Premier League Transfer News

31 May ညနေခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ရှက်ဗ်ချန်ကို နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ယူကရိန်းအသင်းက အသက် ၁၈ နှစ်အရွယ် ဗဟိုခံစစ်မှူး အီလ်ယာ ဇာဘာညီကို ယူရိုပြိုင်ပွဲမတိုင်မီ ချယ်လ်ဆီးအသင်းက ယူရို ၁၂ သန်းနဲ့ ခေါ်ယူသွားဖွယ် ရှိနေပြီး ဒိုင်နမိုကိဗ်အသင်းနဲ့အတူ ယူကရိန်းအမှတ်ပေးဖလားချန်ပီယံဖြစ်ခဲ့တဲ့ ဆယ်ကျော်သက်လေးအတွက် ရှက်ဗ်ချန်ကိုက နားဖောက်ထားပြီးဖြစ်။

– ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ဝါရင့်ခံစစ်မှုးကြီး သီယာဂို ဆေးလ်ဗားကို ၂၀၂၂ ဇွန်လအထိ စာချုပ်သက်တမ်းတိုးခဲ့ပြီဖြစ်တယ်လို့ သိရပြီး တနှစ်သာ ထပ်တိုးခဲ့ပေမယိ့ ပူပူနွေးနွေး ချန်ပီယံလိဂ်ဖလားအောင်မြင်မှုဟာ နည်းပြတူဟယ်လ်နဲ့ ဆေးလ်ဗားတို့အတွဲကို အသင်းမှာ နှစ်ရှည်ဆက်ထိန်းထားဖို့ ဖြစ်လာကြောင်း သိရှိထားရ။

– ချယ်လ်ဆီးကစားသမားဟောင်း ဂျိုးကိုးလ်ဟာ အင်တာမီလန်တိုက်စစ်မှူး လူကာကူကို စတမ်းဖို့ဒ်မြေဆီ ပြန်လာဖို့ အမြန်ဆုံးစည်းရုံးသင့်တယ်လို့ နည်းပြတူဟယ်လ်ကို တိုက်တွန်းသွားခဲ့ပြီး ခံစစ်နဲ့ ကွင်းလယ်ပိုင်းမာကျောမှုကို တိုက်စစ်ပိုင်းအဆုံးသတ်မှုနဲ့ ပြီးပြည့်စုံစေဖို့ သူ့လို ဂိုးမုဆိုးကို အရေးတကြီး လိုအပ်နေတယ်လို့ တောင်းဆိုခံထားရ။

– နယူးကာဆယ်လ်အသင်းဟာ ချယ်လ်ဆီးတိုက်စစ်မှူးတန်မီ အေဘရာဟမ်နဲ့ ကွင်းလယ်လူ ဘီလီ ဂီးလ်မိုးတို့အတွဲကို ဒီနွေမှာ အငှားခေါ်ယူဖို့ ပစ်မှတ်ထားလာကြောင်း သိရှိရပေမယ့် ချယ်လ်ဆီးအသင်းကတော့ ဂီးလ်မိုးကို လာမယ့်ရာသီမှာ ပွဲထွက်တနေရာပေးဖို့ စဥ်းစားနေသလို အေဘရာဟမ်ကိုတော့ ပေါင်သန်း ၄၀ နဲ့ ရောင်းချသွားလိုနေတဲ့နောက် ဝက်စ်ဟမ်းအသင်းက သူ့ကို ၂၅ သန်းနဲ့ ကမ်းလှမ်းထား။

– ချန်ပီယံဗိုလ်လုပွဲမှာ ဒီဘရိုင်းနားကို ဒဏ်ရာရပြီး ကွင်းထဲက ထွက်ခွာစေခဲ့တဲ့ ချယ်လ်ဆီးဗဟိုခံစစ်မှူး အန်တိုနီယို ရူဒီဂါက သူ့ရဲ့လုပ်ရပ်အတွက် နှာနုရိုးနဲ့ မျက်လုံးရိုး အက်သွားခဲ့တဲ့ ဘယ်လ်ဂျီယံသားကို ပြန်လည်တောင်းပန်သွားခဲ့ပြီး သူ​ြအနေနဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းမဟုတ်ကြောင်း ဝန်ခံခဲ့ပြီး ဒီဘရိုင်းနား အမြန်ဆုံးသက်သာလာဖို့ မျှော်လင့်နေ။

