Premier League

အသင္းေဟာင္းက ျပန္လည္ကစားေပးဖို႔ ခ်ဥ္းကပ္ခံေနရၿပီး စဥ္းစားရခက္ေနတဲ့ အေဂြ႐ို

မန္ခ်က္စတာစီးတီးအသင္းရဲ႕ ဦးစားေပးတုိက္စစ္မွဴးတစ္ဦးအျဖစ္ သတ္မွတ္ခံထားရဆဲျဖစ္တဲ့ ဆာဂ်ီယို အေဂြ႐ိုကို သူ႕ရဲ႕ ကစားသမားဘဝ စတင္ရာ ကလပ္အသင္းျဖစ္တဲ့ အင္ဒီပန္းဒီယန္႔ေတးအသင္းက ျပန္လည္ေခၚယူဖို႔အတြက္ ခ်ဥ္းကပ္ေနၿပီး သူ႕ရဲ႕ သံေယာဇဥ္အရ ဘာေတြျဖစ္လာမလဲ ေစာင့္ၾကည့္ရဖို႔ ရွိေနပါတယ္။

အသက္ ၉ ႏွစ္အရြယ္မွာ အင္ဒီပန္းဒီးယန္႔ေတးရဲ႕ အကယ္ဒမီကို ေရာက္ရွိခဲ့ၿပီး အသက္ ၁၅ ႏွစ္နဲ႔ ၃၅ ရက္အရြယ္မွာ ပြဲထြက္ခြင့္ရခဲ့တဲ့ အာဂ်င္တီးနားလက္ေရြးစင္တုိက္စစ္မွဴးဟာ သူ႕ရဲ႕အသင္းေဟာင္းနဲ႔ ခြဲခြာၿပီး ဥေရာပကို ေရာက္ရွိေနခဲ့တာဟာ ဒီရာသီမွာဆိုရင္ ၁၄ ႏွစ္ ျပည့္ေျမာက္ေတာ့မွာလည္းျဖစ္ပါတယ္။

အက္သလက္တီကိုမက္ဒရစ္အသင္းကို ေျပာင္းေရႊ႕ေၾကး ယူ႐ို ၂၂ သန္းနဲ႔ ေရာက္ရွိခဲ့ၿပီး ေအာင္ျမင္မွဳေတြ ရခဲ့တဲ့ေနာက္မွာ ပရီးမီးယားလိဂ္ကို မန္စီးတီးအသင္းနဲ႔အတူ ေရာက္ေရာက္ခ်င္း ၂၀၁၁-၁၂ ရာသီမွာပဲ ခ်န္ပီယံဆုကို ကိုင္ေျမႇာက္ႏုိင္ခဲ့တဲ့ အေဂြ႐ိုအတြက္ေတာ့ ဥေရာပကေန အာဂ်င္တီးနားကို ျပန္ဖို႔ ခ်ီတုံခ်တုံလည္းျဖစ္ေနႏုိင္ပါတယ္။

ဥေရာပကို မေျပာင္းခင္ အနီေရာင္ေတြလို႔ ေခၚတဲ့ အင္ဒီပန္းဒီးယန္႔ေတးအတြက္ တက္သစ္စလူငယ္အေနနဲ႔ ၅၆ ပြဲမွာ ၂၃ ဂိုးသြင္းယူေပးခဲ့ဖူးတဲ့ အေဂြ႐ိုကို အဲ့ဒီတုန္းက အသင္းရဲ႕ စီနီယာကစားသမားျဖစ္တဲ့ လူးကပ္စ္ ပူဆင္နယ္ရီအေနနဲ႔ အလိုရွိေနတာျဖစ္ၿပီး ေအစီမီလန္ရဲ႕ လူးကပ္စ္ ဘီဂလီယာကိုပါ ေခၚယူဖို႔ ရွိတယ္လုိ႔လည္း ဆုိပါတယ္။

