Premier League Transfer News UCL&UEL

27 May နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– ဗီလာရီးရဲလ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ တစ်ဖက်တိုက်စစ်မှူး ဂျရတ် မိုရီနိုရဲ့ အဖွင့်ဂိုးကို ခွင့်ပြုခဲ့တဲ့ နောက်ခံလူ ဗစ်တာ နီးလ်ဆန် လင်ဒီလော့ဖ်ကို အသင်းကနေ ထွက်ခွာသွားဖို့ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေက တွစ်တာပေါ်မှာ ပေါက်ကွဲပြီး တောင်းဆိုခဲ့ကြ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ယူရိုပါလိဂ်ကို လက်လွှတ်ခဲ့ရတာဟာ အသင်းရဲ့ နာမည်ကြီး ကစားသမားတွေအပေါ် မှီခိုလွန်းပြီး တကယ်အရေးကြီးတဲ့ အချိန်မျိုးမှာ ပေါ့ဘာ၊ ဖာနန်ဒက်စ်၊ ကာဗာနီနဲ့ ဂရင်းဝုဒ်တို့ ခြေစွမ်းမပြနိုင်တဲ့အခါ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်တယ်လို့ နောက်ခံလူဟောင်း ရီယို ဖာဒီနန် မှတ်ချက်ပေး။

– ပင်နယ်တီကို ရောက်တဲ့အထိ တိုက်စစ်ကို ထိထိရောက်ရောက် မကစားဘဲ ဗျူဟာမကျခဲ့တဲ့ နည်းပြ ဆိုးလ်ရှားအနေနဲ့ ကိုယ့်ဂိုးသမားရဲ့ အစွမ်းအစကို မသိဘဲ ထီထိုးသလိုလုပ်ဆောင်ခဲ့တာဟာ ယူနိုက်တက်လိုအသင်းမျိုးနဲ့ ထိုက်တန်မှု မရှိတာကို ပြသခဲ့တာဖြစ်တယ်လို့ ပရိသတ်တွေက အသင်းက ထုတ်ပယ်ဖို့ ဆန္ဒပြုနေကြ။

– တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်အနေနဲ့ မူလတာဝန်ချထားခဲ့တဲ့ ဘယ်တောင်ပံမှာ မနေဘဲ အတွင်းကို အတင်းတိုးဝင်နေမှုဟာ အသင်းရဲ့ ကစားကွက်ကို ပျက်ပြားစေပြီး သူ့အနေနဲ့ ဒီနေ့ပွဲက ဖြုန်းတီးမှုတွေအတွက်ပါ တာဝန်ရှိခဲ့တယ်လို့ ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က လက်ညှိုးထိုးသွားခဲ့။

– အသင်းအနေနဲ့ စွမ်းဆောင်ရည်ပိုင်းမှာ အားနည်းချက်ရှိခဲ့ပြီး မျှော်လင့်ထားသလို မကစားနိုင်ခဲ့ကြောင်း၊ ပြိုင်ဘက်ရဲ့ တစ်ကြိမ်တည်း ဂိုးပေါက်တည့်မှုကနေ တစ်ဂိုးပေးလိုက်ရပြီး ပြန်လည်တိုက်စစ်ဆင်ချေပနိုင်ခဲ့ပေမယ့် အနိုင်ဂိုးရှာဖွေဖို့အတွက် ပွဲကို မစိုးမိုးနိုင်ခဲ့ကြောင်း နည်းပြ ဆိုးလ်ရှား ဝန်ခံပြောကြား။

– မန်ချက်စတာယူနိုက်တက်အသင်းအတွက် နောက်ဆုံးပင်နယ်တီကို ကန်သွင်းရာမှာ မအောင်မြင်ခဲ့တဲ့ ဂိုးသမား ဒေးဗစ် ဒဟေးယားရဲ့ ပင်နယ်တီကာကွယ်မှု မှတ်တမ်းက မေးခွန်းထုတ်စရာဖြစ်လာခဲ့ပြီး စပိန်သားအနေနဲ့ နောက်ဆုံး ပင်နယ်တီ ၃၆ ကြိမ်ကို တစ်ကြိမ်မှာ ကာကွယ်ထားနိုင်ခြင်းမရှိဘူးလို့သိရ။

