La Liga Match Report Premier League UCL&UEL

ဗီလာရီးရဲလ်ရဲ့ သမိုင်းသစ်အတွက် နောက်ဆုံးအထိ ဇာတ်ပို့ပေးပြီး ကျေနပ်ခဲ့ရတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနေ့မှာ သူတို့ရဲ့ ဒဏ်ရာရှိနေတဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းယားကို အရန်ခုံအထိသာ ခေါ်ဆောင်လာနိုင်ခဲ့ပြီး ခံစစ်မှာ ဘိုင်လီနဲ့ လင်ဒီလော့ဖ်တို့ကို ပွဲထုတ်ခဲ့ရသလို ဂိုးပေါက်မှာတော့ ဒဟေးယားကိုပဲ အတွေ့အကြုံအတွက် နည်းပြ ဆိုးလ်ရှားက သုံးစွဲခဲ့ပါတယ်။

ကွင်းလယ်မှာ ပေါ့ဘာနဲ့ မက်တော်မီနေးတို့ကို ထိုင်ပြီး ရက်ရှ်ဖို့နဲ့ ဂရင်းဝုဒ်တို့က ဘယ်ညာတောင်ပံ၊ ဖာနန်ဒက်စ်က အထောင်တိုက်စစ်မှူး ကာဗာနီရဲ့နောက်က လိုက်ကစားခဲ့တဲ့ ဒီနေ့ပွဲရဲ့ တိုက်စစ်ဆင်မှုနဲ့ ဘောလုံးပိုင်ဆိုင်မှုပိုင်းကို ယူနိုက်တက်တို့က အပြည့်အဝ စိုးမိုးထားနိုင်ခဲ့ပြီး အဝါရောင် ရေငုပ်သင်္ဘောတွေကတော့ ခံစစ်ပဲ ကစားလာခဲ့ပါတယ်။

အမ်မရီရဲ့ လူစာရင်းကတော့ ဘတ်စ်ကားထက်ကြီးတဲ့ ရေငုပ်သင်္ဘောနာမည်နဲ့ လိုက်ဖက်ခဲ့ပြီး 4-3-3 ကစားကွက်ကို သုံးခဲ့ချိန်မှာ ဘယ်ညာအစွန် နောက်ခံလူတွေဟာ Attacking Full Back တွေထက် ဗဟိုခံစစ်မှူးတွေကို အပြင်ထုတ်ထားတာနဲ့ တူခဲ့ပြီး ပက်ဒရာဇာနဲ့ ဖွိုက်သ်တို့ရဲ့ ခံစစ်ပိုင်းက ယူနိုက်တက်တို့ကို ခေါင်းကိုက်စေနိုင်ခဲ့ပါတယ်။

ကာဗာနီအတွက် လုံလောက်တဲ့ အခွင့်အရေးတွေကို ဖန်တီးပေးနိုင်ခြင်း မရှိတဲ့ အလယ်တန်းမှာ ရက်ရှ်ဖို့ဒ်ကလည်း ခြေပျက်နေခဲ့ပြီး ဖာနန်ဒက်စ်တစ်ယောက်တည်း ရုန်းကန်နေခဲ့ရသလို ပေါ့ဘာကတော့ ပထမပိုင်းမှာ ဘောလုံးမကြာခဏပျက်နေခဲ့ပြီး အသင်းဖော်တွေနဲ့ တွဲဖက်ရာမှာ လိုအပ်ချက်တွေ များနေခဲ့ပါတယ်။