– ချယ်လ်ဆီးအသင်းရဲ့ ချန်ပီယံလိဂ်အောင်မြင်မှုက လီဗာပူးအသင်းကိုပါ အကျိုးပြုသွားခဲ့တယ်လို့ သိရပြီး လီဗာပူးလ်နည်းပြကလော့ပ်အနေနဲ့ ချန်ပီယံလိဂ်မဲခွဲမှုမှာ ချန်ပီယံလိဂ်မဲအိုးထဲမှာ Pot 3 ကနေ Pot 2 ကို တက်လာတဲ့ သူ့ရဲ့အသင်းဟောင်း ဒေါ့မန်အသင်းနဲ့ တအုပ်စုတည်း ကျရောက်ခြင်းကို ရှောင်လွှဲနိုင်ခဲ့ပြီဖြစ်။

– အာဆင်နယ်နည်းပြဟောင်းကြီး အာဆင် ဝင်းဂါးက မန်စီးတီးကို ကြောင်ပျောက်စေခဲ့တဲ့ တူဟယ်လ်ရဲ့ စဥ်းစားပုံကို အထူးတလည် ချီးကျုးသွားခဲ့ပြီး ခိုင်ဟာဗတ်ဇ်နဲ့ မေဆန်မောင့်ရဲ့ လုပ်အားကို ထိန်းချုပ်ဖို့ မန်စီးတီးအဖြေရှာမတွေ့ခဲ့တာဟာ ချယ်လ်ဆီးရဲ့ ပြောင်မြောက်လွန်းတဲ့ ဗျူဟာပိုင်နိုင်မှုဖြစ်ကြောင်းဆို။

– အန်ဂိုလို ကွန်တေရဲ့ ကစားပုံကို ကြည့်ရတာဟာ ကိုယ့်ကိုယ်ကိုယ် ရုပ်ရှင်ဆန်ဆန် ပြန်မြင်နေရသလိုပဲ ချယ်လ်ဆီးရဲ့ ၂၀၁၂ ချန်ပီယံလိဂ်ချန်ပီယံအသင်းရဲ့ ကွင်းလယ်လူဟောင်းရာမီရက်စ်က ရင်ဖွင့်သွားခဲ့ပြီး ကွင်းထဲမှာ သွေးအေးအေးနဲ့ ရက်ရက်စက်စက် အလုပ်လုပ်တတ်သူလို့ ချီးမွမ်းခဲ့သလို ယူရိုဖလားချန်ပီယံသာ မဖြစ်ရင် ဘလွန်ဒေါဆုကို ရယူဖို့တော့ ခက်ခဲနိုင်သေးကြောင်းပြောကြား။

– ဒီနွေရာသီမှာ ချယ်လ်ဆီးနည်းပြ တူဟယ်လ်အနေနဲ့ အပြောင်းအရွှေ့စရိတ်ကို ပေါင်သန်း ၂၀၀ ထုတ်ပေးခံထားရတယ်လို့ သိရပြီး အနည်းဆုံး လူသစ် ၃ ဦးဝယ်မယ်လို့ ကတိပေးထားတဲ့ သူ့ရဲ့အဝယ်စာရင်းထဲမှာ တိုက်စစ်မှူးဖြည့်ဖို့ လူကာကူနဲ့ ဟာရီကိန်းတို့က ထိပ်ဆုံးက ပါနေသလို တောင်ပံအစွန်နေရာမှာ အရန်လူအနေနဲ့ ဝုဗ်ကွင်းလယ်တိုက်စစ်မှူး အဒါမာ ထရာအိုရေးကို ချိန်ရွယ်ထားပြီး ကွင်းလယ်နေရာမှာ မိုနာကိုက အူရယ်လီယန် ချွယ်မင်နီနဲ့ ဇီးယက်ရှ်ကို နေရာလုတိုက်ပွဲဝင်စေဖို့ မိုချန်ဂလာဘတ်က ဂျိုနတ်စ် ဟော့ဖ်မန်းတို့ကို ပစ်မှတ်ထားနေ။

