Premier League Transfer News

28 May နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– ရိုးမားနည်းပြသစ် ဂျိုဆေး မော်ရင်ညိုက အပြည့်စုံဆုံး ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ချီးကျူးလိုက်ပြီး ခေါ်ယူလိုနေတဲ့ ကွင်းလယ်လူ ဂရာနစ် ချာကာအတွက် အာဆင်နယ်အသင်းအနေနဲ့ ယူရို ၂၅ သန်း(ပေါင် ၂၁.၅ သန်း) ရရှိရင် ရောင်းချသွားဖို့ စိတ်ဝင်စားနေ။

– ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၇ ပွဲဆက် ဂိုးသွင်းပြီး စံချိန်ကောင်းတွေ ရယူခဲ့တဲ့ လူငယ်ကွင်းလယ်လူ ဂျိုး ဝီလော့ခ်က သူ့ရဲ့ ကစားသမားဘဝမှာ စိန့်ဂျိမ်းစ်ပါ့ခ်မှာ ရှိခဲ့ရတဲ့ ရက်ပေါင်း ၁၁၁ ရက်အတွက် ဘယ်တော့မှ မေ့မှာ မဟုတ်ဘူးလို့ နယူးကာဆယ်လ်ရော အာဆင်နယ်ကပါ အလိုရှိနေတဲ့ သူ့ရဲ့ အနာဂတ်အတွက် ပြတ်ပြတ်သားသား မပြောနိုင်သေးချိန်မှာ အမှတ်တရစကားဆိုခဲ့။

– အာဆင်နယ်အသင်းအနေနဲ့ လူငယ်နောက်ခံလူ ဝီလီယမ် ဆာလီဘာကို ရောင်းချဖို့ အစီအစဉ်မရှိသလို ထပ်မံအငှားချတော့မှာလည်း မဟုတ်ဘဲ လာမယ့်ရာသီကြို စကော့တလန်ခြေစမ်းပွဲစဉ်တွေမှာ စတင်ပြီး အသုံးပြုသွားဖို့ ရှိနေပြီး ပြင်သစ်သားအတွက် အာမခံချက် ပေးသွားဖွယ်ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ ဘွန်ဒက်စ်လီဂါကလပ် ဘေယာလေဗာကူဆင်အသင်းဆီက နောက်ခံလူ အက်ဒ်မွန် တက်ပ်ဆိုဘာကို စိတ်ဝင်စားနေချိန်မှာ ဂျာမန်အသင်းဘက်က ဝီလီယမ် ဆာလီဘာကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အလဲအထပ် ပြုလုပ်ဖြစ်ခဲ့ရင် ဂန်းနားတွေဘက်က အလိုက်ငွေထုတ်ရဖွယ်ရှိနေ။

– ပင်နယ်တီ ၁၁ လုံးအထိ စိတ်ရှည်လက်ရှည် ကန်သွင်းခဲ့ရပေမယ့် နောက်ဆုံးမှာ သူတို့အနိုင်ရနိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ပြင်းပြမှုနဲ့ ယုံကြည်ချက်မျိုးကို ဗီလာရီးရဲလ်အသင်းသားတွေဆီ သွတ်သွင်းပေးခဲ့တဲ့ နည်းပြ အူနိုင်း အမ်မရီဟာ တကယ့်နည်းပြကောင်းတစ်ဦးဖြစ်ပြီး အာဆင်နယ်အသင်းအနေနဲ့ အမှားလုပ်ပြီး ထုတ်ပယ်ခဲ့တာဖြစ်တယ်လို့ ဂျေမီ ကာရေဂါ ဝေဖန်။

