Bundesliga La Liga Ligue1 Premier League Serie A UCL&UEL

ကွန်တေဦးဆောင်ခဲ့တဲ့ ၂၀၂၀-၂၁ ခုနှစ်ရဲ့ ချန်ပီယံလိဂ် အကောင်းဆုံးကစားသမား ၁၀ ဦး

၁၀။ အေဒူယာ မန်ဒီ
မန်ဒီကတော့ အိပ်မက်နဲ့ လက်တွေ့တထပ်တည်းကျတဲ့အဖြစ်ကို လန်ဒန်မြေကို စရောက်လာတဲ့ တာထွက်ရာသီမှာပဲ ခံစားခွင့်ရခဲ့ပြီး ပီတာချက်ရဲ့ ခြေရာအတိုင်း ရင်းနေးအသင်းကနေ ချယ်လ်ဆီးအသင်းမှာ ချန်ပီယံလိဂ်ဗိုလ်ဖြစ်ခဲ့လို့ ၉ ပွဲအထိ Clean Sheet ယူခဲ့ပုံက အကောင်းဆုံးစာရင်းမှာ တဦးတည်းသော ဂိုးသမားအဖြစ် စာရင်းပေါက်စေခဲ့တယ်။

၉။ ကာရင်မ် ဘန်ဇီမာ
ချန်ပီယံလိဂ်ဆီမီးအထိ တက်ခဲ့တဲ့ ရီးရဲလ်မှာ အထူးခြားဆုံး ကစားသမားဖြစ်ခဲ့တဲ့ တဦးတည်းသောသူက ဘန်ဇီမာဖြစ်ပြီး ဟာဇက်နဲ့ ရာမို့စ်တို့ ဒဏ်ရာရချိန်မှာ သူက အသင်းရဲ့ကိုးစားစရာ ခြေစွမ်းကို ပြသခဲ့တာက ဆီမီးမှာတွေ့ဆုံတဲ့ ချယ်လ်ဆီးအသင်းအပါအဝင် သူက ၆ ဂိုးသွင်းယူပေးခဲ့တယ်။

၈။ လီယွန်နယ် မက်ဆီ
၂၀၁၄-၁၅ က ချန်ပီယံလိဂ်ဖိုင်နယ်ကို နောက်ဆုံးရောက်ရှိခဲ့တဲ့ ဘာစီလိုနာက ဒီနှစ်မှာလည်း ၁၆ သင်းအဆင့်နဲ့ ပြုတ်ခဲ့ရပေမယ့် အသင်းကို ဗဟိုပြုနေတဲ့ မက်ဆီရဲ့ စွမ်းဆောင်ရည်ကတော့ ထူးပြီးလျော့ကျသွားခြင်း မရှိခဲ့ဘူး။ တသင်းလုံးက ၁၈ ဂိုးသွင်းချိန်မှာ သူက ၅ ဂိုးသွင်းပြီး ၂ ဂိုးဖန်တီးနိုင်ခဲ့တယ်။

၇။ ဂျိုရှူအာ ကင်မစ်ချ်
ဘိုင်ယန်က ဒီနှစ်ချန်ပီယံလိဂ်မှာ ဂိုးအများဆုံးအသင်းဖြစ်ပြီး ကွာတားမတိုင်မီမှာပဲ ၂၇ ဂိုးသွင်းထားခဲ့တာပေမယ့် ဆီမီးကိုတော့ လွဲချော်ခဲ့သလို အသင်းရဲ့ စွမ်းဆောင်ရည်အကောင်းဆုံးကစားသမားအဖြစ် အသင်းရဲ့ကွင်းလယ်က အင်ဂျင်တလုံးဖြစ်ခဲ့တဲ့ ကင်မစ်ချ်ကို မဖြစ်မနေ Credit ပေးရမယ်။

၆။ နေမာ
မနှစ်က PSG အသင်းကို ချန်ပီယံလိဂ်ဖိုင်နယ်ဆီ ပို့ဆောင်နိုင်ခဲ့တဲ့ နေမာက ဒီနှစ်မှာတော့ စွမ်းဆောင်ရည်ကျသွားပြီး အသင်းကလည်း ဆီမီးဖိုင်နယ်က လှည့်ပြန်ခဲ့ရချိန်မှာ ကွာတားအဆင့် ဘိုင်ယန်ကို လက်တုံ့ပြန်နိုင်ခဲ့ခြင်းမှာတော့ သူ့ရဲ့ခြေစွမ်းတွေက တောက်ပလွန်းခဲ့တယ်။

