Premier League

ေရွ႕ကို ေပးဖို႔နဲ႔ အသင္းေဖာ္ေတြကို ဖန္တီးေပးဖို႔ပဲ စဥ္းစားသူလို႔ ဘ႐ူႏို ဖာနန္ဒက္စ္ကို ကစားသမားေဟာင္းခ်ီးက်ဴး

မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ ဝတ္ဖို႔ဒ္ေနာက္ခံလူ ခရိတ္ ကက္သ္ကတ္က သူနဲ႔ ဝတ္ဖို႔ဒ္ အသင္းေဖာ္ေတြဟာ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ကစားပုံနဲ႔ စြမ္းေဆာင္ရည္ကို အထင္ႀကီးမိၿပီး ခက္ခဲတဲ့ ၿပဳိင္ဘက္တစ္ဦးအျဖစ္ ရင္ဆုိင္ခဲ့ရတယ္လို႔ ေျပာၾကားလုိက္ပါတယ္။

ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ မန္ခ်က္စတာယူႏုိက္တက္ ကစားသမားဘဝဟာ စတင္မွဳေကာင္းေတြနဲ႔ ႀကဳံေတြ႕ခဲ့ရၿပီး အသင္းအတြက္ ကစားေပးရင္ ရွဳံးပြဲမရွိေသးသလို ၃ ဂိုးသြင္း ၄ ဂိုး ဖန္တီးမွဳေတြနဲ႔ ေဖေဖာ္ဝါရီလအတြက္ တစ္လတာ အေကာင္းဆုံး ပရီးမီးယားလိဂ္ကစားသမားဆုကိုလည္း ရယူထားႏုိင္ခဲ့ပါတယ္။

“သူ႕ကို အထင္အႀကီးမိဆုံးက ေဘာလုံးကို ေရွ႕ကို ေပးဖို႔ပဲ စဥ္းစားတတ္တာကိုပါ။ သူေဘာလုံးရတာနဲ႔ ေရွ႕က ရွိတဲ့သူကို ေပးဖို႔နဲ႔ အခြင့္အေရး ဖန္တီးေပးဖို႔ အျမဲတမ္းလုပ္တတ္ၿပီး ဒါဟာ သူတုိ႔ မန္ခ်က္စတာယူႏုိက္တက္မွာ ႏွစ္ေပါင္းမ်ားစြာ ေပ်ာက္ဆုံးေနခဲ့တဲ့ အရည္အေသြး တစ္ခုလည္းျဖစ္ပါတယ္”လို႔ မန္ခ်က္စတာအသင္းမွာ လူငယ္ကစားသမားအျဖစ္ တစ္ပြဲကစားၿပီး အသင္းေျပာင္းခဲ့တဲ့ ကက္သ္ကတ္က ဆိုပါတယ္။

“သူက အသင္းကို အရည္အေသြးေကာင္းေတြနဲ႔ တိုက္စစ္ဇုန္ထဲမွာ တိက်တဲ့ ဆုံးျဖတ္ခ်က္ေတြကို ယူေဆာင္လာခဲ့တာပါ။ လက္ရွိပုံစံကို ျမင္မိသေလာက္ေတာ့ သူ႕အေနနဲ႔ ဒီထက္ပိုေကာင္းေအာင္ ကစားႏုိင္ဦးမွာလည္းျဖစ္ပါတယ္”လုိ႔ အသက္ ၃၁ ႏွစ္အရြယ္ ေျမာက္အိုင္ယာလန္ ေနာက္ခံလူက ဆုိပါတယ္။

မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ေပါင္ ၆၈ သန္းတန္ ဇန္နဝါရီေခၚယူမွဳျဖစ္တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ဟာ ကက္သ္သတ္ရဲ႕ ဝတ္ဖို႔ဒ္အသင္းနဲ႔ ေတြ႕ဆုံစဥ္မွာ ပယ္နယ္တီကေန တစ္ဂုိးသြင္းယူသြားခဲ့သလို အသင္းေဖာ္ အန္တိုနီ မာစီယယ္လ္အတြက္လည္း တစ္ဂိုးဖန္တီးေပးႏုိင္ခဲ့တာေၾကာင့္ ခက္ခဲတဲ့ ၿပဳိင္ဘက္အျဖစ္လည္း သုံးသပ္ခ်ီးက်ဴးခံခဲ့ရေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဝတ်ဖို့ဒ်နောက်ခံလူ ခရိတ် ကက်သ်ကတ်က သူနဲ့ ဝတ်ဖို့ဒ် အသင်းဖော်တွေဟာ ဘရူနို ဖာနန်ဒက်စ်ရဲ့ ကစားပုံနဲ့ စွမ်းဆောင်ရည်ကို အထင်ကြီးမိပြီး ခက်ခဲတဲ့ ပြိုင်ဘက်တစ်ဦးအဖြစ် ရင်ဆိုင်ခဲ့ရတယ်လို့ ပြောကြားလိုက်ပါတယ်။

ဘရူနို ဖာနန်ဒက်စ်ရဲ့ မန်ချက်စတာယူနိုက်တက် ကစားသမားဘဝဟာ စတင်မှုကောင်းတွေနဲ့ ကြုံတွေ့ခဲ့ရပြီး အသင်းအတွက် ကစားပေးရင် ရှုံးပွဲမရှိသေးသလို ၃ ဂိုးသွင်း ၄ ဂိုး ဖန်တီးမှုတွေနဲ့ ဖေဖော်ဝါရီလအတွက် တစ်လတာ အကောင်းဆုံး ပရီးမီးယားလိဂ်ကစားသမားဆုကိုလည်း ရယူထားနိုင်ခဲ့ပါတယ်။

“သူ့ကို အထင်အကြီးမိဆုံးက ဘောလုံးကို ရှေ့ကို ပေးဖို့ပဲ စဉ်းစားတတ်တာကိုပါ။ သူဘောလုံးရတာနဲ့ ရှေ့က ရှိတဲ့သူကို ပေးဖို့နဲ့ အခွင့်အရေး ဖန်တီးပေးဖို့ အမြဲတမ်းလုပ်တတ်ပြီး ဒါဟာ သူတို့ မန်ချက်စတာယူနိုက်တက်မှာ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့တဲ့ အရည်အသွေး တစ်ခုလည်းဖြစ်ပါတယ်”လို့ မန်ချက်စတာအသင်းမှာ လူငယ်ကစားသမားအဖြစ် တစ်ပွဲကစားပြီး အသင်းပြောင်းခဲ့တဲ့ ကက်သ်ကတ်က ဆိုပါတယ်။

“သူက အသင်းကို အရည်အသွေးကောင်းတွေနဲ့ တိုက်စစ်ဇုန်ထဲမှာ တိကျတဲ့ ဆုံးဖြတ်ချက်တွေကို ယူဆောင်လာခဲ့တာပါ။ လက်ရှိပုံစံကို မြင်မိသလောက်တော့ သူ့အနေနဲ့ ဒီထက်ပိုကောင်းအောင် ကစားနိုင်ဦးမှာလည်းဖြစ်ပါတယ်”လို့ အသက် ၃၁ နှစ်အရွယ် မြောက်အိုင်ယာလန် နောက်ခံလူက ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ပေါင် ၆၈ သန်းတန် ဇန်နဝါရီခေါ်ယူမှုဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ်ဟာ ကက်သ်သတ်ရဲ့ ဝတ်ဖို့ဒ်အသင်းနဲ့ တွေ့ဆုံစဉ်မှာ ပယ်နယ်တီကနေ တစ်ဂိုးသွင်းယူသွားခဲ့သလို အသင်းဖော် အန်တိုနီ မာစီယယ်လ်အတွက်လည်း တစ်ဂိုးဖန်တီးပေးနိုင်ခဲ့တာကြောင့် ခက်ခဲတဲ့ ပြိုင်ဘက်အဖြစ်လည်း သုံးသပ်ချီးကျူးခံခဲ့ရကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.