Premier League

ဘာကြောင့် Holding Midfielder တစ်ဦးမှ မသုံးခဲ့လဲဆိုတာ ရှင်းချက်ထုတ်လိုက်တဲ့ ပပ် အနာဂတ်မှာ ဘာလုပ်မယ်ဆိုတာကိုပါ ပြောပြသွား

ပြီးခဲ့တဲ့ညက ချယ်လ်ဆီးရဲ့အလဲထိုးခြင်းကို ခံစားခဲ့ရပြီး မန်စီးတီးအသင်းရဲ့ သမိုင်းတလျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလားရရှိခွင့်ကို လက်လွှတ်ဆုံးရှူံးခဲ့ရတဲ့ ပပ်ဂွာဒီယိုလာဟာ ဒီပွဲမှာ ကွင်းလယ်ထောက်တိုင် Holding Midfielder စစ်စစ် တဦးမှအသုံးမပြုခဲ့ဘဲ ဖာနန်ဒင်ညိုနဲ့ ရိုဒရီတို့ကို ချန်လှပ်ထားခဲ့တာဖြစ်ပြီး ဒါဟာ သူ့ရဲ့ အဆန်းတကြယ်လုပ်ရပ်အဖြစ် အားလုံးအံ့အားသင့်ခဲ့ရပါတယ်။

မန်စီးတီးဟာ တရာသီလုံး မာကျောလာခဲ့တဲ့ ကျောက်ဆောင်ခံစစ်ကိုသာ ပိုအားကိုးဖို့ ပြင်ဆင်လာခဲ့ပြီး ကွင်းလယ်မှာ တိုက်စစ်အားသန်ကစားသမားတွေဖြစ်တဲ့ ဂန်ဒိုဝမ်နဲ့ ဘာနတ်ဒို ဆေးလ်ဗားတို့ကို အထိုင်ချခဲ့တာက ချယ်လ်ဆီးရဲ့ တလုံးတည်းသော အနိုင်ဂိုးမှာ ကွင်းလယ်အပေါက်က ထင်ရှားနေလွန်းခဲ့တာက ပပ်ရဲ့ပြစ်ချက်ဖြစ်ခဲ့တယ်လို့ ဝေဖန်ခံနေရတာပါ။

” ကျွန်တော်ပဲ ဒီလိုဆုံးဖြတ်ခဲ့တာပါ။ ဂန်ဒိုဝမ်ကို Holding Midfielder နေရာမှာထားခဲ့တယ်။ သူက ဒီနေရာမှာ နှစ်ပေါင်းများစွာ ကစားဖူးပါတယ်။ ကျွန်တော့်အစီအစဉ်အရ ဖျတ်လတ်ရမယ်၊ ချယ်လ်ဆီးလူတံတိုင်းတွေရဲ့ကြားမှာ ဝင်နေရာယူနိုင်ရမယ်၊ အတွင်းတွေကြားထဲ ဝင်တိုးနိုင်ရမယ်၊ လူကောင်သေးရမယ်၊ ဒီလိုမျိုးလိုချင်လို့ ဖာနန်ဒင်ညိုနဲ့ ရိုဒရီတို့ကို မရွေးခဲ့တာပါ” လို့ ပပ်က သူ့ရဲ့ဆုံးဖြတ်ချက်ကို တာဝန်ခံသွားခဲ့တယ်။

ချယ်လ်ဆီးနည်းပြတူဟယ်လ်ကတော့ ” ကျွန်တော်က ဖာနန်ဒင်ညိုပွဲထွက်ကစားမယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် ပပ်က တိုက်စစ်ကို အလုံးအရင်းနဲ့ ကစားဖို့ လူနေရာချပြီး နည်းဗျူဟာထုတ်သုံးလာတယ်။ သူတို့အသင်းဆီက ဘောလုံးလုယူဖို့ အရမ်းခက်ခဲခဲ့တယ်။ ပပ်ရဲ့အသင်း ဘာလုပ်မလဲဆိုတာကိုတော့ ကျွန်တော်တို့ဘက် အကုန်လုံးကြိုတင်တွက်ချက်ထားခဲ့တယ်။ ပြင်ဆင်ထားခဲ့တယ်။ မျှော်လင့်ထားသလိုလည်း ဖြစ်ခဲ့တယ်။ ” လို့ တူဟယ်လ်ကလည်း ပပ်ရဲ့စဉ်းစားပုံကို တုံ့ပြန်သွားခဲ့တာဖြစ်ပါတယ်။

