Premier League UCL&UEL

ချယ်လ်ဆီးနဲ့မန်စီးတီး ဘယ်သူချန်ပီယံလိဂ်ရမလဲ ခန့်မှန်းလိုက်တဲ့ ရီးရဲလ်ကစားသမားဟောင်း

ရီးရဲလ်ကစားသမားဟောင်းတဦးဖြစ်ပြီး အင်တာမီလန်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားရယူထားတဲ့ ဝက်စ်လေ ရှနိုက်ဒါက လာမယ့် စနေနေ့ည ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ချယ်လ်ဆီးက မန်စီးတီးကို အနိုင်ယူပြီး ဗိုလ်စွဲသွားလိိမ့်မယ်ဆိုတာ သံသယဖြစ်စရာမရှိကြောင်း အခိုင်အမာပြောသွားခဲ့ပါတယ်။

မန်စီးတီးအသင်းအတွက် ဒီချန်ပီယံလိဂ်ဖလားဟာ သူတို့အသင်းရဲ့ သမိုင်းတလျှောက် ပထမဦးဆုံးအောင်မြင်မှုနဲ့ လက်တကမ်းအကွာကို ရောက်ရှိလာတာဖြစ်ပြီး ချယ်လ်ဆီးအသင်းအတွက်တော့ ၂၀၁၂ ခုနှစ်မှာ ပထမဆုံးချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးပြီး ၉ နှစ်အကြာမှာ ဒုတိယအကြိမ်အဖြစ် သမိုင်းရေးထိုးသွားဖို့ ပြင်ဆင်လာတာပါ။

ဒီတွေ့ဆုံမှုဟာ သူတို့နှစ်သင်းရဲ့ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ် ဥရောပအဆင့်တွေ့ဆုံမှုဖြစ်လာသလို နယ်သာလန်ကစားသမားဟောင်းကတော့ ချယ်လ်ဆီးကို ချန်ပီယံအဖြစ် ပိုမျှော်လင့်ထားတာကို တွေ့ရသလို မန်စီးတီးကို နောက်ဆုံး ၂ ပွဲဆက်အနိုင်ကစားထားတဲ့ တူဟယ်လ်ရဲ့ အတွေ့အကြုံက မန်စီးတီးကို ဘယ်လိုအနိုင်ယူရမလဲ ကောင်းကောင်းသိနေတယ်လို့ ဆိုသွားခဲ့တာပါ။

“ဟုတ်ပါတယ်။ သူတို့နှစ်သင်းဟာ လက်ရှိဥရောပအဆင့်အကောင်းဆုံး ၂ သင်းပါ။ ကျွန်တော့်အမြင်အရ ဒီကစားပွဲမှာ ချယ်လ်ဆီးက မန်စီးတီးကို အလဲထိုးသွားမယ်လို့ ယုံကြည်တယ်။ သူတို့ချန်ပီယံဖြစ်လာမယ်။ ဘာလို့လဲဆိုတော့ တူဟယ်လ်လက်ထဲမှာ ချယ်လ်ဆီးက သိပ်ကို တောင့်တင်းတဲ့အသင်းဖြစ်နေလို့ပါ…”

“မန်စီးတီးကို သူတို့အနိုင်ကစားထားဖူးတာ ပူပူ​နွေးနွေးပဲ ရှိသေးတယ်။ တူဟယ်လ်က တကယ်စွမ်းတဲ့ နည်းပြပါ။ ဒါကြောင့် ချယ်လ်ဆီးကို ကျွန်တော် အကြိုက်တွေ့တယ်။ သူတို့ကစားပုံကို ကျွန်တော် အကြိမ်ပေါင်းစွာ ကြည့်ဖူးတယ်။ သိပ်ပြီးမာကျောတဲ့အသင်းပါ”လို့ ရှနိုက်ဒါက ဆိုသွားခဲ့ပါတယ်။

မန်စီးတီးဟာ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ရင်တော့ ဒီပြိုင်ပွဲမှာ ချန်ပီယံအသစ်အဖြစ် ၂၃ သင်းမြောက်ချန်ပီယံအနေနဲ့ သမိုင်းဝင်လာမှာဖြစ်ပြီး ဒါဟာ ချယ်လ်ဆီးအသင်းရဲ့ ၂၀၁၂ အောင်မြင်မှုအပြီးမှာ ပထမဆုံးမျက်နှာသစ်ချန်ပီယံဖြစ်လာဖွယ် ရှိနေတာပါ။

ချယ်ဆီးနည်းပြတူဟယ်လ်အနေနဲ့ ပြီးခဲ့တဲ့နှစ်က PSG အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ရောက်ခဲ့တာကြောင့် မတူညီတဲ့အသင်းနှစ်သင်းနဲ့ ဥရောပဗိုလ်လုပွဲဆီ ၂ နှစ်ဆက်တက်ရောက်နိုင်တဲ့ ပထမဆုံးနည်းပြအဖြစ် သမိုင်းလှပခဲ့သလို ချန်ပီယံလိဂ်ဖိုင်နယ်အရေးနိမ့်မှုကို မနှစ်က မရှောင်လွှဲနိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ပေါ်တိုကနေ လန်ဒန်မြေကို ချန်ပီယံလိဂ်ဖလားနဲ့အတူ ပြည်တော်ဝင်ဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရီးရဲလ္ကစားသမားေဟာင္းတဦးျဖစ္ၿပီး အင္တာမီလန္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားရယူထားတဲ့ ဝက္စ္ေလ ရွႏိုက္ဒါက လာမယ့္ စေနေန႔ည ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ခ်ယ္လ္ဆီးက မန္စီးတီးကို အႏိုင္ယူၿပီး ဗိုလ္စြဲသြားလိိမ့္မယ္ဆိုတာ သံသယျဖစ္စရာမရွိေၾကာင္း အခိုင္အမာေျပာသြားခဲ့ပါတယ္။

