Premier League

ရာသီကို ၿပီးဆုံးေအာင္ ကစားႏုိင္ဖို႔ ကစားသမားငါးဦး လူစားလဲခြင့္ကို စဥ္းစားေနတဲ့ ပရီးမီးယားလိဂ္

ပရီးမီးယားလိဂ္အေနနဲ႔ လက္ရွိ ၂၀၁၉-၂၀ ရာသီကို ၿပီးဆုံးေအာင္ ဆက္ကစားဖို႔အတြက္ လိုအပ္တဲ့ အႀကံဉာဏ္နဲ႔ ႏွီးေႏွာဖလွယ္မွဳေတြ ျပဳလုပ္ေနၿပီး ကစားသမားေတြအေနနဲ႔ ပြဲေတြ ခပ္စိပ္စိပ္ ကစားရႏိုင္တဲ့ အျဖစ္ကို ကာမိႏိုင္ဖို႔အတြက္ လက္က်န္ပြဲစဥ္ေတြမွာ ကစားသမား ၅ ေယာက္အထိ လူလဲကစားခြင့္ျပဳသြားဖို႔ စီစဥ္ေနပါတယ္။

ဒီလိုကစားခြင့္ကိုေတာ့ COVID-19 ကပ္ေရာဂါကို ထိန္းခ်ဳပ္ၿပီးခ်ိန္မွာ ပရီးမီးယားလိဂ္အသင္းေတြခ်င္း အထူးသေဘာတူညီမွဳအျဖစ္ ဒီရာသီ ပြဲက်န္ေတြအတြက္ပဲ ျပဳလုပ္သြားမွာလည္းျဖစ္ၿပီး ကလပ္အသင္း ၂၀ ၾကား ေဆြးေႏြးမွဳေတြလည္း လုပ္ေဆာင္ေနတယ္လို႔ ေမရာသတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္ရဲ႕ လူငယ္ကြင္းလယ္လူ အန္းဒရိစ္ ပါရဲရားကေတာ့ သူ႕အေနနဲ႔ ဒီရာသီကို ၿပီးဆုံးေအာင္ ဆက္ကစားဖို႔အတြက္ ေန႔တုိင္းမွာ တစ္ပြဲစီ ဆက္တုိက္ကစားသြားရမယ္ဆုိရင္လည္း ျဖစ္တယ္လုိ႔ ေျပာလုိက္ၿပီး ဘဝတူ ေဘာလုံးေလာကသားေတြရဲ႕အတူ ကစားျပခ်င္တဲ့ စိတ္အားထက္သန္မွဳကိုလည္း ျပသထားပါတယ္။

ပရိသတ္ေတြအတြက္ ပြဲစဥ္ေတြ ဆက္တုိက္ၾကည့္ရမွာမုိ႔ ေပ်ာ္စရာလုိ ျဖစ္ေနႏိုင္ေပမယ့္ ကစားသမားေတြအတြက္ကေတာ့ ပင္ပန္းႏြမ္းနယ္မွဳေတြနဲ႔ ၾကြက္သားဒဏ္ရာေတြကို ရင္ဆုိင္ရႏုိင္တယ္လို႔ ေဆးဘက္ဆုိင္ရာပညာရွင္ေတြက သတိေပးထားၾကၿပီး လူခ်င္းခြဲျခားေနထိုင္တဲ့ Social Distancing နဲ႔ မကိုက္ညီတဲ့ VAR ဒိုင္အဖြဲ႕ေတြကိုလည္း ဆက္လက္အသုံးမျပဳဘဲ ရာသီကုန္အထိ ဖယ္ရွားသြားဖို႔ ရွိေနပါတယ္။