– အသင်းရဲ့ ပင်နယ်တီအဆုံးအဖြတ်အတွက် ပေါလ် စခိုးလ်နဲ့ ရီယို ဖာဒီနန်တို့က ဝေဖန်ခဲ့ကြပြီး ဒဟေးယားရဲ့ ကာကွယ်မှုမှတ်တမ်းကို ကွင်းလယ်လူဟောင်းက မေးခွန်းထုတ်ခဲ့သလို လုခ်ရှောရဲ့ ပင်နယ်တီကန်သွင်းပုံဟာလည်း ကံကောင်းလို့ ဂိုးဝင်ခဲ့တာဖြစ်ပြီး အဲ့ဒီအချိန် ကတည်းက ရှုံးနိမ့်နိုင်ခဲ့တယ်လို့ ပြောကြား။

– မန်ချက်စတာယူနိုက်တက်ရဲ့ ပြီးခဲ့တဲ့ ရာသီကတည်းက စိတ်ဝင်စားခဲ့တဲ့ ဝုလ်ဗာဟမ့်ပ်တန်ကွင်းလယ်လူ ရူဘင် နီဗက်စ်အနေနဲ့ မိုလီနူးကနေ ထွက်ခွာဖို့ ဆန္ဒရှိနေပြီး ပေါင် ၃၅ သန်းပေးရင် ဝယ်ယူရရှိနိုင်မယ်လို့ အက်သလက်တစ်က ထုတ်ဖော်သွားခဲ့တဲ့အတွက် စောင့်ကြည့်ရဖို့ရှိလာ။

– ယူရိုပါလိဂ်ဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့ပြီး ၂၀၁၇ မေလ ၂၄ ရက်က နည်းပြ မော်ရင်ညို ရယူခဲ့တဲ့ ယူရိုပါလိဂ်ဖလားနောက်ပိုင်း ဘာဆုဖလားနဲ့မှ မနီးစပ်သေးတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကနေ ကွင်းလယ်လူ ပေါ့ဘာအနေနဲ့ ထွက်ခွာဖို့ ဆန္ဒရှိနေပြီး သူ့ရဲ့အေးဂျင့် မီနို ရိုင်ယိုလာအနေနဲ့ ပီအက်စ်ဂျီအသင်းဆီ ပရိုမိုးရှင်းဆင်းသွားဖို့ရှိနေ။

– အသင်းအတွက် အရေးကြီးတဲ့ပွဲတွေမှာ နည်းပြဟောင်းကြီး ဆာအဲလက်စ် ဖာဂူဆန်အနေနဲ့ လိုက်ပါအားပေးပြီး ပွဲမတိုင်မီတွေမှာ စိတ်ဓာတ်မြှင့်တင်ပေးတိုင်း ရှုံးနိမ့်ခဲ့တာဟာ တိုက်ဆိုင်မှုတော့ မဟုတ်ဘဲ ပီအက်စ်ဂျီနဲ့ အရေးကြီးတဲ့ပွဲမှာ ရှုံးခဲ့သလို ဗီလာရီးရဲလ်ကိုလည်း ရှုံးပြန်ပြီဖြစ်လို့ နောက်ပွဲတွေကို လိုက်ပြီး အားမပေးဖို့ ယူနိုက်တက်ပရိသတ်တွေကြား နောက်ပြောင်နေခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဗီလာရီးရဲလ္အသင္းကို ရႈံးနိမ့္ခဲ့တဲ့ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာ တစ္ဖက္တိုက္စစ္မႉး ဂ်ရတ္ မိုရီႏိုရဲ႕ အဖြင့္ဂိုးကို ခြင့္ျပဳခဲ့တဲ့ ေနာက္ခံလူ ဗစ္တာ နီးလ္ဆန္ လင္ဒီေလာ့ဖ္ကို အသင္းကေန ထြက္ခြာသြားဖို႔ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြက တြစ္တာေပၚမွာ ေပါက္ကြဲၿပီး ေတာင္းဆိုခဲ့ၾက။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ယူ႐ိုပါလိဂ္ကို လက္လႊတ္ခဲ့ရတာဟာ အသင္းရဲ႕ နာမည္ႀကီး ကစားသမားေတြအေပၚ မွီခိုလြန္းၿပီး တကယ္အေရးႀကီးတဲ့ အခ်ိန္မ်ိဳးမွာ ေပါ့ဘာ၊ ဖာနန္ဒက္စ္၊ ကာဗာနီနဲ႔ ဂရင္းဝုဒ္တို႔ ေျခစြမ္းမျပႏိုင္တဲ့အခါ ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္တယ္လို႔ ေနာက္ခံလူေဟာင္း ရီယို ဖာဒီနန္ မွတ္ခ်က္ေပး။