– ပြီးခဲ့တဲ့ ရာသီက ပြိုင်ပွဲစုံ ၁၄ ပွဲသာ ကစားခဲ့ရသလို နူးကမ့်ကို ကစားသမားသစ်တွေ ခေါ်ယူအပြီးမှာ နေရာပျောက်ဆုံးဖို့ ရှိနေခဲ့တဲ့ ဘရာဇီးလ်ကွင်းလယ်လူ ဖလိပီ ကော်တင်ညိုနဲ့ အာဆင်နယ်တို့ သတင်းပြန်ထွက်လာပြီး ကိုဗစ်ကြောင့် ဗိုက်နာနေတဲ့ ဘာစီလိုနာထံက ဈေးသက်သက်သာသာနဲ့ ခေါ်ယူနိုင်ဖို့ ရှိလာ။

– အာဆင်နယ်အသင်းအနေနဲ့ လက်စတာစီးတီးအသင်းမှာ ခြေစွမ်းပြနေပြီး လီဗာပူးလ်အသင်းဆီ ရောက်ရှိဖို့ အသံထွက်လာခဲ့တဲ့ ပေါင်သန်း ၄၀ တန် ကွင်းလယ်လူ ယူရီ တီးလီးမန်းစ်ကို ခေါ်ယူဖို့ အသင်းဂန္ထဝင်တိုက်စစ်မှူးကြီး အီယန်ရိုက်က တိုက်တွန်းလိုက်ပြီး ချာကာကို ရောင်းဖို့ အဆင်ပြေခဲ့ရင် လှုပ်ရှားနိုင်ဖွယ်ရှိနေ။

– အသင်းရဲ့ ဟေးလ်အန့်ဒ်အကယ်ဒမီမှာ နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးပြီး တစ်ကျော့ပြန် ခေါ်ယူလိုက်တဲ့ ဆောက်သ်အန့်ဒ် ယူနိုက်တက်အသင်း ဂိုးနည်းပြ တယ်ရီ မေဆန်ကို ပရိသတ်တွေ ကြိုဆိုခဲ့ကြပြီး အာဆင်နယ်အသင်းအနေနဲ့ ပြဿနာများနေတဲ့ အားကစားနဲ့ ဆေးဘက်ဆိုင်ရာဌာနအတွက်လည်း မန်ချက်စတာယူနိုက်တက်နဲ့ ရှက်ဖီးလ်ဒ်အသင်းတွေမှာ အတွေ့အကြုံ မြင့်မားခဲ့တဲ့ တိုနီ စထရပ်ဒ်ဝစ်ခ်ကို ခန့်အပ်သွားခဲ့။

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ စိတ်ဝင်စားမှုတစ်ခုဖြစ်တဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ဆောက်သမ်တန် ဘယ်နောက်ခံလူ ရိုင်ယန် ဘာထရန်အတွက် ပြိုင်ပွဲကို ရှုံးနိမ့်ဖို့ နီးစပ်နေပြီး လက်စတာစီးတီးဆီ ရောက်ဖို့ရှိနေတဲ့ အင်္ဂလန်သားကြောင့် တခြားပစ်မှတ်တွေကိုပဲ ပြောင်းလဲကြိုးစားရဖို့ရှိလာ။

– နည်းစနစ်ဒါရိုက်တာ အီဒူးနဲ့ အသင်းတာဝန်ရှိသူတွေအနေနဲ့ အပြောင်းအရွှေ့ဈေးကွက်မှာ စိတ်ပျက်စရာ စီမံခန့်ခွဲမှုတွေကိုပဲ ပြသနေပြီး ညာနောက်ခံလူ ဟက်တာ ဘယ်လာရင်ကို ရောင်းမထွက်ရင်လဲ အသင်းမှာ အသုံးဝင်နိုင်သေးချိန်မှာ ရီးရဲလ်ဘက်တစ်ဆီ အငှားချဖို့ ဆွေးနွေးနေတယ်ဆိုလို့ ပရိသတ်တွေ စိတ်ပျက်နေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ႐ိုးမားနည္းျပသစ္ ဂ်ိဳေဆး ေမာ္ရင္ညိဳက အျပည့္စုံဆုံး ကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ခ်ီးက်ဴးလိုက္ၿပီး ေခၚယူလိုေနတဲ့ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာအတြက္ အာဆင္နယ္အသင္းအေနနဲ႔ ယူ႐ို ၂၅ သန္း(ေပါင္ ၂၁.၅ သန္း) ရရွိရင္ ေရာင္းခ်သြားဖို႔ စိတ္ဝင္စားေန။

