Premier League

ချန်ပီယံလိဂ်ရဲ့ ဗြဟ္မာကြီးဦးခေါင်းအပါအဝင်- ချဲလ်ဆီး 1-0 မန်စီးတီးပွဲအပြီး ထုတ်နုတ်ပြောစရာ 7ချက်

ရိုမန်ခေတ်ရဲ့ ၁၇ လုံးသောဖလား
ဒီညချန်ပီယံလိဂ်ဖလားက ပရိသတ်တွေ လိုချင်သမျှ ဖြည့်ဆည်းပေးနေတဲ့ ချယ်လ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ်ရဲ့ခေတ်မှာ ၁၇ လုံးမြောက် ဆုဖလားလည်း ဖြစ်သလို ဒုတိယမြောက် ချန်ပီယံလိဂ်ဖလားကို သိမ်းပိုက်သွားခဲ့ခြင်းဖြစ်တယ်။

အသင်းဂန္ထဝင်လမ်းပတ်ကို ထုတ်ပယ်တာဟာ ရက်စက်လွန်းရာကျပါတယ်ဆိုတဲ့ ဝေဖန်မှုတွေကို သူက တိတ်ဆိတ်စေခဲ့ပြီး ပရိသတ်တွေရဲ့ အရူးသွပ်ဆုံးအိပ်မက်ကို ဖန်တီးပေးခဲ့ပြန်ပါပြီ။

ချန်ပီယံလိဂ်ရဲ့ ဗြဟ္မာကြီးဦးခေါင်း
မန်စီးတီးနည်းပြဘဝမှာ ဗိုလ်လုပွဲတပွဲမှ အရှူံးမရှိခဲ့တဲ့ ပပ် ဂွာဒီယိုလာက ဖိုင်နယ်တက်တိုင်း ရာနှုန်းပြည့်အနိုင်ကစားထားခဲ့ပေမယ့် ရီးရဲလ်ကို ရှုံးပြီးနောက်ပိုင်း အခုတခေါက် ဆယ်စုနှစ်တခုအကြာမှ တူဟယ်လ်ရဲ့ တပတ်ရိုက်ခြင်းကို ခံရပြီး ဗိုလ်လုပွဲကို ရှုံးပွဲကြုံခဲ့ရပုံက ရှုံးမယ့်ရှူံးတော့လည်း မန်စီးတီးရဲ့ အတောင့်တဆုံးအိပ်မက်သရဖူဖြစ်တဲ့ ဗိုလ်လုပွဲဖြစ်နေခဲ့တာက မရသေးတဲ့အရာကိုပဲ ဆုံးရှုံးခဲ့ရလေသလားလို့ ချန်ပီယံလိဂ်ရဲ့ ဗြဟ္မာကြီးဦးခေါင်းအဖြစ် ရက်စက်စွာ သတ်မှတ်ခံနေရပါပြီ

ဟာဇက်အလွန် ဟာဗတ်ဇ်ရဲ့ခေတ်
လက်ရှိချယ်လ်ဆီးအသင်းရဲ့ ဈေးအကြီးဆုံးကစားသမားဖြစ်လို့ တရာသီလုံး ထိုးနှက်ဝေဖန်ခံခဲ့ရတဲ့ ပေါင် ၇၂ သန်းတန် ခိုင်ဟာဗတ်ဇ်ဟာ သူ့ဘဝရဲ့ ပထမဆုံးချန်ပီယံလိဂ်သွင်းဂိုးကို ရရှိခဲ့တာဖြစ်သလို ပေးဆပ်မယ့် ပေးဆပ်တော့လည်း အသင်းအတွက် အကြီးမားဆုံးတန်ဖိုးဖြစ်တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဂိုးသွင်းနိုင်ခဲ့တာဖြစ်းလို ချန်ပီယံလိဂ်ဖလားကို သူ့ရဲ့ သွင်းဂိုးနဲ့ အောင်ပွဲဆင်စေခဲ့ခြင်းက နောက်ရာသီ ပရီးမီးယားလိဂ်မှာ အခုပိုရင့်ကျက်ပြီး ကြောက်စရာအကောင်းဆုံးဖြစ်လာမယ့် ခိုင်ဟာဗတ်ဇ်ရဲ့ မီးတောက်က ပွင့်လန်းလာခဲ့ပြီလို့ ဆိုရမယ်။