မန္စီးတီးအသင္းအတြက္ ဒီခ်န္ပီယံလိဂ္ဖလားဟာ သူတို႔အသင္းရဲ႕ သမိုင္းတေလွ်ာက္ ပထမဦးဆုံးေအာင္ျမင္မႈနဲ႔ လက္တကမ္းအကြာကို ေရာက္ရွိလာတာျဖစ္ၿပီး ခ်ယ္လ္ဆီးအသင္းအတြက္ေတာ့ ၂၀၁၂ ခုႏွစ္မွာ ပထမဆုံးခ်န္ပီယံလိဂ္ဖလားကို ဆြတ္ခူးၿပီး ၉ ႏွစ္အၾကာမွာ ဒုတိယအႀကိမ္အျဖစ္ သမိုင္းေရးထိုးသြားဖို႔ ျပင္ဆင္လာတာပါ။

ဒီေတြ႕ဆုံမႈဟာ သူတို႔ႏွစ္သင္းရဲ႕ ႏွစ္ေပါင္း ၅၀ အတြင္း ပထမဆုံးအႀကိမ္ ဥေရာပအဆင့္ေတြ႕ဆုံမႈျဖစ္လာသလို နယ္သာလန္ကစားသမားေဟာင္းကေတာ့ ခ်ယ္လ္ဆီးကို ခ်န္ပီယံအျဖစ္ ပိုေမွ်ာ္လင့္ထားတာကို ေတြ႕ရသလို မန္စီးတီးကို ေနာက္ဆုံး ၂ ပြဲဆက္အႏိုင္ကစားထားတဲ့ တူဟယ္လ္ရဲ႕ အေတြ႕အႀကဳံက မန္စီးတီးကို ဘယ္လိုအႏိုင္ယူရမလဲ ေကာင္းေကာင္းသိေနတယ္လို႔ ဆိုသြားခဲ့တာပါ။

“ဟုတ္ပါတယ္။ သူတို႔ႏွစ္သင္းဟာ လက္ရွိဥေရာပအဆင့္အေကာင္းဆုံး ၂ သင္းပါ။ ကြၽန္ေတာ့္အျမင္အရ ဒီကစားပြဲမွာ ခ်ယ္လ္ဆီးက မန္စီးတီးကို အလဲထိုးသြားမယ္လို႔ ယုံၾကည္တယ္။ သူတို႔ခ်န္ပီယံျဖစ္လာမယ္။ ဘာလို႔လဲဆိုေတာ့ တူဟယ္လ္လက္ထဲမွာ ခ်ယ္လ္ဆီးက သိပ္ကို ေတာင့္တင္းတဲ့အသင္းျဖစ္ေနလို႔ပါ…”

“မန္စီးတီးကို သူတို႔အႏိုင္ကစားထားဖူးတာ ပူပူ​ေႏြးေႏြးပဲ ရွိေသးတယ္။ တူဟယ္လ္က တကယ္စြမ္းတဲ့ နည္းျပပါ။ ဒါေၾကာင့္ ခ်ယ္လ္ဆီးကို ကြၽန္ေတာ္ အႀကိဳက္ေတြ႕တယ္။ သူတို႔ကစားပုံကို ကြၽန္ေတာ္ အႀကိမ္ေပါင္းစြာ ၾကည့္ဖူးတယ္။ သိပ္ၿပီးမာေက်ာတဲ့အသင္းပါ”လို႔ ရွႏိုက္ဒါက ဆိုသြားခဲ့ပါတယ္။

မန္စီးတီးဟာ ခ်န္ပီယံလိဂ္ဖလား ရယူႏိုင္ခဲ့ရင္ေတာ့ ဒီၿပိဳင္ပြဲမွာ ခ်န္ပီယံအသစ္အျဖစ္ ၂၃ သင္းေျမာက္ခ်န္ပီယံအေနနဲ႔ သမိုင္းဝင္လာမွာျဖစ္ၿပီး ဒါဟာ ခ်ယ္လ္ဆီးအသင္းရဲ႕ ၂၀၁၂ ေအာင္ျမင္မႈအၿပီးမွာ ပထမဆုံးမ်က္ႏွာသစ္ခ်န္ပီယံျဖစ္လာဖြယ္ ရွိေနတာပါ။

ခ်ယ္ဆီးနည္းျပတူဟယ္လ္အေနနဲ႔ ၿပီးခဲ့တဲ့ႏွစ္က PSG အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖိုင္နယ္ကို တက္ေရာက္ခဲ့တာေၾကာင့္ မတူညီတဲ့အသင္းႏွစ္သင္းနဲ႔ ဥေရာပဗိုလ္လုပြဲဆီ ၂ ႏွစ္ဆက္တက္ေရာက္ႏိုင္တဲ့ ပထမဆုံးနည္းျပအျဖစ္ သမိုင္းလွပခဲ့သလို ခ်န္ပီယံလိဂ္ဖိုင္နယ္အေရးနိမ့္မႈကို မႏွစ္က မေရွာင္လႊဲႏိုင္ခဲ့ေပမယ့္ ဒီႏွစ္မွာေတာ့ ေပၚတိုကေန လန္ဒန္ေျမကို ခ်န္ပီယံလိဂ္ဖလားနဲ႔အတူ ျပည္ေတာ္ဝင္ဖို႔ ျပင္ဆင္ေနတာလည္း ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.