– ပင္နယ္တီကို ေရာက္တဲ့အထိ တိုက္စစ္ကို ထိထိေရာက္ေရာက္ မကစားဘဲ ဗ်ဴဟာမက်ခဲ့တဲ့ နည္းျပ ဆိုးလ္ရွားအေနနဲ႔ ကိုယ့္ဂိုးသမားရဲ႕ အစြမ္းအစကို မသိဘဲ ထီထိုးသလိုလုပ္ေဆာင္ခဲ့တာဟာ ယူႏိုက္တက္လိုအသင္းမ်ိဳးနဲ႔ ထိုက္တန္မႈ မရွိတာကို ျပသခဲ့တာျဖစ္တယ္လို႔ ပရိသတ္ေတြက အသင္းက ထုတ္ပယ္ဖို႔ ဆႏၵျပဳေနၾက။

– တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္အေနနဲ႔ မူလတာဝန္ခ်ထားခဲ့တဲ့ ဘယ္ေတာင္ပံမွာ မေနဘဲ အတြင္းကို အတင္းတိုးဝင္ေနမႈဟာ အသင္းရဲ႕ ကစားကြက္ကို ပ်က္ျပားေစၿပီး သူ႔အေနနဲ႔ ဒီေန႔ပြဲက ျဖဳန္းတီးမႈေတြအတြက္ပါ တာဝန္ရွိခဲ့တယ္လို႔ ကြင္းလယ္လူေဟာင္း ေပါလ္စခိုးလ္က လက္ညႇိဳးထိုးသြားခဲ့။

– အသင္းအေနနဲ႔ စြမ္းေဆာင္ရည္ပိုင္းမွာ အားနည္းခ်က္ရွိခဲ့ၿပီး ေမွ်ာ္လင့္ထားသလို မကစားႏိုင္ခဲ့ေၾကာင္း၊ ၿပိဳင္ဘက္ရဲ႕ တစ္ႀကိမ္တည္း ဂိုးေပါက္တည့္မႈကေန တစ္ဂိုးေပးလိုက္ရၿပီး ျပန္လည္တိုက္စစ္ဆင္ေခ်ပႏိုင္ခဲ့ေပမယ့္ အႏိုင္ဂိုးရွာေဖြဖို႔အတြက္ ပြဲကို မစိုးမိုးႏိုင္ခဲ့ေၾကာင္း နည္းျပ ဆိုးလ္ရွား ဝန္ခံေျပာၾကား။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ေနာက္ဆုံးပင္နယ္တီကို ကန္သြင္းရာမွာ မေအာင္ျမင္ခဲ့တဲ့ ဂိုးသမား ေဒးဗစ္ ဒေဟးယားရဲ႕ ပင္နယ္တီကာကြယ္မႈ မွတ္တမ္းက ေမးခြန္းထုတ္စရာျဖစ္လာခဲ့ၿပီး စပိန္သားအေနနဲ႔ ေနာက္ဆုံး ပင္နယ္တီ ၃၆ ႀကိမ္ကို တစ္ႀကိမ္မွာ ကာကြယ္ထားႏိုင္ျခင္းမရွိဘူးလို႔သိရ။

