Bundesliga Premier League

ဆန္ခ်ဳိနဲ႔ အတူတြဲကစားႏုိင္ဖို႔ ေမွ်ာ္လင့္ၿပီး ဖာနန္ဒက္စ္ကို သေဘာက်ေနတဲ့ ရက္ရွ္ဖို႔ဒ္

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ဒဏ္ရာကေန သက္သာလာခဲ့တဲ့ တုိက္စစ္မွဴး မားကပ္စ္ ရက္ရွ္ဖို႔ဒ္က သူ႕အေနနဲ႔ လာမယ့္ရာသီမွာ အဂၤလန္အသင္းေဖာ္ ေဂ်ဒန္ ဆန္ခ်ဳိနဲ႔အတူ အုိးလ္ထရက္ဖို႔ဒ္မွာ အတူတြဲကစားခ်င္ေၾကာင္းဆုိခဲ့ၿပီး အေျပာင္းအေရႊ႕ပုံျပင္ေတြက အမွန္တကယ္ျဖစ္လာဖို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာၾကားလုိက္ပါတယ္။

အဂၤလန္လက္ေရြးစင္အသင္းနဲ႔အတူ ၁၁ ပြဲ ကစားခဲ့ၿပီးၿပီျဖစ္ၿပီး ကိုဆိုဗိုနဲ႔ ေနးရွင္းလိဂ္ပြဲစဥ္မွာ ၂ ဂိုး သြင္းယူႏုိင္ခဲ့တဲ့ ဆန္ခ်ဳိဟာ ေဒါ့မြန္အသင္းမွာလည္း ေျခစြမ္းျပသေနသူျဖစ္ၿပီး သူ႕အေနနဲ႔ ကမာၻ႔အဆင့္ ထိပ္တန္းကစားသမားတစ္ေယာက္ျဖစ္လာဖို႔ လိုအပ္တဲ့ အခ်က္အလက္ေတြအားလုံး ျပည့္စုံတယ္လို႔လည္း ရက္ရွ္ဖို႔ဒ္က ခ်ီးက်ဴးလုိက္ပါတယ္။

ဒီရာသီမွာ ၁၇ ဂိုးသြင္းၿပီး ၁၉ ဂိုး ဖန္တီးေပးထားတဲ့ ေတာင္ပံကစားသမားကို ေဒါ့မြန္အသင္းက ေပါင္သန္း ၁၂၀ ေဈးႏွဳန္း သတ္မွတ္ထားတယ္လို႔ သတင္းေတြက ဆုိေနၾကၿပီး ယူႏုိက္တက္ဘက္ကေတာ့ ဒါကို သန္း ၁၀၀ ဝန္းက်င္ကို ေလွ်ာ့ခ်သြားေစဖို႔ ဆႏၵရွိလို႔ ခံစားခြင့္ေတြ ထည့္သြင္းေဆြးေႏြးမယ့္ သေဘာမွာလည္း ရွိေနပါတယ္။

