတယ္။

၆။ တီမို ဗာနာ (ခ်ဲလ္ဆီး)
ေပါင္ ၅၃ သန္းတန္​ေၾကးနဲ႔ ဂ်ာမန္ကလပ္ လိုက္ပ္ဇစ္ကေန ခ်ယ္လ္ဆီးကို ေရာက္ရွိလာတဲ့ ဗာနာက ဘုရားစူးဂ်ာမန္သားလို႔ ဆိုရေလာက္ေအာင္ အဆုံးသတ္ညံ့ဖ်င္းလြန္းတဲ့ ကစားသမားအျဖစ္ ေဘာင္မဝင္တဲ့ တိုက္စစ္မႈးျဖစ္လာခဲ့ၿပီး တူဟယ္လ္လက္ထက္မွာ ခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့တာေတာ့ သူ႔ရဲ႕ ပံ့ပိုးႏိုင္မႈတခ်ိဳ႕မွာ ေက်နပ္စရာ ရွိခဲ့ပါတယ္။

၅။ နာသန္ အာေက (မန္ခ်က္စတာစီးတီး)
မန္စီးတီးရဲ႕ ခံစစ္အရန္လူအျဖစ္ အင္အားျဖည့္ျခင္းခံခဲ့ရတဲ့ သူဟာ ေပါင္သန္း ၄၀ နဲ႔ ဘုန္းေမာက္က လက္လႊတ္ခဲ့ျခင္းရဲ႕တဖက္မွာ ဒဏ္ရာေတြနဲ႔သာ လုံးပန္းေနခဲ့ရၿပီး ပပ္အတြက္ေတာ့ မထိုက္သင့္တဲ့ ေခၚယူမႈတခုအျဖစ္ သတ္မွတ္ခံထားခဲ့ရၿပီး တကယ္တမ္းမွာလည္း အလုပ္မျဖစ္ခဲ့တာပါ။

၄။ ကာလန္ ဂရန္႔ (ဝက္စ္ဘ႐ြန္း)
ပရီးမီးယားလိဂ္မွာ အသက္ဆက္ရွင္ႏိုင္ဖို႔ တိုက္စစ္မႉးဂရန္႔ကို ေပါင္ ၁၅ သန္းနဲ႔ ဝယ္ယူခဲ့တဲ့ ဝက္စ္ဘ႐ြမ္းဟာ ေနာက္ဆုံးမွာ သူ႔ရဲ႕ ၂၁ ပြဲအတြင္း တဂိုးသာသြင္းယူႏိုင္တဲ့ ေျခစြမ္းမျပႏိုင္မႈနဲ႔အတူ တန္းဆင္းသြားခဲ့ရၿပီး ဟက္ဒါစဖီးလ္ကေန ေျပာင္းေ႐ႊ႕လာတဲ့ ၂၃ ႏွစ္သားဟာ စာခ်ဳပ္က်န္ရွိတဲ့ ၅ ႏွစ္အတြင္း ဘာလုပ္ျပႏိုင္ဦးမလဲ ဆက္ၾကည့္ရမွာပါ။

၃။ ဝီလီယန္ (အာဆင္နယ္)
အသက္ ၃၂ ႏွစ္သားဟာ အာတီတာရဲ႕လက္ေအာက္မွာ ၃၇ ပြဲအထိ ကစားထားခဲ့ရေပမယ့္ တဂိုးသာသြင္းယူႏိုင္ခဲ့ျခင္းက အာဆင္နယ္ကို ဥေရာပဝင္ခြင့္ပိတ္ဆို႔ႏိုင္ခဲ့တဲ့အထိ တိုက္စစ္မွာ အလဟႆျဖစ္ေစခဲ့တာကို ေတြ႕ရၿပီး ခ်ယ္လ္ဆီးကေန အလြတ္ေၾကးနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့ေပမယ့္ သူ႔ရဲ႕ ေပါင္ ၂သိန္း၂ေသာင္းဆိုတဲ့ လစာကိုေတာ့ အာဆင္နယ္ပရိသတ္ေတြ အေတာ္ေလးခါးသီးေနၿပီျဖစ္ပါတယ္။

၂။ ဒြန္နီ ဗန္ဒဘိခ္ (မန္ခ်က္စတာယူႏိုက္တက္)
အိုင္းယတ္စ္ကေန ေပါင္သန္း ၄၀ နဲ႔ အိုးထရက္ဖို႔ဒ္ကို ေရာက္ရွိလာခဲ့သူ နယ္သာလန္သားဟာ အရန္လူအျဖစ္ ၃၆ ပြဲကစားခဲ့ရၿပီး ၁ ဂိုးသြင္း၊ ၂ ဂိုးသာဖန္တီးထားခဲ့တဲ့ သူ႔ရဲ႕စြမ္းေဆာင္ရည္က ဆိုးလ္ရွားရဲ႕ ေနရာမေပးမႈနဲ႔အတူ ေပါ့ဘာ၊ ဘ႐ူႏို၊ ေတာ္မီေနး၊ ဖရက္ဒ္၊ မာတစ္ခ်္တို႔ရဲ႕ေနာက္မွာ ယူႏိုက္တက္ရဲ႕ ဆဌမေျမာက္ဦးစားေပးအဆင့္သာ ရွိခဲ့တယ္။

၁။ ႐ိုင္ယန္ ဘ႐ူးစတား (ရွက္ဖီးလ္ဒ္ယူႏိုက္တက္)
လီဗာပူးလ္ကေန ရွက္ဖီးလ္ကို ေျပာင္းကစားခဲ့တဲ့ တိုက္စစ္မႉးဟာ ရွက္ဖီးလ္မွာ ၃၁ ပြဲကစားၿပီး တဂိုးမွ မသြင္းယူႏိုင္ခဲ့ဘဲ အဆိုး႐ြားဆုံးကစားသမားအျဖစ္ နံပါတ္တစ္ခ်ိတ္ခဲ့သလို ကလပ္အသင္းစံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ အားကိုးတႀကီး ေခၚယူခဲ့ေပမယ့္ အသင္းက အဆင့္ ၂၀ နဲ႔ တန္းဆင္းသြားခဲ့ရတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.