Premier League

26 May နေ့လည်ခင်း နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

ချန်ပီယံလိဂ်ဗိုလ်လုပွဲကြိုမှာ မန်စီးတီးဗဟိုခံစစ်မှူးဂျွန်စတုန်းစ်က ချယ်လ်ဆီးအသင်းကို ပြင်းပြင်းထန်ထန် သတိပေးသွားခဲ့ပြီး မိမိတို့အသင်းဟာ ပြီးခဲ့တဲ့ ၂ ပွဲဆက် ချယ်လ်ဆီးကို ရှုံးနိမ့်မှုတွေကနေ သင်ခန်းစာယူခဲ့ပြီဖြစ်လို့ အရင်တခါလို ကျောလို့ရမယ် ထင်ရင်တော့ မှားသွားမယ်လို့ကြုံးဝါးခဲ့။

မန်စီးတီးနဲ့ပွဲမှာ ဂိုးသမားမန်ဒီပါဝင်နိုင်ဖို့ မျှော်လ်င့်နေကြောင်း ချယ်လ်ဆီးနည်းပြတူဟယ်လ်က ဝန်ခံသွားခဲ့ပြီး သူ့ရဲ့နံရိုးဒဏ်ရာ သက်သာလာရင်တော့ လေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်လာနိုင်ကြောင်း အသိပေးသွားခဲ့သလို ကွန်တေရဲ့ ဒဏ်ရာအခြေအနေကတော့ မပြောင်းလဲသေးတာကြောင့် သူ မပါဝင်မယ့်လူစာရင်းအတွက် နည်းဗျူဟာအသစ်ကို စဉ်းစားနေကြောင်း ဝန်ခံသွားခဲ့။

ချယ်လ်ဆီးကစားသမားဟောင်း ဟာဇက်ကို ကြီးမားတဲ့ လေးစားမှုတွေရှိနေပြီး မိမိဟာ သူ့ပရိသတ်ဖြစ်ကြောင်း တူဟယ်လ်ရဲ့ ဖွင့်ဟထားမှုနောက်မှာတော့ စပိန်ကလာတဲ့သတင်းတွေအရ ရီးရဲလ်ဥက္ကဌပီရက်ဇ်ဟာ ဟာဇက်ကို အိမ်ပြန်ပို့ဖို့ စီစဉ်နေကြောင်း သိရပြီး ဒါဟာ ချယ်လ်ဆီးကို ပြန်လာလိုနေတဲ့ ကစားသမားရဲ့ အရှိတရားဆန္ဒလည်းဖြစ်ကြောင်းသိရှိထားရ။

ကမ္ဘာပေါ်မှာ အလားအလာအကောင်းဆုံးနည်းပြအဖြစ် တူဟယ်လ်ကို ချီးကျူးခဲ့ဖူးတဲ့ မန်စီးတီးနည်းပြ ပပ်ဂွာဒီယိုလာရဲ့အဆိုဟာ အမြင်မှန်စစ်စစ်ဖြစ်ကြောင်း လာမယ့်ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဂျာမန်သားကြီးက သက်သေပြသွားတော့မယ်လို့ မှတ်ချက်ပြုခံထားရပြီး ကလော့ပ်ကလည်း သိပ်စွမ်းတဲ့နည်းပြမျိူးလို့ မြှောက်စားထားမှုဟာ တူဟယ်လ်ရဲ့ချန်ပီယံလိဂ်ဖလားနဲ့ သက်သေခံသွားဖွယ်ရှိနေ။

အက်စတန်ဗီလာနဲ့ပွဲမှာ ဂျက်ဂရီးလစ်ရှ်ရဲ့မျက်နှာကို ဆွဲဖြဲခဲ့တဲ့ ကျူးလွန်မှုကြောင့် အနီကတ်ထိခဲ့တဲ့ အက်စပီလီကွေတာရဲ့ အနီကတ်ပြစ်ဒဏ်ကို ပယ်ဖျက်လိုက်ပြီဖြစ်ပြီး လာမယ့်ရာသီသစ်အဖွင့် ၃ ပွဲကို လွဲချော်တော့မှာ မဟုတ်ကြောင်းသိရ။

ချယ်လ်ဆီးပရိသတ်တွေဟာ အင်္ဂလန်နည်းပြဆောက်ဂိတ်ရဲ့ လူကြီးလူကောင်းမဆန်တဲ့ စကားရှောင်လွှဲပြောဆိုမှုကြောင့် ဒေါသထွက်နေကြောင်း သိရပြီး အငှားသွားကစားနေတဲ့ အေစီမီလန်မှာ အထူးခြေစွမ်းပြနေပြီး ခံစစ်မှာ စွယ်စုံကစားနိုင်တဲ့ တိုမိုရီကို ၂၀၂၀ ယူရိုဖလားလက်ရွေးစင်လူစာရင်းမှာ ချန်လှပ်ထားခဲ့ခြင်းဟာ အဓိပ္ပာယ်မဲ့တဲ့ စဉ်းစားပုံဖြစ်ကြောင်း ကန့်ကွက်ခဲ့ကြ။

