Premier League Transfer News

28 May နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာပြီး မန်ချက်တာယူနိုက်တက်ဆီ ရောက်ဖို့ သတင်းကြီးနေတဲ့ နောက်ခံလူ ရာဖေးလ် ဗာရွန်းအနေနဲ့ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ယူရို ၂၀၂၁ ပြိုင်ပွဲကစားဖို့ကိုသာ အာရုံစိုက်ထားပြီး ကလပ်အသင်းကစားသမားဘဝ အနာဂတ်ကို နိုင်ငံပွဲတွေပြီးမှ ဆုံးဖြတ်မယ်လို့ ပြောကြား။

– ဒေးဗစ် ဒဟေးယားရဲ့ အမှားတွေအပြင် ပင်နယ်တီမှာ ရေမြွေတစ်ကောင်လိုဖြစ်နေမှုကို နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားနဲ့ ယူနိုက်တက် တာဝန်ရှိသူတွေက စိတ်ပျက်နေကြသလို လာမယ့် အပြောင်းအရွှေ့ကာလမှာ သူ့ကို အက်သလက်တီကို မက်ဒရစ် ဂိုးသမား ယန် အော့ဘလက်ခ်နဲ့ အလိုက်ပေးပြီး လဲလှယ်ဖို့ စိုင်းပြင်းနေ။

– ဂျေဒန် ဆန်ချိုဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အဓိက ပစ်မှတ်တစ်ခုဖြစ်ပြီး ဒေါ့မွန်ဘက်က အာလင်း ဟားလန်းကို ရောင်းချဖို့ အစီအစဉ် မရှိချိန်မှာ သူဟာ အသင်းရဲ့ တောင်ပံတိုက်စစ်ကို အားဖြည့်ဖို့ နံပါတ်တစ်နေရာက ခေါ်ယူမှုဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းနေကြ။

– ယူရိုပါလိဂ် ပူပူနွေးနွေး ချန်ပီယံ ဗီလာရီးရဲလ်အသင်းရဲ့ ဥက္ကဌ ဖာနန်ဒို ရို့ဂျ်က အသင်းရဲ့ ကြယ်ပွင့်နောက်ခံလူ ပေါ်တောရက်စ်ကို ယူနိုက်တက်ဘက်က မှန်ကန်တဲ့ ပြောင်းရွှေ့ကြေးပေးခဲ့ရင် ရောင်းချသွားဖို့ အဆင်သင့်ရှိနေပြီလို့ စပိန်သားကို အရောင်းစာရင်းမှာ တင်ပြထားခဲ့။

– မန်ချက်စတာယူနိုက်တက်အသင်းအတွက် ယူရိုပါလိဂ်ဖိုင်နယ်ဟာ ဒီတိုက်စစ်မှူးအင်အားနဲ့ ဆက်သွားလို့ မရဘူးဆိုတာ ကောင်းကောင်း သဘောပေါက်ခဲ့ရတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့အပြီးမှာ တော့တင်ဟမ်ဟော့စပါးစ်တိုက်စစ်မှူး ဟာရီကိန်းကို သတ်မှတ်ပြောင်းရွှေ့ကြေးအပြင် အသင်းခေါင်းဆောင်လက်ပတ်နဲ့ပါ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေ။

– ဝက်စ်ဟမ်းအသင်းကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကို ယူနိုက်တက်တို့ ခေါ်ယူဖို့ လုပ်ဆောင်နေတာဟာ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်ပြီး လက်ရှိအသင်းမှာ ခံစစ်တန်းရှေ့က ကာကွယ်ပေးမယ့် ကွင်းလယ်လူမျိုး မရှိတာကို တွေ့မြင်နေရချိန်မှာ သူသာ ရောက်ရှိလာခဲ့ရင် မက်ဂွိုင်းယား၊ မက်တော်မီနေးနဲ့ ပေါ့ဘာတို့အတွက် အကျိုးရှိလိမ့်မယ်လို့ မေရာရေးသား။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အမှုဆောင် ဒုဥက္ကဌ အက်ဒ် ဝုဒ်ဝဒ်အနေနဲ့ နည်းပြ ဆိုးလ်ရှားအတွက် သုံးနှစ်စာချုပ်သစ် ကမ်းလှမ်းဖို့ ပြင်ဆင်နေရာမှာ ကွင်းလယ်လူ အေဒူယာဒို ကာမာဗင်ဂါနဲ့ တိုက်စစ်မှူး ဒန်နီအင်းစ်တို့ကို ခေါ်ယူပေးမယ်ဆိုတဲ့ တရားဝင် မဟုတ်တဲ့ ကမ်းလှမ်းမှုကိုပါ ထည့်သွင်းခဲ့တယ်လို့ ကောလဟာလထွက်ပေါ်နေ။

– တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ အမေရိကန်သမ္မတဟောင်း ဘာရက် အိုဘာမားနဲ့ Zoom Meeting မှာ တွေ့ဆုံခဲ့ပြီး ပင်ဂွင် စာအုပ် ထုတ်ဝေရေးက စီစဉ်ပေးခဲ့တဲ့ ဒီပွဲမှာ သူ့ရဲ့ ကလေးသူငယ်တွေရဲ့ ဆာလောင်မွတ်သိပ်မှုအတွက် ဖြည့်ဆည်းပေးခဲ့တဲ့ အပြုအမူကို အထူးတလည် ချီးကျူးခံခဲ့ရ။

– ယူနိုက်တက်လူငယ်ကွင်းလယ်လူ ဟန်နီဘယ်လ် မေဘရီအနေနဲ့ သူ့ရဲ့ နိုင်ငံကိုယ်စားပြုမှုကို တူနီးရှားအသင်းဆီ ပြောင်းလဲပြီး လက်ရွေးစင်အသင်းမှာ ခေါ်ယူခံရဖို့ စောင့်ဆိုင်းနေတယ်လို့ သိရပြီး ပြင်သစ်နိုင်ငံ အိဗီဆူဆိန်းဒေသမှာ မွေးဖွားခဲ့တဲ့ အသက် ၁၈ နှစ်သားဟာ မွေးဖွားရာနိုင်ငံရဲ့ ယူ-၁၆ နဲ့ ယူ-၁၇ အသင်းတွေကို ကိုယ်စားပြုခဲ့ဖူးပေမယ့် သူ့ကိုယ်သူ ပြင်သစ်လူမျိုးလို့ မခံစားရဘူးလို့လည်း ဆိုသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ရီးရဲလ္မက္ဒရစ္အသင္းကေန ထြက္ခြာၿပီး မန္ခ်က္တာယူႏိုက္တက္ဆီ ေရာက္ဖို႔ သတင္းႀကီးေနတဲ့ ေနာက္ခံလူ ရာေဖးလ္ ဗာ႐ြန္းအေနနဲ႔ ျပင္သစ္လက္ေ႐ြးစင္အသင္းနဲ႔ ယူ႐ို ၂၀၂၁ ၿပိဳင္ပြဲကစားဖို႔ကိုသာ အာ႐ုံစိုက္ထားၿပီး ကလပ္အသင္းကစားသမားဘဝ အနာဂတ္ကို ႏိုင္ငံပြဲေတြၿပီးမွ ဆုံးျဖတ္မယ္လို႔ ေျပာၾကား။

– ေဒးဗစ္ ဒေဟးယားရဲ႕ အမွားေတြအျပင္ ပင္နယ္တီမွာ ေရေႁမြတစ္ေကာင္လိုျဖစ္ေနမႈကို နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားနဲ႔ ယူႏိုက္တက္ တာဝန္ရွိသူေတြက စိတ္ပ်က္ေနၾကသလို လာမယ့္ အေျပာင္းအေ႐ႊ႕ကာလမွာ သူ႔ကို အက္သလက္တီကို မက္ဒရစ္ ဂိုးသမား ယန္ ေအာ့ဘလက္ခ္နဲ႔ အလိုက္ေပးၿပီး လဲလွယ္ဖို႔ စိုင္းျပင္းေန။

– ေဂ်ဒန္ ဆန္ခ်ိဳဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အဓိက ပစ္မွတ္တစ္ခုျဖစ္ၿပီး ေဒါ့မြန္ဘက္က အာလင္း ဟားလန္းကို ေရာင္းခ်ဖို႔ အစီအစဥ္ မရွိခ်ိန္မွာ သူဟာ အသင္းရဲ႕ ေတာင္ပံတိုက္စစ္ကို အားျဖည့္ဖို႔ နံပါတ္တစ္ေနရာက ေခၚယူမႈျဖစ္လာလိမ့္မယ္လို႔ ခန႔္မွန္းေနၾက။

