Match Report Premier League UCL&UEL

သရဲနီဝိဉာဉ်တွေ တကျော့ပြန်နိုးထဖို့ ဆိုးလ်ရှားတာဝန်ကျေနိုင်မှာလား

ဒီနေ့ည မြန်မာစံတော်ချိန် ၁ နာရီခွဲမှာ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်အဖြစ် ပိုလန်နိုင်ငံ၊ ဂဒန့်စ်မြို့မှာ ယှဉ်ပြိုင်ကစားကြမယ့် ယူနိုက်တက်အသင်းနဲ့ ဗီလာရီးရဲလ်တို့ရဲ့ပွဲစဉ် ယူနိုက်တက်နည်းပြဆိုးလ်ရှားအနနေနဲ့ ပြီးခဲ့တဲ့နှစ်က ယူရိုပါလိဂ်အမာရွတ်ဟောင်းကို ကုသပြီး သရဲနီဝိဉာဉ်ဟောင်းတွေကို တကျော့ပြန် ရှင်ပြန်ထမြောက်စေမလားဆိုတာ အတော်လေး စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ထူးခြားချက်
ယူနိုက်တက်နည်းပြဆိုးလ်ရှားအတွက် နည်းပြဘဝ ပထမဆုံးအောင်မြင်မှုအတွက် ဒီနေ့ည ယူရိုပါလိဂ်ဗိုလ်ဝင်ခံဖို့က တိုက်ပွဲသစ်တခုဖြစ်သလို ဗီလာရီးရဲလ်အသင်းအတွက်လည်း ဥရောပပြိုင်ပွဲဗိုလ်လုပွဲဆီကို ပို့ဆောင်ပေးခဲ့တဲ့ ပထမဆုံးနည်းပြဖြစ်လာတဲ့ အူနိုင်း အမ်မရီကလည်း အခွင့်ကောင်းကို လက်လွှတ်မခံဘဲ နှစ်နှစ်ကာကာ အားစိုက်လာဖို့ ရှိနေတယ်။

မေ ၂၆ ရက်ရဲ့ တိုက်ဆိုင်မှု
၉၉ ခုနှစ်ဆီက ယူနိုက်တက်အသင်း ဖလား ၃ လုံးချန်ပီယံဖြစ်ခဲ့တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ရွှေရောင်ညမှာ ဆိုးလ်ရှားဟာ ဘိုင်ယန်မြူးနစ်ကို သွင်းယူခဲ့တဲ့ အဖိုးတန်ဂိုးဟာ ဒီနေ့လို မေ ၂၆ ရက်နေ့မှာ ယူနိုက်တက်ရဲ့ အောင်ပွဲခံရာဖြစ်ခဲ့ပြီး အခု တူညီတဲ့တရက်တည်းမှာပဲ ကစားရမယ့် ယူရိုပါလိဂ်ဖိုင်နယ်ရဲ့တိုက်ဆိုင်မှု သူဘယ်လောက်မှော်ဝင်လာမလဲ စောင့်ကြည့်ရမှာ သေချာပေါက်ပါ။

ဆာအဲလက်စ်ရဲ့ လိုက်ပါလာမှုက ယူနိုက်တက်ကို ဘယ်လိုအားတက်စေမှာလဲ?
ယူနိုက်တက်ရဲ့ပဲ့ကိုင်ရှင်ကြီး ဆာအဲလက်စ် ဖာဂူဆန်ဟာ ဂဒန့်စ်ခရီးစဉ်ကို အသင်းနဲ့အတူ လိုက်ပါလာခဲ့တာဖြစ်ပြီး သူ့ရဲ့ပါဝင်မှုဟာ ယူနိုက်တက်တသင်းလုံးကို တက်ကြွစေတယ်လို့ ဆိုးလ်းရှားနဲ့ ဖာနန်ဒက်စ်တို့က ထုတ်ပြောခဲ့ကြပြီး နည်းပြကြီးရဲ့ အတွေ့အကြုံတွေက ဒီနေ့ပွဲမှာ တသင်းလုံးအတွက် ‘အား’ တခုဖြစ်လာစေမယ်လို့ အခိုင်အမာ ယုံကြည်နေကြတာပါ။