ပရိသတ္ေတြရဲ႕ အျမင္မတူမွဳေတြနဲ႔ ရင္ဆုိင္ခဲ့ရၿပီး အျငင္းပြားစရာေတြ အမ်ားႀကီးရွိေနခဲ့တဲ့ VAR ရဲ႕ စေတာ့ခ္လီပါ့ခ္က နည္းပညာရပ္ဆုိင္ရာ ထိန္းခ်ဳပ္မွဳစင္တာကိုေတာ့ လက္ရွိမွာ ေစာင့္ၾကည့္ေနအထားနဲ႔ အသုံးျပဳမျပဳကို ဆုံးျဖတ္သြားဖို႔ ရွိေနၿပီး ကို႐ိုနာဗုိင္းရပ္စ္ရဲ႕ အႏၲရာယ္ကေန သံသယနဲ႔ စိုးရိမ္စိတ္ကို ျမင့္တက္ေစႏုိင္တဲ့အတြက္ အသုံးမျပဳဖို႔ေတာ့ မ်ားေနတယ္လုိ႔လည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်အနေနဲ့ လက်ရှိ ၂၀၁၉-၂၀ ရာသီကို ပြီးဆုံးအောင် ဆက်ကစားဖို့အတွက် လိုအပ်တဲ့ အကြံဉာဏ်နဲ့ နှီးနှောဖလှယ်မှုတွေ ပြုလုပ်နေပြီး ကစားသမားတွေအနေနဲ့ ပွဲတွေ ခပ်စိပ်စိပ် ကစားရနိုင်တဲ့ အဖြစ်ကို ကာမိနိုင်ဖို့အတွက် လက်ကျန်ပွဲစဉ်တွေမှာ ကစားသမား ၅ ယောက်အထိ လူလဲကစားခွင့်ပြုသွားဖို့ စီစဉ်နေပါတယ်။

ဒီလိုကစားခွင့်ကိုတော့ COVID-19 ကပ်ရောဂါကို ထိန်းချုပ်ပြီးချိန်မှာ ပရီးမီးယားလိဂ်အသင်းတွေချင်း အထူးသဘောတူညီမှုအဖြစ် ဒီရာသီ ပွဲကျန်တွေအတွက်ပဲ ပြုလုပ်သွားမှာလည်းဖြစ်ပြီး ကလပ်အသင်း ၂၀ ကြား ဆွေးနွေးမှုတွေလည်း လုပ်ဆောင်နေတယ်လို့ မေရာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ လူငယ်ကွင်းလယ်လူ အန်းဒရိစ် ပါရဲရားကတော့ သူ့အနေနဲ့ ဒီရာသီကို ပြီးဆုံးအောင် ဆက်ကစားဖို့အတွက် နေ့တိုင်းမှာ တစ်ပွဲစီ ဆက်တိုက်ကစားသွားရမယ်ဆိုရင်လည်း ဖြစ်တယ်လို့ ပြောလိုက်ပြီး ဘဝတူ ဘောလုံးလောကသားတွေရဲ့အတူ ကစားပြချင်တဲ့ စိတ်အားထက်သန်မှုကိုလည်း ပြသထားပါတယ်။

ပရိသတ်တွေအတွက် ပွဲစဉ်တွေ ဆက်တိုက်ကြည့်ရမှာမို့ ပျော်စရာလို ဖြစ်နေနိုင်ပေမယ့် ကစားသမားတွေအတွက်ကတော့ ပင်ပန်းနွမ်းနယ်မှုတွေနဲ့ ကြွက်သားဒဏ်ရာတွေကို ရင်ဆိုင်ရနိုင်တယ်လို့ ဆေးဘက်ဆိုင်ရာပညာရှင်တွေက သတိပေးထားကြပြီး လူချင်းခွဲခြားနေထိုင်တဲ့ Social Distancing နဲ့ မကိုက်ညီတဲ့ VAR ဒိုင်အဖွဲ့တွေကိုလည်း ဆက်လက်အသုံးမပြုဘဲ ရာသီကုန်အထိ ဖယ်ရှားသွားဖို့ ရှိနေပါတယ်။

ပရိသတ်တွေရဲ့ အမြင်မတူမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အငြင်းပွားစရာတွေ အများကြီးရှိနေခဲ့တဲ့ VAR ရဲ့ စတော့ခ်လီပါ့ခ်က နည်းပညာရပ်ဆိုင်ရာ ထိန်းချုပ်မှုစင်တာကိုတော့ လက်ရှိမှာ စောင့်ကြည့်နေအထားနဲ့ အသုံးပြုမပြုကို ဆုံးဖြတ်သွားဖို့ ရှိနေပြီး ကိုရိုနာဗိုင်းရပ်စ်ရဲ့ အန္တရာယ်ကနေ သံသယနဲ့ စိုးရိမ်စိတ်ကို မြင့်တက်စေနိုင်တဲ့အတွက် အသုံးမပြုဖို့တော့ များနေတယ်လို့လည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.