Analysis Premier League

တူဟယ်လ်ရဲ့ အောင်မြင်မှုကနေ အာဆင်နယ်မှာ အာတီတာ ဘယ်လိုသင်ယူနိုင်မလဲ

လွန်ခဲ့တဲ့ ၈ လတာကာလဟာ အာဆင်နယ်ပရိသတ်တွေအတွက် စိတ်ပျက်ဖွယ်ရာအတိဖြစ်ခဲ့တယ်။ ရာသီအသိမ်းမှာ ဆုဖလားအောင်မြင်မှုနဲ့ ဝေးကွာခဲ့တဲ့အပြင် ၂၆ နှစ်အတွင်း ပထမဆုံးဦးအကြိမ်အဖြစ် ဥရောပတန်းမဝင်ဘူးဆိုတဲ့ ငရဲကိုပါ ခံစားခဲ့ရတယ်။

ပရီးမီးယားလိဂ်ကန့်လန့်ကာအပိတ်မှာ အဆင့် ၄ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ၆ မှတ်သာ ပြတ်ကျန်ခဲ့ရာကနေ ဥရောပအဆင့်မြင့်ဆုံးပြိုင်ပွဲမှာ ၅ ရာသီဆက် ပျောက်ဆုံးဖို့ ဖြစ်လာခဲ့တယ်။ ယူရိုပါကွန်ဖရန့်လိဂ်ကို လန်​ဒန်မြို့ခံပြိုင်ဘက် စပါးစ်အသင်းက ရယူသွားချိန်မှာ ၂၅ အတွင်း အာဆင်နယ်ရဲ့ အဆိုးရွားဆုံးရာသီကို ပရိသတ်တွေ ခါးစည်းခံခဲ့ရတယ်။

အာဆင်နယ်ကစားသမားဟောင်းပယ်ရီ ဂရုဗ်စ်ကတော့ “အာတီတာအတွက်တော့ နောက်ရာသီမှာ အာဆင်နယ်အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ပြင်ဆင်ချိန်ကောင်းကောင်း ရသွားခဲ့တာပေါ့။ ဥရောပပြိုင်ပွဲ မကစားရတော့တဲ့အခါမှာ ပရီးမီးယားလိဂ်မှာ သူဘာလုပ်ပြမလဲ စောင့်ကြည့်ကြတာပေါ့”လို့ ဆိုခဲ့ပြီး…

“လက်စတာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်တော့ သူတို့က ဥရောပပွဲမကစားရတဲ့ လွတ်လပ်တဲ့အသင်းမျိုးလေ။ နည်းပြကွန်တီရဲ့ လက်ထက်မှာ ချယ်လ်ဆီးချန်ပီယံဖြစ်ခဲ့တုန်းကလည်း ဒီအနေအထားအတိုင်း ထပ်တူပဲဗျ”လို့ ပရိသတ်တွေအတွက် အကောင်းဘက်က မျှော်လင့်စရာတခုကို ထောက်ပြသွားခဲ့တယ်။

သူ့အနေနဲ့ အာဆင်နယ်အသင်းကို ငယ်ရွယ်နုပျိုပြီး အောင်ပွဲဆာလောင်စိတ်ပြင်းပြတဲ့ လူငယ်တွေနဲ့ တည်ဆောက်သွားစေလိုကြောင်း အာတီတာကို သတိပေးသွားခဲ့သလို အသင်းမှာ ညာနောက်ခံအစွန်လူတဦး၊ ဗဟိုခံစစ်မှူးတဦး၊ ကွင်းလယ်တိုက်စစ်မှူးတဦးနဲ့ ကွင်းလယ်ထောက်တိုင်ကစားသမားတဦး မဖြစ်မနေလိုအပ်နေတယ်လို့ သူက အခိုင်အမာ ယုံကြည်နေပါတယ်။

ညာနောက်ခံနေရာမှာ မက်စ်အာရွန် သို့ တားရစ် လမ်ပ့်တေး၊ ဗဟိုခံစစ်မှူးနေရာမှာ ဘန်ဝှိုက်သို့ ဂျုးလ် ကွန်ဒေတို့ကို အမိအရဝယ်ယူသင့်တယ်လို့ တိုက်တွန်းသွားခဲ့သလို အာဆင်နယ်ရဲ့ ကွင်းလယ်မှာ အိဗ္စ္ ဘီဆူးမားနဲ့ နော်ဝစ်ချ်ရဲ့ အီမီ ဘွန်ဒီယာတို့ကို လိုအပ်နေတယ်လို့ အဆိုပြုသွားခဲ့တာပါ။

ဒါ့အပြင် အာဆင်နယ်အသင်းဟာ လူသစ်တွေကို ဝယ်ယူဖြည့်တင်းရုံတင်မကဘဲ လူဟောင်းတွေဖြစ်တဲ့ အူဘာမီယန်းလို စတားပလေယာတွေရဲ့ အစွမ်းကို ကောင်းကောင်းညှစ်ထုတ်နိုင်ဖို့က အာတီတာရဲ့ အဓိကကျတဲ့ တာဝန်ဖြစ်တယ်လို့ ထောက်ပြသွားခဲ့ပါသေးတယ်။