ဘာစီလိုနာကွင်းလယ်စတား Miralem Pjanicဟာ ချယ်လ်ဆီးအသင်းရဲ့ လာမယ့်နွေရာသီပစ်မှတ်တခုဖြစ်နေကြောင်း သိရပြီး သူ့ရဲ့ အင်စတေဂရမ်ပို့စ်အရလည်း ဘာစီလိုနာကို စွန့်ခွာဖို့ အရိပ်အမြွက်ပြသခဲ့သလို ပျာနစ်ချ်နဲ့ ဂျော်ဂျင်ဟိုကို အလဲအထပ်လုပ်သွားဖို့ နှစ်ဖက်အသင်းက စီစဉ်နေကြောင်း သိရ။

ဂျွန်တယ်ရီရဲ့ နှစ်သက်မှုကို ရရှိထားပြီး ပြီးခဲ့တဲ့နှစ်က အလွတ်ပြောင်းရွှေ့ကြေးနဲ့ အာဆင်နယ်ကစားသမားဖြစ်လာခဲ့တဲ့ ဝီလီယံဟာ လက်ရှိမှာတော့ ဂန်းနားတို့ကို စွန့်ခွာလိုနေပြီး ချယ်လ်ဆီးမှာ တကျော့ပြန်ကစားချင်နေကြောင်း သိရကာ အပြာရောင်ပရိသတ်တွေကတော့ အသင်းကို လွယ်လွယ်လေး စွန့်ခဲ့တဲ့သူ့ကို သံယောဇဉ်ပြတ်နေပြီဖြစ်ကြောင်း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်န္ပီယံလိဂ္ဗိုလ္လုပြဲႀကိဳမွာ မန္စီးတီးဗဟိုခံစစ္မႉးဂြၽန္စတုန္းစ္က ခ်ယ္လ္ဆီးအသင္းကို ျပင္းျပင္းထန္ထန္ သတိေပးသြားခဲ့ၿပီး မိမိတို႔အသင္းဟာ ၿပီးခဲ့တဲ့ ၂ ပြဲဆက္ ခ်ယ္လ္ဆီးကို ရႈံးနိမ့္မႈေတြကေန သင္ခန္းစာယူခဲ့ၿပီျဖစ္လို႔ အရင္တခါလို ေက်ာလို႔ရမယ္ ထင္ရင္ေတာ့ မွားသြားမယ္လို႔ႀကဳံးဝါးခဲ့။

မန္စီးတီးနဲ႔ပြဲမွာ ဂိုးသမားမန္ဒီပါဝင္ႏိုင္ဖို႔ ေမွ်ာ္လ္င့္ေနေၾကာင္း ခ်ယ္လ္ဆီးနည္းျပတူဟယ္လ္က ဝန္ခံသြားခဲ့ၿပီး သူ႔ရဲ႕နံ႐ိုးဒဏ္ရာ သက္သာလာရင္ေတာ့ ေလ့က်င့္ေရးအစီအစဥ္မွာ ပါဝင္လာႏိုင္ေၾကာင္း အသိေပးသြားခဲ့သလို ကြန္ေတရဲ႕ ဒဏ္ရာအေျခအေနကေတာ့ မေျပာင္းလဲေသးတာေၾကာင့္ သူ မပါဝင္မယ့္လူစာရင္းအတြက္ နည္းဗ်ဴဟာအသစ္ကို စဥ္းစားေနေၾကာင္း ဝန္ခံသြားခဲ့။

ခ်ယ္လ္ဆီးကစားသမားေဟာင္း ဟာဇက္ကို ႀကီးမားတဲ့ ေလးစားမႈေတြရွိေနၿပီး မိမိဟာ သူ႔ပရိသတ္ျဖစ္ေၾကာင္း တူဟယ္လ္ရဲ႕ ဖြင့္ဟထားမႈေနာက္မွာေတာ့ စပိန္ကလာတဲ့သတင္းေတြအရ ရီးရဲလ္ဥကၠဌပီရက္ဇ္ဟာ ဟာဇက္ကို အိမ္ျပန္ပို႔ဖို႔ စီစဥ္ေနေၾကာင္း သိရၿပီး ဒါဟာ ခ်ယ္လ္ဆီးကို ျပန္လာလိုေနတဲ့ ကစားသမားရဲ႕ အရွိတရားဆႏၵလည္းျဖစ္ေၾကာင္းသိရွိထားရ။