၅။ ကီဗင် ဒီဘရိုင်းနား
မန်စီးတီးရဲ့ ရှုံးထွက်အဆင့် ၇ ပွဲတိတိမှာ အကောင်းဆုံးကစားသမား ၃ ကြိမ်ဖြစ်ခဲ့တဲ့ ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းနားက မန်စီးတီးရဲ့ ချန်ပီယံလိဂ် ၂၅ ဂိုးမှာ ၇ ဂိုးသွင်းယူထားသူဖြစ်ပြီး သူပို့ဆောင်ပေးခဲ့တဲ့ မန်စီးတီးရဲ့ ပထမဆုံး ချန်ပီယံလိဂ်ဖိုင်နယ်မှာ အကြောင်းမလှခဲ့တာက ကံကြမ္မာကိုပဲ ရိုးမယ်ဖွဲ့စရာပါ။

၄။ ရီယက်ဇ် မာရက်ဇ်
ချန်ပီယံမဖြစ်ခဲ့ဘဲ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတဲ့ မန်စီးတီးအတွက် စတာလင်းလို တိုက်စစ်မှူးတွေ ရုန်းကန်နေရချိန်မှာ ချန်ပီယံလိဂ်ဖိုင်နယ်ကို အရောက်ပို့ပေးခဲ့တာက ပွဲအလှည့်အပြောင်းကို ဖြစ်စေခဲ့တဲ့ မာရက်ဇ်ရဲ့ အဆုံးအဖြတ်သွင်းဂိုးတွေဖြစ်ပြီး ဒီဘရိုင်းနားထက် ပိုသာလွန်တဲ့အဆင့်မှာ သူ့ကို ထားရမှာပါ။

၃။ အာလင်း ဟားလန်း
အသက် ၂၀ နဲ့ ဘောလုံးလောကရဲ့ ဂိုးသွင်းစက်တလုံးဖြစ်လာခဲ့တဲ့ ဟားလန်းက ဒေါ့မန်အတွက် အုပ်စုအဖွင့် ၂ ပွဲကို လွဲချော်ခဲ့ချိန်မှာ ၇ ပွဲကစား၊ ၁၀
ဂိုးသွင်းခဲ့တာက လက်ဖျားခါရမှာဖြစ်ပြီး မယုံကြည်နိုင်စရာ ဂိုးသွင်းအားနဲ့ ချန်ပီယံလိဂ်ကို ဆွဲဆောင်မှု မြင့်စေခဲ့သူပါ။

၂။ ခိုင်လျန် အမ်ဘာပေ
ချန်ပီယံလိဂ်အဖွင့် ၄ ပွဲမှာ PSG အတွက် တဂိုးမှ မသွင်းခဲ့ရာကနေ နောက်ထပ် ၄ ပွဲဆက်မှာ ၈ ဂိုးသွင်းယူခဲ့ပြီး အဲဒီထဲမှာ ဘာစီလိုနာကို ဟက်ထရစ်သွင်းယူခဲ့တာက ပြင်သစ်သားရဲ့ ဂုဏ်ပုဒ်ကို ထင်ရှားစေခဲ့တာဖြစ်ပြီး ဆီမီးအဆင့်အထိ တက်နိုင်ခဲ့သလို လက်ရှိသူ့အသင်းမှာ နေမာထက်တောင် ပိုအားကိုးခံနေရတဲ့ လူငယ်ကြယ်ပွင့်လေးဖြစ်ပါတယ်။

၁။ အန်ဂိုလို ကွန်တေ
ကွန်တေကတော့ ပြောစရာမလို ချွင်းချက်မရှိလောက်အောင်ကို ချန်ပီယံလိဂ်ရဲ့ ပွဲကြီးတွေမှာ ထင်ပေါ်လွန်းခဲ့တာဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းပြောင်မြောက်မှု ဆီမီးဖိုင်နယ်ကနေ ဖိုင်နယ်အထိ ၃ ပွဲဆက် အကောင်းဆုံးသမားဆုကို ဆွတ်ခူးခဲ့တယ်။

အဲဒီနည်းတူ ကွာတားဖိုင်နယ်က တီကိုနဲ့ ပထမအကျော့မှာလည်း အကောင်းဆုံးကစားသမားဖြစ်ခဲ့တာက သူ့ရဲ့ခံစစ်ကစားပုံက ချယ်ဆီးအသင်း ချန်ပီယံလမ်းကြောင်းမှာ ဘယ်လောက်အကျိုးပြုခဲ့လဲဆိုတာ ထင်းကနဲ တွေ့ရမှာဖြစ်ပြီး ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဒီဘရိုင်းနားရဲ့ဘောလုံးကို ဖျက်ထုတ်ခဲ့ပုံက သူ့ရဲ့ Masterclass အဖြစ် သတ်မှတ်ခံထားရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၁၀။ ေအဒူယာ မန္ဒီ
မန္ဒီကေတာ့ အိပ္မက္နဲ႔ လက္ေတြ႕တထပ္တည္းက်တဲ့အျဖစ္ကို လန္ဒန္ေျမကို စေရာက္လာတဲ့ တာထြက္ရာသီမွာပဲ ခံစားခြင့္ရခဲ့ၿပီး ပီတာခ်က္ရဲ႕ ေျခရာအတိုင္း ရင္းေနးအသင္းကေန ခ်ယ္လ္ဆီးအသင္းမွာ ခ်န္ပီယံလိဂ္ဗိုလ္ျဖစ္ခဲ့လို႔ ၉ ပြဲအထိ Clean Sheet ယူခဲ့ပုံက အေကာင္းဆုံးစာရင္းမွာ တဦးတည္းေသာ ဂိုးသမားအျဖစ္ စာရင္းေပါက္ေစခဲ့တယ္။