“ချယ်လ်ဆီးက သောမတ်စ် တူဟယ်လ်ကို ခင်ဗျားကြည့်လိုက်။ သူ့အသင်းသားတွေကို စီမံခန့်ခွဲတတ်မှုက သိပ်အတုယူစရာကောင်းတယ်။ လမ်းပတ်ရဲ့ အပယ်ခံတွေဖြစ်ခဲ့တဲ့ မားကို့စ် အလွန်ဆိုနဲ့ ရူဒီဂါတို့ကို သူဘယ်လို သုံးပြခဲ့သလဲဆိုတာ တွေ့ကြလိမ့်မယ်။ လူငယ်တွေကိုလည်း ခေါ်ရမယ်။ အူဘာမီယန်းလို ကစားသမားမျိုးကို တန်ဖိုးထားဖို့ လိုမယ်။ ဒါမှ စီနီယာတွေနဲ့လည်း ပေါင်းစပ်ပစ်နိုင်မယ်”လို့ သူက အသင်းဟောင်းအတွက် အကြံပေးသွားခဲ့တယ်။

အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ်ဆုဖလားကို ၂ ​ကြိမ်မြောက် သိမ်းပိုက်သွားခဲ့တဲ့ ခားသီးမြို့ခံပြိုင်ဘက်ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ အောင်မြင်မှုမှာ မခံချင်စိတ်နဲ့ တွန်းအားဖြစ်လာစေလိမ့်လို့ ယုံကြည်ခြင်းခံထားရပြီး အာတီတာနဲ့အဖွဲ့ဟာ ရာသီသစ်မှာ ပြာပုံထဲက ရုန်းထမှုအနေနဲ့ ဝှက်ဖဲတွေက ဘာတွေရှိနေမလဲလို့ စိတ်ဝင်စားစရာတွေအရ ဘယ်လိုလုပ်ပြလာမလဲဆိုတာကလည်း နောက်ရာသီမှာ အရသာတွေ့စရာရှိနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လြန္ခဲ့တဲ့ ၈ လတာကာလဟာ အာဆင္နယ္ပရိသတ္ေတြအတြက္ စိတ္ပ်က္ဖြယ္ရာအတိျဖစ္ခဲ့တယ္။ ရာသီအသိမ္းမွာ ဆုဖလားေအာင္ျမင္မႈနဲ႔ ေဝးကြာခဲ့တဲ့အျပင္ ၂၆ ႏွစ္အတြင္း ပထမဆုံးဦးအႀကိမ္အျဖစ္ ဥေရာပတန္းမဝင္ဘူးဆိုတဲ့ ငရဲကိုပါ ခံစားခဲ့ရတယ္။

ပရီးမီးယားလိဂ္ကန္႔လန္႔ကာအပိတ္မွာ အဆင့္ ၄ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ ၆ မွတ္သာ ျပတ္က်န္ခဲ့ရာကေန ဥေရာပအဆင့္ျမင့္ဆုံးၿပိဳင္ပြဲမွာ ၅ ရာသီဆက္ ေပ်ာက္ဆုံးဖို႔ ျဖစ္လာခဲ့တယ္။ ယူ႐ိုပါကြန္ဖရန္႔လိဂ္ကို လန္​ဒန္ၿမိဳ႕ခံၿပိဳင္ဘက္ စပါးစ္အသင္းက ရယူသြားခ်ိန္မွာ ၂၅ အတြင္း အာဆင္နယ္ရဲ႕ အဆိုး႐ြားဆုံးရာသီကို ပရိသတ္ေတြ ခါးစည္းခံခဲ့ရတယ္။

အာဆင္နယ္ကစားသမားေဟာင္းပယ္ရီ ဂ႐ုဗ္စ္ကေတာ့ “အာတီတာအတြက္ေတာ့ ေနာက္ရာသီမွာ အာဆင္နယ္အတြက္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ ျပင္ဆင္ခ်ိန္ေကာင္းေကာင္း ရသြားခဲ့တာေပါ့။ ဥေရာပၿပိဳင္ပြဲ မကစားရေတာ့တဲ့အခါမွာ ပရီးမီးယားလိဂ္မွာ သူဘာလုပ္ျပမလဲ ေစာင့္ၾကည့္ၾကတာေပါ့”လို႔ ဆိုခဲ့ၿပီး…

“လက္စတာ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေတာ့ သူတို႔က ဥေရာပပြဲမကစားရတဲ့ လြတ္လပ္တဲ့အသင္းမ်ိဳးေလ။ နည္းျပကြန္တီရဲ႕ လက္ထက္မွာ ခ်ယ္လ္ဆီးခ်န္ပီယံျဖစ္ခဲ့တုန္းကလည္း ဒီအေနအထားအတိုင္း ထပ္တူပဲဗ်”လို႔ ပရိသတ္ေတြအတြက္ အေကာင္းဘက္က ေမွ်ာ္လင့္စရာတခုကို ေထာက္ျပသြားခဲ့တယ္။