ပွဲချိန် ၂၉ မိနစ်မှာ မထင်မှတ်ဘဲ ဂိုးရသွားခဲ့တာကတော့ မယ်မယ်ရရ တိုက်စစ်ဆင်နိုင်ခြင်းမရှိတဲ့ ဗီလာရီးရဲလ်တို့ပဲဖြစ်ပြီး တိုက်စစ်မှူး ကာဗာနီ ကျူးလွန်ခဲ့တဲ့ ဖရီးကစ်ကို သူနဲ့ထိခဲ့တဲ့ ကွင်းလယ်လူ ဒါနီ ပါရီဟိုက ကိုယ်တိုင်ကန်တင်ပေးရာမှာ စပိန်လက်ရွေးစင် ဂျရတ် မိုရီနိုက လင်ဒီလော့ဖ် အင်္ကျီဆွဲထားခဲ့တဲ့ကြားထဲက ရအောင်ပြေးထွက်ပြီး ညာခြေနဲ့ ပိတ်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဂိုးပေးလိုက်ရအပြီးမှာ ယူနိုက်တက်တို့ ချေပဂိုးရဖို့ ကွင်းတစ်ဝက် ဖိကစားရင်း ပြန်လည်တိုက်စစ်ဆင်ခဲ့ပေမယ့် ဗီလာရီးရဲလ်တို့က ခံစစ်မှာ စုပြုံပိတ်ဆို့ပြီး ကြံ့ကြံ့ခံခဲ့သလို တန်ပြန်တိုက်စစ်မှာတောင် ရှေ့ကို လိုက်ကူတဲ့ နောက်ခံအစွန်လူ မပါခဲ့တာက အူနိုင်း အမ်မရီအနေနဲ့ ဘယ်လောက် သတိကြီးကြီးထားခဲ့တယ်ဆိုတာကို မြင်ခဲ့ရပြီး ပထမပိုင်းမှာ ဆိုးလ်ရှားရဲ့လူတွေ ရှုံးနိမ့်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာ ဂိုးဧရိယာထဲက အခွင့်အရေးကို အသက်အရွယ်အရ အရင်လို တဒိုင်းဒိုင်း မသွင်းနိုင်တော့ဘဲ လေးလံနေတဲ့ တိုက်စစ်မှူး ကားလို့စ် ဘက်ကာက လွဲချော်ခဲ့လို့ ယူနိုက်တက်တို့ သက်သာခဲ့ရပြီး ပွဲချိန် ၅၁ မိနစ်မှာ ဂရင်းဝုဒ်နဲ့ ပက်ဒရာဇာတို့ ပင်နယ်တီစည်းထဲမှာ ဘောလုံးမထိဘဲ ခြေထောက်ချင်း ဆိုင်ကန်မိခဲ့ကြပေမယ့် ဒိုင်လူကြီး တာပန်ကတော့ သာမန်ဖြစ်ရပ်တစ်ခုအဖြစ် VAR အကူအညီနဲ့ ဆုံးဖြတ်ခဲ့ပါတယ်။

ပွဲချိန် ၅၅ မိနစ်မှာတော့ ယူနိုက်တက်တို့ ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီး ထောင့်ကန်ဘောက ပြန်ကျလာတဲ့ ဘောလုံးကို ရက်ရှ်ဖို့ဒ် ကန်သွင်းရာမှာ ဗီလာရီးရဲလ်နောက်တန်းနဲ့ထိပြီးမှ မက်တော်မီနေးနဲ့ ပြန်ထိပြီး ထွက်လာခဲ့တဲ့ ဘောလုံးကို ရှေ့ကို အဆင်သင့် ရောက်လာခဲ့တာကို ကာဗာနီက ကန်သွင်းပြီး ချေပနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဗီလာရီးရဲလ်တို့ ဘက်ကာကို ထုတ်ပြီး ကိုကလန်ကို ကွင်းလယ်မှာ အားဖြည့်ကစားခိုင်းခဲ့သလို ခံစစ်ကိုပဲ အားပြုခဲ့ပြီး ယူနိုက်တက်တို့ကတော့ အနိုင်ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ပွဲချိန် ၆၉ မိနစ်မှာ ဖာနန်ဒက်စ်ရဲ့လူကျွံဘောဆန်ဆန်တစ်လုံး လွတ်ထွက်သွားတာကနေ ဖြတ်တင်ပေးတာကို ရက်ရှ်ဖို့ဒ် အခွင့်အရေးရခဲ့ပေမယ့် ဂိုးသမားဘေးကနေ ကန်ပြီး လွဲချော်သွားခဲ့ပါတယ်။

ပွဲချိန် ၇၁ မိနစ်မှာလည်း လုခ်ရှောရဲ့ ဖြတ်တင်ဘောကို ကာဗာနီ ခေါင်းတိုက်ရာမှာ ပေါ်တောရက်စ်ရဲ့ မျက်နှာနဲ့ ထိထွက်ခဲ့ပြီး ပေါ့ဘာ၊ ကာဗာနီ၊ ဂရင်းဝုဒ်နဲ့ ရက်ရှ်ဖို့ဒ်တို့ကလည်း လွဲချော်နေတာပဲ များခဲ့လို့ မိနစ် ၉၀ အပြီးမှာ တစ်ဂိုးစီ သရေကျနေခဲ့ပြီး အချိန်ပို မိနစ် ၃၀ ဆီ ဆက်သွားခဲ့ကြရပါတယ်။