၉။ ကာရင္မ္ ဘန္ဇီမာ
ခ်န္ပီယံလိဂ္ဆီမီးအထိ တက္ခဲ့တဲ့ ရီးရဲလ္မွာ အထူးျခားဆုံး ကစားသမားျဖစ္ခဲ့တဲ့ တဦးတည္းေသာသူက ဘန္ဇီမာျဖစ္ၿပီး ဟာဇက္နဲ႔ ရာမို႔စ္တို႔ ဒဏ္ရာရခ်ိန္မွာ သူက အသင္းရဲ႕ကိုးစားစရာ ေျခစြမ္းကို ျပသခဲ့တာက ဆီမီးမွာေတြ႕ဆုံတဲ့ ခ်ယ္လ္ဆီးအသင္းအပါအဝင္ သူက ၆ ဂိုးသြင္းယူေပးခဲ့တယ္။

၈။ လီယြန္နယ္ မက္ဆီ
၂၀၁၄-၁၅ က ခ်န္ပီယံလိဂ္ဖိုင္နယ္ကို ေနာက္ဆုံးေရာက္ရွိခဲ့တဲ့ ဘာစီလိုနာက ဒီႏွစ္မွာလည္း ၁၆ သင္းအဆင့္နဲ႔ ျပဳတ္ခဲ့ရေပမယ့္ အသင္းကို ဗဟိုျပဳေနတဲ့ မက္ဆီရဲ႕ စြမ္းေဆာင္ရည္ကေတာ့ ထူးၿပီးေလ်ာ့က်သြားျခင္း မရွိခဲ့ဘူး။ တသင္းလုံးက ၁၈ ဂိုးသြင္းခ်ိန္မွာ သူက ၅ ဂိုးသြင္းၿပီး ၂ ဂိုးဖန္တီးႏိုင္ခဲ့တယ္။

၇။ ဂ်ိဳရႉအာ ကင္မစ္ခ်္
ဘိုင္ယန္က ဒီႏွစ္ခ်န္ပီယံလိဂ္မွာ ဂိုးအမ်ားဆုံးအသင္းျဖစ္ၿပီး ကြာတားမတိုင္မီမွာပဲ ၂၇ ဂိုးသြင္းထားခဲ့တာေပမယ့္ ဆီမီးကိုေတာ့ လြဲေခ်ာ္ခဲ့သလို အသင္းရဲ႕ စြမ္းေဆာင္ရည္အေကာင္းဆုံးကစားသမားအျဖစ္ အသင္းရဲ႕ကြင္းလယ္က အင္ဂ်င္တလုံးျဖစ္ခဲ့တဲ့ ကင္မစ္ခ်္ကို မျဖစ္မေန Credit ေပးရမယ္။

၆။ ေနမာ
မႏွစ္က PSG အသင္းကို ခ်န္ပီယံလိဂ္ဖိုင္နယ္ဆီ ပို႔ေဆာင္ႏိုင္ခဲ့တဲ့ ေနမာက ဒီႏွစ္မွာေတာ့ စြမ္းေဆာင္ရည္က်သြားၿပီး အသင္းကလည္း ဆီမီးဖိုင္နယ္က လွည့္ျပန္ခဲ့ရခ်ိန္မွာ ကြာတားအဆင့္ ဘိုင္ယန္ကို လက္တုံ႔ျပန္ႏိုင္ခဲ့ျခင္းမွာေတာ့ သူ႔ရဲ႕ေျခစြမ္းေတြက ေတာက္ပလြန္းခဲ့တယ္။

၅။ ကီဗင္ ဒီဘ႐ိုင္းနား
မန္စီးတီးရဲ႕ ရႈံးထြက္အဆင့္ ၇ ပြဲတိတိမွာ အေကာင္းဆုံးကစားသမား ၃ ႀကိမ္ျဖစ္ခဲ့တဲ့ ကြင္းလယ္ဖန္တီးရွင္ ဒီဘ႐ိုင္းနားက မန္စီးတီးရဲ႕ ခ်န္ပီယံလိဂ္ ၂၅ ဂိုးမွာ ၇ ဂိုးသြင္းယူထားသူျဖစ္ၿပီး သူပို႔ေဆာင္ေပးခဲ့တဲ့ မန္စီးတီးရဲ႕ ပထမဆုံး ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ အေၾကာင္းမလွခဲ့တာက ကံၾကမၼာကိုပဲ ႐ိုးမယ္ဖြဲ႕စရာပါ။

