Premier League

30 May နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

ယူနိုက်တက်ကို နောက်ကောက်ချပြီး ဆန်ချိုကို စတမ်းဖို့ဒ်မြေဆီ အရောက်ခေါ်ဆောင်ဖို့ ချယ်လ်ဆီးနည်းပြတူဟယ်လ်မှာ လျှို့ဝှက်လက်နက်ရှိနေတယ်လို့ ယုံကြည်ခြင်းခံထားရပြီး ချန်ပီယံလိဂ်ဗိုလ်ဝင်ခံအပြီးမှာ တချက်ခုတ် နှစ်ချက်ပြတ်အဖြစ် ဟာလန်းနဲ့ ဆန်ချိုအတွဲကို ကမ္ဘာ့စံချိန်တင်ကြေးနဲ့ ခေါ်ယူနိုင်ခြေမြင့်တက်လာ။

ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်​တော့မယ်ဆိုတာ ကြိုတင်သိရှိနေခဲ့တယ်လို့ ဗိုလ်လုပွဲအပြီးမှာ တူဟယ်လ်က ထုတ်ဖော်သွားခဲ့ပြီး လူပုံအလယ်မှာ နှုတ်က ထုတ်မပြောခဲ့ပေမယ့် ဒီပွဲကို မကစားမီမှာ ကောင်းမွန်တဲ့ခံစားချက်တွေကို ကြိုတင်အာရုံခံမိနေကြောင်း လျှို့ဝှက်ဆွေးနွေးခန်းထဲက အသင်းဝန်ထမ်းတွေကို ဖွင့်ဟထားခဲ့တယ်လို့သိရ။

ချယ်လ်ဆီးနဲ့ မန်စီးတီးတို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာ ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ဖလားကို ထိုက်ထိုက်တန်တန် အောင်ပွဲဝင်ခဲ့တာဖြစ်ကြောင်း မိုက်ကယ်အိုဝင်က သုံးသပ်သွားခဲ့သလို ဂိုးသမားမန်ဒီဟာ မိမိရဲ့သူရဲကောင်းဖြစ်တယ်လို့ ချီးကျူးသွားခဲ့ပြီး ဒီပွဲကို အားပေးခဲ့တဲ့ မိမိရဲ့သားငယ်အတွက် ချယ်လ်ဆီးတသင်းလုံးဟာ သူရဲကောင်းတွေဖြစ်ခဲ့ပြီလို့ ကြွေးကြော်။

ချန်ပီယံလိဂ်ဖလားအောင်ပွဲခံမှုမှာ ရှက်အားပိုနေတဲ့ ကြွက်ကလေးရဲ့ အမူအရာတွေကြောင့် ချယ်လ်ဆီးပရိသတ်တွေရဲ့ ချစ်မြတ်နိုးမှုကို ခံယူနေရပြီး ဒီပွဲရဲ့ အကောင်းဆုံးကစားသမားဖြစ်ခဲ့တဲ့ ကွင်းလယ်လူကွန်တေဟာ ချန်ပီယံလိဂ်ဖလားကို နမ်းရှုံ့ဖို့ မဝံ့မရဲ့ဖြစ်နေခဲ့တာဖြစ်ပြီး ရိုးသားနှိမ့်ချလွန်းတဲ့ သူ့ရဲ့ဖြူစင်မှုမှာ ဘောလုံးပရိသတ်တွေ ကြွေဆင်းခဲ့ရ။

အန်ဂိုလို ကွန်တေရဲ့ ကစားပုံကို မ​​မြင်ဖူးခင်အထိ ကွင်းလယ်အဖျက်နေရာမှာ မက်ခေလေလေကို အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ထားခဲ့မိတဲ့ ချယ်လ်ဆီးကစားသမားဟောင်းဂျိုကိုးလ်က လက်ရှိအချိန်မှာ ကွန်တေဟာ မက်ခေလေလေကို ဘက်ပေါင်းစုံကနေ အဆင့်မြှင့်ထားတဲ့ အကောင်းဆုံးဘောလုံးသမားဖြစ်တယ်လို့ ချီးမွမ်းသွားခဲ့။

