La Liga UCL&UEL

အာဂျင်တီးနားက မက်ဆီရဲ့ ချစ်သူဟောင်းနဲ့ နူးကမ့်ဇာတ်လမ်းက လှပမှာလား

ဘာစီလိုနာအသင်းနဲ့ နှစ်နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီဖြစ်တဲ့ တိုက်စစ်မှူးဆာဂျီယို အဂွယ်ရိုဟာ ပရီးမီးယားလိဂ်နဲ့ ဆယ်စုနှစ်တခုအကြာ သံယောဇဥ်ကို အဆုံးသတ်ခဲ့ရတာဖြစ်ပြီး မန်စီးတီးကနေ ထွက်ခွာရချိန်မှာ ကတ်တလန်အသင်းကတော့ အသက် ၃၂ နှစ်သားကို စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၁၀၀ နဲ့ ချည်နှောင်ပြီး တန်ဖိုးကြီးကြီးထားသွားခဲ့တာပါ။

မက်ဆီအနေနဲ့ နာမည်ကျော်ကြားလွန်းခဲ့တဲ့ MSN တိုက်စစ်အတွဲကို ဖော်ဆောင်ခဲ့အပြီး ဆွာရက်ဇ်၊ နေမာတို့နဲ့ လမ်းခွဲခဲ့ရချိန်မှာ သူ့ရဲ့အာဂျင်တိုင်းအသင်းဖော် အဂွယ်ရိုနဲ့ တွဲကစားချင်ကြောင်း ဘာစီလိုနာကို တောင်းဆိုခဲ့တာဖြစ်ပြီး ဒါဟာ အသင်းဥက္ကဌလာပေါ့တာအနေနဲ့ အသင်းရဲ့အနာဂတ်မှာ သူဆက်ရှိနေဖို့ ဖြည့်ဆည်းပေးခဲ့ခြင်းလို့ သိရတယ်။

​၂၀၂၀ ဖေဖော်ဝါရီကနေစလို့ ဒူးဒဏ်ရာကြောင့် မန်စီးတီးမှာ ပွဲကစားခွင့် လွဲချော်ခဲ့ရတဲ့ အဂွယ်ရို တနှစ်တာနီးပါး အနားယူအပြီးမှာ ထူထူထောင်ထောင်ပြန်ဖြစ်လာပေမယ့်လည်း ခြေစွမ်းပိုင်းမှာတော့ အသက်အရွယ်က စကားပြောလာပြီး အကျပိုင်းရောက်လာပြီလို့ ဝေဖန်မှုတွေကို တရစပ်ခံခဲ့ရတာပါ။

မန်စီးတီးရဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ရှုံးပွဲမှာလည်း အသင်းရဲ့ တိုက်စစ်အတွက် စတာလင်နေရာ လူစားဝင်လာခဲ့ပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ်က ကျူပီအာကို နောက်ကျအနိုင်ဂိုးနဲ့ အပြာရောင်တို့ကို ချန်ပီယံဖြစ်စေခဲ့တဲ့ နုပျိုထက်​မြက်နေတဲ့ ခြေစွမ်းပိုင်ရှင် အဂွယ်ရိုပျောက်ဆုံးသွားခဲ့တာကို တွေ့ရပြီး ယက်ကန်ယက်ကန်နဲ့သာ အသင်းကို အကျိုးမပြုနိုင်တာကို အထင်းသားမြင်ခဲ့ရတယ်။

ဒီလိုအနေအထားမှာ ဘာစီလိုနာအနေနဲ့ အဂွယ်ရိုကို ဘာကြောင့် အရဲစွန့်ပြီး ယုံကြည်ကိုးစားပြီး ခေါ်ယူခဲ့တာလဲဆိုတဲ့ မေးခွန်းတွေအတွက် အလွတ်ပြောင်းရွှေ့ကြေးဟာ ထိပ်ဆုံးကအဖြေတခု ဖြစ်နိုင်နေပေမယ့် တကယ်တမ်းမှာတော့ အသင်းမှာ မက်ဆီဆက်နေဖို့ ကောက်ရိုးမျှင်တခုကို ကောက်ဆွဲခဲ့လေသလားဆိုတဲ့ မှန်းဆချက်တွေ ရှိလာတာဖြစ်တယ်။.