၄။ ရီယက္ဇ္ မာရက္ဇ္
ခ်န္ပီယံမျဖစ္ခဲ့ဘဲ ဒုတိယေနရာနဲ႔သာ ေက်နပ္ခဲ့ရတဲ့ မန္စီးတီးအတြက္ စတာလင္းလို တိုက္စစ္မႉးေတြ ႐ုန္းကန္ေနရခ်ိန္မွာ ခ်န္ပီယံလိဂ္ဖိုင္နယ္ကို အေရာက္ပို႔ေပးခဲ့တာက ပြဲအလွည့္အေျပာင္းကို ျဖစ္ေစခဲ့တဲ့ မာရက္ဇ္ရဲ႕ အဆုံးအျဖတ္သြင္းဂိုးေတြျဖစ္ၿပီး ဒီဘ႐ိုင္းနားထက္ ပိုသာလြန္တဲ့အဆင့္မွာ သူ႔ကို ထားရမွာပါ။

၃။ အာလင္း ဟားလန္း
အသက္ ၂၀ နဲ႔ ေဘာလုံးေလာကရဲ႕ ဂိုးသြင္းစက္တလုံးျဖစ္လာခဲ့တဲ့ ဟားလန္းက ေဒါ့မန္အတြက္ အုပ္စုအဖြင့္ ၂ ပြဲကို လြဲေခ်ာ္ခဲ့ခ်ိန္မွာ ၇ ပြဲကစား၊ ၁၀
ဂိုးသြင္းခဲ့တာက လက္ဖ်ားခါရမွာျဖစ္ၿပီး မယုံၾကည္ႏိုင္စရာ ဂိုးသြင္းအားနဲ႔ ခ်န္ပီယံလိဂ္ကို ဆြဲေဆာင္မႈ ျမင့္ေစခဲ့သူပါ။

၂။ ခိုင္လ်န္ အမ္ဘာေပ
ခ်န္ပီယံလိဂ္အဖြင့္ ၄ ပြဲမွာ PSG အတြက္ တဂိုးမွ မသြင္းခဲ့ရာကေန ေနာက္ထပ္ ၄ ပြဲဆက္မွာ ၈ ဂိုးသြင္းယူခဲ့ၿပီး အဲဒီထဲမွာ ဘာစီလိုနာကို ဟက္ထရစ္သြင္းယူခဲ့တာက ျပင္သစ္သားရဲ႕ ဂုဏ္ပုဒ္ကို ထင္ရွားေစခဲ့တာျဖစ္ၿပီး ဆီမီးအဆင့္အထိ တက္ႏိုင္ခဲ့သလို လက္ရွိသူ႔အသင္းမွာ ေနမာထက္ေတာင္ ပိုအားကိုးခံေနရတဲ့ လူငယ္ၾကယ္ပြင့္ေလးျဖစ္ပါတယ္။

၁။ အန္ဂိုလို ကြန္ေတ
ကြန္ေတကေတာ့ ေျပာစရာမလို ခြၽင္းခ်က္မရွိေလာက္ေအာင္ကို ခ်န္ပီယံလိဂ္ရဲ႕ ပြဲႀကီးေတြမွာ ထင္ေပၚလြန္းခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ ေျခစြမ္းေျပာင္ေျမာက္မႈ ဆီမီးဖိုင္နယ္ကေန ဖိုင္နယ္အထိ ၃ ပြဲဆက္ အေကာင္းဆုံးသမားဆုကို ဆြတ္ခူးခဲ့တယ္။

အဲဒီနည္းတူ ကြာတားဖိုင္နယ္က တီကိုနဲ႔ ပထမအေက်ာ့မွာလည္း အေကာင္းဆုံးကစားသမားျဖစ္ခဲ့တာက သူ႔ရဲ႕ခံစစ္ကစားပုံက ခ်ယ္ဆီးအသင္း ခ်န္ပီယံလမ္းေၾကာင္းမွာ ဘယ္ေလာက္အက်ိဳးျပဳခဲ့လဲဆိုတာ ထင္းကနဲ ေတြ႕ရမွာျဖစ္ၿပီး ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ ဒီဘ႐ိုင္းနားရဲ႕ေဘာလုံးကို ဖ်က္ထုတ္ခဲ့ပုံက သူ႔ရဲ႕ Masterclass အျဖစ္ သတ္မွတ္ခံထားရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.