Premier League

ပိုင္ရွင္ရဲ႕ သူငယ္ခ်င္းကို ေအးဂ်င့္ငွားလုိက္လို႔ အဲလက္စ္ တဲလက္စ္နဲ႔ ခ်ဲလ္ဆီး ပုိမုိနီးစပ္လာ

ေပၚတူဂီကလပ္ ေပၚတုိအသင္းက လာမယ့္အေျပာင္းအေရႊ႕ကာလမွာ ေရာင္းခ်သြားဖြယ္ရွိေနတဲ့ ဘယ္ေနာက္ခံလူ အဲလက္စ္ တဲလက္စ္ဟာ ခ်ဲလ္ဆီးအသင္းပုိင္ရွင္ ႐ိုမန္ ေအဘရာမိုဗစ္ခ်္ရဲ႕ သူငယ္ခ်င္းျဖစ္သူ ေအးဂ်င့္ ပီနီ ဇာဟာဗီကို ငွားရမ္းလုိက္တာေၾကာင့္ အသင္းေျပာင္းဖို႔ ခန္႔မွန္းခ်က္ေတြ ပုိမိုမ်ားျပားလာခဲ့ပါတယ္။

ဘာစီလိုနာအသင္းကလည္း စိတ္ဝင္စားေနတဲ့ ဘရာဇီးလ္ေနာက္ခံလူဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း မတုိးေတာ့ဘဲ ေအာင္ျမင္မွဳေတြ ရယူႏုိင္မယ့္ ဥေရာပအသင္းႀကီးေတြဆီ ေျပာင္းေရႊ႕ဖို႔ဆႏၵကို ထုတ္ေဖာ္ထားသူျဖစ္ၿပီး လက္ရွိမွာေတာ့ အစၥေရး(ဂ်ဴး)လူမ်ဳိး ေအးဂ်င့္ကို ငွားရမ္းလုိက္တာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းကို စတင္ဝယ္ယူစဥ္ကတည္းက ဇာဟာဗီဟာ သူ႕ရဲ႕ သူငယ္ခ်င္းျဖစ္သူ ေအဘရာမိုဗစ္ခ်္အတြက္ အလုပ္လုပ္ေပးခဲ့တာျဖစ္ၿပီး ကစားသမားေပါင္းမ်ားစြာကို ခ်ိတ္ဆက္ေခၚယူေပးခဲ့သလို လက္ရွိမွာေတာ့ သူနဲ႔ ေဝးကြာေနတဲ့ အသင္းနဲ႔ ဆက္ဆံေရးက တစ္ေက်ာ့ျပန္လာေတာ့ဖို႔ ရွိေနတာလည္းျဖစ္ပါတယ္။

ဒီအတြက္ အားသာခ်က္အေနနဲ႔ အဲလက္စ္ တဲလက္စ္ကို ဘာစီလိုနာအသင္းထက္ ခ်ဲလ္ဆီးက လက္ဦးမွဳ ရယူႏုိင္ဖို႔ရွိၿပီး အသက္ ၂၇ ႏွစ္အရြယ္ ေနာက္ခံလူကို ဖရန္႔ လမ္းပတ္အေနနဲ႔ လက္စတာရဲ႕ ဘန္ ေခ်းလ္ဝဲလ္ကို မရႏုိင္လို႔ ေဈးသက္တာတဲ့ဘက္ကို လွည့္တဲ့အေနနဲ႔ ေခၚယူမွာလည္းျဖစ္ႏုိင္ပါတယ္။