ဘာစီလိုနာဟာ လက်ရှိမှာ ယူရို ၁.၂ ဘီလီယံ အကြွေးတင်နေတာဖြစ်ပြီး ဒါဟာ ပြီးခဲ့တဲ့နှစ်ပိုင်းတွေက ကော်တင်ညို၊ ဒမ်ဘီလီတို့ ဥပမာတွေလို သဲထဲရေသွန်ဖြစ်ခဲ့တဲ့ အပြောင်းအရွှေ့အမှားတွေရဲ့ နောက်ဆက်တွဲဒဏ်ခံနေရခြင်းဖြစ်ကြောင်း ဆိုရမယ့်နောက် ချန်ပီယံလိဂ်မှာ စောစီးစွာ ဖျာလိပ်ခဲ့ရခြင်းက အသင်းရဲ့ပုံရိပ်နဲ့ ဝင်ငွေကို မြေနိမ့်ရာ လှံစိုက်ဖြစ်စေခဲ့တယ်။

ဂီနီ ဗိုင်နယ်ဒမ်ကို ရရှိခဲ့ခြင်းနဲ့ ၃ နှစ်စာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်း၊ အဂွယ်ရိုရောက်ရှိလာခဲ့ခြင်းတွေရဲ့နောက်မှာတော့ သူတို့ ၂ ဦးစလုံးဟာ အသက် ၃၀ နဲ့အထက် ကစားသမားတွေဖြစ်နေလို့ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းအနေနဲ့ အသင်းရဲ့ရေရှည်အနာဂတ်စီမံကိန်းအတွက်ည်း လူငယ်သွေးသစ်တွေကို အပြောင်းအရွှေ့မှာ ဆက်လက်ဖြည့်တင်းလာဖွယ် ရှိနေတယ်။

လာမယ့်ရက်ပိုင်းအတွင်းမှာ အီမာဆန် ရွိုင်ရယ်လ်နဲ့ အဲရစ် ဂါစီယာတို့ရဲ့ အပြောင်းအရွှေ့အပြီးသတ်တွေကို ဘာစီလိုနာအသင်းက ဆက်လက်ကြေငြာသွားဖို့ သေချာသလောက်ရှိနေတဲ့အပြင် ဂရိဇ်မန်းကို အားပြိုင်ဖို့ နယ်သာလန်တောင်ပံတိုက်စစ်မှူး မမ်းဖစ္စ ဒီပိုင်းကိုပါ နူးကမ့်ဆီ ခေါ်ဆောင်လာဖွယ်ရှိနေတယ်လို့ အနီးစပ်ဆုံးသတင်းတွေအရ သိထားရပါတယ်။

“ကျွန်တော်နဲ့ မက်ဆီနဲ့ အတူတွဲကစားဖို့ ​မျှော်လင့်ထားကြပါစို့။ မက်ဆီရဲ့ဆုံးဖြတ်ချက်မှာပဲ အရာရာအားလုံးက မူတည်နေပါတယ်ဗျာ”လို့ ဆိုခဲ့တဲ့ နူးကမ့်အဝင်လမ်းက အဂွယ်ရိုရဲ့ စကားအရ မက်ဆီ+အဂွယ်ရို+ဒီပိုင်း တခေတ်နဲ့ ဘာစီလိုနာတခေတ်ကို တစင်ပြန်ထောင်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေက ရေပန်းစားလာနေခြင်းဟာ ကတ်တလန်အသင်းရဲ့ ကောင်းသော နိမိတ်၊ ကောင်းသာ လက္ခဏာတွေဖြစ်လာတော့မလားဆိုတာကတော့…။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာအသင္းနဲ႔ ႏွစ္ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီျဖစ္တဲ့ တိုက္စစ္မႉးဆာဂ်ီယို အဂြယ္႐ိုဟာ ပရီးမီးယားလိဂ္နဲ႔ ဆယ္စုႏွစ္တခုအၾကာ သံေယာဇဥ္ကို အဆုံးသတ္ခဲ့ရတာျဖစ္ၿပီး မန္စီးတီးကေန ထြက္ခြာရခ်ိန္မွာ ကတ္တလန္အသင္းကေတာ့ အသက္ ၃၂ ႏွစ္သားကို စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူ႐ိုသန္း ၁၀၀ နဲ႔ ခ်ည္ေႏွာင္ၿပီး တန္ဖိုးႀကီးႀကီးထားသြားခဲ့တာပါ။