” ဒီရာသီက စုစုပေါင်း ၆၂ ပွဲရှိပြီး ကျွန်တော်တို့က ၆၁ ပွဲအထိ ကစားခဲ့ရတဲ့အသင်းပါ။ ဒါက ကိုဗစ်ကပ်ဆိုးကာလမှာ ကျွန်တော်တို့အတွက် အတော်လေး ခက်ခဲခဲ့ပါတယ်။ ဒီနေ့ပွဲကို လေ့လာရင်တော့ ဝမ်းနည်းဖွယ်ရာပါ။ ချယ်လ်ဆီးအသင်းကို ဂုဏ်ပြုပါတယ်။ ကျွန်တော်တို့ ဒီပွဲကနေ သင်ယူသွားမှာပါ ”

” ကျွန်တော့်ကစားသမားတွေက ပြစ်ချက်ပြောစရာမရှိအောင်ကို တရာသီလုံးကောင်းခဲ့ပါတယ်။ သူတို့ကို အရမ်းလေးစားပါတယ်။ အခုတော့ ကျွန်တော်အိမ်ပြန်ပါမယ်။ ကျွန်တော့် မိသားစုနဲ့ မတွေ့ရတာ ကြာလှပါပြီ။ ပြီးရင်တော့ အသင်းနဲ့ ပြန်ပူးပေါင်းမယ်။ ”

“ကျွန်တော်တို့အသင်းဟာ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ကမ္ဘာ့အကောင်းဆုံးအသင်းအဖြစ် အသန်မာဆုံးပြန်လာပါမယ် ” လို့ အသင်းရဲ့အနာဂတ်စီမံကိန်းနဲ့ ပတ်သက်လို့ ပရိသတ်တွေကို ကတိပေးသွားခဲ့ပြီး ချန်ပီယံလိဂ်ဖိုင်နယ်ကို နောက်တခေါက်ပြန်လာမယ်လို့ ကြုံးဝါးသွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ၿပီးခဲ့တဲ့ညက ခ်ယ္လ္ဆီးရဲ႕အလဲထိုးျခင္းကို ခံစားခဲ့ရၿပီး မန္စီးတီးအသင္းရဲ႕ သမိုင္းတေလွ်ာက္ ပထမဆုံးအႀကိမ္ ခ်န္ပီယံလိဂ္ဖလားရရွိခြင့္ကို လက္လႊတ္ဆုံးရႉံးခဲ့ရတဲ့ ပပ္ဂြာဒီယိုလာဟာ ဒီပြဲမွာ ကြင္းလယ္ေထာက္တိုင္ Holding Midfielder စစ္စစ္ တဦးမွအသုံးမျပဳခဲ့ဘဲ ဖာနန္ဒင္ညိဳနဲ႔ ႐ိုဒရီတို႔ကို ခ်န္လွပ္ထားခဲ့တာျဖစ္ၿပီး ဒါဟာ သူ႔ရဲ႕ အဆန္းတၾကယ္လုပ္ရပ္အျဖစ္ အားလုံးအံ့အားသင့္ခဲ့ရပါတယ္။

မန္စီးတီးဟာ တရာသီလုံး မာေက်ာလာခဲ့တဲ့ ေက်ာက္ေဆာင္ခံစစ္ကိုသာ ပိုအားကိုးဖို႔ ျပင္ဆင္လာခဲ့ၿပီး ကြင္းလယ္မွာ တိုက္စစ္အားသန္ကစားသမားေတြျဖစ္တဲ့ ဂန္ဒိုဝမ္နဲ႔ ဘာနတ္ဒို ေဆးလ္ဗားတို႔ကို အထိုင္ခ်ခဲ့တာက ခ်ယ္လ္ဆီးရဲ႕ တလုံးတည္းေသာ အႏိုင္ဂိုးမွာ ကြင္းလယ္အေပါက္က ထင္ရွားေနလြန္းခဲ့တာက ပပ္ရဲ႕ျပစ္ခ်က္ျဖစ္ခဲ့တယ္လို႔ ေဝဖန္ခံေနရတာပါ။