ကမာၻေပၚမွာ အလားအလာအေကာင္းဆုံးနည္းျပအျဖစ္ တူဟယ္လ္ကို ခ်ီးက်ဴးခဲ့ဖူးတဲ့ မန္စီးတီးနည္းျပ ပပ္ဂြာဒီယိုလာရဲ႕အဆိုဟာ အျမင္မွန္စစ္စစ္ျဖစ္ေၾကာင္း လာမယ့္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ဂ်ာမန္သားႀကီးက သက္ေသျပသြားေတာ့မယ္လို႔ မွတ္ခ်က္ျပဳခံထားရၿပီး ကေလာ့ပ္ကလည္း သိပ္စြမ္းတဲ့နည္းျပမ်ိဴးလို႔ ေျမႇာက္စားထားမႈဟာ တူဟယ္လ္ရဲ႕ခ်န္ပီယံလိဂ္ဖလားနဲ႔ သက္ေသခံသြားဖြယ္ရွိေန။

အက္စတန္ဗီလာနဲ႔ပြဲမွာ ဂ်က္ဂရီးလစ္ရွ္ရဲ႕မ်က္ႏွာကို ဆြဲၿဖဲခဲ့တဲ့ က်ဴးလြန္မႈေၾကာင့္ အနီကတ္ထိခဲ့တဲ့ အက္စပီလီေကြတာရဲ႕ အနီကတ္ျပစ္ဒဏ္ကို ပယ္ဖ်က္လိုက္ၿပီျဖစ္ၿပီး လာမယ့္ရာသီသစ္အဖြင့္ ၃ ပြဲကို လြဲေခ်ာ္ေတာ့မွာ မဟုတ္ေၾကာင္းသိရ။

ခ်ယ္လ္ဆီးပရိသတ္ေတြဟာ အဂၤလန္နည္းျပေဆာက္ဂိတ္ရဲ႕ လူႀကီးလူေကာင္းမဆန္တဲ့ စကားေရွာင္လႊဲေျပာဆိုမႈေၾကာင့္ ေဒါသထြက္ေနေၾကာင္း သိရၿပီး အငွားသြားကစားေနတဲ့ ေအစီမီလန္မွာ အထူးေျခစြမ္းျပေနၿပီး ခံစစ္မွာ စြယ္စုံကစားႏိုင္တဲ့ တိုမိုရီကို ၂၀၂၀ ယူ႐ိုဖလားလက္ေ႐ြးစင္လူစာရင္းမွာ ခ်န္လွပ္ထားခဲ့ျခင္းဟာ အဓိပၸာယ္မဲ့တဲ့ စဥ္းစားပုံျဖစ္ေၾကာင္း ကန႔္ကြက္ခဲ့ၾက။

ဘာစီလိုနာကြင္းလယ္စတား Miralem Pjanicဟာ ခ်ယ္လ္ဆီးအသင္းရဲ႕ လာမယ့္ေႏြရာသီပစ္မွတ္တခုျဖစ္ေနေၾကာင္း သိရၿပီး သူ႔ရဲ႕ အင္စေတဂရမ္ပို႔စ္အရလည္း ဘာစီလိုနာကို စြန႔္ခြာဖို႔ အရိပ္အႁမြက္ျပသခဲ့သလို ပ်ာနစ္ခ်္နဲ႔ ေဂ်ာ္ဂ်င္ဟိုကို အလဲအထပ္လုပ္သြားဖို႔ ႏွစ္ဖက္အသင္းက စီစဥ္ေနေၾကာင္း သိရ။

ဂြၽန္တယ္ရီရဲ႕ ႏွစ္သက္မႈကို ရရွိထားၿပီး ၿပီးခဲ့တဲ့ႏွစ္က အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ အာဆင္နယ္ကစားသမားျဖစ္လာခဲ့တဲ့ ဝီလီယံဟာ လက္ရွိမွာေတာ့ ဂန္းနားတို႔ကို စြန႔္ခြာလိုေနၿပီး ခ်ယ္လ္ဆီးမွာ တေက်ာ့ျပန္ကစားခ်င္ေနေၾကာင္း သိရကာ အျပာေရာင္ပရိသတ္ေတြကေတာ့ အသင္းကို လြယ္လြယ္ေလး စြန႔္ခဲ့တဲ့သူ႔ကို သံေယာဇဥ္ျပတ္ေနၿပီျဖစ္ေၾကာင္း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.