Premier League Transfer News

27 May နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– စပိန်ဒုတိယတန်း ဆီဂန်ဒါကိုတောင် ဗိုလ်မစွဲဖူးဘဲ လာလီဂါကို တန်းတက်လာပြီး ပြည်တွင်းဖလားတစ်လုံးတစ်လေတောင် မရဖူးတဲ့ ဗီလာရီးရဲလ်အသင်းကို သူတို့ရဲ့သမိုင်းမှာ ပထမဆုံးဆုဖလားကို ရစေခဲ့တဲ့ အူနိုင်း အမ်မရီကတော့ သူ့ရဲ့ အာဆင်နယ်အသင်းရဲ့ အားနည်းချက်တွေအပေါ် ဝေဖန်မှုတွေမှာ အမှားမရှိကြောင်း သက်သေပြနိုင်ခဲ့ပြီလို့ Express ရေးသား။

– အာဆင်နယ်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ ဥရောပနဲ့ အင်္ဂလန်အပြောင်းအရွှေ့ဈေးကွက်ကို မကျွမ်းကျင်ဘူးလို့ သူ့အပေါ် အများရဲ့ ဝေဖန်မှုတွေကို ချေဖျက်နိုင်မလား စောင့်ကြည့်ရမှာဖြစ်ပြီး နွေရာသီမှာ အသင်းရဲ့ နေရာသုံးခုကို ပေါင် ၉၂ သန်းသုံးပြီး အားဖြည့်မှုတွေ ရှိလာမယ်ဆိုတာက စိတ်ဝင်စားစရာဖြစ်နေ။

– ဝုလ်ဗာဟမ့်ပ်တန်အသင်းကနေ ထွက်ခွာတော့မယ့် နည်းပြ နူနို ဆန်တိုရဲ့ အမာခံကစားသမားတစ်ဦးဖြစ်တဲ့ ကွင်းလယ်လူ ရူဘင် နီဗက်စ်ဟာလည်း မိုလီနူးကနေ ပြောင်းရွှေ့ဖို့ အသံထွက်နေချိန်မှာ ပေါင် ၃၅ သန်းနဲ့ ရရှိနိုင်မယ့် ပေါ်တူဂီသားကို အာဆင်နယ်တို့ စိတ်ဝင်စားနေ။

– မာတီဆက်ကာနဲ့ ဂျွန်စတုန်းစ်တို့ကို သဘောကျပြီး ပရီးမီးယားလိဂ်ကစားဖို့ စိတ်အားထက်သန်နေတဲ့ လေဗာကူဆင်နောက်ခံလူ အက်ဒ်မွန် တက်ပ်ဆိုဘာကို အာဆင်နယ်တို့ ခေါ်ယူဖို့ ကြိုးစားနေပြီး ပေါင်သန်း ၄၀ နဲ့ အထက် အသုံးပြုရနိုင်ပေမယ့် ထိုက်တန်တဲ့ ခေါ်ယူမှုဖြစ်နိုင်ဖွယ်ရှိနေ။

– အာဆင်နယ်ဂန္ထဝင်တစ်ဦးဖြစ်တဲ့ စတိဗ် ဘိုးလ်ဒ်တစ်ယောက် အသင်းကနေ ထုတ်ပယ်ခံလိုက်ရတာဟာ အရန်အသင်းရဲ့ ရလဒ်တွေ ဆိုးရွားမှုအပြင် ၂၀၂၀-၂၁ ရာသီမှာ လူငယ်ကစားသမားတွေရဲ့ တိုးတက်နှုန်းနဲ့ အရည်အသွေးမြှင့်တင်ပေးနိုင်မှုမှာ အားနည်းခဲ့လို့ ဖြစ်ကြောင်း Football Insider ထုတ်ဖော်သွား။