ချန်ပီယံလိဂ် ချန်ပီယံဖြစ်တဲ့ ပထမဆုံးအမေရိကန်သား
ချယ်လ်ဆီးကွင်းလယ်လူ ပူလီရှစ်ချ်ဟာ ဥရောပချန်ပီယံဖြစ်ခဲ့တဲ့ ပထမဆုံး အမေရိကန်ဘောလုံးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး သမိုင်းဝင်လူသားအဖြစ် ချီးမြှောက်ခံနေရချိန်မှာ အသင်းရဲ့ဂိုးသမား မန်ဒီရဲ့ ချန်ပီယံလာဘ်ပွင့်မှုမှာလည်း ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ ပထမဦးဆုံး အာဖရိကန်နွယ်ဖွားဂိုးသမားဖြစ်လာခဲ့ပါတယ်။

ရှက်နေတဲ့ ကြွက်ကလေးရဲ့ ဘလွန်ဒေါ စင်မြင့်ခရီး
နိုင်တဲ့ဘက်မှာပဲ နေမယ်ဆိုတဲ့ အန်ဂိုလို ကွန်တေက ၂၀၁၆ မှာ လက်စတာ၊ ၂၀၁၇ မှာ ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ၂ နှစ်ဆက်ရယူခဲ့ပြီး ၂၀၁၈ မှာ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့သလို ၂၀၁၉ မှာ အပြာရောင်တို့ရဲ့ ဥရောပမျက်နှာစာမှာ ယူရိုပါလိဂ်ချန်ပီယံအဖြစ်၊ အခု ၂၀၂၁ မှာတော့ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် မျက်နှာပွင့်လွန်းတဲ့ ရှက်တတ်တဲ့ ကြွက်ကလေးတဖြစ်လဲ ဘလွန်ဒေါစင်မြင့်ခရီးကို နောက်တဆင့် သေချာပေါက်လှမ်းသွားတော့မှာပါ။

ချန်ပီယံလိဂ်ဖိုင်နယ်မှာ ပပ်ကို အနိုင်ရတဲ့ ပထမနည်းပြ တူဟယ်လ်
ချယ်လ်ဆီးနည်းပြတူဟယ်လ်နဲ့ အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်နဲ့ စိတ်တူကိုယ်တူ ရည်မှန်းချက်နဲ့ လက်ဝါးရိုက်ပြီး အသင်းကို ၄ လ အတွင်း အမြင့်ပျံခဲ့ချိန်မှာ FA ဖလားနဲ့ လွဲချော်ခဲ့ပေမယ့် ပရိသတ်တွေကို အလိုလိုက်တတ်တဲ့ မိုဗစ်ချ်ရဲ့ ဆန္ဒအပြင်းပြဆုံးဆုဖလားဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားကို ဆက်သပေးနိုင်ခဲ့သလို မန်စီးတီးကို ၁ လခွဲအတွင်း ၃ ပွဲဆက် အနိုင်ကစားခဲ့တဲ့ တူဟယ်လ်ဟာ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ပပ်ကို အနိုင်ရဖူးတဲ့နည်းပြမရှိဘူးဆိုတဲ့ မှတ်တမ်းကို ရိုက်ချိူးသွားခဲ့တယ်။

ဖိုဒင်ကို ကျောပြီး ဝက်စ်ဘရောင်းကို ခြေရာနင်းတဲ့ မေဆန်မောင့်
all-English Final ဖြစ်ခဲ့တဲ့ ပေါ်တို ချန်ပီယံလိဂ်ညဟာ အင်္ဂလန်သားနှစ်ဦးဖြစ်တဲ့ မေဆန်မောင့်နဲ့ ဖီးလ်ဖိုဒင်တို့ရဲ့ တိုက်ပွဲလည်းဖြစ်သလို ဘယ်သူက ချန်ပီယံလိဂ်ဖလားကို သိမ်းပိုက်နိုင်ပြီး အိမ်အပြန်လှမလဲလို့ လူငယ်ပီပီအားပြိုင်ခဲ့ကြရမှာ ဖိုဒင်ကတော့ အရေးနိမ့်သွားခဲ့ရပြီး မောင့်ဟာ ခိုင်ဟာဗတ်ဇ်ရဲ့ ဂိုးကို ဖန်တီးပေးသွားခဲ့ခြင်းက ၂၀၀၈ ခုနှစ်က ယူနိုက်တက်ကစားသမား ဝက်စ်ဘရောင်းနောက်ပိုင်း ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဂိုးဖန်တီးမှုပြုလုပ်ခဲ့တဲ့ ပထမဆုံး အင်္ဂလန်သားလည်း ဖြစ်လာခဲ့တယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