အဝါရောင်ရေငုပ်သဘော်ကို သာလွန်အင်အားနဲ့ ရက်စက်စွာ ချေမှုန်းသွားမလား?
ယူနိုက်တက်ရဲ့လူအင်အားတောင့်တင်းမှုနဲ့ ပရီးမီးယားလိဂ်မှာ အဆင့် ၂ ဆိုတဲ့ အရှိန်အဝါက လာလီဂါမှာ ဇယားအလယ်နားရပ်တည်ခဲ့ရတဲ့ ဗီလာရီးရဲလ်ထက် အဘက်ဘက်က သာလွန်နေပြီး နိုင်လိုစိတ်ပြင်းပြမှုက ဒီပွဲရဲ့ အဖြေဖြစ်လာမှာပါ။ ယူနိုက်တက်က အဆိပ်ပြင်းပါတယ်ဆိုတဲ့ ဗီလာရီးရဲလ်ကို သာလွန်အင်အားနဲ့ ရက်စက်စွာ ချေမှုန်းသွားမလားဆိုတာဟာ အမ်မရီအတွက် စိန်ခေါ်မှုတခုဖြစ်လာမှာပါ။

ဆရာဟောင်းအမ်မရီအကြောင်း နောကျေနေတဲ့ မာတာ ဘယ်လိုသတိပေးထားလဲ?
ဗလင်စီယာမှာ နည်းပြအမ်မရီနဲ့ အလုပ်တွဲလုပ်ခဲ့တဲ့ ဟွမ်မာတာက ဗီလာရီးရဲလ်အသင်းက စပိန်သားတွေအကြာင်း အတွင်းသိအဆင်းသိရှိထားသလို ဆီဗီလားနဲ့ ယူရိုပါလိဂ် ၃ ထပ်ကွမ်းချန်ပီယံဖြစ်ထားတဲ့ အမ်မရီလိုနည်းပြဆီက နည်းဗျူဟာပိုင်းအရ ” ထင်မှတ်မထားတဲ့ စပရိုက်တိုက်မှု ” ကို မျှော်လင့်ထားသင့်ပြီး ကြိုပြင်ဆင်ထားသင့်ကြောင်း ယူနိုက်တက်ကို သတိပေးသွားခဲ့သလို ဒီနည်းပြဟာ စနစ်တကျနဲ့ အကွက်ချပြီး လုပ်ဆောင်သွားမယ့်သူလို့ အတပ်ပြောထားခဲ့တယ်။

မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက်
ဒီနေ့ည ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ယူနိုက်တက်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ ကပ်အနိုင်ရသွားမယ်လို့ မိုက်ကယ် အိုဝင်ရဲ့ ခန့်မှန်းချက်က ရှိလာခဲ့ပြီး ယူနိုက်တက်အသင်းကသာ ဒီဖလားကို သိမ်းပိုက်ဖို့ ရေပန်းအစားဆုံးအသင်းဖြစ်တယ်လို့ သုံးသပ်သွားခဲ့တယ်။

ဒါ့အပြင် ဗီလာရီးရဲလ်ကို ကောင်းကောင်းဒုက္ခပေးဖို့ သူတို့ကို ဘောလုံးပေးကိုင်ထားပြီး ယူနိုက်တက်ရဲ့အပိုင်နိုင်ဆုံးအားသာချက်ဖြစ်တဲ့ ကောင်တာကစားပုံနဲ့ အလဲထိုးသင့်ကြောင်း ဆွေးနွေးသွားခဲ့တယ်။