အချိန်ပိုမှာ လူစားဝင်ကစားသမား ၅ ယောက်နဲ့ ဗီလာရီးရဲလ်တို့က ယူနိုက်တက်တို့ထက်ပိုပြီး လန်းဆန်းတဲ့ ပုံစံနဲ့ တိုက်စစ်ကစားနိုင်ခဲ့ပေမယ့် မိုရီနိုရဲ့ ဂိုးနောက်ပိုင်း ဂိုးပေါက်တည့်တာမျိုးတောင် မရှိခဲ့သလို ဧရိယာထဲမှာ ဖရက်ဒ်က လက်ထိခဲ့ပေမယ့် ဖြစ်တတ်တဲ့ မတော်တဆမှုအဖြစ်ပဲ သတ်မှတ်ခဲ့လို့ သက်သာခဲ့ရပြီး ပရီးမီးယားလိဂ်မှာဆိုရင်တော့ ဒါမျိုးက ကံဆိုးသွားနိုင်တာပဲဖြစ်ပါတယ်။

ပွဲပြီးခါနီး မိနစ်ပိုင်းအလိုမှာတော့ ယူနိုက်တက်တို့ဘက်က ပင်နယ်တီအကန်ကောင်းသူတွေဖြစ်တဲ့ မာတာနဲ့ အဲလက်စ် တဲလက်စ်တို့ကို လူစားသွင်းခဲ့သလို ဗီလာရီးရဲလ်ဘက်ကလည်း တိုက်စစ်မှူး ဒေးဗစ် ရာဘာကို ထည့်ကစားခဲ့ပြီး နည်းပြနှစ်ဦးရဲ့ ကြိုတင်ပြင်ဆင်မှုတွေကို မြင်ခဲ့ရတာပါ။

အချိန်ပို မိနစ် ၁၂၀ ပြည့်ချိန်မှာလည်း တစ်ဂိုးစီပဲဖြစ်နေလို့ ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းခဲ့ကြရပြီး စတင်ကန်သွင်းရတဲ့ ဗီလာရီးရဲလ်ဘက်က ဂျရတ် မိုရီနို၊ ရာဘာ၊ အယ်လ်ကာဆာ၊ အယ်လ်ဘာတို မိုရီနို၊ ပါရီဟို၊ မွာဂိုမက်ဇ်၊ အယ်လ်ဘီယိုလ်၊ ကိုကလန်၊ ဟက်စပါ၊ ပေါ်တောရက်စ်နဲ့ ဂိုးသမား ရူလီတို့ ၁၁ ယောက်စလုံး သွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ယူနိုက်တက်တို့ဘက်ကတော့ မာတာ၊ တဲလက်စ်၊ ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်၊ ကာဗာနီ၊ ဖရက်ဒ်၊ ဂျိမ်းစ်၊ လုခ်ရှော၊ တွမ်ဇီဘီနဲ့ လင်ဒီလော့ဖ်တို့ ဆယ်ယောက် ဝင်အောင်ကန်နိုင်ခဲ့ပေမယ့် ဂိုးသမား ဒဟေးယားအလှည့်မှာတော့ ဗီလာရီးရဲလ်ဂိုးသမား ရူလီက ကာကွယ်နိုင်ခဲ့လို့ အူနိုင်း အမ်မရီရဲ့ အစဉ်အလာနဲ့ ဝင့်ကြွားခွင့်ကို မတားဆီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