႐ိုမန္ေခတ္ရဲ႕ ၁၇ လုံးေသာဖလား
ဒီညခ်န္ပီယံလိဂ္ဖလားက ပရိသတ္ေတြ လိုခ်င္သမွ် ျဖည့္ဆည္းေပးေနတဲ့ ခ်ယ္လ္ဆီးအသင္းပိုင္ရွင္ ႐ိုမန္ ေအဘရာမိုဗစ္ခ်္ရဲ႕ေခတ္မွာ ၁၇ လုံးေျမာက္ ဆုဖလားလည္း ျဖစ္သလို ဒုတိယေျမာက္ ခ်န္ပီယံလိဂ္ဖလားကို သိမ္းပိုက္သြားခဲ့ျခင္းျဖစ္တယ္။

အသင္းဂႏၴဝင္လမ္းပတ္ကို ထုတ္ပယ္တာဟာ ရက္စက္လြန္းရာက်ပါတယ္ဆိုတဲ့ ေဝဖန္မႈေတြကို သူက တိတ္ဆိတ္ေစခဲ့ၿပီး ပရိသတ္ေတြရဲ႕ အ႐ူးသြပ္ဆုံးအိပ္မက္ကို ဖန္တီးေပးခဲ့ျပန္ပါၿပီ။

ခ်န္ပီယံလိဂ္ရဲ႕ ျဗဟၼာႀကီးဦးေခါင္း
မန္စီးတီးနည္းျပဘဝမွာ ဗိုလ္လုပြဲတပြဲမွ အရႉံးမရွိခဲ့တဲ့ ပပ္ ဂြာဒီယိုလာက ဖိုင္နယ္တက္တိုင္း ရာႏႈန္းျပည့္အႏိုင္ကစားထားခဲ့ေပမယ့္ ရီးရဲလ္ကို ရႈံးၿပီးေနာက္ပိုင္း အခုတေခါက္ ဆယ္စုႏွစ္တခုအၾကာမွ တူဟယ္လ္ရဲ႕ တပတ္႐ိုက္ျခင္းကို ခံရၿပီး ဗိုလ္လုပြဲကို ရႈံးပြဲႀကဳံခဲ့ရပုံက ရႈံးမယ့္ရႉံးေတာ့လည္း မန္စီးတီးရဲ႕ အေတာင့္တဆုံးအိပ္မက္သရဖူျဖစ္တဲ့ ဗိုလ္လုပြဲျဖစ္ေနခဲ့တာက မရေသးတဲ့အရာကိုပဲ ဆုံးရႈံးခဲ့ရေလသလားလို႔ ခ်န္ပီယံလိဂ္ရဲ႕ ျဗဟၼာႀကီးဦးေခါင္းအျဖစ္ ရက္စက္စြာ သတ္မွတ္ခံေနရပါၿပီ

ဟာဇက္အလြန္ ဟာဗတ္ဇ္ရဲ႕ေခတ္
လက္ရွိခ်ယ္လ္ဆီးအသင္းရဲ႕ ေဈးအႀကီးဆုံးကစားသမားျဖစ္လို႔ တရာသီလုံး ထိုးႏွက္ေဝဖန္ခံခဲ့ရတဲ့ ေပါင္ ၇၂ သန္းတန္ ခိုင္ဟာဗတ္ဇ္ဟာ သူ႔ဘဝရဲ႕ ပထမဆုံးခ်န္ပီယံလိဂ္သြင္းဂိုးကို ရရွိခဲ့တာျဖစ္သလို ေပးဆပ္မယ့္ ေပးဆပ္ေတာ့လည္း အသင္းအတြက္ အႀကီးမားဆုံးတန္ဖိုးျဖစ္တဲ့ ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ ဂိုးသြင္းႏိုင္ခဲ့တာျဖစ္းလို ခ်န္ပီယံလိဂ္ဖလားကို သူ႔ရဲ႕ သြင္းဂိုးနဲ႔ ေအာင္ပြဲဆင္ေစခဲ့ျခင္းက ေနာက္ရာသီ ပရီးမီးယားလိဂ္မွာ အခုပိုရင့္က်က္ၿပီး ေၾကာက္စရာအေကာင္းဆုံးျဖစ္လာမယ့္ ခိုင္ဟာဗတ္ဇ္ရဲ႕ မီးေတာက္က ပြင့္လန္းလာခဲ့ၿပီလို႔ ဆိုရမယ္။

ခ်န္ပီယံလိဂ္ ခ်န္ပီယံျဖစ္တဲ့ ပထမဆုံးအေမရိကန္သား
ခ်ယ္လ္ဆီးကြင္းလယ္လူ ပူလီရွစ္ခ်္ဟာ ဥေရာပခ်န္ပီယံျဖစ္ခဲ့တဲ့ ပထမဆုံး အေမရိကန္ေဘာလုံးသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ၿပီး သမိုင္းဝင္လူသားအျဖစ္ ခ်ီးေျမႇာက္ခံေနရခ်ိန္မွာ အသင္းရဲ႕ဂိုးသမား မန္ဒီရဲ႕ ခ်န္ပီယံလာဘ္ပြင့္မႈမွာလည္း ခ်န္ပီယံလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့တဲ့ ပထမဦးဆုံး အာဖရိကန္ႏြယ္ဖြားဂိုးသမားျဖစ္လာခဲ့ပါတယ္။