– လူငယ်ဘဝကလပ် ရှော်လ်ကာအသင်းကို အငှားနဲ့ ပြန်ကစားနေတဲ့ ဘယ်နောက်ခံလူ ဆိဒ် ကိုလာစီနက်ချ်ကို ဂယ်လ်ဆင်ကာချင် အခြေစိုက်ကလပ်အနေနဲ့ အမြန်ဆုံးအပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးစားနေပြီး တော်ဝင်အပြာရောင်တွေအနေနဲ့ အာဆင်နယ်ကို ပေါင်သန်းအနည်းငယ်နဲ့ ကမ်းလှမ်းလာဖွယ်ရှိနေချိန်မှာ စီးရီးအေကလပ် လာဇီယိုအသင်းကလည်း စောင့်ကြည့်နေ။

– အူနိုင်း အမ်မရီနဲ့ ဖရန်စစ် ကိုကလန်တို့ရဲ့ ဗီလာရီးရဲလ်နဲ့ အောင်မြင်မှုရယူနိုင်ခဲ့တဲ့ ယူရိုပါလိဂ်ဖိုင်နယ်ညအပြီးမှာ အမ်းမရိတ်အခြေစိုက် ပရိသတ်တွေက အာဆင်နယ်အသင်းဟာ ကျိန်စာသင့်နေတာဖြစ်ပြီး ထွက်ခွာသွားခဲ့တဲ့သူတွေအားလုံး ကံကောင်းကြတယ်လို့ ဆိုနေကြ။

– ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီအတွက် လာမယ့်ရက်သတ္တပတ်အတွင်းမှာ မာဆေးလ်အသင်းရဲ့ တရားဝင် ကမ်းလှမ်းမှု ရောက်ရှိလာဖွယ်ရှိနေပြီး အမ်းမရိတ်မှာ စာချုပ် ၁၂ လသာ ကျန်ရှိတော့တဲ့ ပြင်သစ်သားအတွက် အာဆင်နယ်အသင်းအနေနဲ့ ပေါင်သန်း ၂၀ ဝန်းကျင်သာ ရရှိနိုင်ပြီး လီဂူးဝမ်းကလပ်အနေနဲ့ ဇွန်လအတွင်းမှာ အပြီးသတ် ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေ။

– ဖန်တီးမှုနဲ့ တိုက်စစ်လိုက်ပါမှု ကောင်းမွန်တဲ့ တောင်ပံကစားသမားတစ်ယောက် ရှာဖွေနေတဲ့ ချဲလ်ဆီးအသင်းကို ပြန်ချင်တယ်ဆိုပြီး အရိပ်အမြွက် ဖွင့်ဟခဲ့တဲ့ အာဆင်နယ်တောင်ပံကစားသမား ဝီလီယန်အနေနဲ့ အနာဂတ်က မရေမရာဖြစ်နေပြီး နည်းပြ တူဟယ်လ်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ကြည့်ရဖွယ်ရှိနေ။

– အာဆင်နယ်အသင်းကို ဘက်ရှီးတပ်စ်ကနေ ပြန်ရောက်လာခဲ့အပြီးမှာ အခန်းကဏ္ဍ ပြန်လည်မြင့်မားလာခဲ့တဲ့ ကွင်းလယ်လူ မိုဟာမက် အယ်လ်နန်နီရဲ့ ဒီရာသီမှတ်တမ်းဟာ ပရီးမီးယားလိဂ်အကောင်းဆုံးတွေထဲမှာ ပါဝင်ခဲ့ပြီး ကိုက် ၃၀ နဲ့အထက် ဘောလုံးပေးပို့မှုတွေမှာ (၁၃၆/၁၅၇)ကြိမ် အောင်မြင်ခဲ့ပြီး ၈၆ ရာခိုင်နှုန်းနဲ့ လီဗာပူးလ်ကွင်းလယ်လူ ဗိုင်နယ်လ်ဒွမ်ရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– စပိန္ဒုတိယတန္း ဆီဂန္ဒါကိုေတာင္ ဗိုလ္မစြဲဖူးဘဲ လာလီဂါကို တန္းတက္လာၿပီး ျပည္တြင္းဖလားတစ္လုံးတစ္ေလေတာင္ မရဖူးတဲ့ ဗီလာရီးရဲလ္အသင္းကို သူတို႔ရဲ႕သမိုင္းမွာ ပထမဆုံးဆုဖလားကို ရေစခဲ့တဲ့ အူႏိုင္း အမ္မရီကေတာ့ သူ႔ရဲ႕ အာဆင္နယ္အသင္းရဲ႕ အားနည္းခ်က္ေတြအေပၚ ေဝဖန္မႈေတြမွာ အမွားမရွိေၾကာင္း သက္ေသျပႏိုင္ခဲ့ၿပီလို႔ Express ေရးသား။

