Premier League

FWA ဆုအပြီး PFA ဆုအတွက် မန်စီးတီးနဲ့အပြိုင် ဘယ်ကစားသမားတွေ စိန်ခေါ်နိုင်မလဲ

ပရီးမီးယားလိဂ်ရဲ့ကန့်လန်ကာပိတ်အပြီးမှာတော့ ကစားသမားတွေရဲ့ အသီးအပွင့်တွေကို ဆုလာဘ်အနေနဲ့ ခံစားခွင့်ရမယ့် အချိန်အခါကောင်းက ရောက်ရှိလာခဲ့ပြီဖြစ်ပြီး လက်ရှိမှာ ဘောလုံးအားကစားကလောင်ရှင်များအသင်း FWA က ချီးမြှင့်တဲ့ တဦးချင်းဆုအပြီးမှာတော့ PFA တနှစ်တာအကောင်းဆုံးဆုကို ဘယ်သူဆွတ်ခူးသွားမလဲဆိုတာက သေချာပေါက် အရသာတွေ့စရာပါ။

PFA ဆုကို ဘယ်နေ့ကြေငြာမလဲ?
လာမယ့်ဇွန်လ ၄ ရက်နေ့၊ ယူရိုပြိုင်ပွဲမတိုင်မီ တပတ်အလိုမှာ PFA ဆုရှင်ကို ပရိသတ်တွေ သိရှိရတော့မှာဖြစ်ပြီး ၂၀၂၀ ရဲ့ PFA ဆုရှင်ကတော့ မန်စီးတီးရဲ့ကွင်းလယ်ဖန်တီးရှင်ဒီဘရိုင်းနားဖြစ်ပြီး အခု ၂၀၂၁ မှာတော့ ဒီဘရိုင်းနားကပဲ ၂ နှစ်ဆက်သိမ်းပိုက်ဖို့ ထပ်မံရေပန်းစားနေပေမယ့် ဒီတခါမှာတော့ ပြိုင်ဆိုင်မှုက ပိုပြင်းထန်လာကို တွေ့ကြရမှာပါ။

ဘယ်သူတွေ တစ်ပြေးနေလဲ?
ယူနိုက်တက်ရဲ့ ဘရူနို ဖာနန်ဒက်စ်နဲ့ စပါးစ်ရဲ့ ကိန်းတို့ကလွဲရင် ပရိသတ်တွေ သတ်မှတ်ထားကြတဲ့ ကျန်ဆန်ခါတင် ၃ ဦးမှာ မန်စီးတီးကစားသမားတွေကသာ နေရာယူထားတာဖြစ်ပြီး ရူဘင်ဒီယာ့စ်၊ ဒီဘရိုင်းနားနဲ့ ဂန်ဒိုဝမ်တို့ကို တွေ့ရမယ်။

ရူဘင် ဒီယာ့စ်
FWA ရဲ့ တနှစ်တာအကောင်းဆုံးကစားသမားဆုကိုတော့ မန်စီးတီး​ဗဟိုခံစစ်ကျောက်ဆောင် ရူဘင် ဒီယာ့စ်က ဆွတ်ခူးသွားခဲ့တာဖြစ်သလို ဒါဟာ ဒီဆုရဲ့ သမိုင်းတလျှောက် ၃၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ခံစစ်မှူးတဦးက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ပေါ်တူဂီသားဟာ ကီဗင် ဒီဘရိုင်းနားနဲ့ ဟာရီကိန်းတို့ကို ကျော်ဖြတ်ရယူသွားခဲ့ရာမှာ သူကပဲPFA ဆုနဲ့ အသင့်တော်ဆုံးသူလို့ ဆက်လက်ယူဆခံထားရတယ်။

ဘရူနို ဖာနန်ဒက်စ်
ဖာနန်ဒက်စ်က PFA ဆုရှင်ဖြစ်လာဖို့ ဘွတ်ကီရဲ့ ကြေးဖွင့်မှုအများဆုံးကိုတော့ ပိုင်ဆိုင်ထားပြီး ၂၀၂၀ အတွင်း တလတာအကောင်းဆုံးဆုကို ၄ ကြိမ်အထိ ရထားခဲ့တယ်။ သွင်းဂိုးနဲ့ ဖန်တီးမှုပေါင်းက ဂိုး ၃၀ အထိ ယူနိုက်တက်အသင်းကို အကျိုးပြုထားတယ်။ အဆင့် ၂ မှာ ဇယားငြိမ်စေခဲ့တယ်။