ချန်ပီယံလိဂ်ဖိုင်နယ်အောင်ပွဲအပြီး ပေါ်တိုမြို့မှာ ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ရခဲ့တဲ့ ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ပေးအပ်ခဲ့တဲ့ ကတိကို နည်းပြတူဟယ်လ်က ထုတ်ဖော်သွားခဲ့ရာမှာ နှစ်ရှည်စာချုပ်ကမ်းလှမ်းခံခဲ့ရပြီဖြစ်​ကြောင်း သတင်းတွေရဲ့ဖော်ပြမှုကို အရိပ်အမြွက်အတည်ပြုသွားခဲ့။

မန်စီးတီးနဲ့အတူ ပပ်ဂွာဒီယိုလာ ၅ နှစ်ကြာ ရှာပုံတော်ဖွင့်နေတဲ့ ချန်ပီယံလိဂ်အောင်မြင်မှုကို တူဟယ်လ်က ၅ လတာအတွင်း ဆွတ်ခူးခဲ့တာ​ဟာ ချယ်လ်ဆီးအသင်းရဲ့အနာဂတ်ကို သူ့ရဲ့လက်ထဲပုံအပ်ဖို့ လုံလောက်ခဲ့ပြီလို့ မှတ်ချက်ပြုခံထားရသလို လာမယ့်ရာသီမှာ ချယ်လ်ဆီးက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မယ်လို့ ဟောကိန်းထုတ်ခံထားရ။

ချန်ပီယံလိဂ်ဖလားရယူဖို့ ၁၅ နှစ်ကြာ စောင့်ဆိုင်းခဲ့ရကြောင်း ချယ်လ်ဆီးရဲ့ ချန်ပီယံလိဂ်ဖိုင်နယ် အနိင်ဂိုးရှင် ခိုင်ဟာဗတ်ဇ်က ရင်ဖွင့်သွားခဲ့ပြီး အခုလို အချိန်အခါကောင်းကို ရောက်ရှိလာခဲ့တာဟာ ဟာဗတ်ဇ်ပေးခဲ့တဲ့ ချန်ပီယံလိဂ်ဖလားလို့ အက်စပီလီကွေတာကလည်း ချီးကျူးသွားခဲ့။

ဒီညဗိုလ်လုပွဲမှာ မန်စီးတီးကို ပြင်းပြင်းထန်ထန် ထိခိုက်နာကျင်စေလိုခဲ့ကြောင်း တူဟယ်လ်က ပွဲအပြီးမှာ ဝန်ခံသွားခဲ့ပြီး လုပ်တိုင်းဖြစ်နေတဲ့အသင်းကို ဒုက္ခပေးချင်တဲ့ သူ့ရဲ့ဆန္ဒအောင်မြင်ခဲ့လို့ ပျော်ရွှင်နေကြောင်း သိရသလို ပပ်ကို ၁၀ နှစ်အတွင်း ဖိုင်နယ်မှာ အနိုင်ရတဲ့ ပထမဆုံးနည်းပြဖြစ်လာသလို စပိန်သားကြီးကို ချန်ပီယံလိဂ်ဖိုင်နယ်မှာ အနိုင်ရတဲ့ ပထမဆုံးနည်းပြလည်းဖြစ်လာ။

ပြီးခဲ့တဲ့ညက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အကောင်းဆုံးကစားသမားက အများသတ်မှတ်ထားတဲ့ အန်ဂိုလို ကွန်တေမဟုတ်ဘဲ ညာအစွန်နောက်ခံလူ ရီးစ်ဂျိမ်းစ်ဖြစ်တယ်လို့ ယူနိုက်တက်ကစားသမားဟောင်းရီယို ဖာဒီနန်က ပြောကြားသွားခဲ့သလို တန်ဖိုးကြီးမားတဲ့ အကယ်ဒမီထွက်လူငယ်ဖြစ်တယ်လို့ သုံးသပ်သွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ယူႏိုက္တက္ကို ေနာက္ေကာက္ခ်ၿပီး ဆန္ခ်ိဳကို စတမ္းဖို႔ဒ္ေျမဆီ အေရာက္ေခၚေဆာင္ဖို႔ ခ်ယ္လ္ဆီးနည္းျပတူဟယ္လ္မွာ လွ်ိဳ႕ဝွက္လက္နက္ရွိေနတယ္လို႔ ယုံၾကည္ျခင္းခံထားရၿပီး ခ်န္ပီယံလိဂ္ဗိုလ္ဝင္ခံအၿပီးမွာ တခ်က္ခုတ္ ႏွစ္ခ်က္ျပတ္အျဖစ္ ဟာလန္းနဲ႔ ဆန္ခ်ိဳအတြဲကို ကမာၻ႔စံခ်ိန္တင္ေၾကးနဲ႔ ေခၚယူႏိုင္ေျချမင့္တက္လာ။