ယူနိုက်တက် ဒဏ်ရာရနဲ့ ပွဲပယ်လူစာရင်း
ခြေကျင်းဝတ်အရွတ်စုတ်ပြဲဒဏ်ရာရထားတဲ့ အသင်းခေါင်းဆောင်ဟာရီ မက်ဂွိုင်းယားဟာ တရာသီလုံး ကစားလာပြီးမှ ဒီနေ့ညကို လွဲချော်ဖို့ ရှိနေပြီး ဂဒန့်စ်ခရီးစဉ်ကို လိုက်ပါလာခဲ့ပေမယ့် ယူနိုက်တက်ရဲ့ နောက်ဆုံးလေ့ကျင့်ရေးအစီအစဉ်မှာ မပူးပေါင်းနိုင်ခဲ့ကြောင့်လို့ သိရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဝှက်ဖဲတွေကို သိမ်းထားချင်းသေးတဲ့ ဆိုးလ်ရှားရဲ့ရည်ရွယ်ချက်ကြောင့် ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပြီး မာစီယယ်လ်က သေချာပေါက်လွဲချော်မယ်မှာဖြစ်သလို ဖရက်ဒ်က ဒဏ်ရာအနည်းငယ်ရှိနေလို့ ဝင်ကစားဖို့ မရေရာသေးတဲ့ အခြေအနေပါ။

ယူနိုက်တက် ခန့်မှန်း Line-up

ဂိုးသမားနေရာမှာ ဒဟဲယားကို နေရာပေးသွားဖို့ ပြင်ဆင်နေတဲ့ ဆိုးလ်ရှားဟာ မက်ဂွိုင်းယားနေရာမှာ တွမ်ဇီဘီကို ပွဲထွက်စေမှာဖြစ်သလို လုခ်ရှော၊ ဝန်ဘစ်ဆာကာနဲ့ လန်ဒလော့ဖ်တို့က ခံစစ်အထိုင်အဖြစ် ခင်းကျင်းလာဖွယ် ရှိနေပါတယ်။

ကွင်းလယ်အထိုင်မှာမှာ ဖရက်ဒ်+မက်တော်မီနေးအတွဲကို ရည်ရွယ်ထားတယ်လို့ သိရပြီး ကွင်းလယ်တိုက်စစ်မှာတော့ ညာခြမ်းမှာ ရက်ရှ်ဖို့ဒ်၊ ဘယ်ခြမ်းမှာ ပေါ့ဘာနဲ့အတူ ဘရူနိုက ကစားကွက်ဖန်တီးရှင်အဖြစ်၊ တိုက်စစ်မှူးနေရာမှာ ကမ္ဘာ့အဆင့် သမ္ဘာ့ရင့်ကာဗာနီတို့က အသင်းကို ရှေ့တန်းက ဦးဆောင်လာဖို့ ရှိနေတယ်။ ဂရင်းဝုဒ်၊ အာမက် ဂျယ်လို၊ မာတာ၊ ဗန်ဒဘိခ်၊ မာတစ်ချ်၊ တဲလက်စ်တို့ အုပ်စုကတော့ အရန်ခုံကနေ စောင့်ကြည့်ရဖို့ ရှိနေတယ်။

ဗီလာရီးရဲလ် ခန့်မှန်း Line-up

အမ်မရီရဲ့အမြင်အရ ၄-၄-၂ ကိုပဲ ရွေးချယ်လာဖွယ်ရှိနေတယ်။ ခန့်မှန်းမှုတွေအရ ဂိုးဆာဂျီယို အာဆန်ဟို၊ ဗဟိုခံစစ် ပေါလ်တောရက်စ်+အယ်လ်ဘီယောလ်၊ ဘယ်ညာနောက်ခံအတွဲ မာရီယို ဂတ်စပါ+ ပက်ဒရာဇာ၊ ကွင်းလယ်ခံစစ်လူအဖြစ် ကာပူယေး၊ ကွင်းလယ်ဗဟိုမှာ ထရီဂွယ်ရို့စ်၊ တောင်ပံတိုက်စစ်တစုံမှာ ပါရဲဟို+ပီနို တို့နဲ့အတူ တိုက်စစ်မှာ မိုရီနိုနဲ့ အယ်လ်ကာဆာတို့က ဦးဆောင်လာဖို့ ရှိနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဒီေန႔ည ျမန္မာစံေတာ္ခ်ိန္ ၁ နာရီခြဲမွာ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲစဥ္အျဖစ္ ပိုလန္ႏိုင္ငံ၊ ဂဒန႔္စ္ၿမိဳ႕မွာ ယွဥ္ၿပိဳင္ကစားၾကမယ့္ ယူႏိုက္တက္အသင္းနဲ႔ ဗီလာရီးရဲလ္တို႔ရဲ႕ပြဲစဥ္ ယူႏိုက္တက္နည္းျပဆိုးလ္ရွားအနေနနဲ႔ ၿပီးခဲ့တဲ့ႏွစ္က ယူ႐ိုပါလိဂ္အမာ႐ြတ္ေဟာင္းကို ကုသၿပီး သရဲနီဝိဉာဥ္ေဟာင္းေတြကို တေက်ာ့ျပန္ ရွင္ျပန္ထေျမာက္ေစမလားဆိုတာ အေတာ္ေလး စိတ္ဝင္စားဖို႔ေကာင္းေနပါတယ္။