– စိန်ခေါ်မှုအသစ်တွေကို စောင့်မျှော်နေတယ်လို့ လေသံပစ်လိုက်တဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဗန်ဒေါ့စကီးဟာ ဒီနွေမှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတယ်လို့ သိရပြီး ချယ်လ်ဆီးနဲ့ ဘာစီလိုနာအသင်းတွေကာ အပြိုင်လိုက်နေသလို ပိုလန်သားကို ခေါ်ယူဖို့ လက်ရှိချန်ပီယံလိဂ်ချန်ပီယံ ဒေါ့မန်နည်းပြဟောင်းတူဟယ်လ်က ပိုဆွဲဆောင်နိင်တဲ့ ရာခိုင်နှုန်းများနေ။

– ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးစ်ဂျိမ်းစ်ရဲ့ လက်ထိဘော​ဖြစ်ရပ်ကနေတဆင့် မန်စီးတီးကို ပင်နယ်တီပေးဖို့ ငြင်းပယ်ခဲ့တဲ့ ကွင်းလယ်ဒိုင် အန်တီနီယို မာတီယူရဲ့ ဆုံးဖြတ်ချက်က အမြင်မှန်ခဲ့တယ်လို့ ဒိုင်လူကြီးဟောင်း မတ်ကလက်တန်ဘတ်က ထောက်ခံပေးသွားခဲ့ပြီး ဂျိမ်းစ်ရဲ့ လက်မောင်းဟာ မူမှန်အနေအထားအတိုင်း ရှိနေခဲ့လို့ ပင်နယ်တီမထိုက်သင့်ကြောင်း ထောက်ပြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ယ္လ္ဆီးတိုက္စစ္မႉးေဟာင္း ရွက္ဗ္ခ်န္ကို နည္းျပအျဖစ္ေဆာင္႐ြက္ေနတဲ့ ယူကရိန္းအသင္းက အသက္ ၁၈ ႏွစ္အ႐ြယ္ ဗဟိုခံစစ္မႉး အီလ္ယာ ဇာဘာညီကို ယူ႐ိုၿပိဳင္ပြဲမတိုင္မီ ခ်ယ္လ္ဆီးအသင္းက ယူ႐ို ၁၂ သန္းနဲ႔ ေခၚယူသြားဖြယ္ ရွိေနၿပီး ဒိုင္နမိုကိဗ္အသင္းနဲ႔အတူ ယူကရိန္းအမွတ္ေပးဖလားခ်န္ပီယံျဖစ္ခဲ့တဲ့ ဆယ္ေက်ာ္သက္ေလးအတြက္ ရွက္ဗ္ခ်န္ကိုက နားေဖာက္ထားၿပီးျဖစ္။

– ခ်ယ္လ္ဆီးအသင္းဟာ အသင္းရဲ႕ဝါရင့္ခံစစ္မႈးႀကီး သီယာဂို ေဆးလ္ဗားကို ၂၀၂၂ ဇြန္လအထိ စာခ်ဳပ္သက္တမ္းတိုးခဲ့ၿပီျဖစ္တယ္လို႔ သိရၿပီး တႏွစ္သာ ထပ္တိုးခဲ့ေပမယိ့ ပူပူေႏြးေႏြး ခ်န္ပီယံလိဂ္ဖလားေအာင္ျမင္မႈဟာ နည္းျပတူဟယ္လ္နဲ႔ ေဆးလ္ဗားတို႔အတြဲကို အသင္းမွာ ႏွစ္ရွည္ဆက္ထိန္းထားဖို႔ ျဖစ္လာေၾကာင္း သိရွိထားရ။

– ခ်ယ္လ္ဆီးကစားသမားေဟာင္း ဂ်ိဳးကိုးလ္ဟာ အင္တာမီလန္တိုက္စစ္မႉး လူကာကူကို စတမ္းဖို႔ဒ္ေျမဆီ ျပန္လာဖို႔ အျမန္ဆုံးစည္း႐ုံးသင့္တယ္လို႔ နည္းျပတူဟယ္လ္ကို တိုက္တြန္းသြားခဲ့ၿပီး ခံစစ္နဲ႔ ကြင္းလယ္ပိုင္းမာေက်ာမႈကို တိုက္စစ္ပိုင္းအဆုံးသတ္မႈနဲ႔ ၿပီးျပည့္စုံေစဖို႔ သူ႔လို ဂိုးမုဆိုးကို အေရးတႀကီး လိုအပ္ေနတယ္လို႔ ေတာင္းဆိုခံထားရ။