ကီဗင် ဒီဘရိုင်းနား
ဒီယာ့စ် ဘယ်လောက်ကောင်းကောင်း ဒီနှစ်မန်စီးတီးကို အံ့အားသင့်စရာကောင်းစေတာက ဘယ်လ်ဂျီယံသားရဲ့ အစွမ်းလို့ သတ်မှတ်ခံရမှုတွေက ရှိနေပြီး ချယ်လ်ဆီးကို အနိုင်ယူပြီး ချန်ပီယံလိဂ်ကို သရဖူဆောင်းနိုင်ခဲ့ရင်တော့ PFA နှစ်နှစ်ဆက်ဆုရှင်အဖြစ် အွန်နရီနဲ့ ရော်နယ်လ်ဒိုတို့ရဲ့နောက် တတိယမြောက်ကစားသမားဖြစ်လာဖို့ ရှိနေတယ်။

ဟာရီကိန်း
ကိန်းက ရွှေဖိနပ်ဆုရှင်ဖြစ်ခဲ့လို့ PFA ဆုနဲ့ အထိုက်တန်ဆုံးသူအဖြစ် သုံးသပ်မှုတွေလည်း ထွက်လာခဲ့သလို သူ့ရဲ့ ဂိုးဖန်တီးမှုအားကြောင့်လည်း Playmaker ဆုကိုပါ ရာသီအသိမ်းမှာ ထပ်မံသိမ်းပိုက်ခဲ့လို့ အသင်းအောင်မြင်မှုမရှိခဲ့ရင်တောင်မှ တဦးချင်းစွမ်းဆောင်ရည်အရ အငြင်းပွားဖွယ်ရာမရှိ PFA ဆုရှင် ဖြစ်သင့်တယ်လို့ အဆိုပြုခံထားရပါတယ်။

အစ်လ်ကေ ဂန်ဒိုဝမ်
ဆောင်းရာသီကနေစလို့ မန်စီးတီးကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် တောက်လျှောက်ဦးဆောင်လာခဲ့တဲ့ ဂျာမန်ကွင်းလယ်လူက ဒီဇင်ဘာကနေ ဖေဖော်ဝါရီအတွင်း ၁၂ ပွဲ၊ ၁၁ ဂိုးသွင်းပြီး ပပ်အတွက် ဇယားထိပ်တက်ခဲ့ရာလမ်းကြောင်းမှာ အဓိကအထောက်အကူပြုခဲ့လို့ သူ့အတွက် ထိုက်တန်တယ်လို့လည်း ယူဆနေကြပါတယ်။

မန်စီးတီးကပဲ ဆက်လက်လွှမ်းမိုးမလား?
FWA ဆုကိုရော PFA ဆုကိုပါ ၂ ရာသီဆက် မန်စီးတီးအသင်းသားတွေကပဲ လွှမ်းမိုးသွားမလားဆိုတဲ့ မေးခွန်းတွေကတော့ ကျိန်းသေရှိနေသလို မနှစ်က FWA ဆုရှင် စတာလင်၊ PFA ဆုရှင် ဒီဘရိုင်းနားတို့ရဲ့နောက် ရူဘင် ဒီယာ့စ်က ဒီခြေရာကို ဒီနှစ်မှာ ထပ်ပုံဖော်ခဲ့သလို ဗန်ဒိုက်လို PFA ဆုကို ယူသွားမလား၊ ဘရူနိုရဲ့ ယူရိုပါလိဂ်ဖလားနဲ့အတူ ပေါ်တူဂီသားတွေ ကြီးစိုးတဲ့နှစ်ဖြစ်လာမလား၊ ဒီဘရိုင်းနားကပဲ ချန်ပီယံလိဂ်ဆုဖလားနဲ့အတူ အွန်နရီနဲ့ ရော်နယ်လ်ဒိုတို့ရဲ့ အမွေခံကို ဆက်ခံပြီး ၂ နှစ်ဆက် PFA ဆုရှင်ဖြစ်လာမလားဆိုတာကတော့…….။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရီးမီးယားလိဂ္ရဲ႕ကန္႔လန္ကာပိတ္အၿပီးမွာေတာ့ ကစားသမားေတြရဲ႕ အသီးအပြင့္ေတြကို ဆုလာဘ္အေနနဲ႔ ခံစားခြင့္ရမယ့္ အခ်ိန္အခါေကာင္းက ေရာက္ရွိလာခဲ့ၿပီျဖစ္ၿပီး လက္ရွိမွာ ေဘာလုံးအားကစားကေလာင္ရွင္မ်ားအသင္း FWA က ခ်ီးျမႇင့္တဲ့ တဦးခ်င္ဆုအၿပီးမွာေတာ့ PFA တႏွစ္တာအေကာင္းဆုံးဆုကို ဘယ္သူဆြတ္ခူးသြားမလဲဆိုတာက ေသခ်ာေပါက္ အရသာေတြ႕စရာပါ။