မက္ဆီအေနနဲ႔ နာမည္ေက်ာ္ၾကားလြန္းခဲ့တဲ့ MSN တိုက္စစ္အတြဲကို ေဖာ္ေဆာင္ခဲ့အၿပီး ဆြာရက္ဇ္၊ ေနမာတို႔နဲ႔ လမ္းခြဲခဲ့ရခ်ိန္မွာ သူ႔ရဲ႕အာဂ်င္တိုင္းအသင္းေဖာ္ အဂြယ္႐ိုနဲ႔ တြဲကစားခ်င္ေၾကာင္း ဘာစီလိုနာကို ေတာင္းဆိုခဲ့တာျဖစ္ၿပီး ဒါဟာ အသင္းဥကၠဌလာေပါ့တာအေနနဲ႔ အသင္းရဲ႕အနာဂတ္မွာ သူဆက္ရွိေနဖို႔ ျဖည့္ဆည္းေပးခဲ့ျခင္းလို႔ သိရတယ္။

​၂၀၂၀ ေဖေဖာ္ဝါရီကေနစလို႔ ဒူးဒဏ္ရာေၾကာင့္ မန္စီးတီးမွာ ပြဲကစားခြင့္ လြဲေခ်ာ္ခဲ့ရတဲ့ အဂြယ္႐ို တႏွစ္တာနီးပါး အနားယူအၿပီးမွာ ထူထူေထာင္ေထာင္ျပန္ျဖစ္လာေပမယ့္လည္း ေျခစြမ္းပိုင္းမွာေတာ့ အသက္အ႐ြယ္က စကားေျပာလာၿပီး အက်ပိုင္းေရာက္လာၿပီလို႔ ေဝဖန္မႈေတြကို တရစပ္ခံခဲ့ရတာပါ။

မန္စီးတီးရဲ႕ ခ်န္ပီယံလိဂ္ဖိုင္နယ္ရႈံးပြဲမွာလည္း အသင္းရဲ႕ တိုက္စစ္အတြက္ စတာလင္ေနရာ လူစားဝင္လာခဲ့ေပမယ့္ လြန္ခဲ့တဲ့ ၁၀ ႏွစ္က က်ဴပီအာကို ေနာက္က်အႏိုင္ဂိုးနဲ႔ အျပာေရာင္တို႔ကို ခ်န္ပီယံျဖစ္ေစခဲ့တဲ့ ႏုပ်ိဳထက္​ျမက္ေနတဲ့ ေျခစြမ္းပိုင္ရွင္ အဂြယ္႐ိုေပ်ာက္ဆုံးသြားခဲ့တာကို ေတြ႕ရၿပီး ယက္ကန္ယက္ကန္နဲ႔သာ အသင္းကို အက်ိဳးမျပဳႏိုင္တာကို အထင္းသားျမင္ခဲ့ရတယ္။

ဒီလိုအေနအထားမွာ ဘာစီလိုနာအေနနဲ႔ အဂြယ္႐ိုကို ဘာေၾကာင့္ အရဲစြန္႔ၿပီး ယုံၾကည္ကိုးစားၿပီး ေခၚယူခဲ့တာလဲဆိုတဲ့ ေမးခြန္းေတြအတြက္ အလြတ္ေျပာင္းေ႐ႊ႕ေၾကးဟာ ထိပ္ဆုံးကအေျဖတခု ျဖစ္ႏိုင္ေနေပမယ့္ တကယ္တမ္းမွာေတာ့ အသင္းမွာ မက္ဆီဆက္ေနဖို႔ ေကာက္႐ိုးမွ်င္တခုကို ေကာက္ဆြဲခဲ့ေလသလားဆိုတဲ့ မွန္းဆခ်က္ေတြ ရွိလာတာျဖစ္တယ္။.