ထူးျခားခ်က္
ယူႏိုက္တက္နည္းျပဆိုးလ္ရွားအတြက္ နည္းျပဘဝ ပထမဆုံးေအာင္ျမင္မႈအတြက္ ဒီေန႔ည ယူ႐ိုပါလိဂ္ဗိုလ္ဝင္ခံဖို႔က တိုက္ပြဲသစ္တခုျဖစ္သလို ဗီလာရီးရဲလ္အသင္းအတြက္လည္း ဥေရာပၿပိဳင္ပြဲဗိုလ္လုပြဲဆီကို ပို႔ေဆာင္ေပးခဲ့တဲ့ ပထမဆုံးနည္းျပျဖစ္လာတဲ့ အူႏိုင္း အမ္မရီကလည္း အခြင့္ေကာင္းကို လက္လႊတ္မခံဘဲ ႏွစ္ႏွစ္ကာကာ အားစိုက္လာဖို႔ ရွိေနတယ္။

ေမ ၂၆ ရက္ရဲ႕ တိုက္ဆိုင္မႈ
၉၉ ခုႏွစ္ဆီက ယူႏိုက္တက္အသင္း ဖလား ၃ လုံးခ်န္ပီယံျဖစ္ခဲ့တဲ့ ခ်န္ပီယံလိဂ္ဖိုင္နယ္ေ႐ႊေရာင္ညမွာ ဆိုးလ္ရွားဟာ ဘိုင္ယန္ျမဴးနစ္ကို သြင္းယူခဲ့တဲ့ အဖိုးတန္ဂိုးဟာ ဒီေန႔လို ေမ ၂၆ ရက္ေန႔မွာ ယူႏိုက္တက္ရဲ႕ ေအာင္ပြဲခံရာျဖစ္ခဲ့ၿပီး အခု တူညီတဲ့တရက္တည္းမွာပဲ ကစားရမယ့္ ယူ႐ိုပါလိဂ္ဖိုင္နယ္ရဲ႕တိုက္ဆိုင္မႈ သူဘယ္ေလာက္ေမွာ္ဝင္လာမလဲ ေစာင့္ၾကည့္ရမွာ ေသခ်ာေပါက္ပါ။

ဆာအဲလက္စ္ရဲ႕ လိုက္ပါလာမႈက ယူႏိုက္တက္ကို ဘယ္လိုအားတက္ေစမွာလဲ?
ယူႏိုက္တက္ရဲ႕ပဲ့ကိုင္ရွင္ႀကီး ဆာအဲလက္စ္ ဖာဂူဆန္ဟာ ဂဒန႔္စ္ခရီးစဥ္ကို အသင္းနဲ႔အတူ လိုက္ပါလာခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ပါဝင္မႈဟာ ယူႏိုက္တက္တသင္းလုံးကို တက္ႂကြေစတယ္လို႔ ဆိုးလ္းရွားနဲ႔ ဖာနန္ဒက္စ္တို႔က ထုတ္ေျပာခဲ့ၾကၿပီး နည္းျပႀကီးရဲ႕ အေတြ႕အႀကဳံေတြက ဒီေန႔ပြဲမွာ တသင္းလုံးအတြက္ ‘အား’ တခုျဖစ္လာေစမယ္လို႔ အခိုင္အမာ ယုံၾကည္ေနၾကတာပါ။