– နယူးကာဆယ္လ္အသင္းဟာ ခ်ယ္လ္ဆီးတိုက္စစ္မႉးတန္မီ ေအဘရာဟမ္နဲ႔ ကြင္းလယ္လူ ဘီလီ ဂီးလ္မိုးတို႔အတြဲကို ဒီေႏြမွာ အငွားေခၚယူဖို႔ ပစ္မွတ္ထားလာေၾကာင္း သိရွိရေပမယ့္ ခ်ယ္လ္ဆီးအသင္းကေတာ့ ဂီးလ္မိုးကို လာမယ့္ရာသီမွာ ပြဲထြက္တေနရာေပးဖို႔ စဥ္းစားေနသလို ေအဘရာဟမ္ကိုေတာ့ ေပါင္သန္း ၄၀ နဲ႔ ေရာင္းခ်သြားလိုေနတဲ့ေနာက္ ဝက္စ္ဟမ္းအသင္းက သူ႔ကို ၂၅ သန္းနဲ႔ ကမ္းလွမ္းထား။

– ခ်န္ပီယံဗိုလ္လုပြဲမွာ ဒီဘ႐ိုင္းနားကို ဒဏ္ရာရၿပီး ကြင္းထဲက ထြက္ခြာေစခဲ့တဲ့ ခ်ယ္လ္ဆီးဗဟိုခံစစ္မႉး အန္တိုနီယို ႐ူဒီဂါက သူ႔ရဲ႕လုပ္ရပ္အတြက္ ႏွာႏု႐ိုးနဲ႔ မ်က္လုံး႐ိုး အက္သြားခဲ့တဲ့ ဘယ္လ္ဂ်ီယံသားကို ျပန္လည္ေတာင္းပန္သြားခဲ့ၿပီး သူ​ျအေနနဲ႔ ရည္႐ြယ္ခ်က္ရွိရွိ လုပ္ေဆာင္ခဲ့ျခင္းမဟုတ္ေၾကာင္း ဝန္ခံခဲ့ၿပီး ဒီဘ႐ိုင္းနား အျမန္ဆုံးသက္သာလာဖို႔ ေမွ်ာ္လင့္ေန။

– ခ်ယ္လ္ဆီးအသင္းရဲ႕ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈက လီဗာပူးအသင္းကိုပါ အက်ိဳးျပဳသြားခဲ့တယ္လို႔ သိရၿပီး လီဗာပူးလ္နည္းျပကေလာ့ပ္အေနနဲ႔ ခ်န္ပီယံလိဂ္မဲခြဲမႈမွာ ခ်န္ပီယံလိဂ္မဲအိုးထဲမွာ Pot 3 ကေန Pot 2 ကို တက္လာတဲ့ သူ႔ရဲ႕အသင္းေဟာင္း ေဒါ့မန္အသင္းနဲ႔ တအုပ္စုတည္း က်ေရာက္ျခင္းကို ေရွာင္လႊဲႏိုင္ခဲ့ၿပီျဖစ္။

– အာဆင္နယ္နည္းျပေဟာင္းႀကီး အာဆင္ ဝင္းဂါးက မန္စီးတီးကို ေၾကာင္ေပ်ာက္ေစခဲ့တဲ့ တူဟယ္လ္ရဲ႕ စဥ္းစားပုံကို အထူးတလည္ ခ်ီးက်ဳးသြားခဲ့ၿပီး ခိုင္ဟာဗတ္ဇ္နဲ႔ ေမဆန္ေမာင့္ရဲ႕ လုပ္အားကို ထိန္းခ်ဳပ္ဖို႔ မန္စီးတီးအေျဖရွာမေတြ႕ခဲ့တာဟာ ခ်ယ္လ္ဆီးရဲ႕ ေျပာင္ေျမာက္လြန္းတဲ့ ဗ်ဴဟာပိုင္ႏိုင္မႈျဖစ္ေၾကာင္းဆို။