ပရီးမီးယားလိဂ္မွာ အလန္ ရွီးယားရားကို စိန္ေခၚႏုိင္မယ့္ ဂိုးသြင္းမွတ္တမ္းေကာင္းတစ္ခုကို ပုိင္ဆုိင္ထားဆဲျဖစ္ၿပီး အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ကိုလည္း ရယူဖို႔ က်န္ရွိေနေသးတဲ့ အေဂြ႐ိုအတြက္ေတာ့ သူအားေပးတဲ့ အသင္းေဟာင္းကို ျပန္ဖို႔က လြန္ဆြဲရမယ့္ သံေယာဇဥ္ျပႆနာတစ္ခုလည္းျဖစ္ခဲ့ၿပီး ေနာက္ဆုံးျဖစ္ႏုိင္ေျခအရေတာ့ လက္ရွိစာခ်ဳပ္ကုန္ဆုံးမယ့္ ၂၀၂၂ ႏွစ္ ေႏြရာသီအထိ အေျခအေနေစာင့္ၾကည့္ၿပီးမွပဲ ပုိၿပီးျဖစ္ႏုိင္လိမ့္မယ္လို႔ သုံးသပ္ရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းရဲ့ ဦးစားပေးတိုက်စစ်မှူးတစ်ဦးအဖြစ် သတ်မှတ်ခံထားရဆဲဖြစ်တဲ့ ဆာဂျီယို အဂွေရိုကို သူ့ရဲ့ ကစားသမားဘဝ စတင်ရာ ကလပ်အသင်းဖြစ်တဲ့ အင်ဒီပန်းဒီယန့်တေးအသင်းက ပြန်လည်ခေါ်ယူဖို့အတွက် ချဉ်းကပ်နေပြီး သူ့ရဲ့ သံယောဇဉ်အရ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ရဖို့ ရှိနေပါတယ်။

အသက် ၉ နှစ်အရွယ်မှာ အင်ဒီပန်းဒီးယန့်တေးရဲ့ အကယ်ဒမီကို ရောက်ရှိခဲ့ပြီး အသက် ၁၅ နှစ်နဲ့ ၃၅ ရက်အရွယ်မှာ ပွဲထွက်ခွင့်ရခဲ့တဲ့ အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးဟာ သူ့ရဲ့အသင်းဟောင်းနဲ့ ခွဲခွာပြီး ဥရောပကို ရောက်ရှိနေခဲ့တာဟာ ဒီရာသီမှာဆိုရင် ၁၄ နှစ် ပြည့်မြောက်တော့မှာလည်းဖြစ်ပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းကို ပြောင်းရွှေ့ကြေး ယူရို ၂၂ သန်းနဲ့ ရောက်ရှိခဲ့ပြီး အောင်မြင်မှုတွေ ရခဲ့တဲ့နောက်မှာ ပရီးမီးယားလိဂ်ကို မန်စီးတီးအသင်းနဲ့အတူ ရောက်ရောက်ချင်း ၂၀၁၁-၁၂ ရာသီမှာပဲ ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့တဲ့ အဂွေရိုအတွက်တော့ ဥရောပကနေ အာဂျင်တီးနားကို ပြန်ဖို့ ချီတုံချတုံလည်းဖြစ်နေနိုင်ပါတယ်။

ဥရောပကို မပြောင်းခင် အနီရောင်တွေလို့ ခေါ်တဲ့ အင်ဒီပန်းဒီးယန့်တေးအတွက် တက်သစ်စလူငယ်အနေနဲ့ ၅၆ ပွဲမှာ ၂၃ ဂိုးသွင်းယူပေးခဲ့ဖူးတဲ့ အဂွေရိုကို အဲ့ဒီတုန်းက အသင်းရဲ့ စီနီယာကစားသမားဖြစ်တဲ့ လူးကပ်စ် ပူဆင်နယ်ရီအနေနဲ့ အလိုရှိနေတာဖြစ်ပြီး အေစီမီလန်ရဲ့ လူးကပ်စ် ဘီဂလီယာကိုပါ ခေါ်ယူဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။

ပရီးမီးယားလိဂ်မှာ အလန် ရှီးယားရားကို စိန်ခေါ်နိုင်မယ့် ဂိုးသွင်းမှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ထားဆဲဖြစ်ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ်ကိုလည်း ရယူဖို့ ကျန်ရှိနေသေးတဲ့ အဂွေရိုအတွက်တော့ သူအားပေးတဲ့ အသင်းဟောင်းကို ပြန်ဖို့က လွန်ဆွဲရမယ့် သံယောဇဉ်ပြဿနာတစ်ခုလည်းဖြစ်ခဲ့ပြီး နောက်ဆုံးဖြစ်နိုင်ခြေအရတော့ လက်ရှိစာချုပ်ကုန်ဆုံးမယ့် ၂၀၂၂ နှစ် နွေရာသီအထိ အခြေအနေစောင့်ကြည့်ပြီးမှပဲ ပိုပြီးဖြစ်နိုင်လိမ့်မယ်လို့ သုံးသပ်ရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.