အဝါေရာင္ေရငုပ္သေဘာ္ကို သာလြန္အင္အားနဲ႔ ရက္စက္စြာ ေခ်မႈန္းသြားမလား?
ယူႏိုက္တက္ရဲ႕လူအင္အားေတာင့္တင္းမႈနဲ႔ ပရီးမီးယားလိဂ္မွာ အဆင့္ ၂ ဆိုတဲ့ အရွိန္အဝါက လာလီဂါမွာ ဇယားအလယ္နားရပ္တည္ခဲ့ရတဲ့ ဗီလာရီးရဲလ္ထက္ အဘက္ဘက္က သာလြန္ေနၿပီး ႏိုင္လိုစိတ္ျပင္းျပမႈက ဒီပြဲရဲ႕ အေျဖျဖစ္လာမွာပါ။ ယူႏိုက္တက္က အဆိပ္ျပင္းပါတယ္ဆိုတဲ့ ဗီလာရီးရဲလ္ကို သာလြန္အင္အားနဲ႔ ရက္စက္စြာ ေခ်မႈန္းသြားမလားဆိုတာဟာ အမ္မရီအတြက္ စိန္ေခၚမႈတခုျဖစ္လာမွာပါ။

ဆရာေဟာင္းအမ္မရီအေၾကာင္း ေနာေက်ေနတဲ့ မာတာ ဘယ္လိုသတိေပးထားလဲ?
ဗလင္စီယာမွာ နည္းျပအမ္မရီနဲ႔ အလုပ္တြဲလုပ္ခဲ့တဲ့ ဟြမ္မာတာက ဗီလာရီးရဲလ္အသင္းက စပိန္သားေတြအၾကာင္း အတြင္းသိအဆင္းသိရွိထားသလို ဆီဗီလားနဲ႔ ယူ႐ိုပါလိဂ္ ၃ ထပ္ကြမ္းခ်န္ပီယံျဖစ္ထားတဲ့ အမ္မရီလိုနည္းျပဆီက နည္းဗ်ဴဟာပိုင္းအရ ” ထင္မွတ္မထားတဲ့ စပ႐ိုက္တိုက္မႈ ” ကို ေမွ်ာ္လင့္ထားသင့္ၿပီး ႀကိဳျပင္ဆင္ထားသင့္ေၾကာင္း ယူႏိုက္တက္ကို သတိေပးသြားခဲ့သလို ဒီနည္းျပဟာ စနစ္တက်နဲ႔ အကြက္ခ်ၿပီး လုပ္ေဆာင္သြားမယ့္သူလို႔ အတပ္ေျပာထားခဲ့တယ္။

မိုက္ကယ္အိုဝင္ရဲ႕ ခန႔္မွန္းခ်က္
ဒီေန႔ည ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာ ယူႏိုက္တက္အသင္းက ၂ ဂိုး ၁ ဂိုးနဲ႔ ကပ္အႏိုင္ရသြားမယ္လို႔ မိုက္ကယ္ အိုဝင္ရဲ႕ ခန႔္မွန္းခ်က္က ရွိလာခဲ့ၿပီး ယူႏိုက္တက္အသင္းကသာ ဒီဖလားကို သိမ္းပိုက္ဖို႔ ေရပန္းအစားဆုံးအသင္းျဖစ္တယ္လို႔ သုံးသပ္သြားခဲ့တယ္။

ဒါ့အျပင္ ဗီလာရီးရဲလ္ကို ေကာင္းေကာင္းဒုကၡေပးဖို႔ သူတို႔ကို ေဘာလုံးေပးကိုင္ထားၿပီး ယူႏိုက္တက္ရဲ႕အပိုင္ႏိုင္ဆုံးအားသာခ်က္ျဖစ္တဲ့ ေကာင္တာကစားပုံနဲ႔ အလဲထိုးသင့္ေၾကာင္း ေဆြးေႏြးသြားခဲ့တယ္။

