Analysis Premier League UCL&UEL

ချန်ပီယံလိဂ်မှာ ခြင်္သေ့ပြာတွေက စီတီဇင်တွေကို ဘာကြောင့် ဖြတ်ကျော်ဗိုလ်စွဲနိုင်တာလဲ

နည်းပြသစ် တူဟယ်လ်ရဲ့လက်ထက်မှာ ပြုပြင်ပြောင်းလဲရေးတွေနဲ့ အောင်မြင်ခဲ့ပြီး နောက်တဆင့်မြင့်လာခဲ့တဲ့ ခြေစွမ်းတွေက ချယ်လ်ဆီးအသင်းကို စပါးစ်၊ လီဗာပူးလ်၊ တီကို၊ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့လို ဥရောပအထက်တန်းလွှာအသင်းတွေကို ခေါင်းတလုံးအသာနဲ့ ကျော်ဖြတ်နိုင်စေခဲ့တာပါ။

လက်ရှိမှာတော့ အဆင့် ၄ တိုက်ပွဲအတွက် အတိုင်းအတာတခုအထိ တည်ငြိမ်သွားခဲ့ပြီး ပရီးမီးယားလိဂ် အဆင့် ၄ အဖြစ် ရာသီပိတ်သိမ်းဖို့ ရှိနေချိန်မှာ မန်စီးတီးနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ဖိုင်နယ်ပွဲညကို ချယ်လ်ဆီးအသင်းက ဘာကြောင့် အနိုင်ရသွားမလဲဆိုတဲ့ဘက်ကနေ တင်ဆက်ပေးသွားချင်ပါတယ်။

ပထမဦးဆုံး မဖြစ်မနေပြောသင့်တာက အပြာရောင်လန်ဒန်မြေက ခံစစ်မှတ်တမ်းပါ။ သိပ်ကိုပြောင်မြောက်လွန်းပါတယ်။ တူဟယ်လ်ရဲ့ ၄ လတာကာလအတွင်း တဆစ်ချိုးပြောင်းလဲမှုကို ဖော်ထုတ်ခဲ့ခြင်းဖြစ်သလို ပြိုင်ပွဲစုံ ၂၈ ပွဲကစားထားရာမှာ Clean Sheet ၁၈ ပွဲအထိယူပြီး ပေးဂိုး ၁၄ ဂိုးသာ ရှိခဲ့တာပါ။

မန်စီးတီးလိုအသင်းမျိုးကို အချိန်တိုအတွင်း ၂ ပွဲဆက် အနိုင်ကစားခဲ့တာက မဖြစ်မနေချီးကျူးရမှာဖြစ်သလို လက်စတာကို အရေးနိမ့်ပြီး FA ဖလား လက်လွှတ်ခဲ့ရခြင်းဟာ ပရီးမီးယားလိဂ်မှာ လက်စားချေပြီး အဆင့် ၃ ကို သိမ်းပိုက်ခြင်းနဲ့အတူ ပြိုင်ဘက်တွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာအရ အသာစီးရယူနိုင်မှုကိုလည်း သက်သေပြခဲ့တယ်။

စီးတီးအနေနဲ့ ချယ်လ်ဆီးကြောင့် ဖလား ၄ လုံးအိပ်မက်ကနေ FA ဖလားတလုံးကို လက်လျှော့ခဲ့ရတဲ့အမှားကို ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပြင်းပြင်းထန်ထန် ပြင်ဆင်ချင်စိတ် ရှိနေမှာဖြစ်သလို ဒီခါးသီးမှုကပဲ သူတို့ရဲ့အာရုံရှင်းလင်းမှုကို ပျက်ပြယ်သွားစေမလားဆိုတာလည်း စိတ်ဝင်စားစရာရှိတယ်။

ခပ်ရှင်းရှင်းပဲပြောရရင်တော့ ဝက်စ်ဘရွမ်း၊ အာဆင်နယ်နဲ့ အက်စတန်ဗီလာတို့နဲ့ ရှုံးပွဲတွေကလွဲရင်တော့ တူဟယ်လ်ရဲ့အသင်းက သူ့ပြိုင်ဘက်တွေ၊ အထူးသဖြင့် အင်အားကြီးပြိုင်ဘက်တွေကို ဘယ်လိုကောင်းကောင်းထိုးနှက်ပြီး စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်လာတဲ့အသင်းတိုင်းကို ဘယ်လို ချိုးဖျက်ရမလဲလို့ သေချာနားလည်ထားတယ်ဆိုတာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်လာတဲ့ မှတ်တမ်းက သက်သေခံနေတယ်။