ရက္ရွ္ဖို႔ဒ္က အသင္းမွာ ေျခစြမ္းျပသေနတဲ့ ကစားသမားသစ္ ဘ႐ူႏို ဖာနန္ဒက္စ္ကိုလည္း သေဘာက်ေနၿပီး အသင္းကို သူယူေဆာင္လာတဲ့ အရာေတြဟာ ေကာင္းတဲ့ အျပဳအမူနဲ႔ စြမ္းေဆာင္ရည္ေတြျဖစ္ၿပီး သူ႕ရဲ႕ ေတြးေခၚပုံနဲ႔ ဖန္တီးေပးပို႔မွဳေတြကို တြဲဖက္ကစားဖို႔ မေစာင့္ႏုိင္ေတာ့ဘူးလို႔လည္း ဆိုသြားခဲ့ပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ တုိက္စစ္မွဴးက သူ႕အေနနဲ႔ ေပၚတူဂီသားရဲ႕ ကစားပုံေတြကို ေသေသခ်ာခ်ာၾကည့္ခဲ့ၿပီးျဖစ္တဲ့အေၾကာင္းကိုလည္း ေဖာ္ျပသြားခဲ့ၿပီး စိတ္ဓာတ္ေကာင္းေကာင္းနဲ႔ အသင္းကို ေမာင္းႏွင္ႏုိင္တဲ့ ဖာနန္ဒက္စ္ဟာ ေဘာလုံးဆုံး႐ွဳံးခ်ိန္ေတြမွာလည္း ျပန္လည္ရယူဖို႔ ဆႏၵျပင္းျပသူျဖစ္ၿပီး သူတို႔ႏွစ္ေယာက္ အနာဂတ္မွာ အခ်ိန္ေကာင္းေတြကို ပုိင္ဆုိင္ႏိုင္လိမ့္မယ္လုိ႔လည္း အင္စတာဂရမ္ Live ကေန ေျဖၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဒဏ်ရာကနေ သက်သာလာခဲ့တဲ့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်က သူ့အနေနဲ့ လာမယ့်ရာသီမှာ အင်္ဂလန်အသင်းဖော် ဂျေဒန် ဆန်ချိုနဲ့အတူ အိုးလ်ထရက်ဖို့ဒ်မှာ အတူတွဲကစားချင်ကြောင်းဆိုခဲ့ပြီး အပြောင်းအရွှေ့ပုံပြင်တွေက အမှန်တကယ်ဖြစ်လာဖို့ မျှော်လင့်ကြောင်း ပြောကြားလိုက်ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ ၁၁ ပွဲ ကစားခဲ့ပြီးပြီဖြစ်ပြီး ကိုဆိုဗိုနဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ၂ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဆန်ချိုဟာ ဒေါ့မွန်အသင်းမှာလည်း ခြေစွမ်းပြသနေသူဖြစ်ပြီး သူ့အနေနဲ့ ကမ္ဘာ့အဆင့် ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်လာဖို့ လိုအပ်တဲ့ အချက်အလက်တွေအားလုံး ပြည့်စုံတယ်လို့လည်း ရက်ရှ်ဖို့ဒ်က ချီးကျူးလိုက်ပါတယ်။

ဒီရာသီမှာ ၁၇ ဂိုးသွင်းပြီး ၁၉ ဂိုး ဖန်တီးပေးထားတဲ့ တောင်ပံကစားသမားကို ဒေါ့မွန်အသင်းက ပေါင်သန်း ၁၂၀ ဈေးနှုန်း သတ်မှတ်ထားတယ်လို့ သတင်းတွေက ဆိုနေကြပြီး ယူနိုက်တက်ဘက်ကတော့ ဒါကို သန်း ၁၀၀ ဝန်းကျင်ကို လျှော့ချသွားစေဖို့ ဆန္ဒရှိလို့ ခံစားခွင့်တွေ ထည့်သွင်းဆွေးနွေးမယ့် သဘောမှာလည်း ရှိနေပါတယ်။

ရက်ရှ်ဖို့ဒ်က အသင်းမှာ ခြေစွမ်းပြသနေတဲ့ ကစားသမားသစ် ဘရူနို ဖာနန်ဒက်စ်ကိုလည်း သဘောကျနေပြီး အသင်းကို သူယူဆောင်လာတဲ့ အရာတွေဟာ ကောင်းတဲ့ အပြုအမူနဲ့ စွမ်းဆောင်ရည်တွေဖြစ်ပြီး သူ့ရဲ့ တွေးခေါ်ပုံနဲ့ ဖန်တီးပေးပို့မှုတွေကို တွဲဖက်ကစားဖို့ မစောင့်နိုင်တော့ဘူးလို့လည်း ဆိုသွားခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးက သူ့အနေနဲ့ ပေါ်တူဂီသားရဲ့ ကစားပုံတွေကို သေသေချာချာကြည့်ခဲ့ပြီးဖြစ်တဲ့အကြောင်းကိုလည်း ဖော်ပြသွားခဲ့ပြီး စိတ်ဓာတ်ကောင်းကောင်းနဲ့ အသင်းကို မောင်းနှင်နိုင်တဲ့ ဖာနန်ဒက်စ်ဟာ ဘောလုံးဆုံးရှုံးချိန်တွေမှာလည်း ပြန်လည်ရယူဖို့ ဆန္ဒပြင်းပြသူဖြစ်ပြီး သူတို့နှစ်ယောက် အနာဂတ်မှာ အချိန်ကောင်းတွေကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့လည်း အင်စတာဂရမ် Live ကနေ ဖြေကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.