– ပရီးမီးယားလိဂ္မွာ ေနာက္ဆုံး ၇ ပြဲဆက္ ဂိုးသြင္းၿပီး စံခ်ိန္ေကာင္းေတြ ရယူခဲ့တဲ့ လူငယ္ကြင္းလယ္လူ ဂ်ိဳး ဝီေလာ့ခ္က သူ႔ရဲ႕ ကစားသမားဘဝမွာ စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ ရွိခဲ့ရတဲ့ ရက္ေပါင္း ၁၁၁ ရက္အတြက္ ဘယ္ေတာ့မွ ေမ့မွာ မဟုတ္ဘူးလို႔ နယူးကာဆယ္လ္ေရာ အာဆင္နယ္ကပါ အလိုရွိေနတဲ့ သူ႔ရဲ႕ အနာဂတ္အတြက္ ျပတ္ျပတ္သားသား မေျပာႏိုင္ေသးခ်ိန္မွာ အမွတ္တရစကားဆိုခဲ့။

– အာဆင္နယ္အသင္းအေနနဲ႔ လူငယ္ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာကို ေရာင္းခ်ဖို႔ အစီအစဥ္မရွိသလို ထပ္မံအငွားခ်ေတာ့မွာလည္း မဟုတ္ဘဲ လာမယ့္ရာသီႀကိဳ စေကာ့တလန္ေျခစမ္းပြဲစဥ္ေတြမွာ စတင္ၿပီး အသုံးျပဳသြားဖို႔ ရွိေနၿပီး ျပင္သစ္သားအတြက္ အာမခံခ်က္ ေပးသြားဖြယ္ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ ဘြန္ဒက္စ္လီဂါကလပ္ ေဘယာေလဗာကူဆင္အသင္းဆီက ေနာက္ခံလူ အက္ဒ္မြန္ တက္ပ္ဆိုဘာကို စိတ္ဝင္စားေနခ်ိန္မွာ ဂ်ာမန္အသင္းဘက္က ဝီလီယမ္ ဆာလီဘာကို ျပန္လည္ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး အလဲအထပ္ ျပဳလုပ္ျဖစ္ခဲ့ရင္ ဂန္းနားေတြဘက္က အလိုက္ေငြထုတ္ရဖြယ္ရွိေန။

– ပင္နယ္တီ ၁၁ လုံးအထိ စိတ္ရွည္လက္ရွည္ ကန္သြင္းခဲ့ရေပမယ့္ ေနာက္ဆုံးမွာ သူတို႔အႏိုင္ရႏိုင္တယ္ဆိုတဲ့ စိတ္ဓာတ္ျပင္းျပမႈနဲ႔ ယုံၾကည္ခ်က္မ်ိဳးကို ဗီလာရီးရဲလ္အသင္းသားေတြဆီ သြတ္သြင္းေပးခဲ့တဲ့ နည္းျပ အူႏိုင္း အမ္မရီဟာ တကယ့္နည္းျပေကာင္းတစ္ဦးျဖစ္ၿပီး အာဆင္နယ္အသင္းအေနနဲ႔ အမွားလုပ္ၿပီး ထုတ္ပယ္ခဲ့တာျဖစ္တယ္လို႔ ေဂ်မီ ကာေရဂါ ေဝဖန္။