ခ်န္ပီယံလိဂ္ဖလားကို ဆြတ္ခူးႏိုင္​ေတာ့မယ္ဆိုတာ ႀကိဳတင္သိရွိေနခဲ့တယ္လို႔ ဗိုလ္လုပြဲအၿပီးမွာ တူဟယ္လ္က ထုတ္ေဖာ္သြားခဲ့ၿပီး လူပုံအလယ္မွာ ႏႈတ္က ထုတ္မေျပာခဲ့ေပမယ့္ ဒီပြဲကို မကစားမီမွာ ေကာင္းမြန္တဲ့ခံစားခ်က္ေတြကို ႀကိဳတင္အာ႐ုံခံမိေနေၾကာင္း လွ်ိဳ႕ဝွက္ေဆြးေႏြးခန္းထဲက အသင္းဝန္ထမ္းေတြကို ဖြင့္ဟထားခဲ့တယ္လို႔သိရ။

ခ်ယ္လ္ဆီးနဲ႔ မန္စီးတီးတို႔ရဲ႕ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအၿပီးမွာ ခ်ယ္လ္ဆီးအသင္းဟာ ခ်န္ပီယံလိဂ္ဖလားကို ထိုက္ထိုက္တန္တန္ ေအာင္ပြဲဝင္ခဲ့တာျဖစ္ေၾကာင္း မိုက္ကယ္အိုဝင္က သုံးသပ္သြားခဲ့သလို ဂိုးသမားမန္ဒီဟာ မိမိရဲ႕သူရဲေကာင္းျဖစ္တယ္လို႔ ခ်ီးက်ဴးသြားခဲ့ၿပီး ဒီပြဲကို အားေပးခဲ့တဲ့ မိမိရဲ႕သားငယ္အတြက္ ခ်ယ္လ္ဆီးတသင္းလုံးဟာ သူရဲေကာင္းေတြျဖစ္ခဲ့ၿပီလို႔ ေႂကြးေၾကာ္။

ခ်န္ပီယံလိဂ္ဖလားေအာင္ပြဲခံမႈမွာ ရွက္အားပိုေနတဲ့ ႂကြက္ကေလးရဲ႕ အမူအရာေတြေၾကာင့္ ခ်ယ္လ္ဆီးပရိသတ္ေတြရဲ႕ ခ်စ္ျမတ္ႏိုးမႈကို ခံယူေနရၿပီး ဒီပြဲရဲ႕ အေကာင္းဆုံးကစားသမားျဖစ္ခဲ့တဲ့ ကြင္းလယ္လူကြန္ေတဟာ ခ်န္ပီယံလိဂ္ဖလားကို နမ္းရႈံ႕ဖို႔ မဝံ့မရဲ႕ျဖစ္ေနခဲ့တာျဖစ္ၿပီး ႐ိုးသားႏွိမ့္ခ်လြန္းတဲ့ သူ႔ရဲ႕ျဖဴစင္မႈမွာ ေဘာလုံးပရိသတ္ေတြ ေႂကြဆင္းခဲ့ရ။

အန္ဂိုလို ကြန္ေတရဲ႕ ကစားပုံကို မ​​ျမင္ဖူးခင္အထိ ကြင္းလယ္အဖ်က္ေနရာမွာ မက္ေခေလေလကို အေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ထားခဲ့မိတဲ့ ခ်ယ္လ္ဆီးကစားသမားေဟာင္းဂ်ိဳကိုးလ္က လက္ရွိအခ်ိန္မွာ ကြန္ေတဟာ မက္ေခေလေလကို ဘက္ေပါင္းစုံကေန အဆင့္ျမႇင့္ထားတဲ့ အေကာင္းဆုံးေဘာလုံးသမားျဖစ္တယ္လို႔ ခ်ီးမြမ္းသြားခဲ့။