” ကြၽန္ေတာ္ပဲ ဒီလိုဆုံးျဖတ္ခဲ့တာပါ။ ဂန္ဒိုဝမ္ကို Holding Midfielder ေနရာမွာထားခဲ့တယ္။ သူက ဒီေနရာမွာ ႏွစ္ေပါင္းမ်ားစြာ ကစားဖူးပါတယ္။ ကြၽန္ေတာ့္အစီအစဥ္အရ ဖ်တ္လတ္ရမယ္၊ ခ်ယ္လ္ဆီးလူတံတိုင္းေတြရဲ႕ၾကားမွာ ဝင္ေနရာယူႏိုင္ရမယ္၊ အတြင္းေတြၾကားထဲ ဝင္တိုးႏိုင္ရမယ္၊ လူေကာင္ေသးရမယ္၊ ဒီလိုမ်ိဳးလိုခ်င္လို႔ ဖာနန္ဒင္ညိဳနဲ႔ ႐ိုဒရီတို႔ကို မေ႐ြးခဲ့တာပါ” လို႔ ပပ္က သူ႔ရဲ႕ဆုံးျဖတ္ခ်က္ကို တာဝန္ခံသြားခဲ့တယ္။

ခ်ယ္လ္ဆီးနည္းျပတူဟယ္လ္ကေတာ့ ” ကြၽန္ေတာ္က ဖာနန္ဒင္ညိဳပြဲထြက္ကစားမယ္လို႔ ေမွ်ာ္လင့္ထားခဲ့ေပမယ့္ ပပ္က တိုက္စစ္ကို အလုံးအရင္းနဲ႔ ကစားဖို႔ လူေနရာခ်ၿပီး နည္းဗ်ဴဟာထုတ္သုံးလာတယ္။ သူတို႔အသင္းဆီက ေဘာလုံးလုယူဖို႔ အရမ္းခက္ခဲခဲ့တယ္။ ပပ္ရဲ႕အသင္း ဘာလုပ္မလဲဆိုတာကိုေတာ့ ကြၽန္ေတာ္တို႔ဘက္ အကုန္လုံးႀကိဳတင္တြက္ခ်က္ထားခဲ့တယ္။ ျပင္ဆင္ထားခဲ့တယ္။ ေမွ်ာ္လင့္ထားသလိုလည္း ျဖစ္ခဲ့တယ္။ ” လို႔ တူဟယ္လ္ကလည္း ပပ္ရဲ႕စဥ္းစားပုံကို တုံ႔ျပန္သြားခဲ့တာျဖစ္ပါတယ္။

” ဒီရာသီက စုစုေပါင္း ၆၂ ပြဲရွိၿပီး ကြၽန္ေတာ္တို႔က ၆၁ ပြဲအထိ ကစားခဲ့ရတဲ့အသင္းပါ။ ဒါက ကိုဗစ္ကပ္ဆိုးကာလမွာ ကြၽန္ေတာ္တို႔အတြက္ အေတာ္ေလး ခက္ခဲခဲ့ပါတယ္။ ဒီေန႔ပြဲကို ေလ့လာရင္ေတာ့ ဝမ္းနည္းဖြယ္ရာပါ။ ခ်ယ္လ္ဆီးအသင္းကို ဂုဏ္ျပဳပါတယ္။ ကြၽန္ေတာ္တို႔ ဒီပြဲကေန သင္ယူသြားမွာပါ ”

” ကြၽန္ေတာ့္ကစားသမားေတြက ျပစ္ခ်က္ေျပာစရာမရွိေအာင္ကို တရာသီလုံးေကာင္းခဲ့ပါတယ္။ သူတို႔ကို အရမ္းေလးစားပါတယ္။ အခုေတာ့ ကြၽန္ေတာ္အိမ္ျပန္ပါမယ္။ ကြၽန္ေတာ့္ မိသားစုနဲ႔ မေတြ႕ရတာ ၾကာလွပါၿပီ။ ၿပီးရင္ေတာ့ အသင္းနဲ႔ ျပန္ပူးေပါင္းမယ္။ ”

“ကြၽန္ေတာ္တို႔အသင္းဟာ လာမယ့္ႏွစ္အနည္းငယ္အတြင္းမွာ ကမာၻ႔အေကာင္းဆုံးအသင္းအျဖစ္ အသန္မာဆုံးျပန္လာပါမယ္ ” လို႔ အသင္းရဲ႕အနာဂတ္စီမံကိန္းနဲ႔ ပတ္သက္လို႔ ပရိသတ္ေတြကို ကတိေပးသြားခဲ့ၿပီး ခ်န္ပီယံလိဂ္ဖိုင္နယ္ကို ေနာက္တေခါက္ျပန္လာမယ္လို႔ ႀကဳံးဝါးသြားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.