– ယူ႐ိုပါလိဂ္ ပူပူေႏြးေႏြး ခ်န္ပီယံ ဗီလာရီးရဲလ္အသင္းရဲ႕ ဥကၠဌ ဖာနန္ဒို ႐ို႕ဂ်္က အသင္းရဲ႕ ၾကယ္ပြင့္ေနာက္ခံလူ ေပၚေတာရက္စ္ကို ယူႏိုက္တက္ဘက္က မွန္ကန္တဲ့ ေျပာင္းေ႐ႊ႕ေၾကးေပးခဲ့ရင္ ေရာင္းခ်သြားဖို႔ အဆင္သင့္ရွိေနၿပီလို႔ စပိန္သားကို အေရာင္းစာရင္းမွာ တင္ျပထားခဲ့။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ယူ႐ိုပါလိဂ္ဖိုင္နယ္ဟာ ဒီတိုက္စစ္မႉးအင္အားနဲ႔ ဆက္သြားလို႔ မရဘူးဆိုတာ ေကာင္းေကာင္း သေဘာေပါက္ခဲ့ရတဲ့ ပြဲတစ္ပြဲျဖစ္ခဲ့အၿပီးမွာ ေတာ့တင္ဟမ္ေဟာ့စပါးစ္တိုက္စစ္မႉး ဟာရီကိန္းကို သတ္မွတ္ေျပာင္းေ႐ႊ႕ေၾကးအျပင္ အသင္းေခါင္းေဆာင္လက္ပတ္နဲ႔ပါ ကမ္းလွမ္းသြားဖို႔ ျပင္ဆင္ေန။

– ဝက္စ္ဟမ္းအသင္းကြင္းလယ္လူ ဒက္ကလန္ ႐ိုက္စ္ကို ယူႏိုက္တက္တို႔ ေခၚယူဖို႔ လုပ္ေဆာင္ေနတာဟာ မွန္ကန္တဲ့ လုပ္ရပ္ျဖစ္ၿပီး လက္ရွိအသင္းမွာ ခံစစ္တန္းေရွ႕က ကာကြယ္ေပးမယ့္ ကြင္းလယ္လူမ်ိဳး မရွိတာကို ေတြ႕ျမင္ေနရခ်ိန္မွာ သူသာ ေရာက္ရွိလာခဲ့ရင္ မက္ဂြိဳင္းယား၊ မက္ေတာ္မီေနးနဲ႔ ေပါ့ဘာတို႔အတြက္ အက်ိဳးရွိလိမ့္မယ္လို႔ ေမရာေရးသား။

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အမႈေဆာင္ ဒုဥကၠဌ အက္ဒ္ ဝုဒ္ဝဒ္အေနနဲ႔ နည္းျပ ဆိုးလ္ရွားအတြက္ သုံးႏွစ္စာခ်ဳပ္သစ္ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနရာမွာ ကြင္းလယ္လူ ေအဒူယာဒို ကာမာဗင္ဂါနဲ႔ တိုက္စစ္မႉး ဒန္နီအင္းစ္တို႔ကို ေခၚယူေပးမယ္ဆိုတဲ့ တရားဝင္ မဟုတ္တဲ့ ကမ္းလွမ္းမႈကိုပါ ထည့္သြင္းခဲ့တယ္လို႔ ေကာလဟာလထြက္ေပၚေန။

– တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ဟာ အေမရိကန္သမၼတေဟာင္း ဘာရက္ အိုဘာမားနဲ႔ Zoom Meeting မွာ ေတြ႕ဆုံခဲ့ၿပီး ပင္ဂြင္ စာအုပ္ ထုတ္ေဝေရးက စီစဥ္ေပးခဲ့တဲ့ ဒီပြဲမွာ သူ႔ရဲ႕ ကေလးသူငယ္ေတြရဲ႕ ဆာေလာင္မြတ္သိပ္မႈအတြက္ ျဖည့္ဆည္းေပးခဲ့တဲ့ အျပဳအမူကို အထူးတလည္ ခ်ီးက်ဴးခံခဲ့ရ။

– ယူႏိုက္တက္လူငယ္ကြင္းလယ္လူ ဟန္နီဘယ္လ္ ေမဘရီအေနနဲ႔ သူ႔ရဲ႕ ႏိုင္ငံကိုယ္စားျပဳမႈကို တူနီးရွားအသင္းဆီ ေျပာင္းလဲၿပီး လက္ေ႐ြးစင္အသင္းမွာ ေခၚယူခံရဖို႔ ေစာင့္ဆိုင္းေနတယ္လို႔ သိရၿပီး ျပင္သစ္ႏိုင္ငံ အိဗီဆူဆိန္းေဒသမွာ ေမြးဖြားခဲ့တဲ့ အသက္ ၁၈ ႏွစ္သားဟာ ေမြးဖြားရာႏိုင္ငံရဲ႕ ယူ-၁၆ နဲ႔ ယူ-၁၇ အသင္းေတြကို ကိုယ္စားျပဳခဲ့ဖူးေပမယ့္ သူ႔ကိုယ္သူ ျပင္သစ္လူမ်ိဳးလို႔ မခံစားရဘူးလို႔လည္း ဆိုသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.