ခ်န္ပီယံလိဂ္ဖိုင္နယ္ေအာင္ပြဲအၿပီး ေပၚတိုၿမိဳ႕မွာ ပထမဆုံးအႀကိမ္ ေတြ႕ဆုံခြင့္ရခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္ေပးအပ္ခဲ့တဲ့ ကတိကို နည္းျပတူဟယ္လ္က ထုတ္ေဖာ္သြားခဲ့ရာမွာ ႏွစ္ရွည္စာခ်ဳပ္ကမ္းလွမ္းခံခဲ့ရၿပီျဖစ္​ေၾကာင္း သတင္းေတြရဲ႕ေဖာ္ျပမႈကို အရိပ္အႁမြက္အတည္ျပဳသြားခဲ့။

မန္စီးတီးနဲ႔အတူ ပပ္ဂြာဒီယိုလာ ၅ ႏွစ္ၾကာ ရွာပုံေတာ္ဖြင့္ေနတဲ့ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈကို တူဟယ္လ္က ၅ လတာအတြင္း ဆြတ္ခူးခဲ့တာ​ဟာ ခ်ယ္လ္ဆီးအသင္းရဲ႕အနာဂတ္ကို သူ႔ရဲ႕လက္ထဲပုံအပ္ဖို႔ လုံေလာက္ခဲ့ၿပီလို႔ မွတ္ခ်က္ျပဳခံထားရသလို လာမယ့္ရာသီမွာ ခ်ယ္လ္ဆီးက ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္မယ္လို႔ ေဟာကိန္းထုတ္ခံထားရ။

ခ်န္ပီယံလိဂ္ဖလားရယူဖို႔ ၁၅ ႏွစ္ၾကာ ေစာင့္ဆိုင္းခဲ့ရေၾကာင္း ခ်ယ္လ္ဆီးရဲ႕ ခ်န္ပီယံလိဂ္ဖိုင္နယ္ အနိင္ဂိုးရွင္ ခိုင္ဟာဗတ္ဇ္က ရင္ဖြင့္သြားခဲ့ၿပီး အခုလို အခ်ိန္အခါေကာင္းကို ေရာက္ရွိလာခဲ့တာဟာ ဟာဗတ္ဇ္ေပးခဲ့တဲ့ ခ်န္ပီယံလိဂ္ဖလားလို႔ အက္စပီလီေကြတာကလည္း ခ်ီးက်ဴးသြားခဲ့။

ဒီညဗိုလ္လုပြဲမွာ မန္စီးတီးကို ျပင္းျပင္းထန္ထန္ ထိခိုက္နာက်င္ေစလိုခဲ့ေၾကာင္း တူဟယ္လ္က ပြဲအၿပီးမွာ ဝန္ခံသြားခဲ့ၿပီး လုပ္တိုင္းျဖစ္ေနတဲ့အသင္းကို ဒုကၡေပးခ်င္တဲ့ သူ႔ရဲ႕ဆႏၵေအာင္ျမင္ခဲ့လို႔ ေပ်ာ္႐ႊင္ေနေၾကာင္း သိရသလို ပပ္ကို ၁၀ ႏွစ္အတြင္း ဖိုင္နယ္မွာ အႏိုင္ရတဲ့ ပထမဆုံးနည္းျပျဖစ္လာသလို စပိန္သားႀကီးကို ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ အႏိုင္ရတဲ့ ပထမဆုံးနည္းျပလည္းျဖစ္လာ။

ၿပီးခဲ့တဲ့ညက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ အေကာင္းဆုံးကစားသမားက အမ်ားသတ္မွတ္ထားတဲ့ အန္ဂိုလို ကြန္ေတမဟုတ္ဘဲ ညာအစြန္ေနာက္ခံလူ ရီးစ္ဂ်ိမ္းစ္ျဖစ္တယ္လို႔ ယူႏိုက္တက္ကစားသမားေဟာင္းရီယို ဖာဒီနန္က ေျပာၾကားသြားခဲ့သလို တန္ဖိုးႀကီးမားတဲ့ အကယ္ဒမီထြက္လူငယ္ျဖစ္တယ္လို႔ သုံးသပ္သြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.