– အာဆင္နယ္အသင္းရဲ႕ နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ ဥေရာပနဲ႔ အဂၤလန္အေျပာင္းအေ႐ႊ႕ေဈးကြက္ကို မကြၽမ္းက်င္ဘူးလို႔ သူ႔အေပၚ အမ်ားရဲ႕ ေဝဖန္မႈေတြကို ေခ်ဖ်က္ႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ေႏြရာသီမွာ အသင္းရဲ႕ ေနရာသုံးခုကို ေပါင္ ၉၂ သန္းသုံးၿပီး အားျဖည့္မႈေတြ ရွိလာမယ္ဆိုတာက စိတ္ဝင္စားစရာျဖစ္ေန။

– ဝုလ္ဗာဟမ့္ပ္တန္အသင္းကေန ထြက္ခြာေတာ့မယ့္ နည္းျပ ႏူႏို ဆန္တိုရဲ႕ အမာခံကစားသမားတစ္ဦးျဖစ္တဲ့ ကြင္းလယ္လူ ႐ူဘင္ နီဗက္စ္ဟာလည္း မိုလီႏူးကေန ေျပာင္းေ႐ႊ႕ဖို႔ အသံထြက္ေနခ်ိန္မွာ ေပါင္ ၃၅ သန္းနဲ႔ ရရွိႏိုင္မယ့္ ေပၚတူဂီသားကို အာဆင္နယ္တို႔ စိတ္ဝင္စားေန။

– မာတီဆက္ကာနဲ႔ ဂြၽန္စတုန္းစ္တို႔ကို သေဘာက်ၿပီး ပရီးမီးယားလိဂ္ကစားဖို႔ စိတ္အားထက္သန္ေနတဲ့ ေလဗာကူဆင္ေနာက္ခံလူ အက္ဒ္မြန္ တက္ပ္ဆိုဘာကို အာဆင္နယ္တို႔ ေခၚယူဖို႔ ႀကိဳးစားေနၿပီး ေပါင္သန္း ၄၀ နဲ႔ အထက္ အသုံးျပဳရႏိုင္ေပမယ့္ ထိုက္တန္တဲ့ ေခၚယူမႈျဖစ္ႏိုင္ဖြယ္ရွိေန။

– အာဆင္နယ္ဂႏၴဝင္တစ္ဦးျဖစ္တဲ့ စတိဗ္ ဘိုးလ္ဒ္တစ္ေယာက္ အသင္းကေန ထုတ္ပယ္ခံလိုက္ရတာဟာ အရန္အသင္းရဲ႕ ရလဒ္ေတြ ဆိုး႐ြားမႈအျပင္ ၂၀၂၀-၂၁ ရာသီမွာ လူငယ္ကစားသမားေတြရဲ႕ တိုးတက္ႏႈန္းနဲ႔ အရည္အေသြးျမႇင့္တင္ေပးႏိုင္မႈမွာ အားနည္းခဲ့လို႔ ျဖစ္ေၾကာင္း Football Insider ထုတ္ေဖာ္သြား။

– လူငယ္ဘဝကလပ္ ေရွာ္လ္ကာအသင္းကို အငွားနဲ႔ ျပန္ကစားေနတဲ့ ဘယ္ေနာက္ခံလူ ဆိဒ္ ကိုလာစီနက္ခ်္ကို ဂယ္လ္ဆင္ကာခ်င္ အေျခစိုက္ကလပ္အေနနဲ႔ အျမန္ဆုံးအၿပီးသတ္ေခၚယူႏိုင္ဖို႔ ႀကိဳးစားေနၿပီး ေတာ္ဝင္အျပာေရာင္ေတြအေနနဲ႔ အာဆင္နယ္ကို ေပါင္သန္းအနည္းငယ္နဲ႔ ကမ္းလွမ္းလာဖြယ္ရွိေနခ်ိန္မွာ စီးရီးေအကလပ္ လာဇီယိုအသင္းကလည္း ေစာင့္ၾကည့္ေန။