ဘာစီလိုနာဟာ လက္ရွိမွာ ယူ႐ို ၁.၂ ဘီလီယံ အေႂကြးတင္ေနတာျဖစ္ၿပီး ဒါဟာ ၿပီးခဲ့တဲ့ႏွစ္ပိုင္းေတြက ေကာ္တင္ညိဳ၊ ဒမ္ဘီလီတို႔ ဥပမာေတြလို သဲထဲေရသြန္ျဖစ္ခဲ့တဲ့ အေျပာင္းအေ႐ႊ႕အမွားေတြရဲ႕ ေနာက္ဆက္တြဲဒဏ္ခံေနရျခင္းျဖစ္ေၾကာင္း ဆိုရမယ့္ေနာက္ ခ်န္ပီယံလိဂ္မွာ ေစာစီးစြာ ဖ်ာလိပ္ခဲ့ရျခင္းက အသင္းရဲ႕ပုံရိပ္နဲ႔ ဝင္ေငြကို ေျမနိမ့္ရာ လွံစိုက္ျဖစ္ေစခဲ့တယ္။

ဂီနီ ဗိုင္နယ္ဒမ္ကို ရရွိခဲ့ျခင္းနဲ႔ ၃ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့ျခင္း၊ အဂြယ္႐ိုေရာက္ရွိလာခဲ့ျခင္းေတြရဲ႕ေနာက္မွာေတာ့ သူတို႔ ၂ ဦးစလုံးဟာ အသက္ ၃၀ နဲ႔အထက္ ကစားသမားေတြျဖစ္ေနလို႔ ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္းအေနနဲ႔ အသင္းရဲ႕ေရရွည္အနာဂတ္စီမံကိန္းအတြက္ည္း လူငယ္ေသြးသစ္ေတြကို အေျပာင္းအေ႐ႊ႕မွာ ဆက္လက္ျဖည့္တင္းလာဖြယ္ ရွိေနတယ္။

လာမယ့္ရက္ပိုင္းအတြင္းမွာ အီမာဆန္ ႐ြိဳင္ရယ္လ္နဲ႔ အဲရစ္ ဂါစီယာတို႔ရဲ႕ အေျပာင္းအေ႐ႊ႕အၿပီးသတ္ေတြကို ဘာစီလိုနာအသင္းက ဆက္လက္ေၾကျငာသြားဖို႔ ေသခ်ာသေလာက္ရွိေနတဲ့အျပင္ ဂရိဇ္မန္းကို အားၿပိဳင္ဖို႔ နယ္သာလန္ေတာင္ပံတိုက္စစ္မႉး မမ္းဖစၥ ဒီပိုင္းကိုပါ ႏူးကမ့္ဆီ ေခၚေဆာင္လာဖြယ္ရွိေနတယ္လို႔ အနီးစပ္ဆုံးသတင္းေတြအရ သိထားရပါတယ္။

“ကြၽန္ေတာ္နဲ႔ မက္ဆီနဲ႔ အတူတြဲကစားဖို႔ ​ေမွ်ာ္လင့္ထားၾကပါစို႔။ မက္ဆီရဲ႕ဆုံးျဖတ္ခ်က္မွာပဲ အရာရာအားလုံးက မူတည္ေနပါတယ္ဗ်ာ”လို႔ ဆိုခဲ့တဲ့ ႏူးကမ့္အဝင္လမ္းက အဂြယ္႐ိုရဲ႕ စကားအရ မက္ဆီ+အဂြယ္႐ို+ဒီပိုင္း တေခတ္နဲ႔ ဘာစီလိုနာတေခတ္ကို တစင္ျပန္ေထာင္မယ္ဆိုတဲ့ ခန္႔မွန္းခ်က္ေတြက ေရပန္းစားလာေနျခင္းဟာ ကတ္တလန္အသင္းရဲ႕ ေကာင္းေသာ နိမိတ္၊ ေကာင္းသာ လကၡဏာေတြျဖစ္လာေတာ့မလားဆိုတာကေတာ့…။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.