ယူႏိုက္တက္ ဒဏ္ရာရနဲ႔ ပြဲပယ္လူစာရင္း
ေျခက်င္းဝတ္အ႐ြတ္စုတ္ၿပဲဒဏ္ရာရထားတဲ့ အသင္းေခါင္းေဆာင္ဟာရီ မက္ဂြိဳင္းယားဟာ တရာသီလုံး ကစားလာၿပီးမွ ဒီေန႔ညကို လြဲေခ်ာ္ဖို႔ ရွိေနၿပီး ဂဒန႔္စ္ခရီးစဥ္ကို လိုက္ပါလာခဲ့ေပမယ့္ ယူႏိုက္တက္ရဲ႕ ေနာက္ဆုံးေလ့က်င့္ေရးအစီအစဥ္မွာ မပူးေပါင္းႏိုင္ခဲ့ေၾကာင့္လို႔ သိရပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ဝွက္ဖဲေတြကို သိမ္းထားခ်င္းေသးတဲ့ ဆိုးလ္ရွားရဲ႕ရည္႐ြယ္ခ်က္ေၾကာင့္ ဆက္လက္ေစာင့္ၾကည့္ရဦးမွာျဖစ္ၿပီး မာစီယယ္လ္က ေသခ်ာေပါက္လြဲေခ်ာ္မယ္မွာျဖစ္သလို ဖရက္ဒ္က ဒဏ္ရာအနည္းငယ္ရွိေနလို႔ ဝင္ကစားဖို႔ မေရရာေသးတဲ့ အေျခအေနပါ။

ယူႏိုက္တက္ ခန႔္မွန္း Line-up

ဂိုးသမားေနရာမွာ ဒဟဲယားကို ေနရာေပးသြားဖို႔ ျပင္ဆင္ေနတဲ့ ဆိုးလ္ရွားဟာ မက္ဂြိဳင္းယားေနရာမွာ တြမ္ဇီဘီကို ပြဲထြက္ေစမွာျဖစ္သလို လုခ္ေရွာ၊ ဝန္ဘစ္ဆာကာနဲ႔ လန္ဒေလာ့ဖ္တို႔က ခံစစ္အထိုင္အျဖစ္ ခင္းက်င္းလာဖြယ္ ရွိေနပါတယ္။

ကြင္းလယ္အထိုင္မွာမွာ ဖရက္ဒ္+မက္ေတာ္မီေနးအတြဲကို ရည္႐ြယ္ထားတယ္လို႔ သိရၿပီး ကြင္းလယ္တိုက္စစ္မွာေတာ့ ညာျခမ္းမွာ ရက္ရွ္ဖို႔ဒ္၊ ဘယ္ျခမ္းမွာ ေပါ့ဘာနဲ႔အတူ ဘ႐ူႏိုက ကစားကြက္ဖန္တီးရွင္အျဖစ္၊ တိုက္စစ္မႉးေနရာမွာ ကမာၻ႔အဆင့္ သမာၻ႔ရင့္ကာဗာနီတို႔က အသင္းကို ေရွ႕တန္းက ဦးေဆာင္လာဖို႔ ရွိေနတယ္။ ဂရင္းဝုဒ္၊ အာမက္ ဂ်ယ္လို၊ မာတာ၊ ဗန္ဒဘိခ္၊ မာတစ္ခ်္၊ တဲလက္စ္တို႔ အုပ္စုကေတာ့ အရန္ခုံကေန ေစာင့္ၾကည့္ရဖို႔ ရွိေနတယ္။

ဗီလာရီးရဲလ္ ခန႔္မွန္း Line-up

အမ္မရီရဲ႕အျမင္အရ ၄-၄-၂ ကိုပဲ ေ႐ြးခ်ယ္လာဖြယ္ရွိေနတယ္။ ခန႔္မွန္းမႈေတြအရ ဂိုးဆာဂ်ီယို အာဆန္ဟို၊ ဗဟိုခံစစ္ ေပါလ္ေတာရက္စ္+အယ္လ္ဘီေယာလ္၊ ဘယ္ညာေနာက္ခံအတြဲ မာရီယို ဂတ္စပါ+ ပက္ဒရာဇာ၊ ကြင္းလယ္ခံစစ္လူအျဖစ္ ကာပူေယး၊ ကြင္းလယ္ဗဟိုမွာ ထရီဂြယ္႐ို႕စ္၊ ေတာင္ပံတိုက္စစ္တစုံမွာ ပါရဲဟို+ပီႏို တို႔နဲ႔အတူ တိုက္စစ္မွာ မိုရီႏိုနဲ႔ အယ္လ္ကာဆာတို႔က ဦးေဆာင္လာဖို႔ ရွိေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.