ေပၚတုိအသင္းကေတာ့ အဲလက္စ္ တဲလက္စ္အတြက္ ေပါင္ ၃၆ သန္း ေပးေခ်ရမယ္လို႔ ေတာင္းဆိုထားၿပီး အဂၤလန္မွာ ဖ်ံက်တဲ့ ေအးဂ်င့္တစ္ဦးျဖစ္တဲ့ ဇာဟာဗီအတြက္ေတာ့ လြယ္ကူတဲ့ လုပ္ငန္းစဥ္တစ္ခု ျဖစ္လာႏုိင္သလို ရီယို ဖာဒီနန္ကို မန္ခ်က္စတာယူႏုိက္တက္ကို ပုိ႔ေဆာင္ေပးခဲ့သျဖစ္တဲ့ အသက္ ၇၆ ႏွစ္အရြယ္ ဝါရင့္ေအးဂ်င့္ဟာ လက္ရွိမွာ ပဲေလ့စ္ရဲ႕ ဝီလ္ဖရီးဒ္ ဇာဟာအတြက္လည္း ေဆာင္ရြက္ေပးေနတယ္လုိ႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပေါ်တူဂီကလပ် ပေါ်တိုအသင်းက လာမယ့်အပြောင်းအရွှေ့ကာလမှာ ရောင်းချသွားဖွယ်ရှိနေတဲ့ ဘယ်နောက်ခံလူ အဲလက်စ် တဲလက်စ်ဟာ ချဲလ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ်ရဲ့ သူငယ်ချင်းဖြစ်သူ အေးဂျင့် ပီနီ ဇာဟာဗီကို ငှားရမ်းလိုက်တာကြောင့် အသင်းပြောင်းဖို့ ခန့်မှန်းချက်တွေ ပိုမိုများပြားလာခဲ့ပါတယ်။

ဘာစီလိုနာအသင်းကလည်း စိတ်ဝင်စားနေတဲ့ ဘရာဇီးလ်နောက်ခံလူဟာ အသင်းနဲ့ စာချုပ်သက်တမ်း မတိုးတော့ဘဲ အောင်မြင်မှုတွေ ရယူနိုင်မယ့် ဥရောပအသင်းကြီးတွေဆီ ပြောင်းရွှေ့ဖို့ဆန္ဒကို ထုတ်ဖော်ထားသူဖြစ်ပြီး လက်ရှိမှာတော့ အစ္စရေး(ဂျူး)လူမျိုး အေးဂျင့်ကို ငှားရမ်းလိုက်တာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းကို စတင်ဝယ်ယူစဉ်ကတည်းက ဇာဟာဗီဟာ သူ့ရဲ့ သူငယ်ချင်းဖြစ်သူ အေဘရာမိုဗစ်ချ်အတွက် အလုပ်လုပ်ပေးခဲ့တာဖြစ်ပြီး ကစားသမားပေါင်းများစွာကို ချိတ်ဆက်ခေါ်ယူပေးခဲ့သလို လက်ရှိမှာတော့ သူနဲ့ ဝေးကွာနေတဲ့ အသင်းနဲ့ ဆက်ဆံရေးက တစ်ကျော့ပြန်လာတော့ဖို့ ရှိနေတာလည်းဖြစ်ပါတယ်။

ဒီအတွက် အားသာချက်အနေနဲ့ အဲလက်စ် တဲလက်စ်ကို ဘာစီလိုနာအသင်းထက် ချဲလ်ဆီးက လက်ဦးမှု ရယူနိုင်ဖို့ရှိပြီး အသက် ၂၇ နှစ်အရွယ် နောက်ခံလူကို ဖရန့် လမ်းပတ်အနေနဲ့ လက်စတာရဲ့ ဘန် ချေးလ်ဝဲလ်ကို မရနိုင်လို့ ဈေးသက်တာတဲ့ဘက်ကို လှည့်တဲ့အနေနဲ့ ခေါ်ယူမှာလည်းဖြစ်နိုင်ပါတယ်။

ပေါ်တိုအသင်းကတော့ အဲလက်စ် တဲလက်စ်အတွက် ပေါင် ၃၆ သန်း ပေးချေရမယ်လို့ တောင်းဆိုထားပြီး အင်္ဂလန်မှာ ဖျံကျတဲ့ အေးဂျင့်တစ်ဦးဖြစ်တဲ့ ဇာဟာဗီအတွက်တော့ လွယ်ကူတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်လာနိုင်သလို ရီယို ဖာဒီနန်ကို မန်ချက်စတာယူနိုက်တက်ကို ပို့ဆောင်ပေးခဲ့သဖြစ်တဲ့ အသက် ၇၆ နှစ်အရွယ် ဝါရင့်အေးဂျင့်ဟာ လက်ရှိမှာ ပဲလေ့စ်ရဲ့ ဝီလ်ဖရီးဒ် ဇာဟာအတွက်လည်း ဆောင်ရွက်ပေးနေတယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.