PFA ဆုကိို ဘယ္ေန႔ေၾကျငာမလဲ?
လာမယ့္ဇြန္လ ၄ ရက္ေန႔၊ ယူ႐ိုၿပိဳင္ပြဲမတိုင္မီ တပတ္အလိုမွာ PFA ဆုရွင္ကို ပရိသတ္ေတြ သိရွိရေတာ့မွာျဖစ္ၿပီး ၂၀၂၀ ရဲ႕ PFA ဆုရွင္ကေတာ့ မန္စီးတီးရဲ႕ကြင္းလယ္ဖန္တီးရွင္ဒီဘ႐ိုင္းနားျဖစ္ၿပီး အခု ၂၀၂၁ မွာေတာ့ ဒီဘ႐ိုင္းနားကပဲ ၂ ႏွစ္ဆက္သိမ္းပိုက္ဖို႔ ထပ္မံေရပန္းစားေနေပမယ့္ ဒီတခါမွာေတာ့ ၿပိဳင္ဆိုင္မႈက ပိုျပင္းထန္လာကို ေတြ႕ၾကရမွာပါ။

ဘယ္သူေတြ တစ္ေျပးေနလဲ?
ယူႏိုက္တက္ရဲ႕ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ စပါးစ္ရဲ႕ ကိန္းတို႔ကလြဲရင္ ပရိသတ္ေတြ သတ္မွတ္ထားၾကတဲ့ က်န္ဆန္ခါတင္ ၃ ဦးမွာ မန္စီးတီးကစားသမားေတြကသာ ေနရာယူထားတာျဖစ္ၿပီး ႐ူဘင္ဒီယာ့စ္၊ ဒီဘ႐ိုင္းနားနဲ႔ ဂန္ဒိုဝမ္တို႔ကို ေတြ႕ရမယ္။

႐ူဘင္ ဒီယာ့စ္
FWA ရဲ႕ တႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုေတာ့ မန္စီးတီး​ဗဟိုခံစစ္ေက်ာက္ေဆာင္ ႐ူဘင္ ဒီယာ့စ္က ဆြတ္ခူးသြားခဲ့တာျဖစ္သလို ဒါဟာ ဒီဆုရဲ႕ သမိုင္းတေလွ်ာက္ ၃၂ ႏွစ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ ခံစစ္မႉးတဦးက သိမ္းပိုက္ႏိုင္ခဲ့ျခင္းျဖစ္ၿပီး ေပၚတူဂီသားဟာ ကီဗင္ ဒီဘ႐ိုင္းနားနဲ႔ ဟာရီကိန္းတို႔ကို ေက်ာ္ျဖတ္ရယူသြားခဲ့ရာမွာ သူကပဲPFA ဆုနဲ႔ အသင့္ေတာ္ဆုံးသူလို႔ ဆက္လက္ယူဆခံထားရတယ္။

ဘ႐ူႏို ဖာနန္ဒက္စ္
ဖာနန္ဒက္စ္က PFA ဆုရွင္ျဖစ္လာဖို႔ ဘြတ္ကီရဲ႕ ေၾကးဖြင့္မႈအမ်ားဆုံးကိုေတာ့ ပိုင္ဆိုင္ထားၿပီး ၂၀၂၀ အတြင္း တလတာအေကာင္းဆုံးဆုကို ၄ ႀကိမ္အထိ ရထားခဲ့တယ္။ သြင္းဂိုးနဲ႔ ဖန္တီးမႈေပါင္းက ဂိုး ၃၀ အထိ ယူႏိုက္တက္အသင္းကို အက်ိဳးျပဳထားတယ္။ အဆင့္ ၂ မွာ ဇယားၿငိမ္ေစခဲ့တယ္။