– အူႏိုင္း အမ္မရီနဲ႔ ဖရန္စစ္ ကိုကလန္တို႔ရဲ႕ ဗီလာရီးရဲလ္နဲ႔ ေအာင္ျမင္မႈရယူႏိုင္ခဲ့တဲ့ ယူ႐ိုပါလိဂ္ဖိုင္နယ္ညအၿပီးမွာ အမ္းမရိတ္အေျခစိုက္ ပရိသတ္ေတြက အာဆင္နယ္အသင္းဟာ က်ိန္စာသင့္ေနတာျဖစ္ၿပီး ထြက္ခြာသြားခဲ့တဲ့သူေတြအားလုံး ကံေကာင္းၾကတယ္လို႔ ဆိုေနၾက။

– ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီအတြက္ လာမယ့္ရက္သတၱပတ္အတြင္းမွာ မာေဆးလ္အသင္းရဲ႕ တရားဝင္ ကမ္းလွမ္းမႈ ေရာက္ရွိလာဖြယ္ရွိေနၿပီး အမ္းမရိတ္မွာ စာခ်ဳပ္ ၁၂ လသာ က်န္ရွိေတာ့တဲ့ ျပင္သစ္သားအတြက္ အာဆင္နယ္အသင္းအေနနဲ႔ ေပါင္သန္း ၂၀ ဝန္းက်င္သာ ရရွိႏိုင္ၿပီး လီဂူးဝမ္းကလပ္အေနနဲ႔ ဇြန္လအတြင္းမွာ အၿပီးသတ္ ေခၚယူႏိုင္ဖို႔ ပစ္မွတ္ထားေန။

– ဖန္တီးမႈနဲ႔ တိုက္စစ္လိုက္ပါမႈ ေကာင္းမြန္တဲ့ ေတာင္ပံကစားသမားတစ္ေယာက္ ရွာေဖြေနတဲ့ ခ်ဲလ္ဆီးအသင္းကို ျပန္ခ်င္တယ္ဆိုၿပီး အရိပ္အႁမြက္ ဖြင့္ဟခဲ့တဲ့ အာဆင္နယ္ေတာင္ပံကစားသမား ဝီလီယန္အေနနဲ႔ အနာဂတ္က မေရမရာျဖစ္ေနၿပီး နည္းျပ တူဟယ္လ္ရဲ႕ ဆုံးျဖတ္ခ်က္ကို ေစာင့္ၾကည့္ရဖြယ္ရွိေန။

– အာဆင္နယ္အသင္းကို ဘက္ရွီးတပ္စ္ကေန ျပန္ေရာက္လာခဲ့အၿပီးမွာ အခန္းက႑ ျပန္လည္ျမင့္မားလာခဲ့တဲ့ ကြင္းလယ္လူ မိုဟာမက္ အယ္လ္နန္နီရဲ႕ ဒီရာသီမွတ္တမ္းဟာ ပရီးမီးယားလိဂ္အေကာင္းဆုံးေတြထဲမွာ ပါဝင္ခဲ့ၿပီး ကိုက္ ၃၀ နဲ႔အထက္ ေဘာလုံးေပးပို႔မႈေတြမွာ (၁၃၆/၁၅၇)ႀကိမ္ ေအာင္ျမင္ခဲ့ၿပီး ၈၆ ရာခိုင္ႏႈန္းနဲ႔ လီဗာပူးလ္ကြင္းလယ္လူ ဗိုင္နယ္လ္ဒြမ္ရဲ႕ေနာက္ ဒုတိယေနရာမွာ ရပ္တည္ႏိုင္ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.