Premier League

နည္းျပ ယာဂန္ ကေလာ့ပ္ကို လီဗာပူးလ္ ထိန္းသိမ္းဖို႔ ႀကဳိးစားရႏုိင္

လီဗာပူးလ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕နည္းျပ ယာဂန္ ကေလာ့ပ္အတြက္ စိတ္ဝင္စားစရာျဖစ္လာႏုိင္တဲ့ ဆြဲေဆာင္မွဳတစ္ခုကေန လြတ္ေျမာက္ေအာင္ ႀကဳိးစားထိန္းသိမ္းသြားရဖို႔ ရွိေနၿပီး ဒါကေတာ့ ဂ်ာမန္ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ ႏုိင္ငံ့လက္ေရြးစင္နည္းျပသစ္အျဖစ္ စိတ္ဝင္စားလာမွဳေၾကာင့္ပဲ ျဖစ္ပါတယ္။

ဂ်ာမနီေဘာလုံးအဖြဲ႕ခ်ဳပ္အေနနဲ႔ တျဖည္းျဖည္းေဟာင္းႏြမ္းလာခဲ့တဲ့ နည္းျပ ဂ်ဳိအာခင္မ္ လူးဖ္ရဲ႕ နည္းစနစ္ေတြထက္ အန္းဖီးလ္မွာ ေအာင္ျမင္မွဳေတြ ရယူႏုိင္ေနတဲ့ ကေလာ့ပ္ရဲ႕ နည္းစနစ္ေတြကို ေျပာင္းလဲသြားခ်င္ေနၿပီး လီဗာပူးလ္အသင္းအတြက္ေတာ့ သူတုိ႔ရဲ႕နည္းျပကို ဆက္လက္ထိန္းသိမ္းႏုိင္ေရးအတြက္ တုိက္ပြဲဝင္ရဖြယ္ ရွိေနပါတယ္။

ဘြန္ဒက္စ္လီဂါတူးရဲ႕ မိန္႔ဇ္၊ ဘြန္ဒက္စ္လီဂါရဲ႕ ေဒါ့မြန္အသင္းေတြမွာ ေအာင္ျမင္လာခဲ့ၿပီး လီဗာပူးလ္အသင္းနဲ႔လည္း ဆုဖလားေတြ ရရွိထားတဲ့ ကေလာ့ပ္ရဲ႕ Gegenpressing ဟာ ဥေရာပရဲ႕ အေကာင္းဆုံးကစားကြက္ေတြထဲက တစ္ခုလည္းျဖစ္ေနၿပီး ပရီးမီးယားလိဂ္ကိုပါ ျပန္လည္ေအာင္ျမင္ဖို႔ လက္တစ္ကမ္းကိုလည္း ေရာက္ေနခဲ့ၿပီျဖစ္ပါတယ္။

ဂ်ာမနီေဘာလုံးအဖြဲ႕ခ်ဳပ္ကေတာ့ ကေလာ့ပ္ကို လူးဖ္ရဲ႕ ဆက္ခံသူအျဖစ္ ရွဳျမင္ထားၿပီး ၂၀၂၂ မွာ ကုန္ဆုံးမယ့္ လက္ေရြးစင္နည္းျပရာထူးရဲ႕ စာခ်ဳပ္အၿပီးမွာ ေခၚယူသြားမလား၊ ဒါမွမဟုတ္ ရာသီကုန္မွာပဲ ျမန္ျမန္ဆန္ဆန္ အစားထိုးသြားမလားဆုိတာေတာ့ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းရဲ႕ ထိန္းခ်ဳပ္သူေတြျဖစ္ၾကတဲ့ Fenway Sports Group ကေတာ့ အသက္ ၅၂ ႏွစ္အရြယ္ နည္းျပနဲ႔ သိပ္မၾကာေသးခင္ကပဲ ၂၀၂၄ ခုႏွစ္ အထိ စာခ်ဳပ္သစ္ကို သက္တမ္းတုိးထားခဲ့ၿပီး အလြယ္တကူလက္လႊတ္ဖို႔ ဆႏၵမရွိတာေၾကာင့္ လက္ေရြးစင္အသင္းနည္းျပဆုိတဲ့ ဂုဏ္ပုဒ္ကို ရယူမသြားေစဖို႔ ဆြဲေဆာင္စည္း႐ုံးသြားရဖြယ္ရွိေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းအနေနဲ့ သူတို့ရဲ့နည်းပြ ယာဂန် ကလော့ပ်အတွက် စိတ်ဝင်စားစရာဖြစ်လာနိုင်တဲ့ ဆွဲဆောင်မှုတစ်ခုကနေ လွတ်မြောက်အောင် ကြိုးစားထိန်းသိမ်းသွားရဖို့ ရှိနေပြီး ဒါကတော့ ဂျာမန်ဘောလုံးအဖွဲ့ချုပ်ရဲ့ နိုင်ငံ့လက်ရွေးစင်နည်းပြသစ်အဖြစ် စိတ်ဝင်စားလာမှုကြောင့်ပဲ ဖြစ်ပါတယ်။