သူ႔အေနနဲ႔ အာဆင္နယ္အသင္းကို ငယ္႐ြယ္ႏုပ်ိဳၿပီး ေအာင္ပြဲဆာေလာင္စိတ္ျပင္းျပတဲ့ လူငယ္ေတြနဲ႔ တည္ေဆာက္သြားေစလိုေၾကာင္း အာတီတာကို သတိေပးသြားခဲ့သလို အသင္းမွာ ညာေနာက္ခံအစြန္လူတဦး၊ ဗဟိုခံစစ္မႉးတဦး၊ ကြင္းလယ္တိုက္စစ္မႉးတဦးနဲ႔ ကြင္းလယ္ေထာက္တိုင္ကစားသမားတဦး မျဖစ္မေနလိုအပ္ေနတယ္လို႔ သူက အခိုင္အမာ ယုံၾကည္ေနပါတယ္။

ညာေနာက္ခံေနရာမွာ မက္စ္အာ႐ြန္ သို႔ တားရစ္ လမ္ပ့္ေတး၊ ဗဟိုခံစစ္မႉးေနရာမွာ ဘန္ဝႈိက္သို႔ ဂ်ဳးလ္ ကြန္ေဒတို႔ကို အမိအရဝယ္ယူသင့္တယ္လို႔ တိုက္တြန္းသြားခဲ့သလို အာဆင္နယ္ရဲ႕ ကြင္းလယ္မွာ အိဗၥ္ ဘီဆူးမားနဲ႔ ေနာ္ဝစ္ခ်္ရဲ႕ အီမီ ဘြန္ဒီယာတို႔ကို လိုအပ္ေနတယ္လို႔ အဆိုျပဳသြားခဲ့တာပါ။

ဒါ့အျပင္ အာဆင္နယ္အသင္းဟာ လူသစ္ေတြကို ဝယ္ယူျဖည့္တင္း႐ုံတင္မကဘဲ လူေဟာင္းေတြျဖစ္တဲ့ အူဘာမီယန္းလို စတားပေလယာေတြရဲ႕ အစြမ္းကို ေကာင္းေကာင္းညႇစ္ထုတ္ႏိုင္ဖို႔က အာတီတာရဲ႕ အဓိကက်တဲ့ တာဝန္ျဖစ္တယ္လို႔ ေထာက္ျပသြားခဲ့ပါေသးတယ္။

“ခ်ယ္လ္ဆီးက ေသာမတ္စ္ တူဟယ္လ္ကို ခင္ဗ်ားၾကည့္လိုက္။ သူ႔အသင္းသားေတြကို စီမံခန္႔ခြဲတတ္မႈက သိပ္အတုယူစရာေကာင္းတယ္။ လမ္းပတ္ရဲ႕ အပယ္ခံေတြျဖစ္ခဲ့တဲ့ မားကို႔စ္ အလြန္ဆိုနဲ႔ ႐ူဒီဂါတို႔ကို သူဘယ္လို သုံးျပခဲ့သလဲဆိုတာ ေတြ႕ၾကလိမ့္မယ္။ လူငယ္ေတြကိုလည္း ေခၚရမယ္။ အူဘာမီယန္းလို ကစားသမားမ်ိဳးကို တန္ဖိုးထားဖို႔ လိုမယ္။ ဒါမွ စီနီယာေတြနဲ႔လည္း ေပါင္းစပ္ပစ္ႏိုင္မယ္”လို႔ သူက အသင္းေဟာင္းအတြက္ အႀကံေပးသြားခဲ့တယ္။

အာဆင္နယ္အေနနဲ႔ ခ်န္ပီယံလိဂ္ဆုဖလားကို ၂ ​ႀကိမ္ေျမာက္ သိမ္းပိုက္သြားခဲ့တဲ့ ခားသီးၿမိဳ႕ခံၿပိဳင္ဘက္ျဖစ္တဲ့ ခ်ယ္လ္ဆီးရဲ႕ ေအာင္ျမင္မႈမွာ မခံခ်င္စိတ္နဲ႔ တြန္းအားျဖစ္လာေစလိမ့္လို႔ ယုံၾကည္ျခင္းခံထားရၿပီး အာတီတာနဲ႔အဖြဲ႕ဟာ ရာသီသစ္မွာ ျပာပုံထဲက ႐ုန္းထမႈအေနနဲ႔ ဝွက္ဖဲေတြက ဘာေတြရွိေနမလဲလို႔ စိတ္ဝင္စားစရာေတြအရ ဘယ္လိုလုပ္ျပလာမလဲဆိုတာကလည္း ေနာက္ရာသီမွာ အရသာေတြ႕စရာရွိေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.