Bundesliga Premier League

ဆာေနးကို ေခၚယူဖို႔ ဘိုင္ယန္ျမဴးနစ္ဘက္က လက္ေလွ်ာ့သြားတယ္လို႔ သတင္းထြက္လာ

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ သူတုိ႔ရဲ႕ ေတာင္ပံကစားသမား လီရြဳိင္း ဆာေနးကို အသင္းမွာ ဆက္လက္ထိန္းသိမ္းသြားႏိုင္ဖို႔ ရွိေနၿပီး ဘုိင္ယန္ျမဴးနစ္အသင္းဘက္က အခ်ိန္တိုအတြင္းမွာပဲ ေဆြးေႏြးမွဳေတြကို အလ်င္အျမန္ လက္ေလွ်ာ့သြားခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

ေစာေစာပုိင္းက ၾကားသိထားရတဲ့ သတင္းေတြအရေတာ့ မန္စီးတီးဘက္က လိုခ်င္တဲ့ ေငြေၾကးပမာဏကို အျပည့္အဝ မေပးေခ်ႏုိင္ခ်ိန္မွာ ေနာက္ခံလူ ေဒးဗစ္ အလာဘာကို အလုိက္ေပးခ်င္တဲ့ အားကစားဒါ႐ိုက္တာ ဟာဆန္ ဆာလီဟာမစ္ဂ်စ္နဲ႔ အသင္းဥကၠဌ၊ တာဝန္ရွိသူေတြၾကား အျမင္ မတူတာေၾကာင့္ လက္ေလွ်ာ့ခဲ့တာလည္းျဖစ္ႏုိင္ပါတယ္။

ဒါအျပင္ မန္စီးတီးအသင္းနဲ႔ နည္းျပ ပက္ ဂြါဒီယိုလာအေနနဲ႔ ဆာေနးကို ဆက္လက္ထိန္းသိမ္းသြားလုိၿပီး ေျပာင္းေရႊ႕ေၾကးကိုလည္း ျမင့္ျမင့္မားမား ေတာင္းဆုိထားခဲ့တာေၾကာင့္ ပုိမိုေဈးသက္သာႏုိင္မယ့္အခ်ိန္မွာမွ ကမ္းလွမ္းေတာ့မယ္လို႔ ဘုိင္ယန္ဘက္က အသံထြက္လာခဲ့ၿပီး ေႏြရာသီ အေျပာင္းအေရႊ႕မပိတ္ခင္မွာ ထပ္မံကမ္းလွမ္းသြားႏုိင္ပါတယ္။

မန္စီးတီးအသင္းအေနနဲ႔ေတာ့ လက္ဦးမွ ရယူႏုိင္ဖို႔ လိုအပ္ေနၿပီး အသင္းနဲ႔ ေႏြရာသီမွာ တစ္ႏွစ္စာခ်ဳပ္သာ က်န္ေတာ့မယ့္ ဆာေနးကို ေရာင္းမထုတ္ရေအာင္ အျမန္ဆုံး စာခ်ဳပ္သက္တမ္းတုိးႏုိင္ဖို႔ လုပ္ေဆာင္ရမွာျဖစ္သလို ကစားသမားကိုလည္း လစာေငြနဲ႔ ခံစားခြင့္ေတြ တုိးျမႇင့္ေပးသြားရဖို႔ ရွိေနပါတယ္။