ရှင်သန်နိုင်စွမ်းရှိတဲ့အသင်းကပဲ အသက်ရှင်နိုင်မယ့် ချန်ပီယံလိဂ်လို့ မဆုတ်မနစ် ကျားကုတ်ကျားခဲနဲ့ အညှာအတာမဲ့ ကစားကြတဲ့ပြိုင်ပွဲကြီးမှာ အစဦးက ချယ်လ်ဆီးက သာမန်အိမ်ဖြည့်အသင်းအဖြစ် သတ်မှတ်ခံထားရသူအဆင့်ပဲ ရှိခဲ့ချိန်မှာ မန်စီးတီးကတော့ ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံထားခဲ့ပေမယ့် ဒီပြိုင်ပွဲမှာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်သေးတာလည်း ဖြစ်ပါတယ်။

ဒီနောက်မှာတော့ မန်စီးတီးရဲ့ အနက်ရှိုင်းဆုံး အမာရွတ်ဖြစ်တဲ့ သမိုင်းတလျှောက် ပထမဆုံး ချန်ပီယံလိဂ်ဖိုင်နယ်ဆိုတဲ့ ၅ နှစ်တာ ကြိုးစားတည်ဆောက်ယူလာရတဲ့ ဂုဏ်ပုဒ်ကို ဘယ်လိုရိုက်ချိုးပြီး ချန်ပီယံလိဂ်ရယူသွားမလဲဆိုတဲ့ စိတ်ဝင်စားမှုတွေအထိ ယူဆောင်လာခဲ့တာက တူဟယ်လ်ရဲ့အသင်းက လာမယ့်ချန်ပီယံလိဂ်မှာ ဖိအားပိုကင်းပြီး စိတ်ဓာတ်အင်အားပိုပြင်းတဲ့အသင်းအဖြစ် အသုံးတော်ခံသွားဖို့ ရှိနေကြောင်း တင်ဆက်ပေးလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နည္းျပသစ္ တူဟယ္လ္ရဲ႕လက္ထက္မွာ ျပဳျပင္ေျပာင္းလဲေရးေတြနဲ႔ ေအာင္ျမင္ခဲ့ၿပီး ေနာက္တဆင့္ျမင့္လာခဲ့တဲ့ ေျခစြမ္းေတြက ခ်ယ္လ္ဆီးအသင္းကို စပါးစ္၊ လီဗာပူးလ္၊ တီကို၊ ရီးရဲလ္မက္ဒရစ္နဲ႔ မန္စီးတီးတို႔လို ဥေရာပအထက္တန္းလႊာအသင္းေတြကို ေခါင္းတလုံးအသာနဲ႔ ေက်ာ္ျဖတ္ႏိုင္ေစခဲ့တာပါ။

လက္ရွိမွာေတာ့ အဆင့္ ၄ တိုက္ပြဲအတြက္ အတိုင္းအတာတခုအထိ တည္ၿငိမ္သြားခဲ့ၿပီး ပရီးမီးယားလိဂ္ အဆင့္ ၄ အျဖစ္ ရာသီပိတ္သိမ္းဖို႔ ရွိေနခ်ိန္မွာ မန္စီးတီးနဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္ဖိုင္နယ္ပြဲညကို ခ်ယ္လ္ဆီးအသင္းက ဘာေၾကာင့္ အႏိုင္ရသြားမလဲဆိုတဲ့ဘက္ကေန တင္ဆက္ေပးသြားခ်င္ပါတယ္။

ပထမဦးဆုံး မျဖစ္မေနေျပာသင့္တာက အျပာေရာင္လန္ဒန္ေျမက ခံစစ္မွတ္တမ္းပါ။ သိပ္ကိုေျပာင္ေျမာက္လြန္းပါတယ္။ တူဟယ္လ္ရဲ႕ ၄ လတာကာလအတြင္း တဆစ္ခ်ိဳးေျပာင္းလဲမႈကို ေဖာ္ထုတ္ခဲ့ျခင္းျဖစ္သလို ၿပိဳင္ပြဲစုံ ၂၈ ပြဲကစားထားရာမွာ Clean Sheet ၁၈ ပြဲအထိယူၿပီး ေပးဂိုး ၁၄ ဂိုးသာ ရွိခဲ့တာပါ။

