Premier League

အိုေဇးလ္နဲ႔ ေပေပကို ဖိအားေပးဖို႔ ဝီလီယန္ကို ရေအာင္ေခၚယူသြားဖြယ္ရွိေန

အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္ရာသီမွာ ခ်ဲလ္ဆီးနဲ႔ စာခ်ဳပ္ကုန္ဆုံးေတာ့မယ့္ ဘရာဇီးေတာင္ပံကစားသမား ဝီလီယန္ကို ေခၚယူသြားဖို႔ အျပင္းအထန္ ႀကဳိးစားဖြယ္ရွိေနၿပီး သူတုိ႔ရဲ႕ ကစားသမားေတြကို ေဈးခ်ဳိခ်ဳိနဲ႔ ရရွိမယ္ဆုိရင္ လက္သြက္တတ္တဲ့ ေပၚလစီအတုိင္း လုပ္ေဆာင္သြားႏုိင္ဖို႔ မ်ားေနတယ္လုိ႔ ခန္႔မွန္းေနၾကပါတယ္။

နည္းျပ မိုက္ကယ္ အာတီတာအေနနဲ႔ေတာ့ ေငြေၾကးမ်ားစြာ မသုံးစြဲႏိုင္ခ်ိန္မွာ တုိက္စစ္မွဴးရဲ႕ေနာက္ကေန ဘယ္ညာအလယ္မေရြး ေနရာစုံ ကစားႏုိင္တဲ့ အသက္ ၃၁ ႏွစ္အရြယ္ ဘရာဇီးလ္သားရဲ႕ စြမ္းေဆာင္ရည္အျပင္ အေတြ႕အႀကဳံကိုပါ အလိုရွိေနတာျဖစ္ၿပီး လူငယ္ေတြကို ဦးေဆာင္သြားႏုိင္ဖို႔လည္း ေမွ်ာ္လင့္ေနပုံေပၚပါတယ္။

ကာကယံရွင္ ဝီလီယန္ကေတာ့ သူ႕ရဲ႕ လန္ဒန္မွာ ဆက္ေနလုိတဲ့ ဆႏၵကို အတိအလင္း ထုတ္ေဖာ္ထားခဲ့ၿပီး သူနဲ႔ မိသားစုဟာ ဒီၿမဳိ႕ႀကီးမွာ အေျခက်ေနၿပီျဖစ္လို႔ တျခားကို ေျပာင္းဖို႔ ေတာ္ေတာ္ေလး ခက္ခဲမယ့္သေဘာ ဆုိထားတာေၾကာင့္ အာဆင္နယ္နဲ႔အၿပဳိင္ ေမာ္ရင္ညဳိရဲ႕ စပါးစ္ကလည္း ကမ္းလွမ္းသြားဖြယ္ရွိပါတယ္။

အာဆင္နယ္အသင္းရဲ႕ တုိက္စစ္ကို ဝီလီယန္ ေရာက္လာခဲ့ရင္ေတာ့ ေတာင္ပံတုိက္စစ္မွဴး နီကိုလတ္စ္ ေပေပနဲ႔ ကြင္းလယ္တုိက္စစ္သမား မီဆြတ္ အုိေဇးလ္တုိ႔ရဲ႕ ေနရာေတြကို စိန္ေခၚမွဳ ႀကီးႀကီးမားမားနဲ႔ ဖိအားေပးလာေတာ့မွာျဖစ္ၿပီး သူတုိ႔ရဲ႕ေနရာတစ္ေနရာအတြက္ ပုိမုိႀကဳိးစားျပရႏုိင္ၿပီး အိုေဇးလ္အတြက္ကေတာ့ အသင္းက ထြက္ခြာရေစႏုိင္တဲ့အထိ ႀကီးမားႏိုင္တဲ့ စိန္ေခၚမွဳလည္းျဖစ္လာႏုိင္ပါတယ္။