– ၿပီးခဲ့တဲ့ ရာသီက ၿပိဳင္ပြဲစုံ ၁၄ ပြဲသာ ကစားခဲ့ရသလို ႏူးကမ့္ကို ကစားသမားသစ္ေတြ ေခၚယူအၿပီးမွာ ေနရာေပ်ာက္ဆုံးဖို႔ ရွိေနခဲ့တဲ့ ဘရာဇီးလ္ကြင္းလယ္လူ ဖလိပီ ေကာ္တင္ညိဳနဲ႔ အာဆင္နယ္တို႔ သတင္းျပန္ထြက္လာၿပီး ကိုဗစ္ေၾကာင့္ ဗိုက္နာေနတဲ့ ဘာစီလိုနာထံက ေဈးသက္သက္သာသာနဲ႔ ေခၚယူႏိုင္ဖို႔ ရွိလာ။

– အာဆင္နယ္အသင္းအေနနဲ႔ လက္စတာစီးတီးအသင္းမွာ ေျခစြမ္းျပေနၿပီး လီဗာပူးလ္အသင္းဆီ ေရာက္ရွိဖို႔ အသံထြက္လာခဲ့တဲ့ ေပါင္သန္း ၄၀ တန္ ကြင္းလယ္လူ ယူရီ တီးလီးမန္းစ္ကို ေခၚယူဖို႔ အသင္းဂႏၴဝင္တိုက္စစ္မႉးႀကီး အီယန္႐ိုက္က တိုက္တြန္းလိုက္ၿပီး ခ်ာကာကို ေရာင္းဖို႔ အဆင္ေျပခဲ့ရင္ လႈပ္ရွားႏိုင္ဖြယ္ရွိေန။

– အသင္းရဲ႕ ေဟးလ္အန႔္ဒ္အကယ္ဒမီမွာ နည္းျပအျဖစ္ ေဆာင္႐ြက္ခဲ့ဖူးၿပီး တစ္ေက်ာ့ျပန္ ေခၚယူလိုက္တဲ့ ေဆာက္သ္အန႔္ဒ္ ယူႏိုက္တက္အသင္း ဂိုးနည္းျပ တယ္ရီ ေမဆန္ကို ပရိသတ္ေတြ ႀကိဳဆိုခဲ့ၾကၿပီး အာဆင္နယ္အသင္းအေနနဲ႔ ျပႆနာမ်ားေနတဲ့ အားကစားနဲ႔ ေဆးဘက္ဆိုင္ရာဌာနအတြက္လည္း မန္ခ်က္စတာယူႏိုက္တက္နဲ႔ ရွက္ဖီးလ္ဒ္အသင္းေတြမွာ အေတြ႕အႀကဳံ ျမင့္မားခဲ့တဲ့ တိုနီ စထရပ္ဒ္ဝစ္ခ္ကို ခန႔္အပ္သြားခဲ့။

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ စိတ္ဝင္စားမႈတစ္ခုျဖစ္တဲ့ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္မယ့္ ေဆာက္သမ္တန္ ဘယ္ေနာက္ခံလူ ႐ိုင္ယန္ ဘာထရန္အတြက္ ၿပိဳင္ပြဲကို ရႈံးနိမ့္ဖို႔ နီးစပ္ေနၿပီး လက္စတာစီးတီးဆီ ေရာက္ဖို႔ရွိေနတဲ့ အဂၤလန္သားေၾကာင့္ တျခားပစ္မွတ္ေတြကိုပဲ ေျပာင္းလဲႀကိဳးစားရဖို႔ရွိလာ။

– နည္းစနစ္ဒါ႐ိုက္တာ အီဒူးနဲ႔ အသင္းတာဝန္ရွိသူေတြအေနနဲ႔ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ စိတ္ပ်က္စရာ စီမံခန႔္ခြဲမႈေတြကိုပဲ ျပသေနၿပီး ညာေနာက္ခံလူ ဟက္တာ ဘယ္လာရင္ကို ေရာင္းမထြက္ရင္လဲ အသင္းမွာ အသုံးဝင္ႏိုင္ေသးခ်ိန္မွာ ရီးရဲလ္ဘက္တစ္ဆီ အငွားခ်ဖို႔ ေဆြးေႏြးေနတယ္ဆိုလို႔ ပရိသတ္ေတြ စိတ္ပ်က္ေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.