ဂျာမနီဘောလုံးအဖွဲ့ချုပ်အနေနဲ့ တဖြည်းဖြည်းဟောင်းနွမ်းလာခဲ့တဲ့ နည်းပြ ဂျိုအာခင်မ် လူးဖ်ရဲ့ နည်းစနစ်တွေထက် အန်းဖီးလ်မှာ အောင်မြင်မှုတွေ ရယူနိုင်နေတဲ့ ကလော့ပ်ရဲ့ နည်းစနစ်တွေကို ပြောင်းလဲသွားချင်နေပြီး လီဗာပူးလ်အသင်းအတွက်တော့ သူတို့ရဲ့နည်းပြကို ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် တိုက်ပွဲဝင်ရဖွယ် ရှိနေပါတယ်။

ဘွန်ဒက်စ်လီဂါတူးရဲ့ မိန့်ဇ်၊ ဘွန်ဒက်စ်လီဂါရဲ့ ဒေါ့မွန်အသင်းတွေမှာ အောင်မြင်လာခဲ့ပြီး လီဗာပူးလ်အသင်းနဲ့လည်း ဆုဖလားတွေ ရရှိထားတဲ့ ကလော့ပ်ရဲ့ Gegenpressing ဟာ ဥရောပရဲ့ အကောင်းဆုံးကစားကွက်တွေထဲက တစ်ခုလည်းဖြစ်နေပြီး ပရီးမီးယားလိဂ်ကိုပါ ပြန်လည်အောင်မြင်ဖို့ လက်တစ်ကမ်းကိုလည်း ရောက်နေခဲ့ပြီဖြစ်ပါတယ်။

ဂျာမနီဘောလုံးအဖွဲ့ချုပ်ကတော့ ကလော့ပ်ကို လူးဖ်ရဲ့ ဆက်ခံသူအဖြစ် ရှုမြင်ထားပြီး ၂၀၂၂ မှာ ကုန်ဆုံးမယ့် လက်ရွေးစင်နည်းပြရာထူးရဲ့ စာချုပ်အပြီးမှာ ခေါ်ယူသွားမလား၊ ဒါမှမဟုတ် ရာသီကုန်မှာပဲ မြန်မြန်ဆန်ဆန် အစားထိုးသွားမလားဆိုတာတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ ထိန်းချုပ်သူတွေဖြစ်ကြတဲ့ Fenway Sports Group ကတော့ အသက် ၅၂ နှစ်အရွယ် နည်းပြနဲ့ သိပ်မကြာသေးခင်ကပဲ ၂၀၂၄ ခုနှစ် အထိ စာချုပ်သစ်ကို သက်တမ်းတိုးထားခဲ့ပြီး အလွယ်တကူလက်လွှတ်ဖို့ ဆန္ဒမရှိတာကြောင့် လက်ရွေးစင်အသင်းနည်းပြဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူမသွားစေဖို့ ဆွဲဆောင်စည်းရုံးသွားရဖွယ်ရှိကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.