ရွက္ေနတဲ့ ႂကြက္ကေလးရဲ႕ ဘလြန္ေဒါ စင္ျမင့္ခရီး
ႏိုင္တဲ့ဘက္မွာပဲ ေနမယ္ဆိုတဲ့ အန္ဂိုလို ကြန္ေတက ၂၀၁၆ မွာ လက္စတာ၊ ၂၀၁၇ မွာ ခ်ယ္လ္ဆီးအသင္းနဲ႔အတူ ပရီးမီးယားလိဂ္ဖလားကို ၂ ႏွစ္ဆက္ရယူခဲ့ၿပီး ၂၀၁၈ မွာ ကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့သလို ၂၀၁၉ မွာ အျပာေရာင္တို႔ရဲ႕ ဥေရာပမ်က္ႏွာစာမွာ ယူ႐ိုပါလိဂ္ခ်န္ပီယံအျဖစ္၊ အခု ၂၀၂၁ မွာေတာ့ ခ်န္ပီယံလိဂ္ခ်န္ပီယံအျဖစ္ မ်က္ႏွာပြင့္လြန္းတဲ့ ရွက္တတ္တဲ့ ႂကြက္ကေလးတျဖစ္လဲ ဘလြန္ေဒါစင္ျမင့္ခရီးကို ေနာက္တဆင့္ ေသခ်ာေပါက္လွမ္းသြားေတာ့မွာပါ။

ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ ပပ္ကို အႏိုင္ရတဲ့ ပထမနည္းျပ တူဟယ္လ္
ခ်ယ္လ္ဆီးနည္းျပတူဟယ္လ္နဲ႔ အသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္နဲ႔ စိတ္တူကိုယ္တူ ရည္မွန္းခ်က္နဲ႔ လက္ဝါး႐ိုက္ၿပီး အသင္းကို ၄ လ အတြင္း အျမင့္ပ်ံခဲ့ခ်ိန္မွာ FA ဖလားနဲ႔ လြဲေခ်ာ္ခဲ့ေပမယ့္ ပရိသတ္ေတြကို အလိုလိုက္တတ္တဲ့ မိုဗစ္ခ်္ရဲ႕ ဆႏၵအျပင္းျပဆုံးဆုဖလားျဖစ္တဲ့ ခ်န္ပီယံလိဂ္ဖလားကို ဆက္သေပးႏိုင္ခဲ့သလို မန္စီးတီးကို ၁ လခြဲအတြင္း ၃ ပြဲဆက္ အႏိုင္ကစားခဲ့တဲ့ တူဟယ္လ္ဟာ ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ ပပ္ကို အႏိုင္ရဖူးတဲ့နည္းျပမရွိဘူးဆိုတဲ့ မွတ္တမ္းကို ႐ိုက္ခ်ိဴးသြားခဲ့တယ္။

ဖိုဒင္ကို ေက်ာၿပီး ဝက္စ္ဘေရာင္းကို ေျခရာနင္းတဲ့ ေမဆန္ေမာင့္
all-English Final ျဖစ္ခဲ့တဲ့ ေပၚတို ခ်န္ပီယံလိဂ္ညဟာ အဂၤလန္သားႏွစ္ဦးျဖစ္တဲ့ ေမဆန္ေမာင့္နဲ႔ ဖီးလ္ဖိုဒင္တို႔ရဲ႕ တိုက္ပြဲလည္းျဖစ္သလို ဘယ္သူက ခ်န္ပီယံလိဂ္ဖလားကို သိမ္းပိုက္ႏိုင္ၿပီး အိမ္အျပန္လွမလဲလို႔ လူငယ္ပီပီအားၿပိဳင္ခဲ့ၾကရမွာ ဖိုဒင္ကေတာ့ အေရးနိမ့္သြားခဲ့ရၿပီး ေမာင့္ဟာ ခိုင္ဟာဗတ္ဇ္ရဲ႕ ဂိုးကို ဖန္တီးေပးသြားခဲ့ျခင္းက ၂၀၀၈ ခုႏွစ္က ယူႏိုက္တက္ကစားသမား ဝက္စ္ဘေရာင္းေနာက္ပိုင္း ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ ဂိုးဖန္တီးမႈျပဳလုပ္ခဲ့တဲ့ ပထမဆုံး အဂၤလန္သားလည္း ျဖစ္လာခဲ့တယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.