ဝီလီယန္အေနနဲ႔ အာဆင္နယ္အသင္းကို ေျပာင္းေရႊ႕ျဖစ္ခဲ့မယ္ဆုိရင္ သူ႕ရဲ႕ဘရာဇီးလ္နဲ႔ ခ်ဲလ္ဆီးအသင္းေဖာ္ေဟာင္း ေနာက္ခံလူ ေဒးဗစ္ လူးဝစ္ဇ္နဲ႔ ျပန္လည္ပူးေပါင္းႏုိင္မွာလည္းျဖစ္ၿပီး လုပ္ခလစာအေနနဲ႔ တစ္ပတ္ကို ေပါင္တစ္သိန္းႏွစ္ေသာင္းရရွိသြားႏုိင္ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAIL MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ လာမယ့်ရာသီမှာ ချဲလ်ဆီးနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် ဘရာဇီးတောင်ပံကစားသမား ဝီလီယန်ကို ခေါ်ယူသွားဖို့ အပြင်းအထန် ကြိုးစားဖွယ်ရှိနေပြီး သူတို့ရဲ့ ကစားသမားတွေကို ဈေးချိုချိုနဲ့ ရရှိမယ်ဆိုရင် လက်သွက်တတ်တဲ့ ပေါ်လစီအတိုင်း လုပ်ဆောင်သွားနိုင်ဖို့ များနေတယ်လို့ ခန့်မှန်းနေကြပါတယ်။

နည်းပြ မိုက်ကယ် အာတီတာအနေနဲ့တော့ ငွေကြေးများစွာ မသုံးစွဲနိုင်ချိန်မှာ တိုက်စစ်မှူးရဲ့နောက်ကနေ ဘယ်ညာအလယ်မရွေး နေရာစုံ ကစားနိုင်တဲ့ အသက် ၃၁ နှစ်အရွယ် ဘရာဇီးလ်သားရဲ့ စွမ်းဆောင်ရည်အပြင် အတွေ့အကြုံကိုပါ အလိုရှိနေတာဖြစ်ပြီး လူငယ်တွေကို ဦးဆောင်သွားနိုင်ဖို့လည်း မျှော်လင့်နေပုံပေါ်ပါတယ်။

ကာကယံရှင် ဝီလီယန်ကတော့ သူ့ရဲ့ လန်ဒန်မှာ ဆက်နေလိုတဲ့ ဆန္ဒကို အတိအလင်း ထုတ်ဖော်ထားခဲ့ပြီး သူနဲ့ မိသားစုဟာ ဒီမြို့ကြီးမှာ အခြေကျနေပြီဖြစ်လို့ တခြားကို ပြောင်းဖို့ တော်တော်လေး ခက်ခဲမယ့်သဘော ဆိုထားတာကြောင့် အာဆင်နယ်နဲ့အပြိုင် မော်ရင်ညိုရဲ့ စပါးစ်ကလည်း ကမ်းလှမ်းသွားဖွယ်ရှိပါတယ်။

အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကို ဝီလီယန် ရောက်လာခဲ့ရင်တော့ တောင်ပံတိုက်စစ်မှူး နီကိုလတ်စ် ပေပေနဲ့ ကွင်းလယ်တိုက်စစ်သမား မီဆွတ် အိုဇေးလ်တို့ရဲ့ နေရာတွေကို စိန်ခေါ်မှု ကြီးကြီးမားမားနဲ့ ဖိအားပေးလာတော့မှာဖြစ်ပြီး သူတို့ရဲ့နေရာတစ်နေရာအတွက် ပိုမိုကြိုးစားပြရနိုင်ပြီး အိုဇေးလ်အတွက်ကတော့ အသင်းက ထွက်ခွာရစေနိုင်တဲ့အထိ ကြီးမားနိုင်တဲ့ စိန်ခေါ်မှုလည်းဖြစ်လာနိုင်ပါတယ်။

ဝီလီယန်အနေနဲ့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖြစ်ခဲ့မယ်ဆိုရင် သူ့ရဲ့ဘရာဇီးလ်နဲ့ ချဲလ်ဆီးအသင်းဖော်ဟောင်း နောက်ခံလူ ဒေးဗစ် လူးဝစ်ဇ်နဲ့ ပြန်လည်ပူးပေါင်းနိုင်မှာလည်းဖြစ်ပြီး လုပ်ခလစာအနေနဲ့ တစ်ပတ်ကို ပေါင်တစ်သိန်းနှစ်သောင်းရရှိသွားနိုင်ကြောင်းလည်း သိရှိရပါတယ်။

REF: DAIL MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.