Premier League

၃.၄.၂၀၂၀၊ ၁၃၈၁ ခုႏွစ္၊ တန္ခူးလဆန္း ၁၁ ရက္၊ ေသာၾကာေန႔။

၃.၄.၂၀၂၀၊ ၁၃၈၁ ခုႏွစ္၊ တန္ခူးလဆန္း ၁၁ ရက္၊ ေသာၾကာေန႔၊ ရက္ရာဇာ။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၁:၅၈ အထိ တိထီ ၁၀ လုံး။ ေက်ာ္လွ်င္ ၁၁ လုံး။ ၁၀ လုံးတြင္ ယာဇ္မီးယုဂ္၊ အလိုရွိေသာ ကိစၥမ်ားအတြက္ ပူေဇာ္ဆုေတာင္းမွဳမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
ည ၁၉:၃၉ အထိ ဖုသွ်နကၡတ္၊ ေက်ာ္လွ်င္ အႆလိႆနကၡတ္။ ညေန ၁၄:၀၈ အထိ သုကမၼယုဂ္၊ ေအာင္ျမင္ျခင္း၊ အႏုိင္ယူခြင့္ႀကဳံျခင္း၊ ႏိုင္တုိင္း မလုပ္ဘဲ သေဘာထားႀကီးမွဳကို ျပသ၍ သိမ္းသြင္းယူပါ။ ေက်ာ္လွ်င္ ဓီတိယုဂ္၊ စဥ္းစားဆင္ျခင္ျခင္း၊ ထိန္းခ်ဳပ္ကြပ္ကဲရျခင္း၊ မိမိ၏ အေျမာ္အျမင္ေၾကာင့္ သူတပါးထံမွ အက်ဳိးခံစားရျခင္းမ်ားရွိမည္။

တစ္ေန႔တာ က႐ိုဏ္း။
ညေန ၁၄:၅၆ အထိ ေတတုလက႐ိုဏ္း၊ စကားေကာင္း ေျပာဆုိျခင္း၊ ရာထူးတုိးတက္ျခင္း၊ တည္ေဆာက္ျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ နံနက္ ၁:၅၈ အထိ ကရဇက႐ိုဏ္း၊ စိုက္ပ်ဳိးျခင္း၊ လုပ္ငန္းအတြင္း ေငြေၾကးစိုက္ထည့္ျခင္း၊ တာဝန္ယူတာဝန္ခံျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ဝါဏိဇၨက႐ိုဏ္း၊ စီးပြားေရးႏွင့္ ဆက္သြယ္ဆက္ဆံေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္ေကာင္း၊ ခ်မ္းသာျပည့္စုံရန္ စီစဥ္ႏုိင္။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္အေရာင္။
တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၁:၅၈ အထိ ေတာင္ႏွင့္ အေရွ႕၊ အနက္ေရာင္။ ေက်ာ္လွ်င္ အေနာက္ႏွင့္ ေတာင္၊ အနီေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၃.၄.၂၀၂၀၊ ၁၃၈၁ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက်၊ သောကြာနေ့၊ ရက်ရာဇာ။

တစ်နေ့တာ တိထီနှင့် ယုဂ်။
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၁:၅၈ အထိ တိထီ ၁၀ လုံး။ ကျော်လျှင် ၁၁ လုံး။ ၁၀ လုံးတွင် ယာဇ်မီးယုဂ်၊ အလိုရှိသော ကိစ္စများအတွက် ပူဇော်ဆုတောင်းမှုများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
ည ၁၉:၃၉ အထိ ဖုသျှနက္ခတ်၊ ကျော်လျှင် အဿလိဿနက္ခတ်။ ညနေ ၁၄:၀၈ အထိ သုကမ္မယုဂ်၊ အောင်မြင်ခြင်း၊ အနိုင်ယူခွင့်ကြုံခြင်း၊ နိုင်တိုင်း မလုပ်ဘဲ သဘောထားကြီးမှုကို ပြသ၍ သိမ်းသွင်းယူပါ။ ကျော်လျှင် ဓီတိယုဂ်၊ စဉ်းစားဆင်ခြင်ခြင်း၊ ထိန်းချုပ်ကွပ်ကဲရခြင်း၊ မိမိ၏ အမြော်အမြင်ကြောင့် သူတပါးထံမှ အကျိုးခံစားရခြင်းများရှိမည်။

တစ်နေ့တာ ကရိုဏ်း။
ညနေ ၁၄:၅၆ အထိ တေတုလကရိုဏ်း၊ စကားကောင်း ပြောဆိုခြင်း၊ ရာထူးတိုးတက်ခြင်း၊ တည်ဆောက်ခြင်းများ လုပ်ဆောင်ရန်ကောင်း။ နံနက် ၁း၅၈ အထိ ကရဇကရိုဏ်း၊ စိုက်ပျိုးခြင်း၊ လုပ်ငန်းအတွင်း ငွေကြေးစိုက်ထည့်ခြင်း၊ တာဝန်ယူတာဝန်ခံခြင်းများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ဝါဏိဇ္ဇကရိုဏ်း၊ စီးပွားရေးနှင့် ဆက်သွယ်ဆက်ဆံရေးလုပ်ငန်းများ လုပ်ဆောင်ရန်ကောင်း၊ ချမ်းသာပြည့်စုံရန် စီစဉ်နိုင်။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန်အရောင်။
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၁:၅၈ အထိ တောင်နှင့် အရှေ့၊ အနက်ရောင်။ ကျော်လျှင် အနောက်နှင့် တောင်၊ အနီရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)