– အန္ဂိုလို ကြန္ေတရဲ႕ ကစားပုံကို ၾကည့္ရတာဟာ ကိုယ့္ကိုယ္ကိုယ္ ႐ုပ္ရွင္ဆန္ဆန္ ျပန္ျမင္ေနရသလိုပဲ ခ်ယ္လ္ဆီးရဲ႕ ၂၀၁၂ ခ်န္ပီယံလိဂ္ခ်န္ပီယံအသင္းရဲ႕ ကြင္းလယ္လူေဟာင္းရာမီရက္စ္က ရင္ဖြင့္သြားခဲ့ၿပီး ကြင္းထဲမွာ ေသြးေအးေအးနဲ႔ ရက္ရက္စက္စက္ အလုပ္လုပ္တတ္သူလို႔ ခ်ီးမြမ္းခဲ့သလို ယူ႐ိုဖလားခ်န္ပီယံသာ မျဖစ္ရင္ ဘလြန္ေဒါဆုကို ရယူဖို႔ေတာ့ ခက္ခဲႏိုင္ေသးေၾကာင္းေျပာၾကား။

– ဒီေႏြရာသီမွာ ခ်ယ္လ္ဆီးနည္းျပ တူဟယ္လ္အေနနဲ႔ အေျပာင္းအေ႐ႊ႕စရိတ္ကို ေပါင္သန္း ၂၀၀ ထုတ္ေပးခံထားရတယ္လို႔ သိရၿပီး အနည္းဆုံး လူသစ္ ၃ ဦးဝယ္မယ္လို႔ ကတိေပးထားတဲ့ သူ႔ရဲ႕အဝယ္စာရင္းထဲမွာ တိုက္စစ္မႉးျဖည့္ဖို႔ လူကာကူနဲ႔ ဟာရီကိန္းတို႔က ထိပ္ဆုံးက ပါေနသလို ေတာင္ပံအစြန္ေနရာမွာ အရန္လူအေနနဲ႔ ဝုဗ္ကြင္းလယ္တိုက္စစ္မႉး အဒါမာ ထရာအိုေရးကို ခ်ိန္႐ြယ္ထားၿပီး ကြင္းလယ္ေနရာမွာ မိုနာကိုက အူရယ္လီယန္ ခြၽယ္မင္နီနဲ႔ ဇီးယက္ရွ္ကို ေနရာလုတိုက္ပြဲဝင္ေစဖို႔ မိုခ်န္ဂလာဘတ္က ဂ်ိဳနတ္စ္ ေဟာ့ဖ္မန္းတို႔ကို ပစ္မွတ္ထားေန။

– စိန္ေခၚမႈအသစ္ေတြကို ေစာင့္ေမွ်ာ္ေနတယ္လို႔ ေလသံပစ္လိုက္တဲ့ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး လီဗန္ေဒါ့စကီးဟာ ဒီေႏြမွာ အသင္းကေန ထြက္ခြာဖြယ္ရွိေနတယ္လို႔ သိရၿပီး ခ်ယ္လ္ဆီးနဲ႔ ဘာစီလိုနာအသင္းေတြကာ အၿပိဳင္လိုက္ေနသလို ပိုလန္သားကို ေခၚယူဖို႔ လက္ရွိခ်န္ပီယံလိဂ္ခ်န္ပီယံ ေဒါ့မန္နည္းျပေဟာင္းတူဟယ္လ္က ပိုဆြဲေဆာင္နိင္တဲ့ ရာခိုင္ႏႈန္းမ်ားေန။

– ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ရီးစ္ဂ်ိမ္းစ္ရဲ႕ လက္ထိေဘာ​ျဖစ္ရပ္ကေနတဆင့္ မန္စီးတီးကို ပင္နယ္တီေပးဖို႔ ျငင္းပယ္ခဲ့တဲ့ ကြင္းလယ္ဒိုင္ အန္တီနီယို မာတီယူရဲ႕ ဆုံးျဖတ္ခ်က္က အျမင္မွန္ခဲ့တယ္လို႔ ဒိုင္လူႀကီးေဟာင္း မတ္ကလက္တန္ဘတ္က ေထာက္ခံေပးသြားခဲ့ၿပီး ဂ်ိမ္းစ္ရဲ႕ လက္ေမာင္းဟာ မူမွန္အေနအထားအတိုင္း ရွိေနခဲ့လို႔ ပင္နယ္တီမထိုက္သင့္ေၾကာင္း ေထာက္ျပ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.