၁၂ ဂိုး – ၁၁ ဂိုးနဲ့ အောင်ပွဲခံခဲ့တဲ့ ဗီလာရီးရဲလ်တို့ကတော့ သမိုင်းတစ်လျှောက် ဆီဂန်ဒါနဲ့ ဘုရင့်ဖလားမှာတောင် ဗိုလ်မစွဲဖူးတဲ့ အသင်းအနေနဲ့ ဥရောပအဆင့်မှာ ထူးထူးခြားခြား အောင်ပွဲခံနိုင်ခဲ့တာဖြစ်သလို နည်းပြ အူနိုင်း အမ်မရီကတော့ ဒီပြိုင်ပွဲရဲ့ ဘုရင်အဖြစ် ဆီဗီလာနဲ့ ၃ ကြိမ်ရယူအပြီး အာဆင်နယ်နဲ့ ဗိုလ်လုပွဲကို ၂၀၁၉ ခုနှစ်က ရောက်ခဲ့အပြီးမှာ ၂၀၂၁ ခုနှစ်မှာတော့ သူ့ရဲ့ လေးကြိမ်မြောက်အဖြစ် ဗိုလ်စွဲနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ယူရိုပါလိဂ်ချန်ပီယံအဖြစ် ပိုလန်နိုင်ငံ၊ ဂဒန့်စ်မြို့မှာ သရဖူဆောင်းခဲ့တဲ့ ဗီလာရီးရဲလ်တို့ကတော့ လာလီဂါ ရပ်တည်မှုအရ လာမယ့်နှစ်မှာ ယူရိုပါကွန်ဖရင့်လိဂ်ကို ကစားရမယ်အခြေအနေကနေ ချန်ပီယံလိဂ် အုပ်စုအဆင့်ကို ဝင်ရောက်နိုင်ခဲ့ချိန်မှာ မန်ချက်စတာယူနိုက်တက်တို့ကတော့ ဂုဏ်သိက္ခာအရ ရယူနိုင်သင့်တဲ့ ဖလားတစ်လုံးကို မအောင်မြင်နိုင်ခဲ့ဘဲ နောက်ဆုံးအချိန်အထိ ဇာတ်ပို့အဖြစ်နဲ့ လှည့်ပြန်ခဲ့ရပြီဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဒီေန႔မွာ သူတို႔ရဲ႕ ဒဏ္ရာရွိေနတဲ့ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားကို အရန္ခုံအထိသာ ေခၚေဆာင္လာႏိုင္ခဲ့ၿပီး ခံစစ္မွာ ဘိုင္လီနဲ႔ လင္ဒီေလာ့ဖ္တို႔ကို ပြဲထုတ္ခဲ့ရသလို ဂိုးေပါက္မွာေတာ့ ဒေဟးယားကိုပဲ အေတြ႕အႀကဳံအတြက္ နည္းျပ ဆိုးလ္ရွားက သုံးစြဲခဲ့ပါတယ္။

ကြင္းလယ္မွာ ေပါ့ဘာနဲ႔ မက္ေတာ္မီေနးတို႔ကို ထိုင္ၿပီး ရက္ရွ္ဖို႔နဲ႔ ဂရင္းဝုဒ္တို႔က ဘယ္ညာေတာင္ပံ၊ ဖာနန္ဒက္စ္က အေထာင္တိုက္စစ္မႉး ကာဗာနီရဲ႕ေနာက္က လိုက္ကစားခဲ့တဲ့ ဒီေန႔ပြဲရဲ႕ တိုက္စစ္ဆင္မႈနဲ႔ ေဘာလုံးပိုင္ဆိုင္မႈပိုင္းကို ယူႏိုက္တက္တို႔က အျပည့္အဝ စိုးမိုးထားႏိုင္ခဲ့ၿပီး အဝါေရာင္ ေရငုပ္သေဘၤာေတြကေတာ့ ခံစစ္ပဲ ကစားလာခဲ့ပါတယ္။

အမ္မရီရဲ႕ လူစာရင္းကေတာ့ ဘတ္စ္ကားထက္ႀကီးတဲ့ ေရငုပ္သေဘၤာနာမည္နဲ႔ လိုက္ဖက္ခဲ့ၿပီး 4-3-3 ကစားကြက္ကို သုံးခဲ့ခ်ိန္မွာ ဘယ္ညာအစြန္ ေနာက္ခံလူေတြဟာ Attacking Full Back ေတြထက္ ဗဟိုခံစစ္မႉးေတြကို အျပင္ထုတ္ထားတာနဲ႔ တူခဲ့ၿပီး ပက္ဒရာဇာနဲ႔ ဖြိဳက္သ္တို႔ရဲ႕ ခံစစ္ပိုင္းက ယူႏိုက္တက္တို႔ကို ေခါင္းကိုက္ေစႏိုင္ခဲ့ပါတယ္။

