Premier League

၄.၄.၂၀၂၀၊ ၁၃၈၁ ခုႏွစ္၊ တန္ခူးလဆန္း ၁၂ ရက္၊ စေနေန႔။

၄.၄.၂၀၂၀၊ ၁၃၈၁ ခုႏွစ္၊ တန္ခူးလဆန္း ၁၂ ရက္၊ စေနေန႔၊ ျပႆဒါး၊ သမားညဳိ။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
ည ၂၃:၂၉ အထိ တိထီ ၁၁ လုံး။ ေက်ာ္လွ်င္ ၁၂ လုံး။ ၁၁ လုံးတြင္ အၿမိတၱယုဂ္ႏွင့္ ယာဇ္မီးယုဂ္၊ ထာဝရရွင္သန္ေအာင္ျမင္ေစလိုေသာ ကိစၥမ်ား လုပ္ေဆာင္ရန္ေကာင္း၊ အလိုရွိေသာ ကိစၥမ်ားအတြက္ ပူေဇာ္ဆုေတာင္းမွဳမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
ညေန ၁၈:၀၇ အထိ အႆလိႆနကၡတ္၊ ေက်ာ္လွ်င္ မာဃနကၡတ္။ နံနက္ ၁၁:၁၉ အထိ ဓီတိယုဂ္၊ စဥ္းစားဆင္ျခင္ျခင္း၊ ထိန္းခ်ဳပ္ကြပ္ကဲရျခင္း၊ မိမိ၏ အေျမာ္အျမင္ေၾကာင့္ သူတပါးထံမွ အက်ဳိးခံစားရျခင္းမ်ားရွိမည္။ ေက်ာ္လွ်င္ သူလယုဂ္၊ နာက်င္ခံစားရျခင္း၊ ျငင္းခုံရျခင္း၊ ေဆြးေႏြးမွဳမ်ား၊ သေဘာတူညီမွဳမ်ား ျပဳလုပ္ျခင္းမ်ဳိး ေရွာင္ၾကဥ္ပါ။

တစ္ေန႔တာ က႐ိုဏ္း။
ေန႔လယ္ ၁၂:၄၈ အထိ ဝါဏိဇၨက႐ိုဏ္း၊ စီးပြားေရးႏွင့္ ဆက္သြယ္ဆက္ဆံေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္ေကာင္း၊ ခ်မ္းသာျပည့္စုံရန္ စီစဥ္ႏုိင္။ ည ၂၃:၂၉ အထိ ဝိႆတိက႐ိုဏ္း၊ မိမိကိုယ္ကို ယုံၾကည္မွဳျဖင့္ ရန္မ်ားအား ေက်ာ္ျဖတ္အႏုိင္ယူႏိုင္။ ေက်ာ္လွ်င္ ဗဘက႐ိုဏ္း၊ က်က္သေရရွိ၊ လုပ္ငန္းေဆာင္တာ အမ်ဳိးမ်ဳိးႏွင့္ က်န္းမာေရးကိစၥအဝဝ လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္အေရာင္။
ည ၂၃:၂၉ အထိ အေနာက္ႏွင့္ ေတာင္၊ အနီေရာင္။ ေက်ာ္လွ်င္ ေျမာက္ႏွင့္ အေနာက္၊ အဝါေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၄.၄.၂၀၂၀၊ ၁၃၈၁ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက်၊ စနေနေ့၊ ပြဿဒါး၊ သမားညို။

တစ်နေ့တာ တိထီနှင့် ယုဂ်။
ည ၂၃:၂၉ အထိ တိထီ ၁၁ လုံး။ ကျော်လျှင် ၁၂ လုံး။ ၁၁ လုံးတွင် အမြိတ္တယုဂ်နှင့် ယာဇ်မီးယုဂ်၊ ထာဝရရှင်သန်အောင်မြင်စေလိုသော ကိစ္စများ လုပ်ဆောင်ရန်ကောင်း၊ အလိုရှိသော ကိစ္စများအတွက် ပူဇော်ဆုတောင်းမှုများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
ညနေ ၁၈:၀၇ အထိ အဿလိဿနက္ခတ်၊ ကျော်လျှင် မာဃနက္ခတ်။ နံနက် ၁၁:၁၉ အထိ ဓီတိယုဂ်၊ စဉ်းစားဆင်ခြင်ခြင်း၊ ထိန်းချုပ်ကွပ်ကဲရခြင်း၊ မိမိ၏ အမြော်အမြင်ကြောင့် သူတပါးထံမှ အကျိုးခံစားရခြင်းများရှိမည်။ ကျော်လျှင် သူလယုဂ်၊ နာကျင်ခံစားရခြင်း၊ ငြင်းခုံရခြင်း၊ ဆွေးနွေးမှုများ၊ သဘောတူညီမှုများ ပြုလုပ်ခြင်းမျိုး ရှောင်ကြဉ်ပါ။

တစ်နေ့တာ ကရိုဏ်း။
နေ့လယ် ၁၂:၄၈ အထိ ဝါဏိဇ္ဇကရိုဏ်း၊ စီးပွားရေးနှင့် ဆက်သွယ်ဆက်ဆံရေးလုပ်ငန်းများ လုပ်ဆောင်ရန်ကောင်း၊ ချမ်းသာပြည့်စုံရန် စီစဉ်နိုင်။ ည ၂၃:၂၉ အထိ ဝိဿတိကရိုဏ်း၊ မိမိကိုယ်ကို ယုံကြည်မှုဖြင့် ရန်များအား ကျော်ဖြတ်အနိုင်ယူနိုင်။ ကျော်လျှင် ဗဘကရိုဏ်း၊ ကျက်သရေရှိ၊ လုပ်ငန်းဆောင်တာ အမျိုးမျိုးနှင့် ကျန်းမာရေးကိစ္စအဝဝ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန်အရောင်။
ည ၂၃:၂၉ အထိ အနောက်နှင့် တောင်၊ အနီရောင်။ ကျော်လျှင် မြောက်နှင့် အနောက်၊ အဝါရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)