Premier League Transfer News

အဂၤလန္မွာ ကစားခ်င္တယ္လုိ႔ ဝန္ခံထားတဲ့ ကေနဒါတုိက္စစ္မွဴးကို အာဆင္နယ္ကမ္းလွမ္းဖြယ္ရွိ

ဥေရာပရဲ႕ ထိပ္တန္းလိဂ္ငါးခုျဖစ္တဲ့ အဂၤလန္၊ စပိန္၊ ဂ်ာမနီ၊ အီတလီနဲ႔ ျပင္သစ္အမွတ္ေပးၿပဳိင္ပြဲေတြမွာ ေျခစြမ္းျပေနခဲ့ရင္ ေဈးႏွဳန္းေတြက မိုးထိေအာင္ ထိုးတက္သြားႏိုင္တဲ့အတြက္ အာဆင္နယ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ ေဈးႀကီးပစ္မွတ္ေတြအစား ေဈးသက္သာတဲ့ လူငယ္တုိက္စစ္မွဴး ဂ်ဳိနသန္ ေဒးဗစ္ကို ေခၚယူဖို႔ ကမ္းလွမ္းႏုိင္ပါတယ္။

ဒီကစားသမားဟာ ၿပီးခဲ့တဲ့ ရက္ပုိင္းအတြင္းကမွ ဂါးဒီးယန္းသတင္းဌာနနဲ႔ ေတြ႕ဆုံမွဳမွာ ပရီးမီးယားလိဂ္မွာ ကစားခ်င္တယ္လို႔ ဝန္ခံလုိက္တာ ျဖစ္ၿပီး အာဆင္နယ္နဲ႔ နည္းျပ မုိက္ကယ္ အာတီတာအတြက္ေတာ့ အခ်က္ေပးသံလည္းျဖစ္ခဲ့သလို အသက္ ၂၀ အရြယ္သာ ရွိေသးတဲ့သူ႕အတြက္ ရင္းႏွီးျမႇဳပ္ႏွံသြားဖို႔လည္း ရွိေနပါတယ္။

ဘယ္လ္ဂ်ီယမ္ကလပ္ ခ်ာလာရြဳိင္းမွာ ရွိစဥ္က ေခၚယူဖို႔ စိတ္မဝင္စားခဲ့ဘဲ ယူ႐ို ၁၂ သန္းနဲ႔ လုိင္လီကို ေရာက္သြားၿပီးမွ အာဆင္နယ္တုိ႔ စိတ္ဝင္စားခဲ့မိတဲ့ လီဂူးဝမ္းဂိုးသြင္းရွင္ ဗစ္တာ အိုဆီမင္ဟာ လက္ရွိမွာ ေျပာင္းေရႊ႕ေၾကးအျဖစ္ ယူ႐ိုသန္း ၁၀၀ သတ္မွတ္ခံလုိက္ရတာေၾကာင့္ ေခၚယူဖို႔ မလြယ္ခ်ိန္မွာ ေဒးဗစ္ကေတာ့ မခက္ခဲဘဲ ေခၚယူႏုိင္မွာျဖစ္ပါတယ္။

ကေနဒါလူငယ္တုိက္စစ္မွဴးဟာ ဘယ္လ္ဂ်ီယမ္လိဂ္မွာ ဂ်န္႔အသင္းနဲ႔ ပြဲ ၆၀ မွာ ဂိုး ၃၀ သြင္းယူထားခဲ့ၿပီး လက္ေရြးစင္အသင္းအတြက္ ၂၀၁၈ ခုႏွစ္ကေနစၿပီး ကစားခဲ့တဲ့ ၁၂ ပြဲမွာ ၁၁ ဂိုး ရရွိထားခဲ့သလို ေအာ့တာဝါမွာ ေနထိုင္တဲ့ ကေနဒါသားအေနနဲ႔ ေမဂ်ာလိဂ္ထက္ ဥေရာပၿပဳိင္ပြဲႀကီးေတြမွာ ကစားဖို႔ကိုပဲ အာ႐ုံစိုက္ထားတယ္လုိ႔လည္း ဆုိပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ ဂ်ဳိနသန္ ေဒးဗစ္ကို ေခၚယူမယ္ဆုိရင္ေတာ့ ေပါင္ ၁၇.၅ သန္းနဲ႔ ရရွိႏိုင္မယ္လုိ႔ သိရၿပီး အသက္ ၂၀ အရြယ္ လူငယ္တစ္ဦးအတြက္ေတာ့ ရင္းႏွီးျမႇဳပ္ႏွံၾကည့္သင့္တဲ့ ပမာဏလည္းျဖစ္တာေၾကာင့္ ဂန္းနားေတြ တုိက္စစ္မွာ ျပဳျပင္ေျပာင္းလဲမွဳေတြ ျမင္ရမလား ေစာင့္ၾကည့္ရဖို႔ ေဖာ္ျပလုိက္ရပါတယ္။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဥရောပရဲ့ ထိပ်တန်းလိဂ်ငါးခုဖြစ်တဲ့ အင်္ဂလန်၊ စပိန်၊ ဂျာမနီ၊ အီတလီနဲ့ ပြင်သစ်အမှတ်ပေးပြိုင်ပွဲတွေမှာ ခြေစွမ်းပြနေခဲ့ရင် ဈေးနှုန်းတွေက မိုးထိအောင် ထိုးတက်သွားနိုင်တဲ့အတွက် အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ဈေးကြီးပစ်မှတ်တွေအစား ဈေးသက်သာတဲ့ လူငယ်တိုက်စစ်မှူး ဂျိုနသန် ဒေးဗစ်ကို ခေါ်ယူဖို့ ကမ်းလှမ်းနိုင်ပါတယ်။

ဒီကစားသမားဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကမှ ဂါးဒီးယန်းသတင်းဌာနနဲ့ တွေ့ဆုံမှုမှာ ပရီးမီးယားလိဂ်မှာ ကစားချင်တယ်လို့ ဝန်ခံလိုက်တာ ဖြစ်ပြီး အာဆင်နယ်နဲ့ နည်းပြ မိုက်ကယ် အာတီတာအတွက်တော့ အချက်ပေးသံလည်းဖြစ်ခဲ့သလို အသက် ၂၀ အရွယ်သာ ရှိသေးတဲ့သူ့အတွက် ရင်းနှီးမြှုပ်နှံသွားဖို့လည်း ရှိနေပါတယ်။

ဘယ်လ်ဂျီယမ်ကလပ် ချာလာရွိုင်းမှာ ရှိစဉ်က ခေါ်ယူဖို့ စိတ်မဝင်စားခဲ့ဘဲ ယူရို ၁၂ သန်းနဲ့ လိုင်လီကို ရောက်သွားပြီးမှ အာဆင်နယ်တို့ စိတ်ဝင်စားခဲ့မိတဲ့ လီဂူးဝမ်းဂိုးသွင်းရှင် ဗစ်တာ အိုဆီမင်ဟာ လက်ရှိမှာ ပြောင်းရွှေ့ကြေးအဖြစ် ယူရိုသန်း ၁၀၀ သတ်မှတ်ခံလိုက်ရတာကြောင့် ခေါ်ယူဖို့ မလွယ်ချိန်မှာ ဒေးဗစ်ကတော့ မခက်ခဲဘဲ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။

ကနေဒါလူငယ်တိုက်စစ်မှူးဟာ ဘယ်လ်ဂျီယမ်လိဂ်မှာ ဂျန့်အသင်းနဲ့ ပွဲ ၆၀ မှာ ဂိုး ၃၀ သွင်းယူထားခဲ့ပြီး လက်ရွေးစင်အသင်းအတွက် ၂၀၁၈ ခုနှစ်ကနေစပြီး ကစားခဲ့တဲ့ ၁၂ ပွဲမှာ ၁၁ ဂိုး ရရှိထားခဲ့သလို အော့တာဝါမှာ နေထိုင်တဲ့ ကနေဒါသားအနေနဲ့ မေဂျာလိဂ်ထက် ဥရောပပြိုင်ပွဲကြီးတွေမှာ ကစားဖို့ကိုပဲ အာရုံစိုက်ထားတယ်လို့လည်း ဆိုပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ဂျိုနသန် ဒေးဗစ်ကို ခေါ်ယူမယ်ဆိုရင်တော့ ပေါင် ၁၇.၅ သန်းနဲ့ ရရှိနိုင်မယ်လို့ သိရပြီး အသက် ၂၀ အရွယ် လူငယ်တစ်ဦးအတွက်တော့ ရင်းနှီးမြှုပ်နှံကြည့်သင့်တဲ့ ပမာဏလည်းဖြစ်တာကြောင့် ဂန်းနားတွေ တိုက်စစ်မှာ ပြုပြင်ပြောင်းလဲမှုတွေ မြင်ရမလား စောင့်ကြည့်ရဖို့ ဖော်ပြလိုက်ရပါတယ်။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.