– အသင္းရဲ႕ ပင္နယ္တီအဆုံးအျဖတ္အတြက္ ေပါလ္ စခိုးလ္နဲ႔ ရီယို ဖာဒီနန္တို႔က ေဝဖန္ခဲ့ၾကၿပီး ဒေဟးယားရဲ႕ ကာကြယ္မႈမွတ္တမ္းကို ကြင္းလယ္လူေဟာင္းက ေမးခြန္းထုတ္ခဲ့သလို လုခ္ေရွာရဲ႕ ပင္နယ္တီကန္သြင္းပုံဟာလည္း ကံေကာင္းလို႔ ဂိုးဝင္ခဲ့တာျဖစ္ၿပီး အဲ့ဒီအခ်ိန္ ကတည္းက ရႈံးနိမ့္ႏိုင္ခဲ့တယ္လို႔ ေျပာၾကား။

– မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ၿပီးခဲ့တဲ့ ရာသီကတည္းက စိတ္ဝင္စားခဲ့တဲ့ ဝုလ္ဗာဟမ့္ပ္တန္ကြင္းလယ္လူ ႐ူဘင္ နီဗက္စ္အေနနဲ႔ မိုလီႏူးကေန ထြက္ခြာဖို႔ ဆႏၵရွိေနၿပီး ေပါင္ ၃၅ သန္းေပးရင္ ဝယ္ယူရရွိႏိုင္မယ္လို႔ အက္သလက္တစ္က ထုတ္ေဖာ္သြားခဲ့တဲ့အတြက္ ေစာင့္ၾကည့္ရဖို႔ရွိလာ။

– ယူ႐ိုပါလိဂ္ဖိုင္နယ္မွာ ရႈံးနိမ့္ခဲ့ၿပီး ၂၀၁၇ ေမလ ၂၄ ရက္က နည္းျပ ေမာ္ရင္ညိဳ ရယူခဲ့တဲ့ ယူ႐ိုပါလိဂ္ဖလားေနာက္ပိုင္း ဘာဆုဖလားနဲ႔မွ မနီးစပ္ေသးတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းကေန ကြင္းလယ္လူ ေပါ့ဘာအေနနဲ႔ ထြက္ခြာဖို႔ ဆႏၵရွိေနၿပီး သူ႔ရဲ႕ေအးဂ်င့္ မီႏို ႐ိုင္ယိုလာအေနနဲ႔ ပီအက္စ္ဂ်ီအသင္းဆီ ပ႐ိုမိုးရွင္းဆင္းသြားဖို႔ရွိေန။

– အသင္းအတြက္ အေရးႀကီးတဲ့ပြဲေတြမွာ နည္းျပေဟာင္းႀကီး ဆာအဲလက္စ္ ဖာဂူဆန္အေနနဲ႔ လိုက္ပါအားေပးၿပီး ပြဲမတိုင္မီေတြမွာ စိတ္ဓာတ္ျမႇင့္တင္ေပးတိုင္း ရႈံးနိမ့္ခဲ့တာဟာ တိုက္ဆိုင္မႈေတာ့ မဟုတ္ဘဲ ပီအက္စ္ဂ်ီနဲ႔ အေရးႀကီးတဲ့ပြဲမွာ ရႈံးခဲ့သလို ဗီလာရီးရဲလ္ကိုလည္း ရႈံးျပန္ၿပီျဖစ္လို႔ ေနာက္ပြဲေတြကို လိုက္ၿပီး အားမေပးဖို႔ ယူႏိုက္တက္ပရိသတ္ေတြၾကား ေနာက္ေျပာင္ေနခဲ့ၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.