ကီဗင္ ဒီဘ႐ိုင္းနား
ဒီယာ့စ္ ဘယ္ေလာက္ေကာင္းေကာင္း ဒီႏွစ္မန္စီးတီးကို အံ့အားသင့္စရာေကာင္းေစတာက ဘယ္လ္ဂ်ီယံသားရဲ႕ အစြမ္းလို႔ သတ္မွတ္ခံရမႈေတြက ရွိေနၿပီး ခ်ယ္လ္ဆီးကို အႏိုင္ယူၿပီး ခ်န္ပီယံလိဂ္ကို သရဖူေဆာင္းႏိုင္ခဲ့ရင္ေတာ့ PFA ႏွစ္ႏွစ္ဆက္ဆုရွင္အျဖစ္ အြန္နရီနဲ႔ ေရာ္နယ္လ္ဒိုတို႔ရဲ႕ေနာက္ တတိယေျမာက္ကစားသမားျဖစ္လာဖို႔ ရွိေနတယ္။

ဟာရီကိန္း
ကိန္းက ေ႐ႊဖိနပ္ဆုရွင္ျဖစ္ခဲ့လို႔ PFA ဆုနဲ႔ အထိုက္တန္ဆုံးသူအျဖစ္ သုံးသပ္မႈေတြလည္း ထြက္လာခဲ့သလို သူ႔ရဲ႕ ဂိုးဖန္တီးမႈအားေၾကာင့္လည္း Playmaker ဆုကိုပါ ရာသီအသိမ္းမွာ ထပ္မံသိမ္းပိုက္ခဲ့လို႔ အသင္းေအာင္ျမင္မႈမရွိခဲ့ရင္ေတာင္မွ တဦးခ်င္းစြမ္းေဆာင္ရည္အရ အျငင္းပြားဖြယ္ရာမရွိ PFA ဆုရွင္ ျဖစ္သင့္တယ္လို႔ အဆိုျပဳခံထားရပါတယ္။

အစ္လ္ေက ဂန္ဒိုဝမ္
ေဆာင္းရာသီကေနစလို႔ မန္စီးတီးကို ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေအာင္ ေတာက္ေလွ်ာက္ဦးေဆာင္လာခဲ့တဲ့ ဂ်ာမန္ကြင္းလယ္လူက ဒီဇင္ဘာကေန ေဖေဖာ္ဝါရီအတြင္း ၁၂ ပြဲ၊ ၁၁ ဂိုးသြင္းၿပီး ပပ္အတြက္ ဇယားထိပ္တက္ခဲ့ရာလမ္းေၾကာင္းမွာ အဓိကအေထာက္အကူျပဳခဲ့လို႔ သူ႔အတြက္ ထိုက္တန္တယ္လို႔လည္း ယူဆေနၾကပါတယ္။

မန္စီးတီးကပဲ ဆက္လက္လႊမ္းမိုးမလား?
FWA ဆုကိုေရာ PFA ဆုကိုပါ ၂ ရာသီဆက္ မန္စီးတီးအသင္းသားေတြကပဲ လႊမ္းမိုးသြားမလားဆိုတဲ့ ေမးခြန္းေတြကေတာ့ က်ိန္းေသရွိေနသလို မႏွစ္က FWA ဆုရွင္ စတာလင္၊ PFA ဆုရွင္ ဒီဘ႐ိုင္းနားတို႔ရဲ႕ေနာက္ ႐ူဘင္ ဒီယာ့စ္က ဒီေျခရာကို ဒီႏွစ္မွာ ထပ္ပုံေဖာ္ခဲ့သလို ဗန္ဒိုက္လို PFA ဆုကို ယူသြားမလား၊ ဘ႐ူႏိုရဲ႕ ယူ႐ိုပါလိဂ္ဖလားနဲ႔အတူ ေပၚတူဂီသားေတြ ႀကီးစိုးတဲ့ႏွစ္ျဖစ္လာမလား၊ ဒီဘ႐ိုင္းနားကပဲ ခ်န္ပီယံလိဂ္ဆုဖလားနဲ႔အတူ အြန္နရီနဲ႔ ေရာ္နယ္လ္ဒိုတို႔ရဲ႕ အေမြခံကို ဆက္ခံၿပီး ၂ ႏွစ္ဆက္ PFA ဆုရွင္ျဖစ္လာမလားဆိုတာကေတာ့…….။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.