မန္စီးတီးလိုအသင္းမ်ိဳးကို အခ်ိန္တိုအတြင္း ၂ ပြဲဆက္ အႏိုင္ကစားခဲ့တာက မျဖစ္မေနခ်ီးက်ဴးရမွာျဖစ္သလို လက္စတာကို အေရးနိမ့္ၿပီး FA ဖလား လက္လႊတ္ခဲ့ရျခင္းဟာ ပရီးမီးယားလိဂ္မွာ လက္စားေခ်ၿပီး အဆင့္ ၃ ကို သိမ္းပိုက္ျခင္းနဲ႔အတူ ၿပိဳင္ဘက္ေတြကို စိတ္ဓာတ္ပိုင္းဆိုင္ရာအရ အသာစီးရယူႏိုင္မႈကိုလည္း သက္ေသျပခဲ့တယ္။

စီးတီးအေနနဲ႔ ခ်ယ္လ္ဆီးေၾကာင့္ ဖလား ၄ လုံးအိပ္မက္ကေန FA ဖလားတလုံးကို လက္ေလွ်ာ့ခဲ့ရတဲ့အမွားကို ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ျပင္းျပင္းထန္ထန္ ျပင္ဆင္ခ်င္စိတ္ ရွိေနမွာျဖစ္သလို ဒီခါးသီးမႈကပဲ သူတို႔ရဲ႕အာ႐ုံရွင္းလင္းမႈကို ပ်က္ျပယ္သြားေစမလားဆိုတာလည္း စိတ္ဝင္စားစရာရွိတယ္။

ခပ္ရွင္းရွင္းပဲေျပာရရင္ေတာ့ ဝက္စ္ဘ႐ြမ္း၊ အာဆင္နယ္နဲ႔ အက္စတန္ဗီလာတို႔နဲ႔ ရႈံးပြဲေတြကလြဲရင္ေတာ့ တူဟယ္လ္ရဲ႕အသင္းက သူ႔ၿပိဳင္ဘက္ေတြ၊ အထူးသျဖင့္ အင္အားႀကီးၿပိဳင္ဘက္ေတြကို ဘယ္လိုေကာင္းေကာင္းထိုးႏွက္ၿပီး စိတ္ပိုင္းဆိုင္ရာအရ ျပင္ဆင္လာတဲ့အသင္းတိုင္းကို ဘယ္လို ခ်ိဳးဖ်က္ရမလဲလို႔ ေသခ်ာနားလည္ထားတယ္ဆိုတာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို တက္ေရာက္လာတဲ့ မွတ္တမ္းက သက္ေသခံေနတယ္။

ရွင္သန္ႏိုင္စြမ္းရွိတဲ့အသင္းကပဲ အသက္ရွင္ႏိုင္မယ့္ ခ်န္ပီယံလိဂ္လို႔ မဆုတ္မနစ္ က်ားကုတ္က်ားခဲနဲ႔ အညႇာအတာမဲ့ ကစားၾကတဲ့ၿပိဳင္ပြဲႀကီးမွာ အစဦးက ခ်ယ္လ္ဆီးက သာမန္အိမ္ျဖည့္အသင္းအျဖစ္ သတ္မွတ္ခံထားရသူအဆင့္ပဲ ရွိခဲ့ခ်ိန္မွာ မန္စီးတီးကေတာ့ ေငြေၾကးမ်ားစြာ ရင္းႏွီးျမႇဳပ္ႏွံထားခဲ့ေပမယ့္ ဒီၿပိဳင္ပြဲမွာ မွန္းခ်က္နဲ႔ ႏွမ္းထြက္ မကိုက္ေသးတာလည္း ျဖစ္ပါတယ္။

ဒီေနာက္မွာေတာ့ မန္စီးတီးရဲ႕ အနက္ရႈိင္းဆုံး အမာ႐ြတ္ျဖစ္တဲ့ သမိုင္းတေလွ်ာက္ ပထမဆုံး ခ်န္ပီယံလိဂ္ဖိုင္နယ္ဆိုတဲ့ ၅ ႏွစ္တာ ႀကိဳးစားတည္ေဆာက္ယူလာရတဲ့ ဂုဏ္ပုဒ္ကို ဘယ္လို႐ိုက္ခ်ိဳးၿပီး ခ်န္ပီယံလိဂ္ရယူသြားမလဲဆိုတဲ့ စိတ္ဝင္စားမႈေတြအထိ ယူေဆာင္လာခဲ့တာက တူဟယ္လ္ရဲ႕အသင္းက လာမယ့္ခ်န္ပီယံလိဂ္မွာ ဖိအားပိုကင္းၿပီး စိတ္ဓာတ္အင္အားပိုျပင္းတဲ့အသင္းအျဖစ္ အသုံးေတာ္ခံသြားဖို႔ ရွိေနေၾကာင္း တင္ဆက္ေပးလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.