ကာဗာနီအတြက္ လုံေလာက္တဲ့ အခြင့္အေရးေတြကို ဖန္တီးေပးႏိုင္ျခင္း မရွိတဲ့ အလယ္တန္းမွာ ရက္ရွ္ဖို႔ဒ္ကလည္း ေျခပ်က္ေနခဲ့ၿပီး ဖာနန္ဒက္စ္တစ္ေယာက္တည္း ႐ုန္းကန္ေနခဲ့ရသလို ေပါ့ဘာကေတာ့ ပထမပိုင္းမွာ ေဘာလုံးမၾကာခဏပ်က္ေနခဲ့ၿပီး အသင္းေဖာ္ေတြနဲ႔ တြဲဖက္ရာမွာ လိုအပ္ခ်က္ေတြ မ်ားေနခဲ့ပါတယ္။

ပြဲခ်ိန္ ၂၉ မိနစ္မွာ မထင္မွတ္ဘဲ ဂိုးရသြားခဲ့တာကေတာ့ မယ္မယ္ရရ တိုက္စစ္ဆင္ႏိုင္ျခင္းမရွိတဲ့ ဗီလာရီးရဲလ္တို႔ပဲျဖစ္ၿပီး တိုက္စစ္မႉး ကာဗာနီ က်ဴးလြန္ခဲ့တဲ့ ဖရီးကစ္ကို သူနဲ႔ထိခဲ့တဲ့ ကြင္းလယ္လူ ဒါနီ ပါရီဟိုက ကိုယ္တိုင္ကန္တင္ေပးရာမွာ စပိန္လက္ေ႐ြးစင္ ဂ်ရတ္ မိုရီႏိုက လင္ဒီေလာ့ဖ္ အက်ႌဆြဲထားခဲ့တဲ့ၾကားထဲက ရေအာင္ေျပးထြက္ၿပီး ညာေျခနဲ႔ ပိတ္သြင္းသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂိုးေပးလိုက္ရအၿပီးမွာ ယူႏိုက္တက္တို႔ ေခ်ပဂိုးရဖို႔ ကြင္းတစ္ဝက္ ဖိကစားရင္း ျပန္လည္တိုက္စစ္ဆင္ခဲ့ေပမယ့္ ဗီလာရီးရဲလ္တို႔က ခံစစ္မွာ စုၿပဳံပိတ္ဆို႔ၿပီး ႀကံ့ႀကံ့ခံခဲ့သလို တန္ျပန္တိုက္စစ္မွာေတာင္ ေရွ႕ကို လိုက္ကူတဲ့ ေနာက္ခံအစြန္လူ မပါခဲ့တာက အူႏိုင္း အမ္မရီအေနနဲ႔ ဘယ္ေလာက္ သတိႀကီးႀကီးထားခဲ့တယ္ဆိုတာကို ျမင္ခဲ့ရၿပီး ပထမပိုင္းမွာ ဆိုးလ္ရွားရဲ႕လူေတြ ရႈံးနိမ့္ေနခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာ ဂိုးဧရိယာထဲက အခြင့္အေရးကို အသက္အ႐ြယ္အရ အရင္လို တဒိုင္းဒိုင္း မသြင္းႏိုင္ေတာ့ဘဲ ေလးလံေနတဲ့ တိုက္စစ္မႉး ကားလို႔စ္ ဘက္ကာက လြဲေခ်ာ္ခဲ့လို႔ ယူႏိုက္တက္တို႔ သက္သာခဲ့ရၿပီး ပြဲခ်ိန္ ၅၁ မိနစ္မွာ ဂရင္းဝုဒ္နဲ႔ ပက္ဒရာဇာတို႔ ပင္နယ္တီစည္းထဲမွာ ေဘာလုံးမထိဘဲ ေျခေထာက္ခ်င္း ဆိုင္ကန္မိခဲ့ၾကေပမယ့္ ဒိုင္လူႀကီး တာပန္ကေတာ့ သာမန္ျဖစ္ရပ္တစ္ခုအျဖစ္ VAR အကူအညီနဲ႔ ဆုံးျဖတ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ ေခ်ပဂိုး ျပန္လည္သြင္းယူႏိုင္ခဲ့ၿပီး ေထာင့္ကန္ေဘာက ျပန္က်လာတဲ့ ေဘာလုံးကို ရက္ရွ္ဖို႔ဒ္ ကန္သြင္းရာမွာ ဗီလာရီးရဲလ္ေနာက္တန္းနဲ႔ထိၿပီးမွ မက္ေတာ္မီေနးနဲ႔ ျပန္ထိၿပီး ထြက္လာခဲ့တဲ့ ေဘာလုံးကို ေရွ႕ကို အဆင္သင့္ ေရာက္လာခဲ့တာကို ကာဗာနီက ကန္သြင္းၿပီး ေခ်ပႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဗီလာရီးရဲလ္တို႔ ဘက္ကာကို ထုတ္ၿပီး ကိုကလန္ကို ကြင္းလယ္မွာ အားျဖည့္ကစားခိုင္းခဲ့သလို ခံစစ္ကိုပဲ အားျပဳခဲ့ၿပီး ယူႏိုက္တက္တို႔ကေတာ့ အႏိုင္ဂိုးရဖို႔ ႀကိဳးစားခဲ့ေပမယ့္ ပြဲခ်ိန္ ၆၉ မိနစ္မွာ ဖာနန္ဒက္စ္ရဲ႕လူကြၽံေဘာဆန္ဆန္တစ္လုံး လြတ္ထြက္သြားတာကေန ျဖတ္တင္ေပးတာကို ရက္ရွ္ဖို႔ဒ္ အခြင့္အေရးရခဲ့ေပမယ့္ ဂိုးသမားေဘးကေန ကန္ၿပီး လြဲေခ်ာ္သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၇၁ မိနစ္မွာလည္း လုခ္ေရွာရဲ႕ ျဖတ္တင္ေဘာကို ကာဗာနီ ေခါင္းတိုက္ရာမွာ ေပၚေတာရက္စ္ရဲ႕ မ်က္ႏွာနဲ႔ ထိထြက္ခဲ့ၿပီး ေပါ့ဘာ၊ ကာဗာနီ၊ ဂရင္းဝုဒ္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ကလည္း လြဲေခ်ာ္ေနတာပဲ မ်ားခဲ့လို႔ မိနစ္ ၉၀ အၿပီးမွာ တစ္ဂိုးစီ သေရက်ေနခဲ့ၿပီး အခ်ိန္ပို မိနစ္ ၃၀ ဆီ ဆက္သြားခဲ့ၾကရပါတယ္။