ဆာေနးရဲ႕ အေျပာင္းအေရႊ႕ မျဖစ္ေျမာက္ခဲ့လို႔ အလာဘာကို မရရွိခဲ့ရင္ေတာ့ မန္စီးတီးအသင္းအေနနဲ႔ သူတုိ႔ရဲ႕ ဘယ္ေတာင္ပံခံစစ္ကို လက္စတာစီးတီးေနာက္ခံလူ ဘန္ ေခ်းလ္ဝဲလ္နဲ႔ အားျဖည့္ဖို႔ ကမ္းလွမ္းသြားႏုိင္ၿပီး ေတာင္ပံကစားသမားေတြထဲက ရာဟင္းမ္ စတာလင္နဲ႔ ရီယက္ မာရက္ဇ္တုိ႔ကေတာ့ အေျပာင္းအေရႊ႕သံထြက္ေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: MANCHESTER EVENING NEWS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့ရဲ့ တောင်ပံကစားသမား လီရွိုင်း ဆာနေးကို အသင်းမှာ ဆက်လက်ထိန်းသိမ်းသွားနိုင်ဖို့ ရှိနေပြီး ဘိုင်ယန်မြူးနစ်အသင်းဘက်က အချိန်တိုအတွင်းမှာပဲ ဆွေးနွေးမှုတွေကို အလျင်အမြန် လက်လျှော့သွားခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

စောစောပိုင်းက ကြားသိထားရတဲ့ သတင်းတွေအရတော့ မန်စီးတီးဘက်က လိုချင်တဲ့ ငွေကြေးပမာဏကို အပြည့်အဝ မပေးချေနိုင်ချိန်မှာ နောက်ခံလူ ဒေးဗစ် အလာဘာကို အလိုက်ပေးချင်တဲ့ အားကစားဒါရိုက်တာ ဟာဆန် ဆာလီဟာမစ်ဂျစ်နဲ့ အသင်းဥက္ကဌ၊ တာဝန်ရှိသူတွေကြား အမြင် မတူတာကြောင့် လက်လျှော့ခဲ့တာလည်းဖြစ်နိုင်ပါတယ်။

ဒါအပြင် မန်စီးတီးအသင်းနဲ့ နည်းပြ ပက် ဂွါဒီယိုလာအနေနဲ့ ဆာနေးကို ဆက်လက်ထိန်းသိမ်းသွားလိုပြီး ပြောင်းရွှေ့ကြေးကိုလည်း မြင့်မြင့်မားမား တောင်းဆိုထားခဲ့တာကြောင့် ပိုမိုဈေးသက်သာနိုင်မယ့်အချိန်မှာမှ ကမ်းလှမ်းတော့မယ်လို့ ဘိုင်ယန်ဘက်က အသံထွက်လာခဲ့ပြီး နွေရာသီ အပြောင်းအရွှေ့မပိတ်ခင်မှာ ထပ်မံကမ်းလှမ်းသွားနိုင်ပါတယ်။

မန်စီးတီးအသင်းအနေနဲ့တော့ လက်ဦးမှ ရယူနိုင်ဖို့ လိုအပ်နေပြီး အသင်းနဲ့ နွေရာသီမှာ တစ်နှစ်စာချုပ်သာ ကျန်တော့မယ့် ဆာနေးကို ရောင်းမထုတ်ရအောင် အမြန်ဆုံး စာချုပ်သက်တမ်းတိုးနိုင်ဖို့ လုပ်ဆောင်ရမှာဖြစ်သလို ကစားသမားကိုလည်း လစာငွေနဲ့ ခံစားခွင့်တွေ တိုးမြှင့်ပေးသွားရဖို့ ရှိနေပါတယ်။

ဆာနေးရဲ့ အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့လို့ အလာဘာကို မရရှိခဲ့ရင်တော့ မန်စီးတီးအသင်းအနေနဲ့ သူတို့ရဲ့ ဘယ်တောင်ပံခံစစ်ကို လက်စတာစီးတီးနောက်ခံလူ ဘန် ချေးလ်ဝဲလ်နဲ့ အားဖြည့်ဖို့ ကမ်းလှမ်းသွားနိုင်ပြီး တောင်ပံကစားသမားတွေထဲက ရာဟင်းမ် စတာလင်နဲ့ ရီယက် မာရက်ဇ်တို့ကတော့ အပြောင်းအရွှေ့သံထွက်နေကြကြောင်းလည်း သိရှိရပါတယ်။

REF: MANCHESTER EVENING NEWS
PHOTOS CREDIT TO OWNERS
SPORTS A2Z.