အခ်ိန္ပိုမွာ လူစားဝင္ကစားသမား ၅ ေယာက္နဲ႔ ဗီလာရီးရဲလ္တို႔က ယူႏိုက္တက္တို႔ထက္ပိုၿပီး လန္းဆန္းတဲ့ ပုံစံနဲ႔ တိုက္စစ္ကစားႏိုင္ခဲ့ေပမယ့္ မိုရီႏိုရဲ႕ ဂိုးေနာက္ပိုင္း ဂိုးေပါက္တည့္တာမ်ိဳးေတာင္ မရွိခဲ့သလို ဧရိယာထဲမွာ ဖရက္ဒ္က လက္ထိခဲ့ေပမယ့္ ျဖစ္တတ္တဲ့ မေတာ္တဆမႈအျဖစ္ပဲ သတ္မွတ္ခဲ့လို႔ သက္သာခဲ့ရၿပီး ပရီးမီးယားလိဂ္မွာဆိုရင္ေတာ့ ဒါမ်ိဳးက ကံဆိုးသြားႏိုင္တာပဲျဖစ္ပါတယ္။

ပြဲၿပီးခါနီး မိနစ္ပိုင္းအလိုမွာေတာ့ ယူႏိုက္တက္တို႔ဘက္က ပင္နယ္တီအကန္ေကာင္းသူေတြျဖစ္တဲ့ မာတာနဲ႔ အဲလက္စ္ တဲလက္စ္တို႔ကို လူစားသြင္းခဲ့သလို ဗီလာရီးရဲလ္ဘက္ကလည္း တိုက္စစ္မႉး ေဒးဗစ္ ရာဘာကို ထည့္ကစားခဲ့ၿပီး နည္းျပႏွစ္ဦးရဲ႕ ႀကိဳတင္ျပင္ဆင္မႈေတြကို ျမင္ခဲ့ရတာပါ။

အခ်ိန္ပို မိနစ္ ၁၂၀ ျပည့္ခ်ိန္မွာလည္း တစ္ဂိုးစီပဲျဖစ္ေနလို႔ ပင္နယ္တီအဆုံးအျဖတ္ ကန္သြင္းခဲ့ၾကရၿပီး စတင္ကန္သြင္းရတဲ့ ဗီလာရီးရဲလ္ဘက္က ဂ်ရတ္ မိုရီႏို၊ ရာဘာ၊ အယ္လ္ကာဆာ၊ အယ္လ္ဘာတို မိုရီႏို၊ ပါရီဟို၊ မြာဂိုမက္ဇ္၊ အယ္လ္ဘီယိုလ္၊ ကိုကလန္၊ ဟက္စပါ၊ ေပၚေတာရက္စ္နဲ႔ ဂိုးသမား ႐ူလီတို႔ ၁၁ ေယာက္စလုံး သြင္းယူႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ ယူႏိုက္တက္တို႔ဘက္ကေတာ့ မာတာ၊ တဲလက္စ္၊ ဖာနန္ဒက္စ္၊ ရက္ရွ္ဖို႔ဒ္၊ ကာဗာနီ၊ ဖရက္ဒ္၊ ဂ်ိမ္းစ္၊ လုခ္ေရွာ၊ တြမ္ဇီဘီနဲ႔ လင္ဒီေလာ့ဖ္တို႔ ဆယ္ေယာက္ ဝင္ေအာင္ကန္ႏိုင္ခဲ့ေပမယ့္ ဂိုးသမား ဒေဟးယားအလွည့္မွာေတာ့ ဗီလာရီးရဲလ္ဂိုးသမား ႐ူလီက ကာကြယ္ႏိုင္ခဲ့လို႔ အူႏိုင္း အမ္မရီရဲ႕ အစဥ္အလာနဲ႔ ဝင့္ႂကြားခြင့္ကို မတားဆီးႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

၁၂ ဂိုး – ၁၁ ဂိုးနဲ႔ ေအာင္ပြဲခံခဲ့တဲ့ ဗီလာရီးရဲလ္တို႔ကေတာ့ သမိုင္းတစ္ေလွ်ာက္ ဆီဂန္ဒါနဲ႔ ဘုရင့္ဖလားမွာေတာင္ ဗိုလ္မစြဲဖူးတဲ့ အသင္းအေနနဲ႔ ဥေရာပအဆင့္မွာ ထူးထူးျခားျခား ေအာင္ပြဲခံႏိုင္ခဲ့တာျဖစ္သလို နည္းျပ အူႏိုင္း အမ္မရီကေတာ့ ဒီၿပိဳင္ပြဲရဲ႕ ဘုရင္အျဖစ္ ဆီဗီလာနဲ႔ ၃ ႀကိမ္ရယူအၿပီး အာဆင္နယ္နဲ႔ ဗိုလ္လုပြဲကို ၂၀၁၉ ခုႏွစ္က ေရာက္ခဲ့အၿပီးမွာ ၂၀၂၁ ခုႏွစ္မွာေတာ့ သူ႔ရဲ႕ ေလးႀကိမ္ေျမာက္အျဖစ္ ဗိုလ္စြဲႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ယူ႐ိုပါလိဂ္ခ်န္ပီယံအျဖစ္ ပိုလန္ႏိုင္ငံ၊ ဂဒန႔္စ္ၿမိဳ႕မွာ သရဖူေဆာင္းခဲ့တဲ့ ဗီလာရီးရဲလ္တို႔ကေတာ့ လာလီဂါ ရပ္တည္မႈအရ လာမယ့္ႏွစ္မွာ ယူ႐ိုပါကြန္ဖရင့္လိဂ္ကို ကစားရမယ္အေျခအေနကေန ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ကို ဝင္ေရာက္ႏိုင္ခဲ့ခ်ိန္မွာ မန္ခ်က္စတာယူႏိုက္တက္တို႔ကေတာ့ ဂုဏ္သိကၡာအရ ရယူႏိုင္သင့္တဲ့ ဖလားတစ္လုံးကို မေအာင္ျမင္ႏိုင္ခဲ့ဘဲ ေနာက္ဆုံးအခ်ိန္အထိ ဇာတ္ပို႔အျဖစ္နဲ႔ လွည့္ျပန္ခဲ့ရၿပီျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.